TED Talks with Burmese transcript

Yuval Noah Harari: ဘာကြောင့် ဖက်ဆစ်ဝါဒဟာ ဒီလောက်တောင် သွေးဆောင်နိုင်ပြီး သင့်ရဲ့ဒေတာများက ၎င်းကို ဘယ်လို မောင်းနှင်စေနိုင်တာလဲ။

TED2018

Yuval Noah Harari: ဘာကြောင့် ဖက်ဆစ်ဝါဒဟာ ဒီလောက်တောင် သွေးဆောင်နိုင်ပြီး သင့်ရဲ့ဒေတာများက ၎င်းကို ဘယ်လို မောင်းနှင်စေနိုင်တာလဲ။
3,018,055 views

ဒီလေးနက်တဲ့ နည်းပညာနဲ့ အာဏာအကြောင်း ဟောပြောချက်မှာ စာရေးဆရာနဲ့ သမိုင်းပညာရှင် Yuval Noah Harari ကနေပြီး ဖက်ဆစ်ဝါဒနဲ့ အမျိုးသားရေးဝါဒကြားက အရေးပါတဲ့ ခြားနားချက်၊ ကျွန်ုပ်တို့ရဲ့ ဒေတာ ပေါင်းစည်းမှုဟာ အနာဂတ် ဒီမိုကရေစီအတွက် ဘယ်လိုအနက်ကို ဆောင်ကြောင်း ရှင်းလင်းပြထားပါတယ်။ Tel Aviv မှ သုံးဖက်မြင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုအဖြစ် ထုတ်လွှင့်ပြသရင်း Harari နေပြီး အစွန်းမရောက်တဲ့ ဒီမိုကရေစီ လက်ရှိ ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အန္တရာယ်က အာဏာရှင်စနစ်တွေကို ပိုပြီးထိရောက်ကာ ထိန်းချုပ်ဖို့ စွမ်းဆောင်နိုင်အောင်လုပ်ပေးမယ့် သတင်းအချက်အလက် နည်းပညာတော်လှန်ရေးဆိုတာကို သတိပေးထားပါတယ်။ "အစွန်းမရောက်တဲ့ ဒီမိုကရေစီရဲ့ ရန်သူတွေဟာ ကျွန်တော်တို့ရဲ့ ကြောက်စိတ်၊ အမုန်းနဲ့ ဝင့်ဝါမှုတွေကို ရယူနှောင့်ယှက်ပြီး ဒီခံစားမှုတွေကို အယူဝါဒ နှစ်ခြမ်းကွဲအောင်ဖန်တီးဖို့ ဖျက်ဆီးဖို့ အသုံးပြုပါတယ်။" " ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို သိလာဖို့နဲ့ ၎င်းတို့ဟာ လက်နက်တွေဖြစ်မလာအောင် သေချာစေဖို့က ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ပါ။" လို့ သူက ဆိုပါတယ်။ ( ဟောပြောချက်အပြီးတွင် TED တာဝန်ခံ Chris Anderson နှင့် စကားပြောခန်းအတိုချုပ်ပါဝင်ပါသေးတယ်။)

Helen Gillet: မင်းငါ့ကို တွေ့သွားတယ်။

TEDWomen 2017

Helen Gillet: မင်းငါ့ကို တွေ့သွားတယ်။
445,948 views

တယောကြီးပညာရှင်နှင့် အဆိုတော် Helen Gillet ဟာ သူမရဲ့ ဂန္ဓဝင်ဂီတဆိုင်ရာ လေ့ကျင့်ခန်းကို ရောစပ်ထားပါတယ်။ New Orleans အခြေစိုက် ဂျပ်ဇ်ဂီတ အရင်းအမြစ်တွေနဲ့ အလွတ် လက်တန်းဖန်တီးမှုဆိုင်ရာ ကျွမ်းကျင်မှုမျာကို သူမကိုယ်ပိုင် လျှပ်စစ်ဂီတကို ဖျော်ဖြေဖို့ပါ။ အားကောင်းလှပြီး သာယာကြည်နူးဖွယ်ကောင်းလှတဲ့ ဖျော်ဖြေမှုတစ်ခုမှာ သူမရဲ့ သီချင်း "You Found Me" ကို တီးခတ်ထားပါတယ်။

Anushka Naiknaware: ဒဏ်ရာကို ပျောက်ကင်းဖို့ ကူပေးတဲ့ လူငယ် သိပ္ပံပညာရှင်ရဲ့ တီထွင်မှု

TEDWomen 2017

Anushka Naiknaware: ဒဏ်ရာကို ပျောက်ကင်းဖို့ ကူပေးတဲ့ လူငယ် သိပ္ပံပညာရှင်ရဲ့ တီထွင်မှု
1,515,816 views

သူ့ကားဂိုဒေါင်မှာ လုပ်ကိုင်ရင်း Anushka Naiknaware ဟာ ဒဏ်ရာ ပျောက်ကင်းစေရန် အာရုံခံ စောင့်ပေးနိုင်တဲ့ အာရုံခံကိရိယာကို ဒီဇိုင်းကို ထုတ်ပေးခဲ့ရာ Google Science Fair ဆုကို အသက် ၁၃ နှစ်အရွယ်မှာကို ဆွတ်ခူးနိုင်လိုက်ပြီး အဲဒီဆုကို ရရှိခဲ့သူ အသက်အငယ်ဆုံးသူ ဖြစ်လာပါတယ်။ သူ့တီထွင်မှုကို တကမ္ဘာလုံးမှာ ဒေါ်လာ ဘီလီယံများစွာ သုံးစွဲနေရတဲ့ ဒဏ်ရာတွေ ပျောက်ကင်း မသွားနိုင်ကြတဲ့ ဆီးချိုလို ရှိနှင့်နေတဲ့ ရောဂါ တစ်ခုခုကြောင့် နာတာရှည် ဒဏ်ရာရှိနေသူများကို ရည်စူးပါတယ်။ Naiknaware က သူမရဲ့ "စမတ် ပတ်တီး" အလုပ်လုပ်ပုံ အကြောင်း ရှင်းပြထားပြီး အခြားသူတို့အား စေ့ဆော်ပေးရန် မျှဝေပေးထားတာ နားဆင်ကြည့်ကြပါ။

