TED Talks with Burmese transcript

Stephanie Busari: သတင်းတုများက တကယ့် အန္တရာယ်ပြုပုံ

TEDLagos Ideas Search

Stephanie Busari: သတင်းတုများက တကယ့် အန္တရာယ်ပြုပုံ
1,358,172 views

၂၀၁၄ ဧပြီလ ၁၄ ရက်မှာ အကြမ်းဖက် အဖွဲ့အစည်း Boko Haram ဟာ နိက်ဂျီးရီးယားနိုင်ငံ Chibok မြို့က ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့တယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဒီမှုခင်းဟာ #BringBackOurGirls ဆိုတဲ့ ဆောင်ပုဒ်နဲ့ စံနမူနာဖြစ်လာခဲ့တယ်။ ဒါပေမဲ့ နိုက်ဂျီးရီးယားမှာတော့ အစိုးရ အာဏာပိုင်တွေက မိန်းကလေးတွေကို ကယ်တင်ဖို့ အားထုတ် ဆောင်ရွက်မှုတွေလုပ်ဖို့ ဇဝေဇဝါဖြစ်ရင်း နှောင့်နှေးရင်း ဒီအမှုကို လိမ်ညာမှုလို့ ခေါ်ခဲ့ကြတယ်။ ဒီအားကောင်းလှတဲ့ ဟောပြောချက်မှာ သတင်းစာသမား Stephanie Busari ကနေပြီး သတင်းတုတွေရဲ့ ဘေးအန္တရာယ်နဲ့ ဒါကိုတားဆီးဖို့ ကျွန်ုပ်တို့ လုပ်နိုင်တာကို ရှင်းပြဖို့ Chibok ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကို ထောက်ပြလိုက်ပါတယ်။

Zubaida Bai: ဖွံ့ဖြိုးဆဲ ကမ္ဘာမှာရှိတဲ့ မိခင်များအတွက် ရိုးရှင်းတဲ့ သားဖွား ကိရိယာတစ်စုံ။

TED Residency

Zubaida Bai: ဖွံ့ဖြိုးဆဲ ကမ္ဘာမှာရှိတဲ့ မိခင်များအတွက် ရိုးရှင်းတဲ့ သားဖွား ကိရိယာတစ်စုံ။
975,456 views

TED ဝိုင်းတော်သား Zubaida Bai ဟာ အမျိုးသမီး ကျန်မာရေး စောင့်ရှောက်မှုဆီကို ဂုဏ်သိက္ခာရှိမှုနဲ့ အကုန်အကျသက်သာစေတဲ့ ကြားဝင်မှုတွေ ဆောင်ကြဉ်းပေးဖို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဝမ်းဆွဲလက်သည်တွေ၊ မိခင်တွေနဲ့ တွဲဖက်လုပ်ကိုင်ပါတယ်။ ဒီတိုတောင်ပြီး စေ့ဆော်ပေးတဲ့ ဟောပြောချက်မှာ သူမကနေပြီး ပိုက်ဆံအိတ်တစ်အိတ်ထဲ ထည့်လို့ရတဲ့ သူမရဲ့ သန့်ရှင်းတဲ့ သားဖွား ကိရိယာတစ်စုံကို တင်ပြထားပါတယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာကဖြစ်ဖြစ်၊ ဆေးခန်းနဲ့ ဘယ်လောက်ဝေးဝေးမှာ သူမ ရှိနေပါစေပါ အဲဒီထဲမှာ လိုအပ်တဲ့ သန့်ရှင်းစင်ကြယ်တဲ့ မွေးဖွားမှုနဲ့ ကျန်းမာတဲ့ မီဖွားမှုတစ်ခုအတွက် မိခင်လောင်းသစ် လိုအပ်တဲ့ အရာရာတိုင်းပါဝင်ပါတယ်။ ။

Todd Scott: နှလုံးခုန်နှိုးစက် အသုံးပြုခြင်းအတွက် စကြာဝဠာအချင်းချင်း  လမ်းညွှန်

TEDNYC

Todd Scott: နှလုံးခုန်နှိုးစက် အသုံးပြုခြင်းအတွက် စကြာဝဠာအချင်းချင်း လမ်းညွှန်
1,149,314 views

အကယ်၍များ Yoda ဟာ နှုလုံးခုန်ရပ်တန့်သွားတယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာ သင်သိလား။ ပန်းချီပညာရှင်နဲ့ ရှေးဦးသူနာပြု ဝါသနာအိုး Todd Scott ဟာ သင်သိဖို့လို့တဲ့ စက်သုံး ပြင်ပနှလုံးခုန်နှိုးစက် (သို့) AED နဲ့ ပတ်သက်တဲ့ အရာတိုင်းကို ဒီကြယ်စုထဲမှာ ခွဲတမ်းချလိုက်ပါတယ်၊ အဝေး အဝေးမှာရှိတဲ့ ကြယ်စုတွေပေါ့။ Jedi ရဲ့ အသက်ကို ကယ်တင်ဖို့ ပြင်ဆင်လိုက်ပါ။ (သူက အရင်ဆုံး အမြန်လေး ရိတ်ပစ်ဖို့တော့ လိုပါလိမ့်မယ်) ဒါမှမဟုတ် အထောက်အကူပြုတဲ့ ပုံနှိပ်စက်တစ်ချို့ လိုနေတဲ့ အခြားတစ်ယောက်ယောက်ကိုပေါ့။

Ari Wallach: တကယ့်ကို ရေရှည်အတွက် စီမံရေး နည်းလမ်း  သုံးမျိုး

TEDxMidAtlantic

Ari Wallach: တကယ့်ကို ရေရှည်အတွက် စီမံရေး နည်းလမ်း သုံးမျိုး
2,384,369 views

ကျွန်တော်တို့ဟာ ရေတို ပန်းတိုင်များနှင့် လိုအပ်ချက်များကို အခြေခံလျက် ဆုံးဖြတ်ချက် အများအပြားကို ချမှတ်ကြပါတယ်။ ကျွန်တော်တို့ဟာ ရေရှည်အနာဂတ် ပိုပြီးကောင်းမွန်စေဖို့ ဘယ်လိုများ စဉ်းစားပြီး စီမံသင့်သလဲ။ Ari Wallach က လတ်တလောကိစ္စများကို ကျော်လွန်ပြီး စဉ်းစားနိုင်မယ့် နည်းဗျူဟာ သုံးမျိုးကို မျှဝေထားပါတယ်။

