TED Talks with Burmese transcript

Tom Hulme: ဖြတ်လမ်းနည်းတွေမှ ကျွန်ုပ်တို့ ဘာတွေ သင်ယူနိုင်ပါသလဲ။

TED2016

Tom Hulme: ဖြတ်လမ်းနည်းတွေမှ ကျွန်ုပ်တို့ ဘာတွေ သင်ယူနိုင်ပါသလဲ။
1,617,230 views

လူတွေ တကယ်ကိုပဲ လိုချင်တဲ့ ထုတ်ကုန်တစ်ခု ဘယ်လို ထုတ်လုပ်မလဲ။ စားသုံးသူတွေကို လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ပေးလိုက်ပါ။ သင့်ရဲ့ဖောက်သည်တွေ လိုချင်တာကို စာနာခံစားခြင်းဟာ လုပ်ငန်း အောင်မြင်မှုရဲ့ အကြီးမားဆုံး အဓိကကျတဲ့ အညွှန်းဖြစ်လောက်တယ် လို့ ဒီဇိုင်နာ Tom Hulme က ဆိုပါတယ်။ ဒီဟောပြောချက် အတိုလေးမှာ Hulme က (လူတွေဟာ လိုအပ်မှုကြောင့် သူတို့ရဲ့ အာသီသ လမ်းကြောင်းတွေ ဖွံ့ဖြိုးရာ )ဒီဇိုင်းနဲ့ သုံးစွဲသူ တွေ့ကြုံခံစားမှုရဲ့ ဆုံရာ ထိုးထွင်းအမြင်ရှိတဲ့ နမူနာ သုံးခုကို ခင်းကျင်းပြထားပါတယ်။ ဒါတွေကို ရှာနည်း သိတာနဲ့ ဒါတွေကို နေရာတိုင်းမှာ စတင် သတိထားနိုင်တော့မှာပါ။

Keolu Fox: ဘာကြောင့် မျိုးရိုးဗီဇဆိုင်ရာ သုသေသနကို ပိုပြီး စုံလင်အောင် ပြုလုပ်သင့်လဲ။

TED2016

Keolu Fox: ဘာကြောင့် မျိုးရိုးဗီဇဆိုင်ရာ သုသေသနကို ပိုပြီး စုံလင်အောင် ပြုလုပ်သင့်လဲ။
939,979 views

"မျိုးရိုးဗီဇပိုင်းဆိုင်ရာ genome လေ့လာမှုတွေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ဥရောပမျိုးနွယ်တွေကို အခြေခံထားပါတယ်။ ကျန်တဲ့ ကမ္ဘာကိုတော့ ကိုယ်စားမပြုသလောက်ဖြစ်ပြီး ဒါဟာ စိုးရိမ်စရာ ကောင်းတယ်" လို့ မျိုးရိုးဗီဇပညာရှင်နဲ့ TED ဝိုင်းတော်သား Keolu Fox က ဆိုပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မျိုးရိုးဗီဇပိုင်း ပေါင်းစပ်ဖွဲ့စည်းမှုကို လိုက်ပြီး ဆေးဝါးတွေကို ကွဲပြားစွာ တုံ့ပြန်တာကြောင့်ပါ။ Fox ဟာ မျိုးရိုးဗီဇပိုင်းဆိုင်ရာ genome စီစဉ်ခြင်းကို ဒီမိုကရေစီအသွင် ဆောင်လာဖို့ အားထုတ်နေပါတယ်၊ အထူးသဖြင့်တော့ ကျန်းမာရေး ကွာဟချက်တွေကို ဖယ်ရှားသုတ်သင်တဲ့ ရည်မှန်းချက်နဲ့အတူ သုသေသနမှာ ဒေသခံတိုင်းရင်းသား လူထုပါဝင်ရေးအတွက် ထောက်ခံအားပေးရင်းပါ။" သုသေသန အဖွဲ့ဟာ ၎င်းကိုယ်တိုင်ကို ဒေသခံ ယဉ်ကျေးမှုထဲမှာ နှစ်မြှုပ်ဖို့ လိုပါတယ်၊ အဲဒါကို မရမချင်း ကြိုးစားရမယ်လို့ သူကဆိုပါတယ်။

Seema Bansal: ငွေကြေးမပါပဲ ယိုယွင်းနေတဲ့ပညာရေးကို ဘယ်လိုပြုပြင်နိုင်မလဲ

TED@BCG Paris

Seema Bansal: ငွေကြေးမပါပဲ ယိုယွင်းနေတဲ့ပညာရေးကို ဘယ်လိုပြုပြင်နိုင်မလဲ
1,525,529 views

Seema Bansal သည် ဟာရီရားနားမှာရှိတဲ့ ​ကျောင်း​ပေါင်း ၁၅၀၀၀ ပါဝင်လည်ပတ်​နေတဲ့ ပညာ​ရေးစနစ်ကို ​ပြောင်းလဲဖို့  ၂၀၂၀မှာ ၈၀%​သော​ ကျောင်းသား​တွေ အတန်းပညာနဲ့ညီတဲ့ ဗဟုသုတ​တွေ ရရမယ်ဆိုတဲ့ ရည်မှန်းချက် ချမှတ်၍ လုပ်​ဆောင်ခဲ့ပါတယ်။ သူမဟာ ​ကျောင်း​တွေမှာ ထပ်​ဆောင်း သင်​ထောက်ကူ​တွေ ထပ်မထည့်ပဲနဲ့ ထိုရည်မှန်းချက်ကို အ​ကောင်အထည်​ဖော်​ဆောင်ဖို့ လုပ်​ဆောင်​နေပါတယ်။ Bansal  နဲ့ အဖွဲ့ ဟာ ဆရာတွေအချင်းချင်း လွယ်ကူရိုးစင်းပြီး ဆန်းသစ်တဲ့ SMS group chat စနစ်ကိုသုံး၍ သင်ကြား​အောင်မြင်​နေပြီး တိုးတက်မှုများကိုလည်း မြင်​တွေ့နိုင်ကာ၊ ထိုစနစ်ကို Haryana က ​ကျောင်း​တွေမှာ စတင်ကျင့်သုံး​နေကြတာကို ​တွေ့ရှိထားပါတယ်။