Susan Emmett: စမ်းသပ်မှု ရိုးရိုးလေးက ကလေးတွေရဲ့ အကြားအာရုံကို မြှင့်ပေးနိုင်တယ်

TEDGlobal 2017

Susan Emmett: စမ်းသပ်မှု ရိုးရိုးလေးက ကလေးတွေရဲ့ အကြားအာရုံကို မြှင့်ပေးနိုင်တယ်
1,245,476 views

ကျေးလက်ဒေသမှာ နေထိုင်ကြရတဲ့ ကလေးတွေဟာ ဆရာဝန်နဲ့ သွားပြဖို့ အတော့်ကို မလွယ်ဘဲ၊ သူတို့ရဲ့ အကြားအာရုံကို စမ်းသပ်ကြည့်ရန် အကုန်အကျများပြီး ရှုပ်ထွေားလှတဲ့ စမ်းသပ်မှုတွေ လုပ်ဖို့ဆို ပိုလို့တောင် ခဲယဉ်းပါတယ်။ အဲဒါကြောင့်မို့လို့ နားထဲက ကူးစက်ရောဂါများနဲ့ ကုသဟန့်တားရနိုင်ခဲ့မယ့် ပြဿနာတွေကြောင့် ကလေး အများအပြားတို့ဟာ အကြားအာရုံကို ဆုံးရှုံးနေကြရပါတယ်။ အဲဒါကြောင့်မို့လို့ နားဆိုင်ရာ ခွဲစိတ်ဆရာဝန်များနဲ့ TED ဝိုင်းတော်သူ Susan Emmett တို့ဟာ Alaska ကျေးလက်ဒေသထဲက လူမှုအသိုင်းအဝိုင်း ၁၅ ခုတို့ထဲမှာ စမ်းသပ်လုပ်ကိုင်ရင်း ဆဲလ်ဖုန်းကို အသုံးပြုရုံနဲ့ ပြုလုပ်နိုင်မှာ ဖြစ်တဲ့ ရိုးရှင်းတဲ့ နည်းပညာကို ပြုစုရန် အားထုတ်နေကြပါတယ်။ သူမရဲ့ အလုပ်ကို ပိုမို လေ့လာကြည့်ရင်း အကြားအာရုံဆိုင်ရာ စောင့်ရှောက်မှုကို မရနို​င်ကြတဲ့ ကလေးတွေရဲ့ ဘဝကို အဲဒါက ဘယ်လိုများ ထောက်ကူ ပြောင်းလဲပေးနိုင်မှာကို နားထောင် ကြည့်ကြပါ။

tobacco brown: ဥယျာဉ်စိုက်ပျိုးခြင်းက ကျွန်မကို ဘဝအကြောင်း သင်ပေးပုံ။

TED Residency

tobacco brown: ဥယျာဉ်စိုက်ပျိုးခြင်းက ကျွန်မကို ဘဝအကြောင်း သင်ပေးပုံ။
1,289,610 views

ပန်းဥယျာဉ်တွေဟာ ကျွန်မတို့ဘဝတွေရဲ့ ကြေးမုံတွေပါလို့ ဆိုသူကတော့ ပတ်ဝန်းကျင်ဆိုင်ရာ အနုပညာရှင် tobacco brown ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ပြည့်ဝတဲ့အလှကို ရိတ်သိမ်းနိုင်ဖို့ ၎င်းတို့ကို အထူးဂရုပြုပြီး စိုက်ပျိုးရပါလိမ့်မယ်။ သူမရဲ့ အတွေ့အကြုံကို အရင်းခံပြီး ကမ္ဘာတစ်လွှားက မြို့ကြီးတွေဆီကို အများပြည်သူဆိုင်ရာ အနုပညာ ဖန်တီးမှုတွေကို ဆောင်ကြဉ်းရင်းကနေ brown ဟာ ဥယျာဉ်စိုက်မျိုးခြင်းကနေ ကရုဏာစိတ်၊ ဆက်သွယ်မှုနဲ့ တင့်တယ်တဲ့ ဘဝတွေကို ဖန်တီးခြင်းအကြောင်းကို ကျွန်ုပ်တို့ကို သင်ကြား ပေးနိုင်ပုံကို ဖွင့်ထုတ်ဖော်ပြထားပါတယ်။

Thandiswa Mazwai
: Iyeza" / "Zabalaza" "ဆေးဝါး" "သူပုန်"

TEDGlobal 2017

Thandiswa Mazwai
: Iyeza" / "Zabalaza" "ဆေးဝါး" "သူပုန်"
204,387 views

ကိုယ်ပိုင်ဟန်ရှိပြီး ခံစားမှုပြင်းထန်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး လမ်းရိုးမလိုက်တဲ့ အဆိုတော် Thandiswa Mazwai ဟာ TED စင်မြင့်ပေါ်ကို "Iyeza" နဲ့ "Zabalaza." ဆိုတဲ့ သီချင်းနှစ်ပုဒ်ရဲ့ ဟာကနဲ၊ ဟင်ကနဲဖြစ်စေတဲ့ ဖျော်ဖြေမှုဖြင့် TED စင်မြင့်ကို လှုပ်ရမ်းလိုက်ပါတယ်။

ဂျွန် အန်မိုရီ: အမျိုးသား သားဆက်ခြားဆေးအကြောင်း

TEDMED 2017

ဂျွန် အန်မိုရီ: အမျိုးသား သားဆက်ခြားဆေးအကြောင်း
1,124,721 views

အမျိုးသားဟော်မုန်းသုတေသီပညာရှင် ဂျွန်အန်မိုရီက မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေကို လျှော့ချတဲ့နေရာမှာ အမျိုးသားတွေရဲ့ အခန်းကဏဏ္ဍ၊ တာဝန်ယူမှုတွေ မြှင့်တင်ဖို့ အမျိုးသား သားဆက်ခြားနည်းကို တီထွင်ဖန်တီးနေပါတယ်။ ဒီသားဆက်ခြားနည်းတီထွင်ပုံနဲ့ ကျွန်တော်တို့ ဘာလို့ အမျိုးသား သားဆက်ခြားနည်းကို လိုအပ်နေပြီဆိုတာ အသေးစိတ်ပြောပြထားပါတယ်။

Tania Douglas: နည်းပညာကို ပိုကောင်းမွန်အောင် ဒီဇိုင်းထုတ်ဖို့ ဝန်းကျင် အ​ခြေအနေကို နားလည်ရမယ်