Casey Brown: မိမိတန်ဖိုးကို သိထားပြီး အဲဒါ့အတွက်ထိုက်တန်စွာ တောင်းဆိုပါ။

TEDxColumbusWomen

Casey Brown: မိမိတန်ဖိုးကို သိထားပြီး အဲဒါ့အတွက်ထိုက်တန်စွာ တောင်းဆိုပါ။
3,180,395 views

သင့်အကြီးအကဲက သင့်အား ပေးနေတာဟာ သင့်နဲ့ထိုက်တန်ပုံ မရပါဘူး၊ ဒီအစား သူတို့ ထင်မှတ်တဲ့ တန်ဖိုးကို ပေးနေကြတာပါ။ သူတို့ရဲ့ တွေးခေါ်မှု ဘယ်လိုပုံသွင်းနိုင်မယ် ဆိုတာကို အချိန်ယူလေ့လာပါ။ တန်ဖိုးဖြတ်မှု အကြံပေး Casey Brown ကနေပြီး သင့်ရဲ့တန်ဖိုးကို ပိုကောင်းမွန်စွာ အသိပေးဖို့ ကူညီပေးနိုင်ပြီး သင့်ရဲ့ထူးချွန်မှုအတွက် ပေးဆပ်လာအောင် ထောက်ကူ ပေးနိုင်ကြတဲ့ ဖြစ်ရပ်တွေနဲ့ သင်ကြားလေ့လာစရာတွေကို မျှဝေထားပါတယ်။

Katie Hinde: မိခင်နို့အကြောင်း ကျွန်ုပ်တို့ မသိတာတွေ

TEDWomen 2016

Katie Hinde: မိခင်နို့အကြောင်း ကျွန်ုပ်တို့ မသိတာတွေ
1,413,994 views

မိခင်ရဲ့ နို့ဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်ကို ကြီးထွားလာစေတယ်၊ အာရုံကြော ဖွံ့ဖြိုးမှုကို ဖြည့်တင်းပေးတယ်၊ အရေးပါတဲ့ ကိုယ်ခံအားကို အားဖြည့်ပေးပြီး အစာရေစာ ရှားပါးမှု နှင့် ရောဂါဘယများမှ ကာကွယ်ပေးတယ် ဆိုတော့၊ ဘာ​ေကြာင့် သိပ္ပံပညာဟာ ခရမ်းချဉ်သီးတွေ အကြောင်းကို မိခင်နို့ထက် ပိုပြီး သိရှိနေရတာလဲ။ Katie Hinde က အသက်ကို မွေထုတ်ပေးတဲ့ နက်နဲရှုပ်ထွေးလှတဲ့ အဲဒီ အရာ အကြောင်းကို အတွင်းကျ ဖေါ်ထုတ် တင်ပြထားပြီး မိခင်နို့ကို ကျွန်ုပ်တို့ အနေနဲ့ ပိုပြီး ကောင်းမွန်စွာ နားလည်လာနိုင်ရန် သိပ္ပံပညာဘက်မှ ဖြည့်ပေးရန် လိုအပ်နေသေးတဲ့ ဟာကွက်တွေ အကြောင်းကို ဆွေးနွေးထားပါတယ်။

Ashton Cofer: လူငယ် တီထွင်သူလေးရဲ့ ဖော့ဖြူ (Styrofoam )ကို ပြန်လည်အသုံးပြုဖို့ အစီအစဉ်။

TED-Ed Weekend

Ashton Cofer: လူငယ် တီထွင်သူလေးရဲ့ ဖော့ဖြူ (Styrofoam )ကို ပြန်လည်အသုံးပြုဖို့ အစီအစဉ်။
1,379,778 views

မြေပဲထုပ်ပိုးတာနေ တစ်ခါသုံး ကော်ဖီခွက်တွေအထိ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာတင် တစ်နှစ်ကို Styrofoam (ပလပ်စတစ်ဖော့ဖြူ)နှစ်ဘီလီယံထွက်ရှိပါတယ်၊ တစ်ခုမှကို ပြန်သုံးလို့မရနိုင်တာတွေပါ။ ဒီအရင်းအမြစ်ဖြုန်းတီးမှုနဲ့ မြေဖို့ရတဲ့နေရာကြောင့် စိတ်ပျက်ပြီး သူ့ရဲ့ သိပ္ပံပြပွဲ အသင်းဖော်တွေက အသုံးပြုပြီးသား Styrofoam (ပလပ်စတစ်ဖော့ဖြူ)တွေကို အသုံးဝင်တဲ့ တစ်ခုခုအဖြစ် ဓာတ်ပြိုကွဲအောင်လုပ်ဖို့ အပူပေးခြင်း နည်းစနစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ FIRST LEGO League Global Innovation Award နဲ့ Google Science Fair ကနေ Scientific American Innovator Award ဆုရထားတဲ့ သူတို့ရဲ့ မူရင်းဒီဇိုင်းကို စစ်ဆေးကြည့်လိုက်ပါ။

Michele L. Sullivan: အကူအညီတောင်းခြင်းဟာ ခွန်အားပါ၊ အားနည်းမှု မဟုတ်ပါ

TEDWomen 2016

Michele L. Sullivan: အကူအညီတောင်းခြင်းဟာ ခွန်အားပါ၊ အားနည်းမှု မဟုတ်ပါ
1,604,468 views