Jamila Raqib: အကြမ်းမဖက်ဘဲ ထိရောက်စွာ ခုခံမှုရဲ့ လျှို့ဝှက်ချက်။

TED Talks Live

Jamila Raqib: အကြမ်းမဖက်ဘဲ ထိရောက်စွာ ခုခံမှုရဲ့ လျှို့ဝှက်ချက်။
978,122 views

"အကြမ်းဖက်မှုဟာ လူ့ကျင့်ဝတ်အရ မှားယွင်းနေပါတယ်လို့ ပြောခြင်းအားဖြင့်တော့ ကျွန်မတို့ အကြမ်းဖက်ခြင်းကို အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူးလို့ Albert Einstein Institution ရဲ့ အမှုဆောင် ဒါရိုက်တာ Jamila Raqib ကဆိုပါတယ်။ ဒီအစား ပဋိပက္ခကို စီမံခန့်ခွဲဖို့အတွက် ထက်မြက်ကာ ထိရောက်မှုရှိတဲ့ အခြားနည်းလမ်းတွေကို ရှာဖွေရန် လိုပါတယ်။ Raqib ကနေပြီး နိုင်လိုမင်းထက်ပြုမှုအောက်မှာ ရှင်သန်နေထိုင်နေသူတွေကို အကြမ်းမဖက် ခုခံမှုကို ထောက်ခံအားပေးထားပြီး လမ်းပေါ်က ကန့်ကွက် ဆန္ဒပြပွဲတွေထက် ပိုလုပ်စရာတွေ အများကြီးရှိပါတယ်။ သူမက ကမ္ဘာတစ်ဝှမ်းကို ပြောင်းလဲဖို့ ဦးတည်စေခဲ့တဲ့ ဆန်းသစ်တဲ့ နည်းဗျူဟာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခမဲ့တဲ့ အနာဂတ်တစ်ခုအတွက် မျှော်လင့်ခြင်း အမှာစကားတစ်ရပ်ကို ကို မျှဝေထားပါတယ်။ သူမပြောတာက "လူ့လောကအတွက် အကြီးကျယ်ဆုံး မျှော်လင့်ချက်က အကြမ်းဖက်ခြင်းကို ဝေဖန်ရှုတ်ချမှု မဟုတ်ပဲ အကြမ်းဖက်ခြင်းဆိုတာကို အသုံးမဝင်တော့အောင် ပြုလုပ်ခြင်းထဲမှာ တည်နေတာပါ"တဲ့။

ShaoLan Hsueh: ရှင်းလင်းပြထားတဲ့ တရုတ် ဆယ့်နှစ်ရာသီခွင် ။

TED2016

ShaoLan Hsueh: ရှင်းလင်းပြထားတဲ့ တရုတ် ဆယ့်နှစ်ရာသီခွင် ။
2,804,498 views

ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ တရုတ် ဆယ့်နှစ်ရာသီခွင်ကို အတော်များများ အလေးထားကြပါတယ်။ သင့်အနေနဲ့ ဒါကို မယုံကြည်ဘူးဆိုတာတောင်မှ ဒါက ဘယ်လိုလုပ်ဆောင်တယ်ဆိုတာကို သိဖို့ အမြော်အြမင်ရှိရာကျပါလိမ့်မယ် လို့ဆိုလာသူကတော့ နည်းပညာရှင်နဲ့ စွန့်ဦးထွင်သမား ShaoLan Hseuh ပါ။ သူမရဲ့ ပျော်စရာ၊ အသိအြမင်ပေးတဲ့ ဟောပြောချက်ထဲမှာ ရှေးဟောင်း ရိုးရာဓလေ့ကို နားလည်ဖို့အတွက် အကြံပေးချက်တစ်ချို့ကို မျှဝေထားပြီး ဒါကနေ သတ်မှတ်ထားတဲ့ နှစ်တစ်နှစ်အတွင်း သင့်ရဲ့ ပင်ကိုယ်စရိုက်၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ အလားအလာတွေနဲ့ ကံကြမ္မာတွေကို လွှမ်းမိုးတယ်လို့ ယုံကြည်ကြပုံကို ရှင်းလင်းတင်ပြထားပါတယ်။ သင့်ရဲ့ ရာသီရုပ်က သင့်အကြောင်း ဘာတွေပြောလဲ။

Stephen Wilkes: ဓာတ်ပုံတစ်ပုံတည်းတွင် ဖမ်းယူထားတဲ့ အချိန်ကုန်လွန်ခြင်း။

TED2016

Stephen Wilkes: ဓာတ်ပုံတစ်ပုံတည်းတွင် ဖမ်းယူထားတဲ့ အချိန်ကုန်လွန်ခြင်း။
1,953,319 views

ဓာတ်ပုံပညာရှင် Stephen Wilkes ကနေပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ရှုမျှော်ခင်းတွေရဲ့ အခင်းအကျင်းတွေကို နေ့မှ ညသို့ အကူးအပြောင်းအလိုက် နှစ်ဘက်မြင် ရုပ်ငြိမ်ဓာတ်ပုံ တစ်ခုအတွင်းက အာကာသ ကာလဖြစ်စဉ်ကြီးကို စူးစမ်းရင်း ဖန်တီးထားပါတယ်။ သူနဲ့အတူရှိတဲ့ ခရီးစဉ်က Paris မှာရှိတဲ့ Tournelle Bridge ၊ Yosemite National Park က El Capitan နဲ့ သူ့ရဲ အနုပညာဖြစ်စဉ်ရဲ့ လည်ပတ်ခြင်းထဲက Serengeti ရဲ့ အလယ်ဗဟိုမှာရှိတဲ့ အသက်ဆက်ရှင်ခွင့်ပေးတဲ့ ရေထွက်ရာအပေါက်တို့လို စံပြုထိုက်တဲ့နေရာတွေပါ။

Zaria Forman: ကမ္ဘာမြေရဲ့ အလှအပနှင့် မခိုင်ခံမှုကို ပြသတဲ့ ရုပ်ပုံကားချပ်များ။

TED Talks Live

Zaria Forman: ကမ္ဘာမြေရဲ့ အလှအပနှင့် မခိုင်ခံမှုကို ပြသတဲ့ ရုပ်ပုံကားချပ်များ။
1,485,004 views

Zaria Forman ရဲ့ အကြီးစား အရည်ပျော်နေတဲ့ ရေခဲမြစ်များ၊ ဖန်သားရောင်ထနေတဲ့ ရေပြင်ထဲမှာ မျောလွင့်နေတဲ့ ရေခဲစိုင်ကြီးများနဲ့ ရေမြှပ်တွေနဲ့ လှိုင်းခေါင်းဖြူတွေရဲ့ အခင်းအကျင်းတွေဟာ ကူးပြောင်းခြင်း လှိုင်းထန်ခြင်းနဲ့ ငြိမ်သက်ခြင်းရဲ့ တဒင်္ဂကာလတွေကို စူးစမ်းရှာဖွေပါတယ်။ အနုပညာဆန်တဲ့ ဖန်တီးမှုရဲ့ တွေးတောဆင်ခြင်မှုပါတဲ့ လုပ်ငန်းစဉ်နဲ့ သူမရဲ့ လက်ရာနောက်ကွယ်က စိတ်ဓာတ်လှုံ့ဆော်မှုကို သူမဆွေးနွေးစဉ် သူမနဲ့အတူ ပါဝင်လိုက်ပါဦး။ သူမပြောတာက "ကျွန်မရေးဆွဲထားတာတွေဟာ ကျွန်မတို့အားလုံး ဆုံးရှုံးဖို့ အလားအလာရှိတဲ့ အရာရဲ့ အလှအပကို ချီးကျူးဂုဏ်ပြုဖို့ပါ။ ဒါတွေဟာ အဆက်မပြတ်ပြောင်းလဲခြင်းထဲက ရင်သပ်ရှုမောဖွယ် ရှုခင်းတွေရဲ့ မှတ်တမ်းတွေအဖြစ် ဖြည့်ဆည်းပေးနိုင်တယ်လို့ မျှော်လင့်ပါတယ်"တဲ့။