TEDGlobal 2017

Tania Douglas: နည်းပညာကို ပိုကောင်းမွန်အောင် ဒီဇိုင်းထုတ်ဖို့ ဝန်းကျင် အ​ခြေအနေကို နားလည်ရမယ်
1,160,410 views

သိမ်းမွေ့နူးညံ့တဲ့ ကုသရေး စက်ပစ္စည်း တစ်ခုဟာ အာဖရိက တိုက်ထဲက ရာသီဥတု ဒဏ်ကို မခံနိုင်ဘူးဆိုရင် အဲဒါဘာများ အသုံးဝင်နိုင်ပါမလဲ။ ဇီဝကုသရေး အင်ဂျင်နီယာ ဖြစ်သူ Tania Douglas က နည်းပညာတွေကို ရှာကြံတီထွင်ဖို့ အားထုတ်ရာတွင် ကျွန်ုပ်တို့ဟာ မျက်ကန်းပုံစံမျိုး ဖြစ်နေကြတာကို ထောက်ပြလျက်၊ နည်းပညာကို အသုံးပြုမယ့် ဝန်းကျင် အခြေအနေကို ကောင်းမွန်စွာ နားလည်မယ်ဆိုရင် ပိုကောင်းတဲ့ အဖြေများဆီကို တွန်းပို့ပေးနိုင်ကြောင်း မိမိအတွေ့အကြုံကို မျှဝေတင်ပြထားပါတယ်။

Mennat El Ghalid: မှိုများ အပင်များကို  မှတ်မိပြီး( ရောဂါ ကူးစက်စေပုံ)။

TEDGlobal 2017

Mennat El Ghalid: မှိုများ အပင်များကို မှတ်မိပြီး( ရောဂါ ကူးစက်စေပုံ)။
1,145,074 views

နှစ်စဉ် ကမ္ဘာကြီးဟာ ဘီလီယံတစ်ဝက်ရှိတဲ့ လူတွေကို ကျွေးမွေးဖို့ လုံလောက်တံ အစားအစာတွေကို အပင်များကို အများဆုံး ဖျက်ဆီးတတ်တဲ့ ရောဂါပစ္စယဖြစ်တဲ့ မှိုတွေကြောင့် ဆုံးရှုံးနေရပါတယ်။ မှိုပညာရှင်နဲ့ TED ဝိုင်းတော်သား Mennat El Ghalid ကနေပြီး မှိုတွေက အပင်တွေကို တိုက်ခိုက်ဖို့ အသုံးပြုတဲ့ မောလီကျူးရဲ့ အချက်ပြမှုများဆိုင်ရာ ကျွန်တော်တို့ရဲ့ အသိပညာထဲက ထိုးဖောက်ကျော်လွားမှုက အဲဒီတုံ့ပြန်ဆက်စပ်မှုကို ရပ်တန့်ပစ်လျက် ကျွန်တော်တို့ရဲ့ ကောက်ပဲသီးနှံတွေကို ကယ်တင်ပေးနိုင်မှာကို ရှင်းပြထားပါတယ်။

Malika Whitley

Malika Whitley: ဖန်တီးမှု အနုပညာများက အိမ်ယာမဲ့များကို ကုသ ထူထောင်ပေးပုံ။

TED Residency

Malika Whitley Malika Whitley: ဖန်တီးမှု အနုပညာများက အိမ်ယာမဲ့များကို ကုသ ထူထောင်ပေးပုံ။
1,020,146 views

Malika Whitley ဟာ ChopArt တည်ထောင်သူပါ။ အနုပညာဖန်တီးမှုတွေကနေ သွန်သင်ပေးမှု၊ ဂုဏ်သိက္ခာနဲ့ အခွင့်အလမ်းကို အာရုံစိုက်တဲ့ အိမ်ယာမဲ့ ဆယ်ကျော်သက်များအတွက် အဖွဲ့အစည်းတစ်ခုပါ။ ဒီစိတ်လှုပ်ရှားဖွယ် ကိုယ်ရေးကိုယ်တာ ဟောပြောချက်မှာ သူမကနေပြီး အိမ်ယာမဲ့များရဲ့ ဇာတ်လမ်းနဲ့ အနုပညာဖန်တီးမှုတွေကနေ သူမရဲ့ သဘာထားကို ရှာဖွေခြင်းအကြောင်း လူမှုအဖွဲ့အစည်းရဲ့ နယ်နိမိတ်ကနေ တွန်းထုတ်တာခံရတဲ့ အခြားသူတွေအတွက် ဖန်တီးမှုပါတဲ့ ထွက်ပေါက်တစ်ခု ထောက်ပံ့ရေးကို မျှဝေထားပါတယ်။

Lera Boroditsky: ဘာသာစကားက ကျွန်ုပ်တို့ စဉ်းစားပုံကို ပုံသွင်းပေးပုံ

TEDWomen 2017

Lera Boroditsky: ဘာသာစကားက ကျွန်ုပ်တို့ စဉ်းစားပုံကို ပုံသွင်းပေးပုံ
9,816,653 views

ကမ္ဘာတဝှမ်းမှာ သုံးနှုန်းပြောဆိုကြတဲ့ ဘာသာစကားတွေ ၇၀၀၀ ခန့် ရှိပါတယ်။ ပြီးတော့ အဲဒီဘာသာစကားတွေဟာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ မတူကွဲပြားကြပါတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ ကျွန်ုပ်တို့ရဲ့ တွေးခေါ်ပုံကို ပုံသွင်းပေးနိုင်ကြသလား။ သိမြင်နားလည်မှု ပညာရှင် Lera Boroditsky က ဘာသာစကား ဆိုင်ရာ ဥပမာတွေကို၊ ဘယ်ညာအစား အရပ်လေးမျက်နှာ​ဦးတည်ချက်များကို သုံးကးြတဲ့ သြစတြေးလျထဲက ဘော်ရီဂျင်နီ လူ့အဖွဲ့အစည်းနဲ့ ရုရှား ဘာသာစကားထဲက အပြာရောင် အတွက် စကားလုံး တစ်လုံးမက သုံးနေခြင်း ဥပမာ အပါအဝင်ကို၊ မျှဝေပေးရင်း ဟုတ်ကဲ့လို့ ဖြေရမှာ ဖြစ်ကြောင်း တင်ပြထားပါတယ်။ "ဘာသာစကားတွေ မတူကွဲပြားမှုတွေရဲ့ အလှတရားက လူသားဦးနှောက်ရဲ့ ဖန်တီးကြံဆနိုင်စွမ်းနဲ့ ပျော့ပြောင်းမှုကို ဖွင့်ထုတ် ပြသနေပါတယ်" လို့ Boroditsky က ဆိုပါတယ်။ "လူ့ဦးနှောက်ဟာ သိမြင်လို့ရတဲ့ စကြာဝဠာကို တစ်ခုတင်မကဘဲ ၇၀၀၀ အထိကို တီထွင်ပေးထားတာကို ထောက်ပြနိုင်ပါတယ်။

