TED Talks with Burmese transcript

Kate Stone: စာနယ်ဇင်းတွေက ကျွန်မရဲ့သီးသန့်တည်ရှိမှုကို နင်းခြေခဲ့တယ်။ ဒါက ကျွန်မရဲ့ဇာတ်လမ်းကို ပြန်ယူခဲ့ပုံပါ။

TED2018

Kate Stone: စာနယ်ဇင်းတွေက ကျွန်မရဲ့သီးသန့်တည်ရှိမှုကို နင်းခြေခဲ့တယ်။ ဒါက ကျွန်မရဲ့ဇာတ်လမ်းကို ပြန်ယူခဲ့ပုံပါ။
1,426,735 views

ကြောက်မက်ဖွယ် မတော်တဆဖြစ်မှုက သူမကို လူပြိန်းကြိုက်သတင်းစာ ခေါင်းစီမှာ ပါသွားစေပြီးနောက် Kate Stone က သူမရဲ့ဇာတ်လမ်ကို ပြန်လည်ထိန်ချုပ်ဖို့နဲ့ အခြားသူတွေကို ၎င်းတို့ရဲ့ သီးသန့်တည်ရှိမှု ဆုံးရှုံးခြင်းကနေ ကာကွယ်ရာမှာ ကူညီဖို့ပါ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဟာသနဲ့ သတ္တိရောသွင်းထားတဲ့ ဒီကိုယ်ရေးကိုယ်ဟာ ဟောပြာချက်ထဲမှာ သူမရဲ့ဇာတ်လမ်းကို ပြန်လည်ဆယ်တင်ခဲ့ပုံကို လေ့လာလိုက်ပါဦး။

David Cage: ဂိမ်းတွေက ကစားသူတွေကို ပုံပြောသူများအဖြစ် ဘယ်လိုမျိုး ပြောင်းလဲလာစေသလဲ

TED2018

David Cage: ဂိမ်းတွေက ကစားသူတွေကို ပုံပြောသူများအဖြစ် ဘယ်လိုမျိုး ပြောင်းလဲလာစေသလဲ
650,970 views

သင် ရုပ်ရှင်တစ်ကား သို့မဟုတ် ဝတ္ထုရှည်တစ်အုပ်ထဲက သင့်စိတ်ကြိုက်ဇာတ်ကောင်ကို ကယ်ဖို့ သင်ကိုယ်တိုင် ဇာတ်လမ်းကို ပြောင်းလဲဖို့စိတ်ကူးရင်း ခံစားဖူးပါသလား။ ဂိမ်းဖန်တီးသူ David Cage ကတော့ ဗီဒီယိုဂိမ်းတွေထဲမှာ ကစားသူတွေလိုချင်တဲ့ ဇာတ်လမ်းဖြစ်လာအောင် ကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့ရခွင့် သင့်ကိုပေးမှာပါ။ ဒီပြောကြားချက်နဲ့ နမူနာတိုက်ရိုက်ပြကွက်ထဲမှာဆိုရင် Cage က သူ့စီမံကိန်းထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို မိတ်ဆက်ပေးထားပြီး၊ ပရိတ်သတ်တွေကို အထဲကဇာတ်ကောင်ရဲ့ ဆုံးဖြတ်ချက်တွေအား ထိန်းချုပ်စေပါတယ်။ အပြန်အလှန်သက်ရောက်မှုရှိတဲ့ ပုံပြင်ပြောခြင်းဆိုတာ ၂၀ရာစုခေတ်တုန်းက ရုပ်ရှင်ရုံတွေမှာရှိခဲ့တဲ့ အချိန်နှင့်အမျှ နက်နက်ရှိုင်းရှိုင်း ပြောင်းလဲလာခဲ့တဲ့ အနုပညာတစ်ခုလို ဖြစ်ပါတယ်လို့ Cage က ပြောပါတယ်။

Luke Sital-Singh: "ပြီးသွားတဲ့နောက်မှာ..."၊ "သေစေအောင် ညွှန်းရော့သလား"

TED2018

Luke Sital-Singh: "ပြီးသွားတဲ့နောက်မှာ..."၊ "သေစေအောင် ညွှန်းရော့သလား"
236,177 views

Luke Sital-Singh အချစ်၊ အလွမ်းနဲ့ ကြေကွဲမှုအကြောင်း သီချင်းတွေကို ဒီ စိတ်ထိခိုက်စေတဲ့ ဖျော်ဖြေမှု "Afterneath" နဲ့ "Killing Me." မှာ သီဆိုထားပါတယ်။ "ဒါတွေဟာ ကျွန်တော် ဘယ်တော့မှ နားထောင်ရတာ မငြီးငွေ့တဲ့၊ ရေးရတာ မငြီးငွေ့တဲ့ သီချင်းတွေပါ၊ အကြောင်းကတော့ ဒီသီချင်းတွေဟာ ကျွန်တော့ကို ထီးတည်းဖြစ်မှုကို သက်သာစေလို့ပါ" လို့ Sital-Singh က ဆိုပါတယ်။

Benedetta Berti: ၉/၁၁ အား ကမ္ဘာလုံးမှာတုံ့ပြန်ခဲ့ပုံက ကျွန်ုပ်တို့ကို ပိုပြီး လုံခြုံလာစေခဲ့ပါသလား။

TED2018

Benedetta Berti: ၉/၁၁ အား ကမ္ဘာလုံးမှာတုံ့ပြန်ခဲ့ပုံက ကျွန်ုပ်တို့ကို ပိုပြီး လုံခြုံလာစေခဲ့ပါသလား။
1,430,420 views

ကျွန်ုပ်တို့ဟာ တည်တံ့တဲ့ ရေရှည်လုံခြုံမှုကို ကမ္ဘာကြီးအတွက် စံတစ်ခုဖြစ်စေချင်တယ်ဆိုရင် ဒါကို ပြီးမြောက်အောင်မြင်ဖို့ အခြေခံကျကျ ပြန်လည်သုံးသပ်ဖို့ အချိန်ကျပါပြီလို့ ဆိုသူကတော့ TED ဝိုင်းတော်သားနဲ့ ပဋိပက္ခသုတေတီ Benedetta Berti ပါ။ ဒီမျက်စေ့ဖွင့်ပေးတဲ့ ဟေပြောချက်မှာ Berti ကနေပြီး ပိုပြီးလုံခြုံတဲ့ ကမ္ဘာတစ်ခုတည်ဆောက်ခြင်းဟာ စစ်မြေပြင်က ရန်သူတွေကို ချေမှုန်းတာနဲ့ အများကြီး သိပ်မပတ်သက်ပဲ ဘယ်နေရာကဖြစ်ဖြစ်၊ ဘယ်မှာပဲနေနေ အရပ်သားတွေကို ကာကွယ်ပေးဖို့အတွက် များစွာမှ အားထုတ် ကြိုးပမ်းကြရမှုနဲ့ ပိုပြီး ပတ်သက်နေတာကို ရှင်းလင်းထားပါတယ်။