ကျွန်မတို့ အားလုံးဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်မှုတွေကို ရင်ဆိုင်ကြရတယ်၊ တချို့ကို မြင်နိုင်သလို မမြင်နိုင်တာလည်း ရှိတယ်လို့ Michele L. Sullivan က ဆိုထားပါတယ်။ ဘဝရှုထောင့်ဆိုင်ရာ ဒီဆွေးနွေးခန်းမှာ၊ Sullivan ဟာ ကျွန်ုပ်တို့ အားလုံးဟာ အပြန်အလှန် ကူညီပံ့ပိုးနေကြရတဲ့ စနစ်များရဲ့ အစိတ်အပိုင်းမျှသာ ဖြစ်ကြတာကို ထောက်ပြနေတဲ့ ဟာသဆိုင်ရာ အမြော်အမြင်ကြီးမားမှုဆိုင်ရာတွေနဲ့ ပြည့်နေတဲ့ ဖြစ်ရပ်တွေ အကြောင်းကို ပြောပြထားပါတယ်။ "ကျွန်မတို့ လမ်းကောင်းကောင်း လျှောက်ချင်ရင် ကိုယ့်ဖိနပ်ကိုသာ စီးရန် လိုပါတယ်၊ စာနာစိတ်၊ အားပေးမှုနဲ့ နားလည်မှုသာ ရှိရင် ကျွန်မတို့ ဘေးချင်းယဉ်ပြီး လမ်းလျှောက်နိုင်ကြမှာပါ။"လို့ သူမက တင်ပြထားတာ နားဆင်ကြည့်ကြပါ။

John Koenig: မရှင်လင်းတဲ့ စိတ်ခံစားမှုများကို သရုပ်ဖော်ဖို့ လှပတဲ့ စကားလုံးသစ်များ။

TEDxBerkeley

John Koenig: မရှင်လင်းတဲ့ စိတ်ခံစားမှုများကို သရုပ်ဖော်ဖို့ လှပတဲ့ စကားလုံးသစ်များ။
1,814,744 views

John Koenig ဟာ ကျွန်ုပ်တို့ရဲ့ မရှင်းလင်းတဲ့ ခံစားချက်တွေကို ဖော်ပြတဲ့ စကားလုံးတွေကို ရှာဖွေရတာနှစ်သက်ပါတယ်၊ ဥမမာ "lachesism" ကပ်ဘေး ဆာလောင်မှု၊ "sonder"၊ အြခားသူတိုင်းရဲ့ ဘဝတွေဟာ ကျွန်ုပ်တို့ကိုယ်ပိုင်ဘဝတွေလိုပဲ ရှုပ်ထွေးလှပြီး မသိနိုင်တာကို နားလည်သိမြင်ခြင်းပါ။ ဒီမှာတော့ သူကနေ ကျွန်ုပ်တို့ သတ်မှတ်လိုက်တဲ့ စကားလုံး အနက်အဓိပ္ပါယ်နဲ့ ဒီအဓိပ္ပါယ်တွေက ကျွန်ုပ်တို့ကို ဘယ်ပုံစွဲသွားစေတယ်ဆိုတာကို တွေးခေါ်သုံးသပ်ထားပါတယ်။

Caitlin Doughty: ကမ္ဘာဂြိုဟ်ကို လုပ်ကျွေးပေးမယ့် သင်္ဂြိုဟ်ရေး နည်းလမ်း

TEDMED 2016

Caitlin Doughty: ကမ္ဘာဂြိုဟ်ကို လုပ်ကျွေးပေးမယ့် သင်္ဂြိုဟ်ရေး နည်းလမ်း
1,259,994 views

ကျွန်ုပ်တို့ အားလုံးက တစ်နေ့မဟုတ် တစ်နေ့တွင် ဖြေကြရမယ့် မေးခွန်း ရှိပါတယ် - ကိုယ် သေသွားတဲ့ အခါမှာ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုများ ဖြစ်သွားစေလိုပါသလဲ? အသုဘ ဌာန တစ်ခုမှ ဒါရိုက်တာဖြစ်သူ Caitlin Doughty င ကျွန်ုပ်တို့ အားလုံးတို့အား ရှောင်လွဲမရနိုင်တဲ့ သေဆုံးမှုအတွက် ပြင်ဆင်ရေး နည်းလမ်းသစ်တွေကို စူးစမ်း တင်ြပထားပါ တယ်။ စဉ်းစားစရာ ဒီဟောပြောချက်ထဲတွင် လူတွေရဲ့ ခန္ဓာကိုယ်ကို မြေကြီဆီသို့ ပိုပြီး ဂေဟာစနစ်နဲ့ အံဝင်ခွင်ကျ ဖြစ်ကာ နှိမ့်ချမှု သဘော နဲ့ အသိစိတ်ကို ဖေါ်ြပတဲ့ ("ပြန်လည်စုစည်းရေး" နဲ့ "ထိန်းသိမ်းပေးရေး မြှုပ်နှံမှု") လိုနည်းဖြင့် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်များကို မြေကြီးဆီသို့ ထည့်ပေးသင့်တာကို ပြောပြထားပါတယ်။

Sara Ramirez: ရိုလာကိုစတာ (နိမ့်မြင့် ချားရဟတ်)

TED Talks Live

Sara Ramirez: ရိုလာကိုစတာ (နိမ့်မြင့် ချားရဟတ်)
1,132,926 views

အဆိုတော် သီချင်းရေးသူနဲ့ သရုပ်ဆောင် မင်းသမီး Sara Ramirez ဟာ ပင်ကိုယ်စွမ်းရည်များစွာရှိတဲ့ အမျိုးသမီးတစ်ဦးပါ။ ဂစ်တာတီးခတ်မှုမှာ Michael Pemberton နဲ့ ပူပေါင်းကာ Ramirez ကနေပြီး အခွင့်အလမ်း၊ ဉာဏ်ပညာနဲ့ ဘဝရဲ့ အနိမ့်၊ အမြင့်တွေအကြောင်း သူမရဲ့ သီချင်း (ချားရဟတ်) Rollercoaster ကို ဒီတိုက်ရိုက်ဖျော်ဖြေမှုမှာ သီဆိုထားပါတယ်။