Rei: ကျွန်မရဲ့ မေမေ "my mama"၊ အနက်ရောင် ငှက်ပျောသီး "BLACK BANANA"

TEDNYC

Rei: ကျွန်မရဲ့ မေမေ "my mama"၊ အနက်ရောင် ငှက်ပျောသီး "BLACK BANANA"
499,185 views

အဆိုတော်နဲ့ သီချင်းရေးသူ Rei ကနေပြီး သူမရဲ့ အင်ဒီးစ်ရော့ခ်နဲ့ ဘလူးစ်ဂီတကို အရောလေးကို "my mama" နဲ့ "BLACK BANANA." ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို ဖျော်ဖြေတဲ့ TED စင်မြင့်ဆီ ဆောင်ကြဉ်းလာပါတယ်။

Margaret Gould Stewart: ဟိုက်ပါလင့်က အရာရာတိုင်းကို ပြောင်းလဲပစ်ခဲ့ပုံ

Small Thing Big Idea

Margaret Gould Stewart: ဟိုက်ပါလင့်က အရာရာတိုင်းကို ပြောင်းလဲပစ်ခဲ့ပုံ
398,379 views

ဟိုက်ပါလင့်ဟာ အင်တာနက်အတွက် LEGO ဘလောက်နဲ့ ဆင်တူပါတယ်။ အဲဒါဟာ ဘယ်လိုများ ပေါ်ထွန်းလာခဲ့တာလဲ ဆိုတဲ့ ဇာတ်လမ်းကို ဟိုက်ပါလင့်ကို သုံးစွဲရာမှာ တကယ့်ကို ကျွမ်းကျင်ပါရဂူဖြစ်သူ Margaret Gould Stewart က တိုတိုတုပ်တုပ် ရှင်းပြထားပါတယ်။

Kyra Gaunt: ကြိုးခုန်တဲ့ကြိုးက ၎င်းရဲ့ စည်းချက်ရလာပုံ။

Small Thing Big Idea

Kyra Gaunt: ကြိုးခုန်တဲ့ကြိုးက ၎င်းရဲ့ စည်းချက်ရလာပုံ။
453,746 views

"ဆင်း၊ ဆင်း ကလေးရေ၊ ဆင်း၊ ဆင်း ရိုလာကိုစတာ" ဟစ်ဟော့ပ်ဂီတဟာ Double Dutch ဘုရင်မ အတော်များများကို ကျေးဇူတင်ရပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှုများရဲ့ ဂီတလေ့လာမှုပညာရှင် Kyra Gaunt ကနေပြီး ကြိုးခုန်တဲ့ကြိုးရဲ့ စိတ်ဝင်စားစရာ သမိုင်းရဲ့ ခရီးစဉ်တစ်ခုကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားပါတယ်။

Paola Antonelli: ခေါင်းစွပ်အင်္ကျီရဲ့ နှစ် ၃၀၀၀ သမိုင်း။

Small Thing Big Idea

Paola Antonelli: ခေါင်းစွပ်အင်္ကျီရဲ့ နှစ် ၃၀၀၀ သမိုင်း။
662,618 views

ခေါင်းစွပ်အင်္ကျီဟာ ဇိမ်ကျတဲ့ ချွေးထိန်းအင်္ကျီတစ်ထည်ထက် အများကြီးပိုပါတယ်။ ဒီဇို်း တာဝန်ခံ Paola Antonelli ကနေပြီး ၎င်းရဲ့သမိုင်းတစ်လျှောက် ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားထားပါတယ်။

Bob Stein: ဘဝတာနှောင်းပိုင်းအတွက် ဘဝမှတ်တိုင်။

TED Residency

Bob Stein: ဘဝတာနှောင်းပိုင်းအတွက် ဘဝမှတ်တိုင်။
1,199,843 views

ကျွန်တော်တို့ဟာ မွေးနေ့ပွဲတွေ၊ ဘွဲယူတာတွေလို ကျွန်တော်တို့ ဘဝရဲ့ အစောပိုင်းအဆင့်တွေကို အမှတ်အသားပြုဖို့ရာ ဓလေ့ထုံးစံတွေကို အသုံးပြုကြပေမဲ့ နောက်ပိုင်းနှစ်တွေကျတော့ရော။ ရှေပြန်၊နောက်ပြန် နှစ်ခုစလုံးကို သုံးသပ်လျက် အလေးအနက် ဆင်ခြင်ထားတဲ့ ဒီဟောပြောချက်ထဲမှာ Bob Stein ကနေပြီး သင်အိုမင်းလာတာနဲ့အမျှ လက်ရှိရောက်နေတဲ့ သင့်ဘဝကို ပြနဆင်ခြင်ဖို့၊ နောက်လာမယ့် ဘယ်အရာကိုမဆို တံခါးဖွင့်ပေးဖို့ သင့်ရဲ့ပစ္စည်းတွေကို ပေးပစ်ခြင်း( ဒီအရတွေနောက်က ဇာတ်လမ်းတွေကို မျှဝေခြင်း)ဆိုတဲ့ အစဉ်အလာသစ်တစ်ရပ်ကို တင်ပြထားပါတယ်။