Elise LeGrow: "You Can Never Tell" (ဘယ်တော့မှ မင်းမသိနိုင်ဘူး) / 
"Over the Mountain, Across the Sea" (တောင်ကိုကျော်၊ ပင်လယ်ကိုဖြတ်)

TED2018

Elise LeGrow: "You Can Never Tell" (ဘယ်တော့မှ မင်းမသိနိုင်ဘူး) / "Over the Mountain, Across the Sea" (တောင်ကိုကျော်၊ ပင်လယ်ကိုဖြတ်)
279,584 views

အဆိုတော်နဲ့ သီချင်းရေးသူ Elise LeGrow ကနေပြီး ခေတ်ဦးပိုင်း ဆိုးလ်နဲ့ ရော့ခ်ဂီတတီထွင်သူများကို ၎င်းတို့ရဲ့ ကျော်ကြားတဲ့သီချင်းတွေရဲ့ ရင်းနှီးပြီး သဘာဝအတိုင်း သီဆိုတီးမှုတ်ထားတဲ့ သရုပ်ဖော်ဆိုချက်တွေနဲ့ ဦးညွှတ်ဂုဏ်ပြုထားပါတယ်။ သူမနဲ့ သူမရဲ့တီးဝိုင်းဟာ ဒီဆိုးလ်ဂီတဆန်တဲ့ တင်ဆက်ပုံတွေကို ဖျော်ဖြေနေစဉ် နားဆင်လိုက်ပါဦး။ Chuck Berry ရဲ့ "You Can Never Tell" (ဘယ်တော့မှ မင်းမသိနိုင်ဘူး) နဲ့ Johnnie and Joe ရဲ့ ဦးဆုံး ကျော်ကြားခဲ့တဲ့ "Over the Mountain, Across the Sea" (တောင်ကိုကျော်၊ ပင်လယ်ကိုဖြတ်) တို့ပါ။

How AI could compose a personalized soundtrack to your life: AI က သင့်ဘဝအတွက် စိတ်တိုင်းကျ တေးဂီတကို ရေးစပ်ပေးနိုင်ပုံ

TED2018

How AI could compose a personalized soundtrack to your life: AI က သင့်ဘဝအတွက် စိတ်တိုင်းကျ တေးဂီတကို ရေးစပ်ပေးနိုင်ပုံ
1,460,825 views

သမိုင်းဝင် အထင်ရှားဆုံး တေးဂီတ ၃၀,၀၀၀ ကျော်ကို ဖတ်ရှုလေ့လာခဲ့လျက် လေ့ကျင့်ယူခဲ့တဲ့ AIVA ခေါ် အသိဉာဏ်တုနဲ့ မိတ်ဆက်ပေးပါရစေ။ အံ့အားသင့်ဖွယ် ပြပွဲတစ်ခုထဲမှာ Pierre Barreau က AIVA မှနေပြီး ရေးစပ်ပေးခဲ့တဲ့ တေးဂီတများကို မိတ်ဆက် ဖွင့်ပြခဲ့ပြီး သူ့စိတ်ကူး- ကျွန်ုပ်တို့ရဲ့ စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေးကို အခြေခံပြီး တမူထူးဆန်းမယ့် တေးဂီတကို ရေးစပ်လို့ ရနိုင်တော့မှာကို မျှဝေ ​ပြောပြထားပါတယ်။

Yelle: "Interpassion" (ဝါသနာစုံ) / "Ba$$in" (တင်ပါးဆုံ)

TED Salon Brightline Initiative

Yelle: "Interpassion" (ဝါသနာစုံ) / "Ba$$in" (တင်ပါးဆုံ)
239,258 views

Yelle နဲ့ GrandMarnier တို့ကနေပြီး သီချင်းနှစ်ပုဒ်ဖြစ်တဲ့ "Interpassion" ဝါသနာစုံ / "Ba$$in" (တင်ပါးဆုံ) ရဲ့ တက်ကြွစေတဲ့ ဖျော်ဖြေမှုတစ်ခုထဲကနေ TED စင်မြင့်ဆီကို သူတို့ရဲ့ လိုက်ကနိုင်တဲ့ အီလက်ထရိုပေါ့ လူကြိုက်များတဲ့ သီချင်းတွေ ဆောင်ကြဉ်းလာပါတယ်။

Dread Scott: အနုပညာက အမေရိကရဲ့ လွတ်လပ်မှုအကြောင်း ပြောဆိုဆွေးနွေးမှုကို ပုံသွင်းပေးနိုင်ပုံ။

TED2018

Dread Scott: အနုပညာက အမေရိကရဲ့ လွတ်လပ်မှုအကြောင်း ပြောဆိုဆွေးနွေးမှုကို ပုံသွင်းပေးနိုင်ပုံ။
1,368,594 views

ဒီတိုတောင်းတဲ့ ဟောပြောချက်မှာ Dread Scott ကနေပြီး သူ့ရဲ့ ထုံးတမ်းအစဉ်အလာတွေကို ချိုဖောက်မှုအဖြစ်ဆုံး အနုပညာတင်ဆက်မှုတစ်ခုရဲ့ ဇာတ်လမ်းကို ပြောပြထားပါတယ်။၎င်းရဲ့ အမေရိကန်အလံကို အငြင်းပွားဖွယ် အသုံးပြုမှုဟာ အာရုံစိုက်ခံရပြီး အမေရိကန် တရားရုံးချုပ်မှာ ပထမဦးဆုံး ပြင်ဆင်ချက် အထင်ကရတစ်ခုဖြစ်သွားစေခဲ့တာပါ။

မေရီ မိတ်ကာ: စစ်ဘေးသင့် အမျိုးသမီးများအတွက် ပညာရေး (ကျမ အပါအဝင်)

TEDxKakumaCamp 20171215

မေရီ မိတ်ကာ: စစ်ဘေးသင့် အမျိုးသမီးများအတွက် ပညာရေး (ကျမ အပါအဝင်)
1,354,417 views

စစ်ဘေးသင့် ဆူဒန်တောင်ပိုင်းမှ လွတ်မြောက်ခဲ့ပြီးနောက် မေရီ မိတ်ကာ ဟာ ကင်ညာ ကာကူမာ စစ်ဒုက္ခသည် စခန်းမှာ လုံခြုံမှုနဲ့ မျှော်လင့်ချက်တွေ ရခဲ့တယ်။ အခုဆိုရင် သူမလို စစ်ဘေးရှောင် လူငယ်တွေရဲ့ ဆရာမဖြစ်လာပြီး ပညာရေးနဲ့ ဘဝတွေပြန်လည်ထူထောင်ဖို့၊ ပညာသင်ခွင့်မရတဲ့ မိန်းကလေးများကို စာသင်ခန်းထဲ အရောက်ခေါ်နိုင်ဖို့ သူမကြိုးစားနေပါတယ်။ "ပညာရေးဟာ စစ်ဒဏ်သင့် ကလေးရဲ့ ပူဆွေးမှုအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ပေးနိုင်ပါတယ်" လို့ မိတ်ကာ ပြောခဲ့ပါတယ်။