Lux Narayan: နာရေးသတင်း ၂၀၀၀ မှ သင်ယူခဲ့သမျှ။

TEDNYC

Lux Narayan: နာရေးသတင်း ၂၀၀၀ မှ သင်ယူခဲ့သမျှ။
1,705,669 views

Lux Narayan ဟာ သူ့ရဲ့တစ်နေ့တာကို ကြက်ဉမွှေကြော်နဲ့ "ဒီနေ့ ဘယ်သူ ဆုံးသွားလဲ" ဆိုတဲ့မေးခွန်းနဲ့ အစပြုပါတယ်။ New York Times နာရေးသတင်း၂၀၀၀ကို လပေါင်း ၂၀ ခွဲခြမ်းစိစစ်ခြင်းနဲ့ Narayan ဟာ ဘဝတစ်သက်တာမှာ အောင်မြင်မှုဆိုတာ ဘာနဲ့ တူသလဲဆိုတာကို စကားလုံး အနည်းငယ်နဲ့ ကောက်သင်းကောက်ခဲ့တယ်။ ဟောဒီမှာ သူဟာ ရေးသားပြီး မျှဝေထားတဲ့ အစဉ်မမေ့အပ်တာတွေက ကျွန်ုပ်တို့ကို ကောင်းမွန်စွာ ရှင်သန်ခဲ့တဲ့ ဘဝတစ်ခုအကြောင်း သင်ကြားပေးနိုင်ပါတယ်။

Jeff Kirschner: ဒီအက်ပ်နဲ့ဆို အမှိုက်ကောက်ရတာ ပျော်စရာကြီးပါ

TED Residency

Jeff Kirschner: ဒီအက်ပ်နဲ့ဆို အမှိုက်ကောက်ရတာ ပျော်စရာကြီးပါ
1,385,758 views

ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးကို သန့်ရှင်းအောင် ထားကြရပါမယ်။ Litterati ဆိုတဲ့ အမှိုက်ကို ဖေါ်ထုတ်ပေးရန်၊ ကောက်ယူရန် နဲ့ ဘူမိတံဆိပ် တပ်ပေးနိုင်တဲ့ အက်ပ်ကို အသုံးပြုပြီး TED ကိုယ်စားလှယ် Jeff Kirschner ဟာ ကမ္ဘာကြီးကို သန့်ရှင်းအောင် လုပ်ပေးနေတဲ့ လူအုပ်စုရင်းမြစ် ဖြစ်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းကို တီထွင်ပေးလိုက်ပါတယ်။ နိုင်ငံ ၁၀၀ ကျော်တို့အထဲက အမှိုက်တွေကို ခြေရာခံပြီးတဲ့ နောက်မှာ Kirschner ဟာ နာမည်ကြီး ကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းများနဲ့ လက်တွဲပြီး အမှိုက်တွေ မြေကြီးပေါ် ကျမလာအောင် ရပ်တန့်ပစ်ဖို့ သူစုစည်းထားတဲ့ ဒေတာကို သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Jonathan Rossiter: ညစ်ညမ်းမှုကို စားတဲ့ ရိုဘော့

TEDxWarwick

Jonathan Rossiter: ညစ်ညမ်းမှုကို စားတဲ့ ရိုဘော့
1,337,180 views

ညစ်ညမ်းတဲ့ ရေကို မျိုချပစ်ရင်း ညစ်ညမ်းမှုတွေကို ရှင်းလင်းပေးကာ ကိုယ်တိုင် အလုပ်လုပ်ရန် လိုအပ်တဲ့ လျှပ်စစ်ကို ထုတ်လုပ်ပေးနိုင်တဲ့ "Row-bot" နဲ့ မိတ်ဆက်ပေးပါရစေ။ ရိုဘော့ ပညာရှင် Jonathan Rossiter က ရေညှိတွေ “ပွင့်မှု’ နဲ့ ရေနံယိုဖိတ်မှုတွေကို ချေဖျက်နိုင်ပြီး ညစ်ညမ်းမှုကို အလိုအလျောက် တိုက်ပွဲဝင်နိုင်မယ့် ကျေပျက်လွယ်ဇီဝ ရိုဘော့ရဲ့ ရှေ့ပြေး နမူနာ ဖြစ်လာနိုင်တဲ့ မိုက်ခရိုလောင်စာဆဲလ်ကို သုံးမယ့် အထူးရေကူးစက် အကြောင်းကို ရှင်းပြထားပါတယ်။

Grady Booch: ဆူပါထက်တော်မယ့် AI တွေကို မကြောက်ကြပါနဲ့

TED@IBM

Grady Booch: ဆူပါထက်တော်မယ့် AI တွေကို မကြောက်ကြပါနဲ့
2,866,438 views

နည်းပညာသစ်တွေဟာ စိုးရိမ်စရာ အသစ်တွေ ဖြစ်နိုင်ကြတာ မှန်ပေမဲ့၊ ဘာမဆို လုပ်နိုင်စွမ်း ရှိကြပြီး ခံစားမှုမရှိကြတဲ့ AI တွေကို ကြောက်စရာ မလိုပါဘူးလို့ သိပ္ပံပညာရှင် နဲ့ ဒဿနိက ပညာရှင်ဖြစ်သူ Grady Booch က ဆိုပါတယ်။ Booch ဟာ သိပ္ပံဝတ္ထုများမှ ထွက်ပေါ်လာခဲ့ကြတာ ဖြစ်တဲ့ ဆူပါတော်တဲ့ AI တွေဆိုင်ရာ အဆိုးဝါးဆုံး စိုးရိမ်စတ်မှုတွေကို ဖယ်ရှားပစ်ရန်အတွက် AI ကို ကျွန်ုပ်တို့ တန်ဖိုးထားတာတွေကို မျှဝေခံစားရန် ဘယ်လို သင်ကြားပေးမှာကို ရှင်းပြထားပါတယ်။ အလားအလာ နည်းလှတဲ့ ခြိမ်းခြောက်မှုတွေ အကြောင်းကို စိုးရိမ်ကြမယ့် အစား၊ ကျွန်ုပ်တို့ဟာ လူသားတွေရဲ့ ဘဝကို AI ဘယ်လို မြှင့်တင်ပေးနိုင်ကြတာကို ထည့်စဉ်းစားသင့်တယ်လို့ ၎င်းက ယူဆပါတယ်။

Lara Setrakian: လွဲမှားနေတဲ့  သတင်းလုပ်ငန်းကို ပြုပြင်ဖို့ နည်းလမ်း ၃ ခု

TEDNYC

Lara Setrakian: လွဲမှားနေတဲ့ သတင်းလုပ်ငန်းကို ပြုပြင်ဖို့ နည်းလမ်း ၃ ခု
1,252,226 views