Lidia Yuknavitch:: အံဝင်ခွင်ကျမဖြစ်ခြင်းရဲ့ အလှတရား။

TED2016

Lidia Yuknavitch:: အံဝင်ခွင်ကျမဖြစ်ခြင်းရဲ့ အလှတရား။
3,273,349 views

လက်ခံပိုင်းခြားသတ်မှတ်ထားတဲ့ နေရာမရှိသလိုမျိုး ခံစားနေရသူတွေအတွက် အံဝင်ခွင်ကျမဖြစ်ခြင်းမှာ အလှရှိပါတယ်။ စာရေးဆရာမ Lidia Yuknavitch ကနေပြီး ဆုံးရှုံးမှု အရှက်ရမှုနဲ့ မိမိကိုယ်ကို လက်ခံခြင်းရဲ့ နှေးကွေးတဲ့ဖြစ်စဉ်အကြောင်း သောင်းပြောင်းထွေလာ ဇာတ်လမ်းစုံရဲ့ အတွင်းကျတဲ့ အမှတ်ရခြင်းတစ်ခုထဲက သူမရဲ့ ကိုယ်ပိုင်ထိန်းမနိုင်သိမ်းမရ ခရီးရှည်တစ်ခုကို မျှဝေထားပါတယ်။ သူမပြောတာက "သင့်ကျဆုံးမှုရဲ့ ခဏတာကာလလေးမှာတောင်မှ သင်ဟာ လှပပါတယ်။ ဒါကို သင်မသိသေးပေမဲ့ သင့်ကိုယ်သင် အဆုံးမရှိ ဆန်းသစ်တီထွင်ဖို့ သင့်မှာ အစွမ်းရှိပါတယ်။ ဒါဟာ သင့်ရဲ့ အလှပဲလေ"တဲ့။

Trevor Timm: စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုတာဟာ ဘယ်လောက်များ လွတ်လပ်လို့လဲ။

TED2016

Trevor Timm: စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုတာဟာ ဘယ်လောက်များ လွတ်လပ်လို့လဲ။
1,447,147 views

အမေရိကန်ပြည်ထောင်စုမှာ ပထမ ပြင်ဆင်ချက်ကနေ ကာကွယ်ပေးထားတဲ့ စာနယ်ဇင်းတွေမှာ အများပြည်သူ သိဖို့လိုအပ်တဲ့ လျှို့ဝှက် သတင်းအချက်လက်တွေကို ထုတ်ဝေဖြန်ချီခွင့်တစ်ရပ်ရှိပါတယ်။ အစိုးရကနေ စောင့်ကြပ်ကြည့်ရှုမှုဟာ တရားမဝင် လျှို့ဝှက်သတင်းပေးသူတွေအတွက် (၉/၁၁ ကတည်းကစပြီး အမျိုးသား လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တိုင်းလိုလိုနဲ့ ပတ်သက်တဲ့ အထောက်အထား) သတင်းအချက်အလက်မျှဝေဖို့ တိုးကာတိုးကာ ပိုပြီး အန္တရာယ်များအောင်လုပ်ထားတာပါ၊ တိကျပြီး အသိအြမင်ပေးတဲ့ ဒီဟောပြောချက်မှာ Freedom of the Press Foundation တွဲဖက်တည်ထောင်သူနဲ့ TED ဝိုင်းတော်သားဖြစ်တဲ့ Trevor Timm ကနေပြီး ရာဇဝတ်မှုနဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့ တစ်ဦးချင်းတွေကို အစိုးရက အရေးယူတာရဲ့ သိပ်မကြာသေးတဲ့ သမိုင်းကို ခြေရာခံထားပြီး အဆိုပါ လူများကို လုံခြံစွာနဲ့ အမည်ဖော်ပြခြင်းမရှိပဲ လုပ်ဆောင်ဖို့ရာ ထောက်ပံ့ပေးနိုင်တဲ့ နည်းပညာကို ထောက်ခံပြောဆိုထားပါတယ်။

Laura Indolfi: ပန်ကရိယ ကင်ဆာကို တွန်းလှန်တိုက်ခိုက်မှုထဲက သတင်းကောင်း။

TED2016

Laura Indolfi: ပန်ကရိယ ကင်ဆာကို တွန်းလှန်တိုက်ခိုက်မှုထဲက သတင်းကောင်း။
1,390,508 views

ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ပန်ကရိယ ကင်ဆာဆီမှာ ဆုံးရှုံးခဲ့ဖူးသူ မည်သူမဆိုသိနေတာက သူ့အတိုင်းသာဆို ကျန်းမာနေတဲ့လူတစ်ယောက်ကို ထိခိုက်နိုင်တဲ့ ဖျက်ဆီးတတ်တဲ့ အြမန်နှုန်းကို သိကြပါတယ်။ TED ဝိုင်တော်သားနဲ့ ဇီဝဆေးပညာ စွန့်ဦးထွင်ဖြစ်သူ Laura Indolfi ဟာ ဒီရှုပ်ထွေးပြီး အသက်သေလောက်တဲ့ ရောဂါကို ကုသဖို့ ပြောင်းလဲပြုပြင်တဲ့ နည်းလမ်းတစ်ခုကို တိုးတက်တီထွင်နေပါတယ်။ အသားပိုရှိရာနေရာမှာ လှောင်အိမ်တစ်ခုလို လုပ်ဆောင်တဲ့ ရောဂါ ပြန့်ပွားခြင်းကို တားဆီးပေးပြီး ဆေးကို လိုအပ်တဲ့နေရာကိုပဲပို့ဆောင်တဲ့ ဆေးဝါးပို့ဆောင်ရေး ကိရိယာတစ်ခုပါ။ သူမပြောတာက တစ်နေ့မှာတော့ ပန်ကရိယ ကင်ဆာကို ကုသလို့ရနိုင်တဲ့ ရောဂါတစ်ခုဖြစ်အောင် ကျွန်မတို့ မျှော်လင့်နေပါတယ်။

Andrew Pelling: ဒီ သိပ္ပံပညာရှင်က ပန်းသီးတွေထဲကနေ နားရွက်တွေကို လုပ်ယူတယ်။

TED2016

Andrew Pelling: ဒီ သိပ္ပံပညာရှင်က ပန်းသီးတွေထဲကနေ နားရွက်တွေကို လုပ်ယူတယ်။
1,293,052 views