Tina Seelig: ကိုယ့်ကံကို မြှင့်တင်ပေးနိုင်ရန် ကိုယ်က ပြုလုပ်သင့်တဲ့ အရဲစွန့်မှုလေးများ

TED Salon Brightline Initiative

Tina Seelig: ကိုယ့်ကံကို မြှင့်တင်ပေးနိုင်ရန် ကိုယ်က ပြုလုပ်သင့်တဲ့ အရဲစွန့်မှုလေးများ
2,927,453 views

ကံတရားဆိုတာ လျှပ်စီးလက်တာ၊ ဖြစ်တောင့်ဖြစ်ခဲ ရှားရှားပါးပါး အရာဖြစ်ခဲပါတယ် -- ၎င်းဟာ အမြဲလိုလို တိုက်ခတ်နေတဲ့ လေနဲ့ ပိုတူချင်ပါတယ်။ အဲဒီလို ကံတရားဆိုတဲ့ လေကို ပိုဖမ်းယူရေးဟာ အတော်ကလေး လွယ်ပေမဲ့ အထင်အရှား မြင်ဖို့ မလွယ်ပါ။ သိသင့်စရာတွေ အများကြီးပါတဲ့ အခု ဟောကြားခန်းထဲတွင် Stanford အင်ဂျင်နီယာ တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Tina Seelig ကနေပြီး ကိုယ့်ကံတရားကို မြှင့်တင်ပေးရေးအတွက်၊ တနည်းအားဖြင့် သင့် စွမ်းဆောင်နိုင်စွမ်းနဲ့ အခွင့်အလမ်းများကို လှမ်းမျှော် ဖမ်းယူနိုင်ဖို့ မျှော်လင့်ရန် ခဲယဉ်းတဲ့ နည်းလမ်း သုံးခုကို မျှဝေထားပါတယ်။

Elizabeth Streb: ဆွဲငင်အားကို တော်လှန်လျက် ပျံသန်းဖို့ ကျွန်မရဲ့ စူးစမ်းအားထုတ်မှု

TED2018

Elizabeth Streb: ဆွဲငင်အားကို တော်လှန်လျက် ပျံသန်းဖို့ ကျွန်မရဲ့ စူးစမ်းအားထုတ်မှု
1,465,552 views

လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ ခက်ရာခက်ဆစ် အရာတွေကို လုပ်ပြတတ်တဲ့ ကျွမ်းကျင်ပညာရှင် Elizabeth Streb ဟာ လူသားခန္ဓာကိုယ်ရဲ့ ဘောင်ကို တိုးချဲ့ပေးနိုင်ခဲ့ပါတယ်။ သူမဟာ မှန်ကိုခွဲပြီး ခုန်ပျခဲ့တယ်၊ အမြင့်ကြီးနေရာများမှ ခုန်ချပြခဲ့ပြီး တအား မောင်းပြေးနိုင်တဲ့ gizmo တွေကို ဆောက်လုပ်ခဲ့တယ်။ သူမရဲ့ နောက်ခံ အတွေ့အကြုံကို အခြေခံပြီး Streb ဟာ ဆွဲငင်အားကို တော်လှန်ရင်း ပျံသန်းနိုင်ဖို့ကို တစ်သက်လုံး ကြိုးစားအားထုတ်လာခဲ့ရာတွင် မြေပေါ်သို့ ကျဆင်းမှုကို ကျွမ်းကျင်စွာ အထူး လေ့လာခဲ့ရပုံကို မျှဝေပြောပြထားပါတယ်။

Burçin Mutlu-Pakdil: စကြာ၀ဠာအကြောင်း ကျန်ုပ်တို့သိသမျှကို စိန်ခေါ်နေတဲ့ ရှားပါးနဂါးငွေ့တန်း

TED2018

Burçin Mutlu-Pakdil: စကြာ၀ဠာအကြောင်း ကျန်ုပ်တို့သိသမျှကို စိန်ခေါ်နေတဲ့ ရှားပါးနဂါးငွေ့တန်း
2,459,767 views

နဂါးငွေ့တန်းတစ်ခုကို တွေ့ပြီး ကိုယ့်နာမည်ပေးမယ်ဆိုရင် ဘယ်လိုနေကြမလဲခင်ဗျာ။ နက္ခတ်ရူပဗေဒ ပညာရှင်လည်းဖြစ်၊ TED ဟောပြောသူလည်းဖြစ်တဲ့ Burçin Mutlu-Pakdil က သူ့အဖွဲ့မှ တွေ့ထားတဲ့ ဆန်းကြယ်တဲ့ နဂါးငွေ့တန်းတစ်ခုကို ရှာတွေ့ခဲ့ပုံအကြောင်း ဒီမှာ မြန်မြန်ဖောက်သည်ချထားပါတယ်။

Sunni Patterson: "မိန်းမရိုင်းများ"

TEDWomen 2017

Sunni Patterson: "မိန်းမရိုင်းများ"
371,890 views

သူမရဲ့လျှာပေါ်က လျှပ်စီးနဲ့အတူ Sunni Patterson ကနေပြီး သူမရဲ့ အားကောင်းလှတဲ့ ကဗျာ "Wild Women," (မိန်းမရိုင်းများ)ကို ကချေသည် Chanice Holmes ရဲ့ ပျော်စရာကောင်းတဲ့ ကကွက်တွေနဲ့ တွဲဖက်ပြီး တင်ဆက်ထားပါတယ်။

Asali DeVan Ecclesiastes: ချောက်နက်များ။

TEDWomen 2017

Asali DeVan Ecclesiastes: ချောက်နက်များ။
222,988 views

စာရေးဆရာမနဲ့ တက်ကြွလှုပ်ရှားသူ Asali DeVan Ecclesiastes ဟာ စင်မြင့်ကို ကျုပ်တို့ လက်ရှိဖြစ်နေသူနဲ့ ဖြစ်ချင်သူများအကြားက မျှော်လင့်ချက်၊ အမှန်တရားနဲ့ ဟာကွက်အကြောင်း အားပြင်းတဲ့ ကဗျာတစ်ပုဒ်နဲ့ လင်းလက်သွားစေပါတယ်။