Amishi Jha: ပျံ့လွင့်နေတဲ့ ကိုယ့်စိတ်ကို ထိန်းချုပ်နည်း။

TEDxCoconutGrove

Amishi Jha: ပျံ့လွင့်နေတဲ့ ကိုယ့်စိတ်ကို ထိန်းချုပ်နည်း။
4,149,461 views

Amishi Jha ဟာ ကျွန်တော်တို့တွေ အာရုံစိုက်ပုံအကြောင်းကို လေ့လာပါတယ်။ သတင်းအချက်အလက်ရဲ့ အတောမသတ်တဲ့ စီးကြောင်းကနေ လက်ခံရရှိတဲ့ထဲမှာ အရေးကြီးတာက ဘာလဲဆိုတာကို ကျွန်တော်တို့ ဦးနှောက်ကနေ ဆုံးဖြတ်တဲ့ဖြစ်စဉ်ပါ။ ( စိတ်ဖိစီးမှုလို) အပြင်ဘက် အာရုံအနှောင့်အယှက်နဲ့ (စိတ်ပျံ့လွင့်ခြင်းလို) အတွင်းဘက် အာရုံအနှောင့်အယှက် နှစခုစလုံးဟာ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှု စွမ်းအားကို ယုတ်လျော့စေတယ်လို့ Jha ကဆိုပါတယ်။ ဒါပေမဲ့ ပိုပြီး ရိုးစင်းတဲ့ နည်းစနစ်တစ်ချို့ကတော့ ဒါကို တိုးပွားစေနိုင်ပါတယ်။ "ကိုယ့်အာရုံစိုက်မှုကို အာရုံစိုက်ပါ" လို့ Jha က ဆိုထားပါတယ်။

Adong Judith: နားလည်မှုလွဲမှားမှုကို ပေါင်းကူးပေးရန် အနုပညာကို အသုံးပြုပုံ။

TEDGlobal 2017

Adong Judith: နားလည်မှုလွဲမှားမှုကို ပေါင်းကူးပေးရန် အနုပညာကို အသုံးပြုပုံ။
1,006,269 views

ဒါရိုက်တာနဲ့ ပြဇာတ်ရေးဆရာမက Adong Judith ဟာ LGBTQ ရဲ့ ရပိုင်ခွင့်များမှအစ စစ်ရာဇဝတ်မှုတွေအဆုံး ပြဿနာမျိုးစုံ ဆိုင်ရာ ဆွေးနွေးမှုတွေကို လှုံ့ဆော်ပေးတဲ့ ဆွပေးရေး အနုပညာများကို ဖန်တီးပေးသူပါ။ တိုတောင်းလှပေမဲ့ ထက်မြက်တဲ့ ဒီဟောပြောခန်းမှာ၊ TED အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ သူမဟာ သူမရဲ့ လက်ရာတွေ ၊"တိတ်နေကြတဲ့ အသံများ" ပြဇာတ် အပါအဝင်၊ အကြောင်းကို အသေးစိတ် ဖော်ပြထားပါတယ်။ ၎င်းဟာဆိုရင် Joseph Kony ရဲ့သူပုန်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်တဲ့ စစ်ပွဲမှာ မြောက်ပိုင်း ယုဂန်ဒါသားတွေရဲ့ ဓားစာခံတွေကို နိုင်ငံရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ခေါင်းဆောင်များနဲ့အတူ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဟောပြောချက်အတွက် အတူ စုစည်းပေးခဲ့ပါတယ်။ "အချင်းချင်းကို နားထောင်ခြင်းဟာ ပြဿနာအားလုံးကို အံ့သြဖွယ် ဖြေရှင်းမှာတင်မက လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများစွာကိုပါ အတူတကွ ဖြေရှင်းဖို့ စတင်လုပ်ဆောင်ရန် လမ်းမများကို ဖန်တီးဖို့ အခွင့်အလမ်းတစ်ခု ပေးပါလိမ့်မယ်" လို့ သူမက ဆိုထားပါတယ်။

Alvin Irby: ကလေးတိုင်းကို ရာသက်ပန် စာဖတ်သူတစ်ဦးဖြစ်အောင် စေ့ဆော်ပေးပုံ။

TED Residency

Alvin Irby: ကလေးတိုင်းကို ရာသက်ပန် စာဖတ်သူတစ်ဦးဖြစ်အောင် စေ့ဆော်ပေးပုံ။
1,312,731 views

အမေရိကန်ပြည်ထောင်စု ပညာရေးဌာနအရ လူမည်း စတုတ္ထတန်း ယောကျာ်းလေး ၈၅ ရာခိုင်နှုန်းကျော်ဟာ စာဖတ်ရာမှာ ကျွမ်းကျင်မှုမရှိကြဘူးလို့ဆိုပါတယ်။ ကလေးအားလုံး စာကောင်းကောင်းဖတ်စာ သေချာစေဖို့ ဘယ်လိုမျိုး စာဖတ်ခြင်းအတွေ့အကြုံတွေကို ကျွန်တော်တို့ ဖန်တီးပေးသင့်ပါသလဲ။ ကျွန်တော်တို့ စာဖတ်ခြင်း သင်ကြားပုံကို ပြန်လည်သုံးသတ်မိစေတဲ့ ဒီဟောပြောချက်မှာ ပညာသင်ကြားပေးသူနဲ့ စာရေးဆရာ Alvin Irby ကနေပြီး လူမည်းကလေးတွေ ရင်ဆိုင်ရတဲ့ စာဖတ်ခြင်း စိန်ခေါ်မှုတွေကို ရှင်းပြထားပြီး ယဉ်ကျေးမှုပိုင်းအရ ကျွမ်းကျင်တဲ့ ပညာသင်ကြားပေးသူတွေဟာ ကလေးအားလုံးကို စာဖတ်သူတွေအဖြစ် ရှာဖွေဖော်ထုတ်ရာမှာ ကူညီဖို့ လုပ်ပုံကို ကျွန်တော်တို့ကိုပြောပြထားပါတယ်။

Marc Bamuthi Joseph: ဘောလုံးက ကျွန်ုပ်တို့ကို သင်ကြားပေးတဲ့ လွတ်လပ်မှုအကြောင်း

TEDGlobal 2017

Marc Bamuthi Joseph: ဘောလုံးက ကျွန်ုပ်တို့ကို သင်ကြားပေးတဲ့ လွတ်လပ်မှုအကြောင်း
1,005,797 views