Andrew Pelling ဟာ မျိုးရိုးဗီဇဆိုင်ရာ ပစ္စည်းများကို စမ်းသပ် အသုံးချသူ ( ဇီဝ ဟက်ကာ) တစ်ဦးပါ။ သဘာဝဟာ သူ့ရဲ့ ကုန်ပစ္စည်းပါ။ သူအကြိုက်ဆုံး ပစ္စည်းတွေကတော့ ( တစ်ခါတစ်လေမှာ အမှိုက်ထဲမှာ သူတွေ့တတ်တဲ့) အရိုးစင်းဆုံးအရာတွေပါ။ ပန်းသီးပုံပေါ်စေတဲ့ သစ်စေးကော် ဖွဲစည်းမှုပေါ်မှာ တည်ဆောက်ရင်း အသက်ပါတဲ့ လူသား နားရွက်တွေကို ပျိုးယူပါတယ်။ တစ်ယောက်ယောက် အနေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘေးကင်းစွာ၊ စျေးသက်သာစွာ ပြုပြင်ရာမှာမှာ သုံးနိုင်လောက်တဲ့ မြေစမ်းခရမ်းပျိုးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ပြီးတော့ သူ့မှာ ပိုပြီးတောင် ကျယ်ပြန့်တဲ့ စိတ်ကူးတွေ မျှဝေဖို့ ရှိပါတယ်။ သူပြောတာက "ကျွန်တော် တကယ့်ကို သိချင်တာက တစ်နေ့မှာ မီးဖိုချောင်ထဲက လုပ်တဲ့ ပစ္စည်းတွေနဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ကိုယ် ခန္ဓာ အစိတ်အပိုင်းတွေကို ပြင်ဆင်ဖို့၊ ပြန်တည်ဆောက်ဖို့၊ တိုးပွားအောင်လုပ်ဖို့ ဖြစ်လာနိုင်မလား..."ဆိုတာပါ။

Kang Lee:: ကလေးတစ်ယောက် လိမ်ပြောနေလားဆိုသိတာ တကယ်သိနိုင်လား။

TED2016

Kang Lee:: ကလေးတစ်ယောက် လိမ်ပြောနေလားဆိုသိတာ တကယ်သိနိုင်လား။
8,673,675 views

ကလေးတွေဟာ လိမ်လည်ပြောဆိုရာမှာ ညံ့သူတွေလား။သူတို့လိမ်တာတွေကို အလွယ်တကူပဲ သိမြင်နိုင်ပါတယ်လို့ သင်ထင်ပါသလား။ ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ သုသေသီ Kang Lee ဟာ ကလေးတွေ လိမ်ပြောတဲ့အခါ ဇီဝကမ္မဗေဒပိုင်းအရ ဖြစ်ပေါ်တာကို လေ့လာပါတယ်။ သူတို့ဟာ အသက် နှစ်နှစ်သားအရွယ်လောက်ကနေ ဒါကို အတော်လုပ်ကြပြီး ဒီနေရာမှာ တကယ့်ကို တော်ကြပါတယ်။ Lee ကနေပြီး ကလေးတွေ စတင်လိမ်တဲ့အချိန်မှာ ဘာကြောင့် ချီးကျူးဂုဏ်ပြုသင့်တယ်ဆိုတာကို ရှင်းလင်းပြထားပြီး တစ်နေ့နေ့မှာ ကျွန်တော်တို့ရဲ့ ပုန်းကွယ်နေတဲ့ စိတ်ခံစားမှုတွေကို ထုတ်ဖော်နိုင်လောက်တဲ့ အလိမ်ဖော်တဲ့ နည်းပညာ အသစ်ကို တင်ပြထားပါတယ်။

Monica Byrne: ၃၁၈ နှစ်သက်တမ်းရှိတဲ့ သုံးဖက်မြင်ဓာတ်ပုံတစ်ပုံမှ ချစ်ခြင်းတရားရဲ့ စိတ်ကူးယဉ် သိပ္ပံဝတ္ထု အြမင်။

TED2016

Monica Byrne: ၃၁၈ နှစ်သက်တမ်းရှိတဲ့ သုံးဖက်မြင်ဓာတ်ပုံတစ်ပုံမှ ချစ်ခြင်းတရားရဲ့ စိတ်ကူးယဉ် သိပ္ပံဝတ္ထု အြမင်။
982,097 views

စိတ်ကူးယဉ် သိပ္ပံဝတ္ထု စာရေးဆရာမ Monica Byrne ကနေြပီး ကျွန်ုပ်တို့ရဲ့ လူမျိုးရေး၊ လူမှုရေး၊ ကျား၊မ ဆိုင်ရာ သမားရိုးကျပုံစံတွေကို ဖီဆန်တဲ့ ဇာတ်ကောင်တွေနဲ့ ပြည့်လျှမ်းနေတဲ့ ကြွယ်ဝတဲ့ ကမ္ဘာတွေကို စိတ်ကူးကြည့်ပါတယ်။ ဒီဖျော်ဖြေတင်ဆက်မှုမှာ Byrne ကPilar လို့အမည်ရတဲ့ သုံးဖက်မြင်ဓာတ်ပုံတစ်ပုံတစ်ပုံအဖြစ် ပါဝင်သရုပ်ဆောင်ပါတယ်၊ လူသားတွေဟာ စကြာဝဠာကြီးကို ကြီးစိုးတဲ့အခါ အနီးနားက အနာဂတ်တစ်ခုကနေ ချစ်ခြင်းနဲ့ ဆုံးရှုံးခြင်းရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်ုပ်တို့ဆီကို ထုတ်လွှင့်ပြရင်းပေါ့။ သူမပြောတာက "အနာဂတ်ဟာ ဘယ်လို ဖြစ်လိမ့်မလဲလို့ သင်တွေးတာဟာ ဖြစ်သွားတာနဲ့ ဆန်ကျင်ဘက်ဖြစ်နေတာဟာ အြမဲတမ်းကို ရယ်စရာပါ"တဲ့။

Sanford Biggers: အနုပညာရှင်တစ်ဦးရဲ့  လူမျိုးရေး အကြမ်းဖက်မှုအပေါ် မတွန့်မဆုတ်တဲ့ ရှုမြင်မှု။

TED2016

Sanford Biggers: အနုပညာရှင်တစ်ဦးရဲ့ လူမျိုးရေး အကြမ်းဖက်မှုအပေါ် မတွန့်မဆုတ်တဲ့ ရှုမြင်မှု။
1,158,104 views

အယူအဆအပေါ်ကို အခြေတည်တဲ့ အနုပညာရှင်နဲ့ TED ဝိုင်းတော်သားဖြစ်သူ Sanford Biggers ဟာ အမေရိက လူမည်းတွေရဲ့ သမိုင်းနဲ့ စိတ်သောကအကြောင်း အကဲစမ်းတဲ့ စကားပြောဆိုခြင်းတွေကို အစပျိုးဖို့ ပန်းချီ၊ ပန်းပု၊ ဗီဒီယိုနဲ့ သရုပ်ဆောင်မှုတွေကို သုံးပါတယ်။ သူကနေပြီး သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ လက်ရာ နှစ်ခုကို အသေးစိပ်ဖော်ပြထားရင်း သူ့ရဲ့ အနုပညာနောက်ကွယ်က အရင်းခံအကြောင်းကို မျှဝေခိုက်မှာ သူနဲ့ပူးပေါင်းပါဝင်လိုက်ပါ။ သူပြောတာက သမိုင်းနဲ့ လူမျိုးရေးအကြောင်းကို ပိုပြီး စဉ်းစဉ်းစားလုပ်တဲ့ ဆွေးနွေးကနေကပဲ ကျွန်တော်တို့ဟာ လူတစ်ဦးချင်းအနေနဲရော လူအဖွဲ့အစည်းအနေနဲ့ပါ ပြောင်းလဲဖြစ်ပေါ်နိင်ပါတယ်တဲ့။