Christoph Niemann: ဒီဘာသာစကားကို သင်ကျွမ်းကျင်ပါတယ်။ (သိတောင်မသိဘဲနဲ့နော်)

TED2018

Christoph Niemann: ဒီဘာသာစကားကို သင်ကျွမ်းကျင်ပါတယ်။ (သိတောင်မသိဘဲနဲ့နော်)
2,685,775 views

သဘောမပေါက်ဘဲကို ကျွန်ုပ်တို့ဟာ ရုပ်ပုံများရဲ့ဘာသာစကားကို ကျွမ်းကျင်နေကြပါတယ်လို့ဆိုသူကတော့ သရုပ်ဖော် ပန်းချီဆရာ Christoph Niemann ပါ။ ဒီဟာသမြောက်ပြီး တစ်မျိုးတစ်ဘာသာ နှစ်သက်ဖွယ်ရာ ရုပ်ပုံကားတွေနဲ့ ပြည့်နှက်နေတဲ့ စွဲမက်ဖွယ်ဟာပြောချက်ထဲမှာ Niemann ကနေပြီး အနုပညာရှင်တွေဟာ ကျွန်ုပ်တို့ရဲ့ ခံစားမှုတွေနဲ့ စိတ်တွေကို ရယူပုံကိုပြတဲ့ ရယ်မောဖွယ်ရာ ပုံပြခရီးစဉ်တစ်ခုဆီ ကျွန်ုပ်တို့ကိုခေါ်ေဆာင်သွားပါတယ်၊ အကုန်လုံးမှာ စာလုံးတစ်လုံးမှမပါဘဲနဲ့နော်။

Supasorn Suwajanakorn: လူအစစ်တွေရဲ့ ဗီဒီယိုအတုများနှင့် ၎င်းတို့ကို ရိပ်စားမိနိုင်ပုံ။

TED2018

Supasorn Suwajanakorn: လူအစစ်တွေရဲ့ ဗီဒီယိုအတုများနှင့် ၎င်းတို့ကို ရိပ်စားမိနိုင်ပုံ။
1,453,308 views

သူတို့ရဲ့ဘဝမှာ တစ်ခါမှမပြောခဲ့ဖူးတဲ့ အရာတွေကို နာမည်ကျော်ပုဂ္ဂိုလ်တွေပြောကြတဲ့ ဗီဒီယိုအတုတွေကို ဖေါ်ထုတ်ရာမှာ သင်တော်တယ်လို့ထင်ပါသလား။ ဒီအံ့သြဖွယ် ဟောပြောချက်နဲ့ နည်းပညာ သရုပ်ပြကွက်မှာ ၎င်းတို့ကို ဖန်တီးထားပုံကို ကြည့်ရှုလိုက်ပါ။ ကျွန်ပြူတာ သိပ္ပံပညာရှင် Supasorn Suwajanakorn ကနေပြီး ဘွဲရကျောင်းသားတစ်ဦးအဖြစ် ဓာတ်ပုံတွေကနေထုတ်ယူသုံးစွဲထားတဲ့ အသံနဲ့အချိန်ကိုက်လုပ်ထားတဲ့ လူတွေရဲ့ ဗီဒီယိုအတုတွေ ဖန်တီးဖို့ သူအသုံးပြုခဲ့တဲ့ AI နဲ့ 3D ပုံစံငယ်ပြုလုပ်နည်းအတတ်က ဘယ်လိုဆိုတာကို ပြသထားပါတယ်။ ကျင့်ဝတ်ဆိုင်ရာ ဂယက်ရိုက်မှုတွေနဲ့ ဒီနည်းပညာရဲ့ ဖန်းတီးနိုင်တဲ့ ဖြစ်နိုင်ခြေတွေ နှစ်ခုစလုံးနှင့် ၎င်းရဲ့ အလွဲသုံစားလုပ်မှုကို ဆန့်ကျင်တဲ့ တိုက်ပွဲဆင်ဖို့ ခြေလှမ်းတွေကို ပိုမိုလေ့လာလိုက်ပါဦး။

Christina Wallace: ချိန်းဆိုရေး အက်ပ်တွေပေါ်မှာ တွန်းဖယ်နေမှုကို ရပ်စဲလျက် ကိုယ့်ဖူးစာရှင်ကို ရှာဖွေနည်း။

TED2018

Christina Wallace: ချိန်းဆိုရေး အက်ပ်တွေပေါ်မှာ တွန်းဖယ်နေမှုကို ရပ်စဲလျက် ကိုယ့်ဖူးစာရှင်ကို ရှာဖွေနည်း။
2,174,628 views

အွန်လိုင်းချိန်းဆိုမှုတွေဟာ အချိန်ကို အများကြီး ပေးရနိုင်ပါတယ်။ အလားအလာ ရှိကြတဲ့သူတွေ အများအပြားတို့က အဲဒီလောက် များပြားတဲ့ အချိန်တွေကို ဖြုန်းခဲ့ရကျိုး နပ်ကြပါသလား။ အသံဖိုင်တွေကိုတင်သူ စီးပွားရေးစွမ်းဆောင်ရှင် Christina Wallace ကတော့ အဲဒါနဲ့ ပတ်သက်ရင်တော့ ဒီလိုပဲလို့တွေးမိပါတယ်။ ပျော်စရာကောင်းပြီး လက်တွေ့ကျတဲ့ ဒီဟောပြောချက်ထဲမှာ Wallace က နေပြီး "zero date" ဆိုတဲ့နည်းလမ်းကို တီထွင်နိုင်ခဲ့ပြီး တွန်းဖယ်မှုာမပါတာကို အခြေခံတဲ့ apps ကို ဖန်တီးဖို့ သူမရဲ့ MBA အတတ်ပညာသုံးထားပုံကို မျှဝေထားပြီ သင်လည်းပဲ ပြုလုပ်နိုင်ပုံကို မျှဝေထားပါတယ်။

Lucy Marcil: ဘာကြောင့် ဆရာဝန်တွေဟာ စောင့်ဆိုင်းခန်းမှာ အခမဲ့ အခွန်ပြန်ရဖို့ ပြင်ဆင်မှုတွေကို လုပ်ပေးနေကြတာလဲ။

TED2018

Lucy Marcil: ဘာကြောင့် ဆရာဝန်တွေဟာ စောင့်ဆိုင်းခန်းမှာ အခမဲ့ အခွန်ပြန်ရဖို့ ပြင်ဆင်မှုတွေကို လုပ်ပေးနေကြတာလဲ။
1,358,090 views

