TED Talks with Burmese transcript

Christopher Soghoian: သင့် စမတ်ဖုန်းဟာ အများပြည်သူ ရပိုင်ခွင့် ကိစ္စရပ်တစ်ခုပါ။

TEDSummit

Christopher Soghoian: သင့် စမတ်ဖုန်းဟာ အများပြည်သူ ရပိုင်ခွင့် ကိစ္စရပ်တစ်ခုပါ။
1,581,538 views

သင်အသုံးပြုတဲ့ စမတ်ဖုန်းဟာ ကိုယ်ရေးကိုယ်တာ အကြိုက်တစ်ခုထက် ပိုပြီး ထင်ဟပ်စေပါတယ်။ သင့်ကို နီးနီးကပ်ကပ် ခြေရာခံလိုက်နိုင်ရေး အတွက် သုံးရန် ဆုံးဖြတ်နိုင်ပါတယ်။ တစ်ကိုယ်ရေ သီးသန့်ဖြစ်မှု ကျွမ်းကျင်ပညာရှင် TED ဝိုင်းတော်သား Christopher Soghoian ကနေပြီး Apple နဲ့ Android ကိရိယာတွေမှာ သုံးထားတဲ့ စကားဝှက်ရေးသွင်းမှု အကြားက သိသာလှတဲ့ ခြားနားချက်ကို အသေးစိတ်တင်ပြထားပြီး တိုးပွားလာနေတဲ့ ဒစ်ဂျစ်တယ် လုံခြုံမှုဆိုင်ရာ ခွဲခြားမှုကို သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။ သူပြောတာက "အစိုးရဲ့ စူးစိုက်ကြည့်ခြင်းကနေ ကာကွယ်နိုင်သူတွေဟာ ချမ်းသာပြီး အာဏာရှိသူတွေပဲဆိုရင် ဒါဟာ ပြဿနာတစ်ရပ်ပါ။ ဒါဟာ ဆိုက်ဘာလုံခြုံရေး ပြဿနာတစ်ခုသက်သက် မဟုတ်ပါဘူး၊ ဒါဟာ အများပြည်သူ ရပိုင်ခွင့် ကိစ္စရပ်တစ်ခုပါ"တဲ့။

Silk Road Ensemble  ​+ Rhiannon Giddens: စိန့် ဂျိမ်းစ် လူနာခန်း ကြေကွဲတေးသွား။

TED2016

Silk Road Ensemble ​+ Rhiannon Giddens: စိန့် ဂျိမ်းစ် လူနာခန်း ကြေကွဲတေးသွား။
947,415 views

အဆိုတော် Rhiannon Giddens ဟာ ၁၉၂၀ ခုနှစ်တွေက Louis Armstrong နာမည်ကြီးခဲ့တဲ့ ရိုမာနီ ဘာသာစကား လွှမ်းမိုးပြီး ကျီစယ်ထားတဲ့ စွမ်းအားနဲ့ အမေရိကန် ကျေးလက်သီချင်းကို ဆွထားတဲ့ စိန့် ဂျိမ်းစ် လူနာခန်း တေးသွား( "St. James Infirmary Blues") ကို ဖျော်ဖြေဖို့ နိုင်ငံတကာ ဂီတ စုပေါင်းအဖွဲ့ Silk Road Ensemble နဲ့ ပူးပေါင်းထားပါတယ်။

Wanis Kabbaj: ယာဉ်မောင်းမဲ့ ကမ္ဘာဆိုတာ ဘယ်လိုများနေမလဲ

TED@UPS

Wanis Kabbaj: ယာဉ်မောင်းမဲ့ ကမ္ဘာဆိုတာ ဘယ်လိုများနေမလဲ
3,972,315 views

ယာဉ်တွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းနေသလိုပဲ လမ်းတွေပေါ်မှာ စီးဆင်းနေကြမယ် ဆိုရင် ဘယ်လိုနေမလဲ။ ပို့ဆောင်ရေး ပါရဂူ Wanis Kabbaj က အနာဂတ် ပို့ဆောင်ရေး စနစ်ကို ပုံစံထုတ်ရေးအတွက် ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဇီဝဗေဒရဲ့ တီထွင်မှုများထဲမှ စိတ်ကူးတွေကို ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ အနာဂတ်ဆီ မျှော်မှန်းထားတဲ့ ဒီဟောပြောချက်ထဲတွင် မေါ်ဂျူးလာ၊ ဖြုတ်ရနိုင်တဲ့ ဘတ်စ်ကား၊ ပျံသန်းနိုင်တဲ့ တက္ကစီများ သံလိုက် မှတ်တိုင်များရဲ့ ကွက်ရက်များ စတဲ့ အယူအဆအသစ်တွေကို တင်ပြလျက် ပြောင်းလဲနေမယ့် ယာဉ်မောင်းမဲ့ အရှိတရားဆိုတဲ့ အိပ်မက်ကို လက်တွေ့ ဖန်တီးနိုင်ပုံကို ရှင်းပြထားပါတယ်။