Alice Rawsthorn: ပင်လယ်ဓားပြများ၊ သူနာပြုများနှင့် အခြာသော ပုန်ကန်တဲ့ ဇီဇိုင်နာများ။

TED2016

Alice Rawsthorn: ပင်လယ်ဓားပြများ၊ သူနာပြုများနှင့် အခြာသော ပုန်ကန်တဲ့ ဇီဇိုင်နာများ။
1,019,957 views

ဒီဇိုင်းသွေဖည်သူများအတွက် ဤရတုကဗျာထဲမှာ Alice Rawsthorn ကနေပြီး Blackbeard ကနေ Florence Nightingale အထိ အလားအလာမရှိတဲ့ ဇတ်လိုက်ကျော်တွေရဲ့ လက်ရာတွေကို မီးမောင်းထိုးပြထားပါတယ်။ ဒီရဲရင့်တဲ့ တွေးခေါ်သူတွေကနေ Buckminister Fuller လို ခေတ်သစ်ကာလ အစောပိုင်းက စိတ်ကူးမြင့်မားသူတွေအထိ မျဉ်းဆွဲသတ်မှတ်လိုက်ခြင်းအားဖြင့် Rawsthorn ကနေပြီး အြကီးကျယ်ဆုံး ဒီဇိုင်နာတွေဟာ မကြာခဏတော့ ဘယ်လို ပုန်ကန်တတ်ဆုံးဖြစ်တာကို ပြသလိုက်တာပါ။

Shivani Sinroya: ခရက်ဒစ် မှတ်တမ်းမရှိ(သေး)သူမျာအတွက် စမတ်ချေးငွေ။

TED2016

Shivani Sinroya: ခရက်ဒစ် မှတ်တမ်းမရှိ(သေး)သူမျာအတွက် စမတ်ချေးငွေ။
1,669,346 views

ယုံကြည်မှုဆိုတာကို ဘယ်လို ရယူရမလဲ။ သင်ဟာ ယုံကြည်ထိုက်သူ ဟုတ်၊မဟုတ်ကို ဆုံးဖြတ်ဖို့အတွက် ဘဏ်တွေဟာ ခရက်ဒစ် အမှတ်တွေကို သုံးပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်လွှားမှာ အဲဒီလို စခရစ်ဒစ် အမှတ်မရှိလို့၊ လုပ်ငန်းတစ်ခု စတင်ဖို့၊ အိမ်ဝယ်ဖို့ ဒါမှမဟုတ် အခြားနည်းအားဖြင့် သူတို့ဘဝတွေ တိုးတက်အောင်လုပ်ဖို့ ငွေမချေးနိုင်သူ ၂,၅ ဘီလီယံခန့်ရှိနေပါတယ်။ TED ဝိုင်းတော်သား Shivani Siroya ကနေပြီး ဖွံ့ဖြိုးဆဲ ကမ္ဘာမှာ InVenture ဆိုတဲ့ မိုဘိုင်း ဒေတာသုံးပြီး ငွေကြေးဆိုင်ရာ သက်သေခံကို ဖန်တီးတဲ့ ကနဦးလုပ်ငန်းတစ်ခုနဲ့အတူ ထွက်ပေါက်မရှိ ဖြစ်နေတဲ့ ဝယ်ယူမှု စွမ်းပကားကို ဖော်ထုတ်နေတာကို နားဆင်လိုက်ပါ။ "ခရက်ဒစ် အမှတ်လို ရိုးစင်းတာ တစ်ခုခုနဲ့ ကျွန်မတို့ဟာ လူတွေကို သူတို့ရဲ့ အနာဂတ်တွေကို တည်ဆောက်ဖို့ အစွမ်းအစတွေပေးနေတာပါ"လို့ Siroya ကပြောပါတယ်။

Chris Anderson: အများပြည်သူရှေ့ ဟောပြောခြင်းအတွက် TED ရဲ့ လျှို့ဝှက်ချက်။

TED Studio

Chris Anderson: အများပြည်သူရှေ့ ဟောပြောခြင်းအတွက် TED ရဲ့ လျှို့ဝှက်ချက်။
5,536,245 views

ပြောင်မြောက်တဲ့ ဟောပြောချက်တစ်ခုအတွက် ပုံသေနည်းမရှိပါ၊ ဒါပေမဲ့ အကောင်းဆုံး အားလုံးမှာတော့ တူညီတဲ့ လျှို့ဝှက်ချက် အင်္ဂါရပ်တစ်ရပ်တော့ရှိပါတယ်။ TED တာဝန်ခံ Chris Anderson ကနေပြီး သင့်အတွက် အလုပ်ဖြစ်စေတဲ့ နည်းလမ်း လေးမျိုးနဲ့အတူ ဒီလျှို့ဝှက်ချက်ကို မျှဝေထားပါတယ်။ ပျံ့နှံ့ထိုက်တဲ့ စိတ်ကူးတစ်ခုကို မျှဝေဖို့ လိုအပ်တာ သင့်မှာရှိပါသလား။

Joshua Prager: ဘဝရဲ့ နှစ်စဉ်တိုင်းမှာ ပြောင်မြောက်တဲ့ စာရေးဆရာကြီးဆီကရတဲ့ အသိပညာ။

TEDActive 2015

Joshua Prager: ဘဝရဲ့ နှစ်စဉ်တိုင်းမှာ ပြောင်မြောက်တဲ့ စာရေးဆရာကြီးဆီကရတဲ့ အသိပညာ။
1,797,150 views

လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားသလိုပဲ ကျွန်တော်တို့ဟာ တူညီတဲ့ အစီအစဉ်တန်းကြီးကို ဖြတ်လျှောက်ရင်း အိုမင်းလာကြတယ်၊ ပြီးတော့ ကျွန်တော်တို့ ဘဝတွေရဲ့ တူညီတဲ့ ပုံစံတွေဟာ ကျွန်တော်တို့မြတ်နိုးတဲ့ စာအုပ်တွေရဲ့ စာမျက်နှာတွေ ဖြစ်လာကြပါတယ်။ ဒီစိတ်လှုပ်ရှားဖွယ် ဟောပြောချက်မှာ သတင်းစာဆရာ Joshua Prager ကနေပြီး Norman Mailer, Joyce Carol Oates, William Trevor နဲ့ အခြားသော ပြောင်မြောက်တဲ့ စာရေးဆရာကြီးတွေဆီက ကိုးကားချက်တွေကနေ ဘဝရဲ့ အဆင့်ဆင့်ကို စူးစမ်းရှာဖွေထားကာ ဂရပ်ဖစ် ဒီဇိုင်နာ Milton Glaser ကနေ စက္ခုပသာဒ မြင်ကွင်းတွေအဖြစ် တင်ဆက်ထားပါတယ်။ "စာအုပ်တွေဟာ ကျွန်တော်တို့ ဘယ်သူဖြစ်ဖူးတယ်၊ ဘယ်သူဖြစ်နေတယ်ကိုသာမ ဘယ်သူဖြစ်လိမ့်မယ်ဆိုတာကိုပါ ကျွန်တော်တို့အား ပြောပြကြတယ်" လို့ Prager က ဆိုပါတယ်။