သတင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး တစ်ခုခုကတော့ အင်မတန်ကို လွဲမှားနေပါတယ်။ မီဒီယာအပေါ် ယုံကြည်မှုဆိုတာဟာ ရာဇဝင်တွင်အောင်ကို နိမ့်ကျနေပါတယ်။ ကျွန်မတို့ဟာ လူပြိန်းကြိုက် တမင်တကာ နာမည်ကြီးအောင် ဖန်တီးထားတဲ့ အဖြစ်တွေနဲ့ လွှမ်းမိုးခံနေရပြီး တစ်သတ်မှတ်တည်း အရည်အသွေးမြင့်တဲ့ သတင်းပေးပို့ခြင်းဟာ ရှားပါတယ် လို့ဆိုသူကတော့ သတင်းစာသမားနဲ့ စွန့်ဦးထွင်လုပ်ငန်းရှင် Lara Setrakian ပါ။ သူမကနေပြီး သတင်းတွေကို ပြုပြင်နိုင်ဖို့ နည်းလမ်း ၃ ခုနဲ့ ကျွန်ုပ်တို့ ခေတ်ကာလရဲ့ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်တွေ နားလည်လွယ်အောင် မျှဝေထားပါတယ်။

Rodrigo y Gabriela: လျှပ်စစ်ဓာတ်အားဖြင့် လှုံဆော်ပေးထားတဲ့ အကုစတစ် ဂစ်တာဖျော်ဖြေပွဲတစ်ခု။

TED2015

Rodrigo y Gabriela: လျှပ်စစ်ဓာတ်အားဖြင့် လှုံဆော်ပေးထားတဲ့ အကုစတစ် ဂစ်တာဖျော်ဖြေပွဲတစ်ခု။
2,785,906 views

နှစ်ယောက်တွဲ ဂစ်တာဝိုင်း Rodrigo y Gabriela ဟာ သူတို့ရဲ့ သီချင်းဖြစ်တဲ့ "The Soundmaker."ရဲ့ တိုက်ရိုက်ဖျော်ဖြေမှုမှာ ဖလန်မင်ကို ဂစ်တာနဲ့ အပြင်းစားဂီတနှစ်ခုစလုံးမှာ ထုတ်ယူထားတဲ့ ဟန်တစ်ခုကို ဖန်တီးဖို့ အမြန် သော့ပြီးတီးရတဲ့ တီးကွက်များနဲ့ ပြောင်မြောက်တဲ့ စည်ချက်များကို ပေါင်းစပ်ထားပါတယ်။

Eduardo Briceño: သင်ဂရုစိုက်သောအရာများကို ပိုတော်လာအောင်လုပ်နည်း။

TEDxManhattanBeach

Eduardo Briceño: သင်ဂရုစိုက်သောအရာများကို ပိုတော်လာအောင်လုပ်နည်း။
3,260,700 views

အလုပ်တော့ကြိုးစားလုပ်နေတာပဲ၊ ဒါပေမဲ့ တိုးတက်မလာဘူ:လား။ ပညာပေးသူ Eduardo Briceño ကနေပြီး အလုပ်ဖြစ်ဖြစ်၊ မိဘအုပ်ထိန်းမှုဖြစ်ဖြစ်၊ တီထွင်ဖန်တီးတဲ့ ဝါသနာတွေဖြစ်ဖြစ် သင်လုပ်တဲ့ အရာတွေကို ပိုကောင်းဖို့အကြာင်း တွေးကြည့်ဖို့ ရိုးစင်းတဲ့ နည်းလမ်းတစ်ခုကို ဖော်ပြလိုက်ပါတယ်။ ပြီးတော့ သင်ဆက်လက် လေ့လာနိုင်ပြီး အမြဲတမ်း ရှေ့ကိုဆက်နေတယ်လို့ ခံစားစေနိုင်ဖို့ အသုံးဝင်တဲ့ နည်းစနစ်တစ်ချို့ကို မျှဝေထားပါတယ်။

Deepika Kurup: လူငယ် သိပ္ပံပညာရှင်လေးရဲ့ သန့်ရှင်းသောရေ ရှာပုံတော်

TEDWomen 2016

Deepika Kurup: လူငယ် သိပ္ပံပညာရှင်လေးရဲ့ သန့်ရှင်းသောရေ ရှာပုံတော်
1,176,301 views

ထိဖို့ဆိုတောင် ညစ်ပတ်လွန်းပုံရတဲ့ သောက်ရေရှိရာ အိန္ဒိယက သူမရဲ့ အဖိုးအဖွားတွေရဲ့ အိမ်အပြင်ဘက်က ကလေးတွေကို မြင်တွေ့ပြီးနောက်မှာ Deepika Kurup ဟာ သူမအသက် ၁၄ နှစ်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ရေအကြပ်အတည်းကို ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ သူမရဲ့ သုတောသနပြုချက်ကို မိသားစု မီးဖိုချောင်မှာ စတင်ခဲ့ပြီး နောက်ဆုံးမှာတော့ အဓိက သိပ္ပံဆုတစ်ဆုဆီ ဦးတည်သွားခဲ့ပါတယ်။ တွက်ခြေကိုက်ပြီး ဂေဟဆိုင်ရာ သဟဇာတဖြစ်တဲ့ ရေကို သန့်စင်ဖို့ နည်းလမ်းတစ်ရပ်ကို ဒီဆယ်ကျော်သက် သိပ္ပံပညာရှင်ကလေးက ဘယ်လို တီထွင်တည်ဆောက်တယ်ဆိုတာ နားထောင်ကြပါဦး။

Mandy Len Catron: အချစ်ခြင်းအကြောင်း ပြောဖို့  ပိုကောင်းတဲ့ နည်းလမ်းတစ်ခု။

TEDxSFU

Mandy Len Catron: အချစ်ခြင်းအကြောင်း ပြောဖို့ ပိုကောင်းတဲ့ နည်းလမ်းတစ်ခု။
2,605,858 views