အမရိကမှာရှိတဲ့ ကလေး ၉၀ ရာခိုင်နှုန်းကျော်ဟာ အနည်းဆုံး တစ်နှစ်ကိုတစ်ခါ ဆရာဝန်ကိုပြရပါတယ်၊ ဆိုလိုတာက မိဘတွေအတွက်တော့ စောင့်ဆိုင်းခန်းထဲမှာ မရေမတွက်နိုင်တဲ့နာရီမျာစွာ ကုန်ဆုံးကြတယ်ဆိုတာပါ။ ဒီနာရီတွေကို အကျိုးဖြစ်ထွန်းစေတဲ့ တစ်ခုခုအဖြစ် အသုံးပြုနိုင်မယ်ဆိုရင်ရော။ သူမရဲ့ StreetCred အဖွဲ့အစည်းကနေပြီး ကလေးအထူးကုနဲ့ TED ဝိုင်းတော်သား Lucy Marcil ဟာ စောင့်ဆိုင်းခန်းထဲမှာကို အခွန်ငွေပြန်ရရေး ပြင်ဆင်မှုတွေကို အခမဲ့ပေးလုပ်နေပါတယ်၊ ဆရာဝန်တစ်ဦးကို ပြသခြင်းဟာ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာကို မြင်ယောင်ကြည့်ပြီး မိသားစုတွေကို ဆင်းရဲမှုကနေ ကယ်တင်ဖို့ ကူညီပေးရင်းပါ။ အခမဲ့ အခွန်ငွေပြန်ရရေး ပြင်ဆင်မှုတွေနဲ့ လမ်းညွှန်ပေးမှုဟာ အမေရိကန်ပြည်ထော်စုမှာရှိတဲ့ အကောင်းဆုံး ဆင်းရဲမှု နည်းလမ်း ဖြစ်နိုင်ပုံကို ပိုမိုလေ့လာလိုက်ပါဦး။

Pratik Shah: AI (ဉာဏ်ရည်တု) က ရောဂါရှာဖွေဖော်ထုတ်မှုကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးနေပုံ။

TEDGlobal 2017

Pratik Shah: AI (ဉာဏ်ရည်တု) က ရောဂါရှာဖွေဖော်ထုတ်မှုကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးနေပုံ။
1,571,835 views

ယနေ့ခေတ်ရဲ့ AI (ဉာဏ်ရည်တု) အယ်လ်ဂိုရီသမ်တွေဟာ လူနာတစ်ဦးရဲ့ ရောဂါကို သိရှိဖို့ သောင်းချီတဲ့ စျေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ ပုံရိပ်တွေလိုအပ်ပါတယ်။ ဆေးစစ်တမ်းတွေကို စရိတ်စကနည်းပြီး ပိုထိရောက်အောင်ဖန်တီးခြင်း AI (ဉာဏ်ရည်တု) တစ်ခုကို ပုံစံသွင်းပေးဖို့ လိုအပ်တဲ့ ဒေတာပမာဏကို ထိထိရောက်ရောက် လျှော့ခပေးနိုင်မယ်ဆိုရင်ရော။ TED ဝိုင်းတော်သား Pratik Shah ဟာ ဒီအတိုင်းလုပ်ဖို့ ကောင်းတဲ့စနစ်တစ်ခုကို လုပ်ဆောင်နေပါတယ်။ အစဉ်အလာမဟုတ်တဲ့ AI နည်းလမ်းတစ်ခုကိုသုံးရင်းနဲ့ပါ။ Shah ဟာ အလုပ်လုပ်နေတဲ့ အယ်လ်ဂိုရီသမ်တစ်ခုကို ဖန်တီးဖို့ ပုံရိပ် ၅၀ လောက်နည်းပြီး လိုအပ်တဲ့ နည်ပညာတစ်ခုကို တီထွင်ထားပါတယ်။ ရောဂါစစ်တမ်းတစ်ခုကို ထောက်ပံ့ပေးဖို့ ဆရာဝန်တစ်ဦးရဲ့ ဆဲလ်ဖုန်းမှာ ရိုက်ထားတာကိုတောင် အသုံးပြုနိုင်ပါတယ်။ ဆေးပညာဆိုင်ရာ သတင်းအချက်အလက်ကို စိစစ်ဖို့ ဒီနည်းလမ်းသစ်တစ်ခုက အသက်ကိုခြိမ်းခြောက်တဲ့ နာမကျန်းဖြစ်မှုတွေကို စောစီးစွာ သိရှိလာစေနိုင်ပြီး AI ထောက်ကူထားတဲ့ ရောဂါစစ်တမ်းကို ကမ္ဘာအနှံ့ ကျန်းမာရေး စောင့်ရှောက်မှုဝန်းကျင်တွေဆီ ဆောင်ကြဉ်းပေးနိုင်ပုံအကြောင်းကို ပိုမိုလေ့လာလိုက်ပါဦး။

Boy Girl Banjo: အသက်မဲ့နေတဲ့ ချစ်ဇာတ်လမ်း။

TEDNYC

Boy Girl Banjo: အသက်မဲ့နေတဲ့ ချစ်ဇာတ်လမ်း။
304,716 views

Boy Girl Banjo အဖြစ် အတူတူတီးခတ်ကြတဲ့ Anielle Reid နဲ့ Matthew Brookshire တို့ရဲ့ လျှပ်စစ်တူရိယာမဟုတ်တဲ့ နှစ်ယောက်တွဲက အမေရိကန်ကျေးလက် ဂီတနဲ့ ခေတ်ပေါ်ဂီတရဲ့ အသံတွေကို အတူတကွ ဖွဲ့သီထားတဲ့ သူတို့ရဲ့ကိုယ်ပိုင်သီချင်း "Dead Romance," (အသက်မဲ့နေတဲ့ ချစ်ဇာတ်လမ်း) ကို ဖျော်ဖြေဖို့ TED စင်မြင့်မှာ နေရာယူလိုက်ပါတယ်။

Mikhail Zygar: ရုရှားတော်လှန်ရေးကို လူမှုမီဒီယာများတွင် တွေ့မြင်ခဲ့ရမယ့် ပုံမျိုး

TED2018

Mikhail Zygar: ရုရှားတော်လှန်ရေးကို လူမှုမီဒီယာများတွင် တွေ့မြင်ခဲ့ရမယ့် ပုံမျိုး
1,432,185 views