Amanda Palmer, Jherek Bischoff, Usman Riaz: "အာကာသ တစ်မူထူးခြင်း"

TED2016

Amanda Palmer, Jherek Bischoff, Usman Riaz: "အာကာသ တစ်မူထူးခြင်း"
772,589 views

အဆိုတော် Amanda Palmer ကနေပြီး တုပမရနိုင်တဲ့ David Bowie ကို "Space Oddity" (အာကာသ တစ်မူထူးခြင်း) ဆိုတဲ့ သီချင်းကို ပြန်ဆိုပြီး ဂုဏ်ပြုထားပါတယ်။ သူမဟာ စင်ပေါ်မှာ Jherek Bischoff TED ဝိုင်းတော်သား Usman Riaz တို့နဲ့အတူ ပါဝင်ထားသူက၊ ဟုတ်တယ်၊ သင့်မျက်လုံးတွေက သင့်ကို လှည့်စားတာ မဟုတ်ပါဘူး၊ အဲဒါကတော့ ဒုတိယ သမ္မတဟောင်း Al Gore ပါပဲ။

Mary Norris: The New Yorker ရဲ့ ပုဒ်ရပ် ဘုရင်မရဲ့ ချစ်တီးခေါင်း သန်းရှာတဲ့ ဂုဏ်အရှိန်အဝါ။

TED2016

Mary Norris: The New Yorker ရဲ့ ပုဒ်ရပ် ဘုရင်မရဲ့ ချစ်တီးခေါင်း သန်းရှာတဲ့ ဂုဏ်အရှိန်အဝါ။
1,186,688 views

"The New Yorker အတွက် စာမူတည်းဖြတ်ခြင်းဟာ Major League Baseball အသင်းမှာ ဒုတိယတန်းနဲ့ တတိယတန်းကြား ခံစစ်ကစားရသလိုပဲ။ နည်းနည်းလေးလှုပ်လိုက်တဲ့အခါတိုင်း ဝေဖန်ရေးသမားတွေက ဆော်တော့တာပဲ" လို့ပြောလာသူကတော့ ဒီရာထူးမှာ နှစ်သုံးဆယ်ကျော် ကစားထားခဲ့သူ Mary Norris ပါ။ အဲဒီအချိန်က သူမဟာ ခက်ထန်ခြင်းနဲ့ ပုဒ်ရပ် သကေတ ဝါသနာအိုးဖြစ်ခြင်းကြောင့် ဂုဏ်သတင်းထွက်ခဲ့သူပါ။ ဒါပေမဲ့ ဒါဟာ အခြေအမြစ်မရှိဘူးလို့ သူမကပြောပါတယ်။ ဒါတွေအားလုံးထက် သူမရဲအလုပ်ဟာ ရည်ရွယ်ချက် တစ်ခုရှိပါတယ်။ စာရေးသူတွေ အမြင်တင့်စေဖို့လုပ်ခြင်းပါ။ ဒီနှစ်ခြိုက်ဖွယ်ရာ ဟောပြောချက်ထဲမှာ New Yorker ရဲ့ ထူးခြားတဲ့ဟန်နဲ့ ဒီအကြောင်းကို အကောင်းဆုံးသိထားတဲ့ ပုဂ္ဂိုလ်ကို စူးစမ်းရှာဖွေလိုက်ပါဦး။

Robert Palmer: ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခုကို ဖွင့်လှစ်ပြလိုက်တဲ့ ပနားမား စာရွက်စာတမ်းများ။ ရှေ့ဆက် ဘာဖြစ်လာမလဲ။

Global Witness HQ

Robert Palmer: ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခုကို ဖွင့်လှစ်ပြလိုက်တဲ့ ပနားမား စာရွက်စာတမ်းများ။ ရှေ့ဆက် ဘာဖြစ်လာမလဲ။
1,097,225 views

ဧပြီလ ၃ ရက် ၂၀၁၆ ခုမှာ သမိုင်းထဲ အကြီးမားဆုံး ဒေတာပေါက်ကြားမှုကြီးတစ်ခုကို ကျွန်တော်တို့ မြင်လိုက်ရပါတယ်။ ပနားမား စာရွက်စာတမ်းတွေဟာ ချမ်းသာပြီး သြဇာအာဏာရှိတဲ့ လူတွေကနေပြီး အင်မတန်များပြားတဲ့ ပမာဏရှိတဲ့ ငွေတွေကို ပင်လယ်ရပ်ခြား မှတ်ပုံတင် စာရင်းတွေမှာ ဖုံးကွယ်ထားတာကို ဖော်ဟပြခဲ့ပါတယ်။ ဒါပေမဲ့ ဒါအားလုံးရဲ့ ဆိုလိုချက်က ဘာလဲ။ သိရှိဖို့အတွက် ကျွန်တော်တို့က Global Witness (ကမ္ဘာလုံးဆိုင်ရာ သက်သေခံ) မှ Robert Palmer ကို ဖုန်းဆက်ခဲ့ပါတယ်။

Parag Khanna: မဟာမြို့ကြီးတွေက ကမ္ဘာမြေပုံကို ပြောင်လဲနေကြပုံ

TED2016

Parag Khanna: မဟာမြို့ကြီးတွေက ကမ္ဘာမြေပုံကို ပြောင်လဲနေကြပုံ
1,157,320 views

"ကျွန်တော်ဟာ ကမ္ဘာကြီးပေါ်မှာ သက်ရှိဘဝ စည်းရုံးထားပုံကို ခင်ဗျားတို့ကို ပြန်စိတ်ကူးကြည့်စေချင်တယ်" လို့ နိုင်ငံတကာ မဟာဗျူဟာပညာရှင် Parag Khanna က ဆိုပါတယ်။ မြို့တွေဟာ ပို့ဆောင်ရေး၊ စွမ်းအင်နဲ့ ဆက်သွယ်ရေး ကွန်ရက်များဖြင့် ပိုလို့ကို ချိတ်ဆက် ကြီးထွားလာနေကြလို့ အခုဆိုရင် ကျွန်ုပ်တို့ဟာ ပထဝီအဖြစ်မှနေပြီး "ဆက်သွယ်မှုပထဝီ" ဆိုတာမျိုးဆီကို ဆင့်ကဲဖွုံ့ဖြိုးလာခဲ့ကြပါပြီ။ အဲဒီ ထွန်းသစ်စ နိုင်ငံတကာ ကွန်ရက် ယဉ်ကျေးမှုက ညစ်ညမ်းမှုနဲ့ ကွာခြားမှုတွေကို လျှော့နည်းလာစေလျက် နိုင်ငံတကာ နိုင်ငံရေး ပြိုင်ဆိုင်မှုတွေကိုတောင် ကျော်လွှားနိုင်မယ်လို့ ဆိုကြပါတယ်။ ဒီစကားဝိုင်းမှာ Parag Khanna က ကျွန်ုပ်တို့ အားလုံးကို အနာဂတ်မှာ “ချိတ်ဆက်မှုဟာ ကံကြမ္မာပါ” ဆိုတဲ့ နီတီအသစ်ကို ကျင့်သုံးကြပါလို့ Khanna က ဆော်ဪထားပါတယ်။