"အချစ်မှာ ကျွန်မတို့ လဲကျကြတယ်။ ကျွန်မတို့ ချေမွခံရတယ်၊ အရူးအမူးဖြစ်ကြတယ်။ ရမက်နဲ့ ကျွမ်းလောင်ကြတယ်။ အချစ်ဟာ ကျွန်မတို့ကို အရူးအမူးဖြစ်စေပြီး ့အော့နှလုံးနာစေတယ်။ နှလုံးသားတွေ နာကျင်စေပြီး နောက်တော့ ကွဲအက်သွားတယ်။ ဒီနည်းလမ်းနဲ့ အချစ်အကြောင်း ပြောဆိုခြင်းဟာ ဒါကို ကျွန်မတို့ တွေ့ကြုံခံစားရပုံကို အခြေခံကျကျ ပုံသွင်းပေးပါတယ်။" လို့ စာရေးဆရာမ Mandy Len Catron က ဆိုပါတယ်။ အချစ်ကို အရးအမူး ဖြစ်ဖူးသူတိုင်းအတွက် ဒီဟောပြောချက်မှာ Catron ကနေပြီး အချစ်မှာ ကျွနု်တို့အတွက် ပိုပျော်ရွင်ကာ ဝေဒနာခံစားရမှု ပိုနည်းစေအောင် ကူညီပေးလောက်တဲ့ အချစ်အတွက် မတူညီတဲ့ ဥပစာတစ်ခုကို မီးမောင်းထိုးပြထားပါတယ်။

George Tulevski: နာနိုနည်းပညာရဲ့ နောက် ခြေလှမ်း

TED@IBM

George Tulevski: နာနိုနည်းပညာရဲ့ နောက် ခြေလှမ်း
1,627,952 views

တစ်နှစ်ပြီး တစ်နှစ် ကွန်ပျူတာထဲက ဆီလီကွန် ချီပ်ဟာ အရွယ်အစားအားဖြင့် တစ်ဝက် ကျုံ့လာနေကာ စွမ်းအားကျတော့ နှစ်ဆပိုကြီးထွားလာနေရာ၊ ကျွန်ုပ်တို့ သုံးကြတဲ့ ကိရိယာများကို လိုရာယူသွားနိုင်သလို သုံးရတာ ပိုလွယ်နေပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ချီပ်တွေကို ဒီထက် ပိုပြီး သေးအောင် လုပ်မရတော့ရင် ဘယ်လို ဖြစ်လာမလဲ။ George Tulevski ဟာ မြင်မရ၊ တို့မရနိုင်တဲ့ နာနိုပစ္စည်းတွေကို လေ့လာသူပါ။ သူလက်ရှိ အားထုတ်နေတဲ့ အလုပ်က ဘီလီယံချီ ရှိကြတဲ့ ကာဗွန် နာနိုပြွန်တွေကို လျှပ်စီးပတ်လမ်းတွေကို ဆောက်လုပ်ရန် လိုအပ်တဲ့ ပုံစံမျိုးဖြင့် မိမိဘာသာမိမိ စုစည်းဖွဲ့စည်းလာစေရန် ဖြစ်ရာ၊ သဘာဝ ဇီဝအကောင်များက ခက်ခဲ ရှုပ်ထွေးလှကာ ကျော့ရှင်းကြတဲ့ အရာများကို ဆောက်လုပ်ကြတာနဲ့ ဆင်တူပါတယ်။ ၎င်းတို့ဟာ ကွန်ပျူတာရဲ့ လာမယ့် မျိုးဆက်အတွက် အားကိုးစရာများ ဖြစ်လာကြမလား။

Charity Wayua: အစိုးရကို ပြင်ပေးရန် နည်းလမ်း

TED@IBM

Charity Wayua: အစိုးရကို ပြင်ပေးရန် နည်းလမ်း
1,110,420 views

Charity Wayua ဟာ သူမရဲ့ ကင်ဆာရောဂါ သုတေသီ ကျွမ်းကျင်မှုများကို ရောဂါသည်နဲ့ လုံးဝမတူချင်တဲ့ သူမရဲ့ ဇာတိနိုင်ငံ ကင်ညာ အစိုးရကို ကုသရန် သုံးနေပါတယ်။ စီးပွားရေး တိုးတက်ရေးနဲ့ ကြီးထွားရေးအတွက် သိပ်ကို အရေးကြီးတဲ့ လုပ်ငန်းသစ်များ ဖွင့်လှစ်ရေး လုပ်ငန်းစဉ်ကို အကြီးအကျယ် ပြောင်းလဲပစ်ရန် သူမဟာ သူမရဲ့ အစိုးရကို ကူပေးခဲ့ရာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဝင်လာကြပြီး ကမ္ဘာ့ဘဏ်ကနေပြီး ထိပ်သီး ပြုပြင်ပြောင်းလဲနိုင်တဲ့ နိုင်ငံဆိုပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။

Adam Grant: သင်ဟာ ပေးသူလား၊ ဒါမှမဟုတ် ယူသူလား။

TED@IBM

Adam Grant: သင်ဟာ ပေးသူလား၊ ဒါမှမဟုတ် ယူသူလား။
7,250,021 views

အလုပ်ခွင်တိုင်းမှာ အခြေခံကျတဲ့ လူသုံးမျိုးသုံးစားရှိပါတယ်။ ပေးသူတွေ၊ ယူသူတွေနဲ့ ယှဉ်တွဲသူတွေပါ။ အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာရှင် Adam Grant ကနေပြီး ဒီအလုပ်ခွင်ဆိုင်ရာ ပင်ကိုယ်စရိုက်တွေကို ခွဲတမ်းချလိုက်ပြီး သူတို့ မျှဝေတာကနေ ပိုပြီးယူဆောင်ပေးလျက် ရက်ရောပြီး မိမိဘာသာ ဆက်လက် တာဝန်ထမ်းရွက်တဲ့ ဝန်ထမ်းများရဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖို့ ရိုးစင်းတဲ့ နည်းဗျူဟာတွေကို ကမ်းလှမ်းထားပါတယ်။

Chinaka Hodge: သင့်သမီးတွေကို ၂၀၁၆ ခုနှစ်အကြောင်း ဘာတွေကို ပြောပြမလဲ။

TEDWomen 2016

Chinaka Hodge: သင့်သမီးတွေကို ၂၀၁၆ ခုနှစ်အကြောင်း ဘာတွေကို ပြောပြမလဲ။
1,264,818 views