"ဘောလုံးဟာ ကျွန်တော်တို့အားလုံး အတူတကွပြုလုပ်နိုင်တဲ့ ကမ္ဘာပေါ်မှာရှိတဲ့ တစ်ခုတည်းသောအရာပါ" လို့ ပြဇာတ် ဖန်တီးသူနဲ့ TED ဝိုင်းတော်သား Marc Bamuthi Joseph ကဆိုပါတယ်။ သူ့ရဲ့ ဖျော်ဖြေမှုတွေနဲ့ "ရွေးလျားခြင်းနဲ့ ကမ်းပေးခြင်း" (Moving and Passing) လို့ခေါ်တဲ့ ဆက်စပ်လှုပ်ရှားလည်ပတ်ခြင်း ပဏမခြေလှမ်းကနေ အနုပညာဖန်တီးမှုတွေနဲ့ အားကစားအကြားမှာရှိတဲ့ နားလည်ရလွယ်ပြီး ပျော်စရာကောင်းတဲ့ ဆက်သွယ်မှုတွေကို လှစ်ဟပြဖို့ Joseph ဟာ ဂီတ၊ အကနဲ့ ဘောလုံးကို ပေါင်းစပ်လိုက်ပါတယ်။ ရပ်ရွာကို အားပေးမြှင့်တင်ဖို့နဲ့ ရွေ့ပြောင်းနေထိုင်သူတွေ ကြုံကြရတဲ့ ပြဿနာရပ်တွေကို မီးမောင်းထိုးပြဖို့ လှပတဲ့ ကစားပွဲကို သူဘယ်လိုများ အသုံးပြုနေတယ်ဆိုတာ လေ့လာလိုက်ပါဦး။

Raymond Tang: နှိမ့်ချစိတ်ထားပါ...နှင့်  ရေရဲ့ ဒဿနမှ အခြားသင်ခန်းစာများ။

TED@Westpac

Raymond Tang: နှိမ့်ချစိတ်ထားပါ...နှင့် ရေရဲ့ ဒဿနမှ အခြားသင်ခန်းစာများ။
3,345,657 views

အမြဲမပြတ် ပြောင်းလဲနေတဲ့ ကမ္ဘာတစ်ခုအတွင်းမှာ စိတ်ကျေနပ်မှုကို ကျွန်ုပ်တို့ ဘယ်လိုရှာဖွေနိုင်ပါသလဲ။ Raymond Tang ဟာ Tao Te Ching ရဲ့ ရှေးဟောင်း တရုတ် ဒဿနကို အဓိပ္ပာယ်မပေါက်ခင်ထိတော့ ဒီမေးခွန်းနဲ့ နပန်းလုံးခဲ့ရပါတယ်။ ဒီအထဲမှာ ရေရဲ့ ကောင်းမွန်မှုကို နှိုင်းယှဉ်ထားတဲ့ စာပိုဒ်တစ်ခုကို သူတွေ့ရှိခဲ့တယ်၊ သူ့ရဲ့ နေ့စဉ်ဘဝမှာ အခု သူသုံးနေတဲ့ အယးအဆတစ်ခုပါ။ ဒီစွဲမက်ဖွယ်ကောင်းတဲ့ ဟောပြောချက်ထဲမှာ "ရေရဲ့ ဒဿန" ကနေ သူ သင်ယူလိုက်ရတဲ့ သင်ခန်းဟာ သုံးခုကို မျှဝေထားပါတယ်။ "ရေသာဆို ဘယ်လိုလုပ်လိမ့်မလဲ။" လို့ Tang က မေးလိုက်တယ်။ "ဒီရိုးရှင်းပြီး အစွမ်းထက်တဲ့ မေးခွန်းက ကျွန်တော့ဘဝ ပိုကောင်းဖို့ ပြောင်းလဲပေးလိုက်ပါပြီ"တဲ့။

Ibeyi: Valé" / "River"  တောင်ကြားနဲ့  မြစ် ။

TEDGlobal>NYC

Ibeyi: Valé" / "River" တောင်ကြားနဲ့ မြစ် ။
99,341 views
No Video

Yoruba ယဉ်ကျေးမှု ရိုးရာနဲ့ ပြင်းရှတဲ့ ခေတ်ပေါ် တေးသီဖွဲ့မှု ပေါင်းစပ်ထားတဲ့ အီလက်ထရို နှစ်ယောက်တွဲ (အမွှာညီအမများ) Ibeyi ကနေပြီး Valé" နဲ့ "River." ဆိုတဲ့ အကူးအပြောင်းလုပ်ထားတဲ့ သီချင်းနှစ်ပုဒ်တွဲ တစ်စုံကို တီးခတ်ထားပါတယ်။

Jason Shen: အလုပ်တစ်ခု ရှာနေတာလား။ ဦးစားပေးဖော်ပြရမှာက သင့်အတွေ့အကြုံမဟုတ်ပဲ၊ သင်ရဲ့ ကျွမ်းကျင်မှုကိုပါ။

TED Residency

Jason Shen: အလုပ်တစ်ခု ရှာနေတာလား။ ဦးစားပေးဖော်ပြရမှာက သင့်အတွေ့အကြုံမဟုတ်ပဲ၊ သင်ရဲ့ ကျွမ်းကျင်မှုကိုပါ။
3,768,300 views

ကျွန်တော်တို့ မဆိုစလောက်ပဲ ကျွန်တော်တို့ရဲ့ အရင်က အတွေ့အကြုံ (သို့) ကောလိပ်မှာ သင်ကြားခဲ့တာတွေနဲ့ တိုက်ရိုက် အကျုံးဝင်တဲ့ အလုပ်တွေကို ထမ်းဆောင်ကြပါတယ်။ TED Resident Jason Shen ကိုကြည့်လိုက်ပါ၊ သူဟာ ဇီဝဗေဒကို လေ့လာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နည်းပညာ ကုမ္ပဏီတစ်ခုမှာ ထုတ်လုပ်ရေး မန်နေဂျာဖြစ်လာခဲ့ပါတယ်။ ဒီသွက်လက်ပြီး ထိုးထွင်းအမြင်ရှိတဲ့ လူသားစွမ်းရည်အကြောင်း ဟောပြောချက်မှာ Shen ကနေပြီး အလုပ်ရှာနေသူတွေ ဆွဲဆောင်မှုပိုရှိဖို့ သူတို့ကိုယ်သူတို့လုပ်နိုင်ပုံအကြောင်း တွေးခေါ်ခြင်းအသစ်တစ်ချို့နဲ့ ဘာကြောင့် အလုပ်ရှင်တွေဟာ သက်သေခံအထောက်အထားတွေထက် ကျွမ်းကျင်မှုကို ကြည့်သင့်တယ်ဆိုတာကို မျှဝေထားပါတယ်။