Adam Grant:: ပင်ကိုယ်ဉာဏ်ရှိတဲ့ အတွေးအခေါ်ရှင်တွေရဲ့ အံ့ဖွယ်ကောင်းတဲ့ အမူအကျင့်များ။

TED2016

Adam Grant:: ပင်ကိုယ်ဉာဏ်ရှိတဲ့ အတွေးအခေါ်ရှင်တွေရဲ့ အံ့ဖွယ်ကောင်းတဲ့ အမူအကျင့်များ။
15,037,019 views

ဖန်တီးနိုင်စွမ်းရှိတဲ့ လူတွေဟာ ပြောင်မြောက်တဲ့ စိတ်ကူးတွေ ဘယ်လိုရကြလဲ။ အဖွဲ့အစည်းပိုင်းဆိုင်ရာ စိတ်ပညာရှင် Adam Grant studies ဟာ ပင်ကိုယ်ဉာဏ်ရှိသူတွေကို လေ့လာပါတယ်၊ စိတ်ကူးသစ်တွေကို အိပ်မက်ပြီး ဒါတွေကို ကမ္ဘာကြီးထဲကို ထည့်သွင်းဖို့ အကောင်အထည်ဖော်သူ အတွေးအခေါ်ရှင်တွေပေါ့။ ဒီဟောပြောချက်မှာ ကျရှုံးမှုကို ပွေ့ဖက်တာအပါအဝင် ပင်ကိုယ်ဉာဏ်ရှိသူတွေရဲ့ မျှော်လင့်မထားမိတဲ့ အမူအကျင့် သုံးရပ်ကို လေ့လာလိုက်ပါ။ " အပြောင်မြောက်ဆုံး ပင်ကိုယ်ဉာဏ်ရှိသူတွေဟာ အများဆုံး ကျရှုံးသူတွေပါ၊ အကြောင်းက သူတို့ဟာ အကြိုးစားဆုံးသူတွေ ဖြစ်တာကြာင့်ပါ။" လို့ Grant ကဆိုပါတယ်။ "ကောင်းတဲ့ စိတ်ကူး အနည်းငယ်ရဖို့အတွက် ဆိုးတဲ့ စိတ်ကူးတွေ အများကြီး ရှိဖို့လိုပါတယ်။"

Juan Enriquez: ကျွန်ုပ်တို့ မိမိတို့ဘဝကို ပြန်စီစဉ်နိုင်ပါတယ်။ အဲဒါကို ပါးနပ်စွာ ဘယ်လို လုပ်ကြမလဲ။

TED Talks Live

Juan Enriquez: ကျွန်ုပ်တို့ မိမိတို့ဘဝကို ပြန်စီစဉ်နိုင်ပါတယ်။ အဲဒါကို ပါးနပ်စွာ ဘယ်လို လုပ်ကြမလဲ။
2,107,612 views

နှစ်ပေါင်း လေးဘီလီယံကြာ ကမ္ဘာကြီးမှာ နေထိုင်လျက် သေခဲ့ကြတဲ့ အရာများဟာ သဘာဝရဲ့ ရွေးချယ်မှုနဲ့ အမှတ်တမဲ့ ပြောင်းလဲမှုကြောင့် သေခဲ့ကြရပါတယ်။ လူသားဆိုတာ ရောက်လာတာနဲ့ အရာအားလုံးကို ပြောင်းလဲပစ်ပါတယ် - အပင်တွေကို မျိုးစပ်ခြင်း၊ တိရိစ္ဆာန်တွေကို မွေးမြူခြင်း၊ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်းနဲ့ မိမိကိုမိမိ ရည်ရွယ်ချက်ဖြင့် ဆင့်ကဲပြောင်းလဲခြင်း လုပ်လာပါတယ်။ Juan Enriquez ဟာ အသက်ကို စီစဉ်ပြုပြင်ရေး အဲဒီလို စွမ်းပကား လျင်မြန်စွာ ပြောင်းလဲလာမယ့် အနာဂတ်အတွက် လမ်းညွှန်ချက် ငါးခုကို မျှဝေထားပါတယ်။ "ဒါဟာဖြင့် လူသားတို့ လုပ်ခဲ့ဘူးတဲ့ထဲက စိတ်လှုပ်ရှားစရာ အကောင်းဆုံး စွန့်စားမှု ဖြစ်တယ်"။ "ဒါဟာဖြင့် လူသားဆီမှာ ရှိခဲ့ဘူးတဲ့ အထက်မြင်ဆုံး စွမ်းပကားကြီးပါပဲ"လို့ " Enriquez က ဆိုပါတယ်။

Knut Haanaes: ကုမ္ပဏီတွေ ကျရှုံးရခြင်းရဲ့ အကြောင်းရင်း နှစ်ရပ် နှင့် အဲဒါကို ရှောင်ရှားနည်း

TED@BCG London

Knut Haanaes: ကုမ္ပဏီတွေ ကျရှုံးရခြင်းရဲ့ အကြောင်းရင်း နှစ်ရပ် နှင့် အဲဒါကို ရှောင်ရှားနည်း
2,083,658 views

ကုမ္ပဏီကို လုပ်ကိုင်နေရင်းနဲ့ ၎င်းကို ဆန်းသစ်တီထွင်နေလို့ကော ဖြစ်နိုင်ပါ့မလား။ လုပ်ငန်းများ အတွက် မဟာဗျူဟာကို ချမှတ်ပေးတဲ့ ပါရဂူဖြစ်သူ Knut Haanaes ဆိုရင် အောင်မြင်မှုကို ရလာတဲ့နောက်မှာ ဆက်ပြီး ဆန်းသစ်တီထွင်နိုင်မှုဟာ တကယ့်ကို တော်တဲ့ စည်းရုံးမှုကို ပြသပါတယ်။ ဒီဟောပြောချက်ထဲတွင် သူဟာ ကျွန်တော်တို့ သိထားတာတွေနဲ့ စူးစမ်းနေဆဲ လုံးဝအသစ်ဖြစ်တဲ့ အတွေးအခေါ်များ အကြားတွင် ချိန်ခွင်လျှာ မျှနေအောက် ဘယ်လို ကြိုးစားသင့်ကြောင်းကို ဝေမျှထားပါတယ်။

Carol Fishman Cohen: အလုပ်မှ နားခဲ့တဲ့နောက် အလုပ်ခွင်ပြန်ဝင်နည်း။

TEDxBeaconStreet

Carol Fishman Cohen: အလုပ်မှ နားခဲ့တဲ့နောက် အလုပ်ခွင်ပြန်ဝင်နည်း။
3,217,633 views