သမိုင်းကို အောင်ပွဲခံသူတို့ ရေးကြတာလို့ ဆိုရိုးရှိခဲ့ပေမယ့် လူတိုင်းကသာ ရေးသားခဲ့မယ်ဆိုရင်ရော ဘယ်လိုပုံမျိုးများပေါက်ခဲ့မလဲ။ သတင်းစာဆရာနဲ့ TED ဝိုင်းတော်သားဖြစ်သူ Mikhail Zygar ကနေပြီး ရုရှားတော်လှန်ရေးအတွင်း နေထိုင်ခဲ့ကြသူ လူ ၃၀၀၀ ကျော်ရဲ့ နေ့စဉ်မှတ်တမ်းတွေနဲ့ စာတွေကိုတင်ထားတဲ့ 'သေဆုံးသူတွေအတွက် လူမှုကွန်ရက်' ဆိုတဲ့ Project1917 နဲ့ ကျွန်ပ်တို့ကို ပြသဖို့ တာဝန်ကို ယူထားပါတယ်။ Lenin တို့ Trotsky တို့လို များစွာသော သိပ် လူသိမများကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ နေ့စဉ်အတွေးတွေကိုပြသရင်း ဒီပရောဂျက်ဟာ အရင်ကရှိခဲ့ဖူးတဲ့ သမိုင်းအပေါ် ဖြစ်နိုင်ခဲ့ပုံကို ရှင်းလင်းပြသပေးထားပါတယ်။ Zygar ရဲ့ နောက်ဆုံး ပရောဂျက် ပြုပြင်ပြောင်းလဲပေးတဲ့နှစ် ၁၉၆၈ အကြောင်းကို ကို ပိုမိုလေ့လာလိုက်ပါဦး။

Rebecca Brachman: စိတ်ဓာတ်ကျခြင်းနှင့် PTSD ကို ဟန့်တားပေးနိုင်သည့် ဆေးဝါးသစ်တစ်မျိုး။

TED2017

Rebecca Brachman: စိတ်ဓာတ်ကျခြင်းနှင့် PTSD ကို ဟန့်တားပေးနိုင်သည့် ဆေးဝါးသစ်တစ်မျိုး။
2,091,035 views

စိတိဓာတ်ကျခြင်းနှင့် PTSD ခေါ် ဒဏ်ရာတစ်ခုခုရဲ့ နောက်ပိုင်းမှ ခံစားရသော စိတ်သောက ဖိစီးမှုရောဂါအတွက် လက်ရှိကုသမှုများဟာ အလုပ်ဖြစ်တယ်ဆိုတောင် ၎င်းတို့ဟာ ရောဂါလက္ခဏာများကို ထိန်းချုပ်ပေးရုံမျှပါ။ ဒီရောဂါတွေအားလုံး တိုးလာနေခြင်းကို အပြည့်အဝ တာဆီးပေးနိုင်မယ်ဆိုရင်ရော။ အာရုံကြောပညာရှင်နဲ့ TED ဝိုင်းတော်သား Rebecca Brachman ကနေပြီး ပထမဦးဆုံးအကြိမ်အဖြစ် ဆေးဝါးအမျိုးစား အသစ်တစ်မျိုးကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့တဲ့ သူ့အသင်းရဲ့ ဇာတ်လမ်းကို မျှဝေထားပါတယ်၊ ဒီဆေးက စိတ်ဖိစီးမှုရဲ့ အပျက်သဘော သက်ရောက်မှုတွေကို တားဆီးပေးနိုင်ပြီး လူတစ်ဦးရဲ့ ပြန်ကောင်းလာဖို့နဲ့ ကြီးထွားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီဒဏ်ခံနိုင်ပြီး တိုးမြှင့်ပေးတဲ့ ဆေးဝါးတွေဟာ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေကို ကုသပုံတွေကို ဘယ်ပုံ ပြောင်းလဲစေနိုင်တယ်ဆိုတာ လေ့လာလိုက်ပါဦး။

Rodin Lyasoff: အလိုအလျောက် လေပေါ်သွား အငှားလေယာဉ်တွေဟာ သင့်ရဲ့ သွားလာမှုပုံစံကို ဘယ်လိုပြောင်းပေးမလဲ

TED2018

Rodin Lyasoff: အလိုအလျောက် လေပေါ်သွား အငှားလေယာဉ်တွေဟာ သင့်ရဲ့ သွားလာမှုပုံစံကို ဘယ်လိုပြောင်းပေးမလဲ
1,593,235 views

ပျံသန်းခြင်းဟာ ပိုပြီး ပုဂ္ဂိုလ်ရေး ဆန်လာဖို့ ရှိနေကြောင်း လေကြောင်း စွန့်ဦးတီထွင်သူ Rodin Lyasoff က ဆိုပါတယ်။ အလိုအလျောက်ပျံသန်းတဲ့ အငှားလေယာဉ်ငယ်တွေဟာ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ပြီး ကျတော်တို့ မြို့တွင်းသွားလာမှုပုံစံကိုလည်း ပြောင်းလဲပေးလိမ့်မယ်လို့ ဆိုထားပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်က လေယာဉ်တွေက ကမ္ဘာကြီးကို ချိတ်ဆက်ပေးခဲ့တယ်၊ နောက်ဆိုရင် ဒေသတွင်း အဖွဲ့အစည်းတွေကို ပြန်လည်ဆက်သွယ်ပေးပါလိမ့်မယ်လို့လည်း ပြောထားပါသေးတယ်။

James Bridle: ကလေးများအတွက် YouTube အိပ်မက်ဆိုး -- ယခုခေတ် အင်တာနက်နဲ့ပတ်သက်ပြီး မှားယွင်းနေတာတွေ။

TED2018

James Bridle: ကလေးများအတွက် YouTube အိပ်မက်ဆိုး -- ယခုခေတ် အင်တာနက်နဲ့ပတ်သက်ပြီး မှားယွင်းနေတာတွေ။
5,404,429 views

စာရေးဆရာ၊ အနုပညာရှင် ဂျိမ်းစ် ဘရိုက်ဒယ်လ် ဟာ အင်တာနက်ပေါ်က အန္တရာယ်တွေ၊ အမည်မသိလူတွေက ကြော်ငြာခ အတွက်နဲ့ ကလေးတွေရဲ့ အတွေးအာရုံပေါ် အမြတ်ထုတ်မှုတွေ ကို ပေါ်လွင်စေခဲ့ပါတယ်။ ကလေးများနှစ်သက်တဲ့ လက်ဆောင် ချောကလက် ဥ "surprise egg" မိသားစု သီချင်း "Finger Family Song" video တွေမှ ကလေးငယ်များရဲ့ ကာတွန်း ဇာတ်ကောင်တွေကို အသုံးချပြီး ကြမ်းတမ်း ရင့်သီးတဲ့ အကြောင်းအရာများ ဖန်တီးနေကြတာ ဟာ ကလေးငယ်များ အတွက် ကြောက်မက်ဖွယ်ပါ။ ဒီအဖြစ်တွေက ကျနော်တို့ရဲ့ အချက်အလက် နည်းပညာ အသုံးချမှု နဲ့ ပက်သက်ပြီး တစ်စုံတစ်ခုထောက်ပြနေပါတယ်။ ဘရိုက်ဒယ်လ် ပြောတာကတော့ "ကျနော်တို့ဟာ နည်းပညာကို အရာရာတိုင်းအတွက် ဖြေရှင်းချက်အနေနဲ့ စဉ်းစားတာတွေ ရပ်သင့်ပါပြီ။ တကယ်တမ်း ပြဿနာ အရင်းအမြစ်တွေ ရဲ့ အဖြေရှာဖို့ အထောက်အကူအနေနဲ့သာ သုံးသင့်ပါတယ်။ ဒီလိုမှသာ ကျနော်တို့ဟာ နည်းပညာကို မှန်မှန်ကန်ကန် အသုံးချတယ်လို့ ဆိုနိုင်မှာပါ။"