Jim Hemerling: ထာဝရ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ရှေ့ဆောင်ရန် နည်းလမ်း ၅ ခု

TED@BCG Paris

Jim Hemerling: ထာဝရ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ရှေ့ဆောင်ရန် နည်းလမ်း ၅ ခု
2,570,647 views

ပြောင်းလဲမှုဟာ ခဲယဉ်းရမယ်လို့ ဘယ်သူက ပြောလဲ။ ထာဝရ ပြောင်းလဲနေတဲ့ ဒီနေ့တွင် ကိုယ့် လုပ်ငန်းနဲ့ လိုက်ဖက်ညီအောင် ပြုလုပ်ရခြင်းဟာ စိတ်မောစရာ မဟုတ်တဲ့အပြင် စိတ်တက်ကြွစရာတောင် ဖြစ်နိုင်တယ်လို့ အဖွဲ့အစည်းများအား ပြောင်းလဲရေးဆိုင်ရာ ပညာရှင် Jim Hemerling ယူဆပါတယ်။ သူဟာ ကုမ္ပဏီထဲမှာ ပြန်လည်ဖွဲ့စည်းရာတွင် လူတွေကို ဗဟိုချက်ပြုကာ လူတွေကို လုပ်ပိုင်ခွင့်များ အပ်နံရေး နဲ့ တက်ကြွရေး တာဝန်အဖြစ် ပြောင်းလဲပစ်နိုင်တဲ့ အရေးကြီးဆုံး လုပ်ဆောင်စရာ ငါးချက်ကို သူဟာ အလေးပေး တင်ပြထားပါတယ်။

Pico Iyer: ဘယ်တော့မှာမှ သိနိုင်မှာ မဟုတ်တဲ့ အလှတရား။

TEDSummit

Pico Iyer: ဘယ်တော့မှာမှ သိနိုင်မှာ မဟုတ်တဲ့ အလှတရား။
1,827,446 views

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က Pico Iyer ဟာ ဂျပန်ကို ခရီးတစ်ခုထွက်ခဲ့ပြီး ဒီတိုင်းပြည်ကို နှစ်သက်သွားမိပြီး အဲဒီကို ပြောင်းရွေ့ခဲ့ပါတယ်။ လူသား စိတ်ဓာတ်ကို စိတ်ဝင်တစားရှိလှတဲ့ လေ့လာသူ Iyer ကနေပြီး ဖွင့်ဟထုတ်ဖော်တာက အခုအခါမှာ သူဟာ ဂျပန်ပြည်အကြောင်း သို့မဟုတ် တကယ်တော့ ဘာအကြောင်းကိုမဆို အများကြီး မသိပါလား ဆိုတာပါ။ ဒီ အသိဉာဏ်ပညာ ခံစားချက်ပါတဲ့ တွေးခေါ်သုံးသပ်ချက်မှာ Iyer ဟာ အသက်အရွယ်နဲ့အတူ ရရှိလာတဲ့ ပိုသိလေလေ၊ "ကိုယ်သိတာ ဘယ်လောက် နည်းလှပါကလား ဆိုတာ ပိုသိမြင်လာလေလေ" ဆိုတဲ့ အသိသုတနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတွင်းသဘောကို ထပ်ရှင်းထားပါတယ်၊

John McWhorter: ဘာသာစကား အသစ်ကို သင်ယူဖို့  အကြောင်းရင်း ၄ ခု

TED2016

John McWhorter: ဘာသာစကား အသစ်ကို သင်ယူဖို့ အကြောင်းရင်း ၄ ခု
4,156,451 views

အင်္ဂလိပ်စာဟာ ကမ္ဘာ့ လူတိုင်းသုံးတဲ့ ဘာသာစကားရဲ့ နေရာကို အလျင်အမြန်ယူလာနေပြီး ချက်ချင်း ဘာသာပြန်ရေး နည်းပညာကလည်း နှစ်စဉ်လိုလို တိုးတက်လာနေပါတယ်။ ဒီတော့ ဘာကြာင့် နိုင်ငံခြားဘာသာစကားကို ဒုက္ခခံပြီး လေ့လာနေကြတာလဲ။ ဘာသာစကားပညာရှင်နဲ့ Columbia ပါမောက္ခ McWhorter ကနေပြီး ကိုယ်မသိသေးတဲ့ ဘာသာစကားကို သင်ယူခြင်းရဲ့ မက်မောစရာကောင်းတဲ့ အကျိုးကျေးဇူး လေးခုကို မျှဝေထားပါတယ်။