မှန်ကွဲစတွေလို စကားလုံးတွေနဲ့ Chinaka Hodge ကနေပြီး ၂၀၁၆ ကို ဖြတ်လှီးဖွင့်လိုက်ကာ အကြမ်းဖက်မှု၊ ပူဆွေးမှု၊ ကြောက်ရွံ့မှု၊ အရှက်နဲ့ မျှော်လင့်ချက်တို့ရဲ့ ၁၂ လတာကို ကျွန်တော်တို့ ဘယ်သူမှ မမေ့တော့မယ့် နှစ်တစ်နှစ်အကြောင်း ဒီပင်ကိုယ်ရေးကဗျာထဲမှာ ရှင်းလင်းအောင်ပြောထားပါတယ်။

Laura Vanderkam: ကိုယ့်အားလပ်ချိန်ကို ထိန်းချုပ်နိုင်ပုံ

TEDWomen 2016

Laura Vanderkam: ကိုယ့်အားလပ်ချိန်ကို ထိန်းချုပ်နိုင်ပုံ
9,660,409 views

တစ်ပတ်မှာ ၁၆၈ နာရီ ရှိပါတယ်။ အရေးကြီးဆုံး အရာများအတွက် ကျွန်ုပ်တို့ဟာ အချိန်ကို ဘယ်လိုလုပ် ရှာကြတာလဲ။ အချိန်ကို စီမံခန့်ခွဲမှု ပါရဂူဖြစ်တဲ့ Laura Vanderkam ဟာ အလုပ်များတဲ့ လူတွေက သူတို့ ဘဝအချိန်ကို ဖြုန်းးကြပုံကို လေ့လာသူဖြစ်ပြီး လူတွေအများစုဟာ အပတ်စဉ်တိုင်းမှာ ကိုယ်လုပ်နိုင်ခဲ့တာကို တိုးပြီး ခန့်မှန်းကြကာ ကျွန်ုပ်တို့အတွက် ရှိတဲ့ အချိန်ကိုကျတော့ လျှော့တွက်နေကြတာကို သတိထားမိပါတယ်။ ကျန်ုပ်တို့ အတွက် အရေးကြီးတာတွေ အတွက် အချိန်ကို တိုးပြီးရှာယူလျက် ကျွန်ုပ်တို့ဆီမှာ ရှိတဲ့ အချိန်လေးဖြင့် ကိုယ်လိုချင်တဲ့ ဘဝမျိုးကို တည်ဆောက်နိုင်ရန် ကူပေးကြမဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာ အချို့ကို သူမက တင်ပြပေးထားပါတယ်။

Kevin Kelly: AI က ဒုတိယ စက်မှု တော်လှန်ရေးကို ယူဆောင်လာနိုင်ပုံ

TEDSummit

Kevin Kelly: AI က ဒုတိယ စက်မှု တော်လှန်ရေးကို ယူဆောင်လာနိုင်ပုံ
1,739,624 views

"ကျလာတဲ့ မိုးရေတစ်စက်ဟာ ချိုင့်ဝှမ်းထဲသို့ ဘယ်လို လမ်းကြောင်း အတိုင်း ဆင်းသွားမယ့် လမ်းကြောင်းကို ခန့်မှန်း မရနိုင်ပေမဲ့၊ ယေဘုယျ ဦးတည်ချက် လမ်းကြောင်းကတော့ ဧကန်သေချာပါတယ်"လို့ ဒီဂျီတယ် အမြင်ပညာရှင် Kevin Kelly က ဆိုထားပြီး နည်းပညာ ဆိုတာကိုလည်း အံ့ဖွယ် ပုံသဏ္ဍာန်များက မောင်းနှင်နေကြတာ ဖြစ်ပေမဲ့ ဧကန် သေချာကြပါတယ်။ လာမယ့် နှစ်ပေါင်း ၂၀ အတွင်းမှာ၊ ပစ္စည်းတွေကို ပိုပို ကောင်းအောင် လုပ်ချင်တဲ့ ကျွန်ုပ်တို့ရဲ့ လိုအင်ဆန္ဒဟာ အရာတိုင်းနီးနီးကို အထူးပဲ အကျိုးသက်ရောက် လာလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။ Kelly ဟာ AI ကို ထိန်းချုပ်လျက် ၎င်းရဲ့ ဖွံ့ဖြိုးမှုကို ထိန်းကျောင်းပေးနိုင်ရန် အတွက် ၎င်းရဲ့ အလားအလာ သုံးခုကို နားလည်ရန် လိုတယ်လို့ လေ့လာ တင်ပြထားပါတယ်။"အခုအချိန်ကနေ နှစ်ပေါင်း ၂၀ ဝေးချိန်မှာ လူတိုင်း သုံးကြမယ့် AI ထုတ်ကုန်ကို လောလောဆယ်မှာ မတီထွင်ရသေးဘူး၊ "ဒီတော့ ကျွန်ုပ်တို့ အားလုံးဟာ တီထွင်ဖို့ အချိန် ရှိသေးတယ် သဘောပါပဲ"လို့ Kelly က ဆိုပါတယ်။

Kate Adams: လူမှုဘဝသရုပ်ဖော် ဇာတ်လမ်းတွဲများမှရတဲ့ ဘဝထက်ကြီးမားသော သင်ခန်းစာ ၄ ခု။

TED@UPS

Kate Adams: လူမှုဘဝသရုပ်ဖော် ဇာတ်လမ်းတွဲများမှရတဲ့ ဘဝထက်ကြီးမားသော သင်ခန်းစာ ၄ ခု။
1,653,027 views