Essam Daod: ဒုက္ခသည်တွေကို စိတ်ကျန်းမာရေးအကူအညီ ဘယ်လိုပေးကြမလဲ

TED2018

Essam Daod: ဒုက္ခသည်တွေကို စိတ်ကျန်းမာရေးအကူအညီ ဘယ်လိုပေးကြမလဲ
1,402,709 views

ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်အကျပ်အတည်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကပ်ဆိုး တစ်ခုပါပဲ။ နေရပ်ပြောင်းရွှေ့ရတာနဲ့ ပဋိပက္ခတွေကြောင့်ရတဲ့ စိတ်ဒဏ်ရာတွေကို ကျော်လွားဖို့ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုသူတွေ သန်းချီရှိလာနေပါတယ်။ အဲဒီလို နစ်နာခံရမှုကို လှည့်ပြောင်းနိုင်ဖို့ ကလေးစိတ်ပညာရှင်လည်းဖြစ်၊ TED ဟောပြောသူလည်းဖြစ်တဲ့ Essam Daod ဟာ ဒုက္ခသည်စခန်းတွေထဲမှာ၊ ကယ်ဆယ်ရေးလှေတွေပေါ်မှာ၊ ဂရိ ကမ်းခြေတွေမှာ ဒုက္ခသည်တွေ (သူတို့ထဲက လေးပုံတစ်ပုံဟာ ကလေးတွေ)ကို တိုတောင်းထိရောက်တဲ့ စိတ်ပညာရပ်ဆိုင်ရာ ကုသစွက်ဖက်မှုများဖြင့် အဲဒါကို ပြုပြင်ပြောင်းလဲရန် အားထုတ်နေပါတယ်။ "ဒီစိတ်ပညာဆိုင်ရာကပ်ဆိုးကြီးမဖြစ်အောင် ကျွန်တော်တို့လုပ်နိုင်တာရှိပါတယ်"လို့ သူက ပြောပါတယ်။ "ရှေးဦးသူနာပြုခြင်းဆိုတာ ခန္ဓာကိုယ်အတွက်တင်မဟုတ်ပါဘူး၊ စိတ်နဲ့ လိပ်ပြာအတွက်ပါ လိုအပ်တာကို ကျွန်တော်တို့ အသိအမှတ်ပြုဖို့ လိုပါသေးတယ်။"

John Doerr: ဘာကြောင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်က မှန်ကန်တဲ့ ပန်းတိုင်များကို ချမှတ်ခြင်းဖြစ်ရတာလဲ။

TED2018

John Doerr: ဘာကြောင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်က မှန်ကန်တဲ့ ပန်းတိုင်များကို ချမှတ်ခြင်းဖြစ်ရတာလဲ။
5,306,038 views

ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းကြီးတွေက ကျွန်တော်တို့ကို အရေးနိမ့်အောင်လုပ်နေကြပေမဲ့ ဒါဟာ အမ​ြဲတမ်း သူတို့က မကောင်းလို့ ဒါမှမဟုတ် လူ့ကျင့်ဝတ်ကို သွေဖည်တာကြောင့် မဟုတ်ဘူးလို့ ဆိုလာသူကတော့ စွန့်စားမှုလုပ်ငန်းရှင် သူဌေး John Doerr ပါ၊ မကြာခဏဆိုသလို သူတို့ဟာ ကျွန်တော်တို့ကို မှားယွင်းတဲ့ ရည်မှန်းချက်တွေဆီ ဦးဆောင်နေတာကြောင့်ပါပဲတဲ့။ ဒီလက်တွေ့ကျတဲ့ ဟောပြာချက်ထဲမှာ Doerr က "Objectives and Key Results," (သို့) OKRs လို့ခေါ်တဲ့ "ရည်မှန်းချက်များနှင့် အဓိကကျတဲ့ ရလဒ်များဆိုတဲ့ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ပုံ၊ Google လိုမျိုးတွေက အသုံးပြုထားတဲ့ ပန်းတိုင် ချမှတ်ရေးစနစ်တစ်ခုကို ပြသထားပါတယ်။ မှန်ကန်တဲ့ ပန်းတိုင်တွေ ချမှတ်ခြင်းက အောင်မြင်မှုနဲ့ ကျရှုံးမှုကြားက ခြားနားချက်ကို အဓိပ္ပာယ်သက်ရောက်နိုင်ပုံနဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ကိုယ်တိုင်ကို တာဝန်ခံမှုရှိစေဖို့ ကျွန်တော်တို့တွေ OKRs ကို အသုံးပြုနိုင်ပုံအကြောင်းကို ပိုပြီး လေ့လာလိုက်ပါဦး။

Elizabeth Cawein: သင့်မြို့တော်မှာ ရှင်သန်နေတဲ့ ဂီတမြင်ကွင်းတစ်ခု တည်ဆောက်ပုံ။

TEDxMemphis

Elizabeth Cawein: သင့်မြို့တော်မှာ ရှင်သန်နေတဲ့ ဂီတမြင်ကွင်းတစ်ခု တည်ဆောက်ပုံ။
1,379,196 views

မြို့တော်တစ်ခုဟာ "ဂီတမြို့တော်"လို့ ဘယ်လို ကျော်ကြားလာပါသလဲ။ အများသိအောင် ကြေညာပြန်ကြားပေးသူ Elizabeth Cawein ကနေပြီး ရှင်သန်နေတဲ့ ဂီတမြင်ကွင်းတွေဟာ မြို့ကြီးတွေကို ပိုပိုကျန်းမာပြီး ပိုမိုပျော်ရွှင်စေအောင် ဖန်တီးပေးနိုင်ပုံကို ရှင်းလင်းပြသပြီး သင့်ရဲ့ ဒေသတွင်း ဂီတမြင်ကွင်းကို အထောက်အပံ့ဖြစ်ဖို့အတွက် စိတ်ကူးများကို မျှဝေထားပါတယ်။ ပြီးတော့ သင့်မြို့တော်ရဲ့ ပင်ကိုစွမ်းရည်ကို ကမ္ဘာကို ကြွားရင်းပေါ့။