သင်ဟာ အလုပ်မှ ခေတ္တနားခဲ့ရာကနေ အခုအခါမှာတော့ လုပ်ငန်းခွင်သို့ ပြန်ဝင်ဖို့ ဦးလှည့်နေတယ်ဆိုရင် အလုပ်သင်တစ်ဦး လုပ်ဖို့ စဉ်းစားးမှာလား။ အလုပ်ခွင်ပြန်ဝင်မှု ကျွမ်းကျင်သူ Carol Fishman Cohen ကတော့ လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီဟောပြောချက်မှာ Cohen ရဲ့ အလုပ်ကအနားယူပြီး အလုပ်ခွင်ပြန်ဝင်တဲ့ ကိုယ်ပိုင်အတွေ့အကြုံကို သူမရဲ့ "တစ်ကျော့ပြန်များ" ရဲ့အောင်မြင်မှုကို ရပ်တည်ကာကွယ်ပေးတဲ့ အလုပ်နဲ့ အလုပ်ရှင်တွေ အလုပ်ခွင် ပြန်ဝင်ခြင်း ပင်ကိုယ်အစွမ်းအစနဲ့ သူတို့ အာရုံစိုက်ပုံ ဘယ်လိုပြောင်းလဲနေတယ်ဆိုတာ ပြောပြထားတာကို နားထောင်လိုက်ပါ။

Danielle Feinberg: Pixar ရုပ်ရှင်တွေကို အသက်ဝင်လာစေကြတဲ့ အံ့ဖွယ် အစိတ်အပိုင်း

TED Talks Live

Danielle Feinberg: Pixar ရုပ်ရှင်တွေကို အသက်ဝင်လာစေကြတဲ့ အံ့ဖွယ် အစိတ်အပိုင်း
3,035,525 views

Pixar ရဲ့ ဓာတ်ပုံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်တဲ့ Danielle Feinberg ဟာ ဖြစ်ရပ်တွေကို အသည်းနှလုံးနဲ့ အံ့အားသင့်ဖွယ် ဖြစ်လာအောင် သင်္ချာ၊ သိပ္ပံနှင့် ကုဒ်တွေကို သုံးပြီး တင်ဆက်ပေးသူပါ။ Finding Nemo၊ Toy Stor၊ Brave၊ WALL-E နှင့် နောက်ထပ် ရုပ်ရှင်ကားတွေရဲ့ ဇာတ်စင် နောက်ကွယ်က အကြောင်းအရာတွေကို လေ့လာရင်း ကျွန်ုပ်တို့ အားလုံးကို အံ့အားသင့်ဖွယ် လက်တွေ့ ဘဝထဲကို ရောက်အောင် တွန်းပို့ပေးကြတဲ့ အနုပညာနဲ့ သိပ္ပ့ပညာကို Pixar မှာ ရောယှက်သုံးကြပုံကို တွေ့မြင်လာကြရပါမယ်။ ဒီဟော​ပြောချက်က PBS special "TED Talks: Science & Wonder."ထဲမှပါ။

Angélica Dass: လူ့အသားအရေ အရောင်တိုင်းရဲ့  အလှတရား။

TED2016

Angélica Dass: လူ့အသားအရေ အရောင်တိုင်းရဲ့ အလှတရား။
2,472,894 views

Angélica Dass ရဲ့ ဓာတ်ပုံပညာက အသားအရောင်နဲ့ လူမျိုးစုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံကို စိန်ခေါ်လိုက်ပါတယ်။ ဒီပုဂ္ဂိုလ်ရေး ဟောပြောချက်ထဲမှာ Humanæ ဆိုတဲ့ သူမရဲ့ ပုံတူပရောဂျက် နောက်ကွယ်က လှုံ့ဆော် အားပေးမှုနဲ့ လူမျိုးနွယ်နဲ့ ဆက်စပ်နေတဲ့ မစစ်မှန်တဲ့ အဖြူ၊ အနီ၊ အနက်နဲ့ အဝါဆိုတာထက် လူသဘောသဘဝရဲ့ စစ်မှန်တဲ့အရာင်တွေ ရှာဖွေမှုကို မှတ်တမ်းပြုဖို့ သူရဲ့ အားထုတ်မှုကို ကြားနာလိုက်ပါ။

Tim Urban: အချိန်ဆွဲသူ ဆရာကြီးတစ်ဦး၏ စိတ်အတွင်းဘက်မှာ။

TED2016

Tim Urban: အချိန်ဆွဲသူ ဆရာကြီးတစ်ဦး၏ စိတ်အတွင်းဘက်မှာ။
36,567,611 views

အချိန်ဆွဲတာဟာ အဓိပ္ပါယ်မရှိဘူးဆိုတာ Tim Urban သိပေမဲ့ ကိစ္စတွေပြီးပြတ်ဖို့ နောက်ဆုံးမိနစ်အထိ စောင့်တတ်တဲ့ အကျင့်ကို တစ်ခါမှ ဖြတ်မရနိင်ဘူးဖြစ်နေပါတယ်။ ရယ်မောစရာကောင်းပြီး ထိုးထွင်းအသိမြင်ပါတဲ့ ဒီဟောပြောချက်ထဲမှာ Urban ကနေပြီး YouTube စိတ်ကြိုက်ပွဲတော်ကြီးတွေ၊ Wikipedia ယုန်တိုးပေါက်တွေနဲ့ ပြတင်းပေါက်ကနေ ဖုတ်ပူမီးတိုက် ငေးကြည့်နေရချိန်တွေကနေ ကျွန်တော်တို့ကို ခရီးရှည်ကြီးတစ်ခုဆီ ခေါ်သွားပြီး ကျွန်တော်တို့တွေ တကယ့်ကို အချိန်ဆွဲနေတဲ့ အကြောင်းကို အချိန်မကုန်ခင်မှာ ပိုပြီးအပြင်းအထန် စဉ်းစားကြဖို့ အားပေးထားပါတယ်။

Jessica Ladd: လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုမှ လွတ်မြောက်သူတွေ လိုချင်တဲ့ သတင်းပို့စနစ်။

TED2016

Jessica Ladd: လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုမှ လွတ်မြောက်သူတွေ လိုချင်တဲ့ သတင်းပို့စနစ်။
1,479,910 views

"ကျွန်မတို့တွေဟာ ၉၉ ရာခိုင်နှုန်းသော မုဒိမ်းကောင်းတွေ လွတ်မြောက်နေတဲ့ ကမ္ဘာထဲမှာ နေထိုင်ဖို့ မလိုပါဘူး" လို့ ဆိုလာသူကတော့ TED ဝိုင်းတော်သား Jessica Ladd ပါ။ ကောလိပ်ကျောင်းသူတွေအတွက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုကို လျှို့ဝှက်စွာ သတင်းပို့ဖို့ ပလက်ဖောင်း အသစ်တစ်ခုဖြစ်တဲ့ Callisto နဲ့အတူ Ladd ကနေပြီး လွတ်မြောက်ကျန်သူတွေကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အ​ကြောင်းကိစ္စတွေကို ထောက်ထားရင်းသူတို့နဲ့ ထိုက်တန်တဲ့ အထောက်အပံ့နဲ့ တရားမျှတမှု ရရှိဖို့ ကူညီပေးနေပါတယ်။ သူမ ပြောတာက "အခြားလူသားတစ်ဦးရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခြင်းကို တကယ့်ကို ဟန့်တားပေးမယ့် ကမ္ဘာမျိုးကို ဖန်တီးနိုင်ပါတယ်" တဲ့။