လူမှုဘဝသရုပ်ဖော် ဇာတ်လမ်းတွဲများနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတိုတွေဟာ အရမ်း ဝတ္ထုဆန်းလွန်းတာဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ Kate Adams က ကျွန်ုပ်တို့ကို ပြလိုက်တာက ၎င်းတို့ရဲ့ချဲ့ကားလွန်းတဲ့ ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေဟာ မကြာခဏတော့ လက်တွေ့ဘဝရဲ့ ပြဿနာတွေကို ဖော်ထုတ်ပေးပါတယ်။ ဒီရွှင်မြူးပြီးပျော်စရာကောင်းတဲ့ ဟောပြောချက်မှာ "As the World Turns"အတွက် လက်ထောက် သရုပ်ဆောင်ရွေးတဲ့ ဒါရိုက်တာဟောင်းဖြစ်သူ Adams ကနေပြီး သဘာဝထက်ပိုလွန်အောင်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကနေ ကျွန်ုပ်တို့သင်ယူနိုင်တဲ့ ဘဝနဲ့ စီးပွားရေးလုပ်ငန်းအတွက် သင်ခန်းစာ လေးခုကို မျှဝေထားပါတယ်။

Steven Johnson: ဂီတက ခေတ်သစ် ကွန်ပြူတာတွေ ဖန်တီးနိုင်အောင် လုပ်ပေးခဲ့ပုံ

TED Studio

Steven Johnson: ဂီတက ခေတ်သစ် ကွန်ပြူတာတွေ ဖန်တီးနိုင်အောင် လုပ်ပေးခဲ့ပုံ
1,351,401 views

လိုအပ်ခြင်းက တီထွင်မှုရဲ့ မိခင်တဲ့၊ ဟုတ်လား။ ကောင်းပြီ၊ အမြဲတမ်းတော့ မဟုတ်ပါဘူး။ Steven Johnson ကနေပြီး ကွန်ပြူတာလိုမျိုး ပြောင်းလဲနိုင်စွမ်း အရှိဆုံးဖြစ်တဲ့ စိတ်ကူးတွေနဲ့ နည်းပညာတွေဟာ လိုအပ်ချက်ကြောင့် ပေါ်ထွက်လာတာမဟုတ်ပဲ ထူးဆန်းတဲ့ ကစားခြင်းမှာ နှစ်ခြိုက်ရာကနေ ဖြစ်ပေါ်လာတာကို ပြသထားပါတယ်။ တီထွင်မှု သမိုင်းရဲ့ ဖမ်းစားနိုင်တဲ့ သရုပ်ဖော် စူးစမ်းလေ့လာမှုကို မျှဝေခံစားလိုက်ပါ။ ဖြစ်သွားတာက သင်ဟာလူတွေ အပျော်ရွှင်ဆုံးခံစားနေတဲ့နေရာမှာ အနာဂတ်ကို တွေ့ပါလိမ့်မယ်။

Jen Brea: သင့်မှာရှိတဲ့ရောဂါကို ဆရာဝန်တွေ ဖေါ်ထုတ်မပေးနိုင်တဲ့အခါ ဘာဖြစ်တတ်လဲ။

TEDSummit

Jen Brea: သင့်မှာရှိတဲ့ရောဂါကို ဆရာဝန်တွေ ဖေါ်ထုတ်မပေးနိုင်တဲ့အခါ ဘာဖြစ်တတ်လဲ။
2,042,782 views

လွန်ခဲ့တဲ့ ငါးနှစ်က TED ဝိုင်းတော်သား Jen Brea ဟာ နာတာရှည် ပင်ပန်းမှု ရောဂါလက္ခဏာစုလို့ သိကြတဲ့ ဦးနှောက် ရောင်ရမ်းခြင်းဆိုင်ရာ ကြွက်သားနာကျင်မှုနဲ့ အဆင့်ဆင့် နာမကျန်းဖြစ်လာခဲ့ပါတယ်။ သာမန် လုပ်ဆောင်မှုတွေကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေတဲ့ အားအင်ကုန်ခမ်းစေတဲ့ နာမကျန်းမှုဖြစ်ပြီး ဆိုးဝါးတဲ့ နေ့တွေမှာ အိပ်ရာခင်းတွေရဲ့ ရှပ်တိုက်တာကိုတောင် မခံမရပ်ဖြစ်အောင်လုပ်တာပါ။။ ဒီ ဂရုဏာ သက်လောက်အောင် ထိမိတဲ့ ဟောပြာချက်မှာ Brea ကနေပြီး သူမရဲ့ အခြေအနေအတွက် ကုသမှုကိုရှာရင်း သူမကြုံတွေ့ရတဲ့ အခက်အခဲအတားအဆီးတွေကို တင်ပြထားပါတယ်။ ၎င်းရဲ့ ရင်းမြစ် အကြောင်းရင်းတွေနဲ့ ကျွန်ုပ်တို့ အပြည့်အဝ နားလည်နိုင်စွမ်းမရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေနဲ့ ဆေးဝါးကုသဖို့ ရုန်းကန်ရတဲ့ လူနာတွေရဲ့ ဘဝတွေကို ရုပ်ရှင်ကနေ မှတ်တမ်းတင်ဖို့ သူမရဲ့ အထူးတာဝန်ပါဝင်ပါတယ်။

Fawn Qiu: ကလေးတွေအတွက် လွယ်ကူတဲ့ DIY ပရိုဂျက်များ

TED Residency

Fawn Qiu: ကလေးတွေအတွက် လွယ်ကူတဲ့ DIY ပရိုဂျက်များ
1,215,408 views

TED ကို လာနေကျဖြစ်တဲ့ Fawn Qiu ဟာ ကလေးတွေကို စက်မှုနည်းပညာတွေကို မိတ်ဆက်ပေးရန် စက္ကူ နဲ့ ပိတ်စတွေလို အားလုံးသိကြတဲ့ ပစ္စည်းတွေကို သုံးပြီး ပျော်ရွှင်စရာ စရိတ်ကျဉ်း ပရိုဂျက်တွေကို ပြုစုတတ်ပါတယ်။ တိုပေမဲ့ သိကောင်းစရာ အများကြီးပါတဲ့ ဒီဟောပြောချက်မှာ သူမဟာ သူမရဲ့ သမရိုးကျ မဟုတ်တဲ့ အလုပ်ရုံတွေက နည်းပညာအား ခံယူနားလည်မှုကို ပြောင်းလဲပစ်လိုက်ကာ ကျောင်းသားတွေကို အဲဒါတွေကို ဖန်တီးမှုထဲ ပါဝင်လာအောင် လှုံ့ဆော်ပေးနိုင်ပုံကို မျှဝေထားပါတယ်။