Walé Oyéjidé: အာဖရိကန် စွမ်းအားနှင့် စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုတဲ့ ဖက်ရှင်။

TEDGlobal 2017

Walé Oyéjidé: အာဖရိကန် စွမ်းအားနှင့် စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုတဲ့ ဖက်ရှင်။
899,451 views

"အာဖရိကန်ဖြစ်ဖို့ဆိုတာက ယဉ်ကျေမှုကနေ စေ့ဆော်ပြီး အနာဂတ်အတွက် ရာသက်ပန် မျှော်လင့်ချက်နဲ့ ပြည်ဝဖို့ပါ"လို့ ဒီဇိုင်းပညာရှင်နဲ့ TED ဝိုင်းတော်သား Walé Oyéjidé က ဆိုပါတယ်။ သူ့ရဲ့ Ikiré Jones တံဆိပ် (၎င်းတို့ရဲ့ လက်ရာကို Marvel ရဲ့ "Black Panther" မှာ မြင်ကြရမှာပါ) နဲ့အတူ မကြာခဏဆိုသလို ဝိုင်းပယ်တာခံနေရတဲ့ အုပ်စုတွေရဲ့ ခမ်းနားမှုနဲ့ ကျက်သရေရှိမှုကို ပြသဖို့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြတဲ့ လှပစွာ ဖြတ်ညှပ်ထားတဲ့ အထည်မှာ အကောင်းဆုံး ဒီဇိုင်းတွေကို သူ အသုံးပြုပါတယ်။

Guy Winch: ကြေကွဲတဲ့ နှလုံးသားတစ်ခုကို ပြင်ဆင်ပုံ။

TED2017

Guy Winch: ကြေကွဲတဲ့ နှလုံးသားတစ်ခုကို ပြင်ဆင်ပုံ။
9,818,729 views

ကျွန်တော်တို့ ဘဝတွေရဲ့ တစ်ချိန်မှာတော့ လူတိုင်းအားလုံး နီးပါးဟာ အသည်းခွဲခံရပါလိမ့်မယ်။ ဒီထူးခြားလှတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို ပိုပြီး အာရုံစိုက်ရင် ခြားနားလှတဲ့ အကြောင်းအရာ ဘယ်လိုများဖြစ်လိမ့်မလဲလို့ စိတ်ကူးကြည့်လိုက်ပါ။ စိတ်ပညာရှင်ကနေပြီး အသည်းကွဲတာကနေ ပြန်လည်သက်သာခြင်းဟာ စံထားဖို့ ကျွန်ုပ်တို့ရဲ့ ပင်ကိုယ်တုံ့ပြန်မှုတွေကို တိုက်ခိုက်ခြင်းကနေစတင်ပုံနဲ့ အဲဒီမှာမရှိတဲ့ အဖြေတွေကို ရှာဖွေပုံကို ဖော်ပြထားပါပြီး နောက်ဆုံးမှာ ဘယ်လို ရှေ့ဆက်ပုံအကြောင်း ကိရိယာတစ်စုံကို ပေးကမ်းထားပါတယ်။ ကျွန်တော်တို့ နှလုံးသားတွေဟာ တစ်ခါတစ်ရံတော့ ကွဲကောင်းကွဲကြလိမ့်မယ်၊ ဒါပေမဲ့ နှလုံးသားတွေနဲ့ လိုက်ပြီး ကွဲကြေဖို့ မလိုပါဘူးလေ။

Tito Deler: ကျွန်တော့ရဲ့ ကောင်းမြတ်တဲ့ ဆုလာဘ်။

TED@Tommy

Tito Deler: ကျွန်တော့ရဲ့ ကောင်းမြတ်တဲ့ ဆုလာဘ်။
220,095 views

ဘလူးစ် ဂီတပညာရှင် Tito Deler ဟာ သူ့ရဲ့ New York ​မှာ ကြီးပြင်းလာခဲ့တဲ့ အသံတွေကို စစ်ကြိုခေတ် Mississippi Delta ဘလူစ်းဂီတဟန်နဲ့ ပေါင်းစပ်လိုက်ပါတယ်။ သူဟာ စင်ပေါ်
တက်ပြီး သူ့ရဲ့ သီချင်း "My Fine Reward." (ကျွန်တော့ရဲ့ ကောင်းမြတ်တဲ့ ဆုလာဘ်)ရဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ တင်ဆက်မှုကို သီဆိုတီးခတ်ပါတယ်။

Su Kahumbu: ဆာလောင်နေသော ကလေးငယ်များကို အကူအညီပေးနိုင်ပုံ၊ တစ်ကြိမ်မှာ စာတစ်စောင်။

TEDGlobal 2017

Su Kahumbu: ဆာလောင်နေသော ကလေးငယ်များကို အကူအညီပေးနိုင်ပုံ၊ တစ်ကြိမ်မှာ စာတစ်စောင်။
1,001,801 views

Su Kahumbu ဟာ ဒူပေနာပေခံတဲ့ နွားမတွေကို မွေးမြူပါတယ်၊ ကျန်းမာပြီး ဝဝလင်လင် ကျွေးထားတဲ့ တိရိစ္ဆာန်တွေပါ၊ ၎င်းတို့ရဲ့ ပရိုတိန်းဓာတ်ဟာ အာဖရိကမှာက တိုးလာနေတဲ့ အကျပ်အတည်းတစ်ခုကို ဖြေရှင်းဖို့ အဓိကကျပါတယ်။ ကလေးဘဝ အဟာရဆိုင်ရာ ကြုံလှီမှုပါ။ အသေးစား မွေးမြူရေး လယ်သမားတွေကို ထောက်ပံ့ဖို့ သူမ ဖန်တီးခဲ့တဲ့ ရိုးရိုး SMS ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ iCow နှင့်အတူ TED ဝိုင်းတော်သားဟာ တိရိစ္ဆာန်တွေကို စောင့်ရှောက်ခြင်းနဲ့ မွေးမြူခြင်းအကြောင်း အကြံပေးချက်တွေကို စာတိုတွေပို့ရင်း တိုက်တစ်လွှားမှာရှိတဲ့ လယ်သမားတွေကို ကူညီနေပါတယ်။ ဒီစျေးသက်သာလှတဲ့ တီထွင်ဆန်းသစ်မှုဟာ တစ်ကြိမ်ကို စာတစ်စောင်ပို့ခြင်းအားဖြင့် ဆာလောင်နေတဲ့ ကလေးငယ်တွေကို ကျွေးမွေးဖို့ ကူညီနေပုံအကြောင်းကို ထပ်ပြီး လေ့လာလိုက်ပါဦး။