Olga Yurkova: ရုရှားရဲ့ သတင်းတု အင်ပါယာအား အတွင်းမှ တန်ပြန်တိုက်ထုတ်ခြင်း

TED2018

Olga Yurkova: ရုရှားရဲ့ သတင်းတု အင်ပါယာအား အတွင်းမှ တန်ပြန်တိုက်ထုတ်ခြင်း
1,312,757 views

"အချက်အလက်တွေက အမှားတွေ ဖြစ်နေတဲ့အခါ ဆုံးဖြတ်ချက်တွေ မှားလာပါတယ်။" လို့ အယ်ဒီတာနဲ့ Ted Fellow Olga Yurkova က ပြောပါတယ်။ သတင်းတုများ ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် သူမနဲ့ သတင်းထောက်တစ်စုသည် StopFake.org ကို တည်ထောင်ခဲ့ပါတယ်။ ထိုဝက်ဘ်ဆိုက်သည် မမှန်ကန်သော သတင်းတုများကို အများပြည်သူသိစေရန် ထုတ်ပြန်ပြီး သတင်းထောက်များ၊ ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများအကြား သတင်းတုများကြောင့် ပျောက်ဆုံးနေသော ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးရန် ဖြစ်ပါသည်။ သတင်းတုများကို ဘယ်လိုတန်ပြန်တိုက်ထုတ်နေရသလဲဆိုတာနဲ့ သတင်းတုများကို မဖတ်မိ၊ မမျှဝေမိစေရန် ဝေဖန်ပိုင်းခြားနိုင်မည့် နည်းလမ်းနှစ်ခုကို ပိုမိုသင်ယူကြပါ။

Poppy Crum: သင်ရဲ့ ခံစားမှုကို သိရှိနိုင်တဲ့ နည်းပညာ

TED2018

Poppy Crum: သင်ရဲ့ ခံစားမှုကို သိရှိနိုင်တဲ့ နည်းပညာ
1,640,972 views

နည်းပညာဟာ ကျုပ်တို့ သိတာထက် ပိုပြီး သိရှိလာရင် ဘယ်လိုများ ဖြစ်လာမလဲ? ကျုပ်တို့က မိမိတို့ရဲ့ ခံစားချက်များအား ထုတ်ဖေါ်ပြသကြပုံကို Poppy Crum ဟာ အထူးပြု လေ့လာသူပါ -- ကျုပ်တို့ရဲ့ မျက်နှာကို ပိရိတဲ့ ပုံစံမျိုးနဲ့ ထားနိုင်မယ့် ကာလဟာ မကြာမီတွင် ကုန်ဆုံးသွားမယ်လို့ သူမက ယူဆပါတယ်။ နောက်ဆုံး နည်းပညာများက ကျုပ်တို့ ခံစားချက်တွေကို ညွှန်ပြပေးမယ့် အချက်ပြမှုတွေကို မြင်နိုင်စွမ်း ရှိလာကြမှာမို့ ဖြစ်ပါတယ်။ ဒီဟောပြောချက်ထဲမှာ နည်းပညာတွေကို ပြသပေးရင်း၊ သူမဟာ "စာနာမှု နည်းပညာ"ဟာဖြင့် ကျုပ်တို့ရဲ့ ခန္ဓာကိုယ် အပူချိန်နဲ့ ရှူထုတ်လိုက်တဲ့ လေရဲ့ ဓာတုဗေဒ ပေါင်းစပ်မှုတို့လို ရုပ်ပိုင်း လက္ခဏာတွေကို တိုင်းထွာသိရှိခြင်းဖြင့် ကျုပ်တို့ရဲ့ စိတ်ထဲ ခံစားရတာတွေကို ဖေါ်ပြပေးနိုင်ပါတယ်။ အဲဒါဟာ ကောင်းနိုင်သလို ဆိုးနိုင်တာလည်း ရှိပါတယ်။ "ကျုပ်တို့ဟာ နည်းပညာအရ စာနာမှုကို ခံစားနိုင်စွမ်း ရှိလာကြမယ် ဆိုလျှင်၊ အဲဒီ နည်းပညာကို သုံးလျက် ကျုပ်တို့ဟာ စိတ်ထဲက ခံစားမှုများအရနဲ့ သိရှိခံစားမှုအရ တကွဲတပြား ဖြစ်နေမှုကို ပေါင်းကူးတံတားလို ကူညီဆက်သွယ်ပေးနိုင်မယ်" လို့ Crum က ဆိုထားပါတယ်။

Rebeca Hwang: သင့်ကိုယ်တွင်းမှာရှိတဲ့ စုံလင်ကွဲပြားမှုရဲ့ စွမ်းအား။

TED2018

Rebeca Hwang: သင့်ကိုယ်တွင်းမှာရှိတဲ့ စုံလင်ကွဲပြားမှုရဲ့ စွမ်းအား။
1,747,140 views

Rebeca Hwang ဟာ ကိုယ်ပိုင်လက္ခဏာတွေ အပြောင်းအလဲလုပ်ရင်း တစ်သက်တာလုံးကို ကုန်ဆုံးခဲ့ပါတယ်၊ ကိုရီးယား မျိုးရိုး၊ အာဂျင်တီးနားမှာ ကြီးပြင်းလာခြင်း၊ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူခြင်းပါ။ အချိန်ကာလများစွာ အိမ်လို့ခေါ်ဖို့ ကမ္ဘာထဲက နေရာတစ်ခုကိုရှာဖို့ မလွယ်ခဲ့သူပါ။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေနဲ့အတူ ပါလာတဲ့ အချက်အချာကျတဲ့ အသိတရားတစ်ခုက မျိုးစုံတဲ့ နောက်ခံအကြောင်းတစ်ခုဟာ ယနေ့ နိုင်ငံတကာကိုပေါင်းစည်းလာစေနေတဲ့ ကမ္ဘာထဲမှာ ထူးခြားတဲ့ အားသာချက်တစ်ခုဖြစ်တယ်ဆိုတာပါ။ ဒီကိုယ်ရေးကိုယ်တာအကြောင်း ဟောပြောချက်ထဲမှာ Hwang ကနေပြီး အစိတ်အပိုင်းများစွာပါဝင်တဲ့ ကိုယ်ပိုင်လက္ခဏာတွေကို လက်ခံယုံကြည်ခြင်းရဲ့ အဆုံးမဲ့ အကျိုးကျေးဇူးတွေကို လှစ်ဟပြပြီး ကိုယ်ပိုင်လက္ခဏာတွေဟာ အရင်ကလို ဖယ်ကြဉ်ခံနေရတာမျိုးမဟုတ်ပဲ ဒီအစား လူတွေကို အတူစုစည်းပေးတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးခြင်းအတွက် သူမရဲ့ မျှော်လင့်ချက်တွေကို မျှဝေထားပါတယ်။