Michelle Knox: ကျန်းမာနေတုန်း သေခြင်းတရားအကြောင်းပြောပါ။

TED@Westpac

Michelle Knox: ကျန်းမာနေတုန်း သေခြင်းတရားအကြောင်းပြောပါ။
1,338,468 views

သင်သေတဲ့အခါ ဖြစ်ချင်တာကို သင်သိလား။ သင့်ကို ဘယ်လို အမှတ်ရစေချင်လဲဆိုတာ သင်သိလား။ ကျွန်ုပ်တို့အများစု မဆွေးနွေးလိုလှတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ပွင့်လင်းပြီး အူလှိုက်သည်းလှိုက်ဖြစ်ရတဲ့ ဟောပြောချက်တစ်ခုထဲမှာ Michelle Knox ကနေပြီး ကျွန်ုပ်တို့ တစ်ဦးချင်းဆီကို ကျွန်ုပ်တို့တွေရဲ့ သေခြင်းတရား တစ်ဝိုက်က အဓိက တန်ဖိုးထားမှုတွေကို အလေးအနက်ဆင်ခြင်ကာ ဒါတွေကို ကျွန်ုပ်တို့ရဲ့ ချစ်ရသူတွေနဲ့ မျှဝေခိုင်းထားပါတယ်။ ကျွန်ုပ်တို့ရဲ့ အမွေအနှစ်တွေကို ဂုဏ်ပြုဖို့ မကြောက်ရွံပဲ အသိအမြင်များတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေဖို့ပါ။ Knox ပြောတာက "အခု သေခြင်းတရားအကြောင်း ပြောဆိုကြမယ်ဆိုရင် ဘဝဟာ အများကြီး ပိုလွယ်ကူလာပါလိမ့်မယ်၊ ဒီအကြောင်းရပ်တွေကို သန်စွမ်းတုန်း၊ ကျန်းမာတုန်းမှာ ဆွေးနွေးဖို့လိုတယ်၊ ဒီနောက်မှာမှ အရေးကြီးတာက ဘာဆိုတာတင်မက၊ ဘာကြောင့်အရေးကြီးတယ်ဆိုတာကိုပါ သင်ယူနိုင်ပါတယ်"တဲ့။

Stuart Duncan: အထီးကျန်စိတ်ဝေဒနာရှင် ကလေးငယ်များကို ကူညီဖို့ Minecraft ကို ကျွန်တော် အသုံးပြုပုံ။

TEDxYorkU

Stuart Duncan: အထီးကျန်စိတ်ဝေဒနာရှင် ကလေးငယ်များကို ကူညီဖို့ Minecraft ကို ကျွန်တော် အသုံးပြုပုံ။
1,147,956 views

အင်တာနက်ဟာ အကျည်းတန်တဲ့ နေရာတစ်ခုဖြစ်နိုင်ပေမဲ့ Stuart Duncan ရဲ့ Minecraft ဆာဗာဖြစ်တဲ့ AutCraft မှာတော့ အနိုင်ကျင့်တာတွေ၊ လှောင်ပြောင်တာတွေ သင်တွေ့ရမှာမဟုတ်ပါဘူး။ အထီးကျန်စိတ်ဝေဒနာရှင် ကလေးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ပုံစံထုတ်ထားတဲ့ AutCraft ဟာ တစ်ခါတစ်ရံ သူတို့နဲ့သက်တူရွယ်တူတွေထက် အနည်းငယ်ခြားနားစွာ ပြုမူတဲ့ကလေးငယ်တွေ၊ (အခြားနေရာမှာ ကွက်ပြီး နေရာချခံထားရနိုင်သူတွေ) အတွက် ကစားဖို့နဲ့ မိမိကိုယ်ကို ဖော်ထုတ်ပြသဖို့အတွက် လုံခြုံတဲ့ အွန်လိုင်း ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါတယ်။ ဒီကြည်နူးအားရဖွယ် ဟောပြောချက်နဲ့အတူ အင်တာနက်ပေါ်က အကောင်းဆုံးနေရာတွေထဲက တစ်နေရာအကြောင်း ပိုမို လေ့လာလိုက်ပါဦး။

Mike Gil: ငါးများရဲ့ စုဝေး နေထိုင်မှုဟာ သန္တာကျောက်တန်းတွေကို ကယ်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်လား။

TEDGlobal 2017

Mike Gil: ငါးများရဲ့ စုဝေး နေထိုင်မှုဟာ သန္တာကျောက်တန်းတွေကို ကယ်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်လား။
1,010,095 views

Mike Gil ဟာ ဆန်းသစ်တဲ့ ကင်မရာမျိုးစုံစနစ်တွေနဲ့ ကွန်ပြူတာ မြင်ကွင်း နည်းပညာကိုသုံးပြီး ငါးတွေကို စောင့်ကြည့်ပါတယ်။ TED ဝိုင်းတော်သားနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သန္တာကျောက်တန်း ငါးတွေ ပြုမူပုံ၊ ပေါင်းသင်းဆက်ဆံပုံနဲ့ ဂေဟစနစ်တွေကို သက်ရောက်မှုရှိပုံတွေကို စူးစမ်းလေ့လာပါတယ်။ အမျိုးမျိုးသော မျိုးစိတ်တွေရဲ့ ငါးတွေ ပေါင်းသင်းဆက်ဆံမှု ကွန်ရက်တွေကနေ ဆက်သွယ်ပုံအကြောင်းနဲ့ ဒီကွန်ရက်တွေကို အလျင်ပြတ်စေခြင်းဟာ ကျွန်ုပ်တို့ သန်းပေါင်းများစွာကို ကျွေးမွေးပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ပံ့ပိုးပေးရာမှာကူညီတဲ့ နုနယ်လှတဲ့ ကျောက်တန်းတွေရဲ့ ဂေဟဗေဒအတွက် ဘယ်အဓိပ္ပါယ်ဆောင်နိုင်တာကို ပိုပြီးလေ့လာလိုက်ပါဦး။