Isaac Lidsky: သင့်ကိုယ်သင်အတွက် ဘယ်လို အရှိတရားတွေဖန်တီးနေလဲ။

TEDSummit

Isaac Lidsky: သင့်ကိုယ်သင်အတွက် ဘယ်လို အရှိတရားတွေဖန်တီးနေလဲ။
3,193,473 views

အရှိတရားဆိုတာ သင်သိမြင်တဲ့အရာမဟုတ်ဘူး။ သင့်စိတ်ထဲမှာ သင်ဖန်တီးတဲ့အရာတစ်ခုလေ။ ဘဝရဲ့ မမျှော်လင့်ထားတဲ့အခြေအနေရပ်တွေက တန်ဖိုးကြီး ထိုးထွင်းအသိဉာဏ်တွေပေးတဲ့အခါ Isaac Lidsky က ဒီ လေးနက်တဲ့သင်ခန်းစာကို ကိုယ်တိုင်ရရှိခဲ့ပါတယ်။ ဒီ ကိုယ့်ကိုယ် ပြန်လည်ဆန်းစစ်ထားတဲ့ ပုဂ္ဂိုလ်ရေးဟောပြောချက်မှာ သူက ကျွန်ုပ်တို့ကို အကြောင်းပြချက်တွေ၊ ယူဆချက်တွေနဲ့ အကြောက်တရားတွေကို လက်လွှတ်ဖို့ရယ်၊ ပြီးရင် ကိုယ်ပိုင်အရှိတရားရဲ့ ဖန်ဆင်းရှင်ဖြစ်ဖို့ ကောင်းလွန်းတဲ့ဝတ္တရားတွေကို လက်ခံဖို့ တိုက်တွန်းထားပါတယ်။

Ellen Jorgensen: CRISPR အကြောင်း သင်သိဖို့ လိုသည်များ။

TEDSummit

Ellen Jorgensen: CRISPR အကြောင်း သင်သိဖို့ လိုသည်များ။
2,076,993 views

အမွှေးပွဆင်ကြီးတွေကို ပြန်ခေါ်ကြမလား။ လူ့သန္ဓေသားတွေကို ပြုပြင်မလား။ လူသားတွေကို အန္တရာယ်ပေးတယ်လို့ယူဆတဲ့ မျိုးစိတ်တွေတစ်ခုလုံးကို အပြုတ်ရှင်းပစ်မလား။ မျိုးရိုးဗီဇပြုပြင်တဲ့နည်းပညာ CRISPR က ဒီလို ပုံမှန်ထက်ထူးတဲ့ မေးခွန်းတွေကို အသက်ဝင်စေပါတယ် -- ဒါပေမယ့် ဘယ်လိုလဲ? သိပ္ပံပညာရှင် နဲ့ လူထု ဓာတ်ခွဲခန်း အားပေးသူ Ellen Jorgensen က CRISPR ရဲ့ ကောလဟာလ နဲ့ အမှန်အခြေအနေတွေကို သိပ္ပံပညာရှင်မဟုတ်တဲ့ ကျွန်တော်တို့တွေကို တက်ကြွမှုမလွန်ကဲပဲ ရှင်းပြဖို့ စစ်ဆင်ရေးလာပါပြီ။

Danny Dorling: ကျွန်ုပ်တို့ ဘယ်သူတွေလဲ (ဘယ်မှာ ရှိနေခြင်းကို သာမက) ပြနေကြတဲ့​ မြေပုံများ

TEDxExeter

Danny Dorling: ကျွန်ုပ်တို့ ဘယ်သူတွေလဲ (ဘယ်မှာ ရှိနေခြင်းကို သာမက) ပြနေကြတဲ့​ မြေပုံများ
1,626,871 views

ကျွန်ုပ်တို့ဟာ ဒေတာကို သုံးပြီး မြေပုံကို ဖေါ်ထုတ်ကြမယ်ဆိုရင် ကမ္ဘာကြီးရဲ့ အသွင်ဟာ ဘယ်လိုများ ရှိလာမလဲ။ လူမှုရေး ပထဝီပညာရှင် Danny Dorling က ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးကို တချိန်လုံး ပြောင်းလဲနေလျက် အပြန်အလှန် ဆက်သွယ်နေကာ အံ့ဖွယ်ကောင်းတဲ့ ကမ္ဘာဂြိုဟ်ကြီးကို ပုံစံအသစ်ဖြင့် အချက်အလက်များ စုံလင်စွာ ဖေါ်ပြပေးတဲ့ နည်းသစ်ဖြင့် ကြည့်ရှုကြရန် ဖိတ်ကြားထားပါတယ်။ ခင်ဗျားဟာ မြေပုံဆိုတာကို အရင်တုန်းကလို ဘယ်တော့မှာမှ ပြန်ပြီး သုံးသပ်ကြည့်ရှုမှာ မဟုတ်တော့ပါ။

Camille A. Brown: အာဖရိကန်- အမေရိကန် လူမှု အကရဲ့  မျက်မြင် သမိုင်း။

TED Studio

Camille A. Brown: အာဖရိကန်- အမေရိကန် လူမှု အကရဲ့ မျက်မြင် သမိုင်း။
1,390,738 views

ဘာကြောင့် ကျွန်မတို့ ကကြတာလဲ။ အာဖရိကန်-အမေရိကန် လူမှုအကဟာ ကျွန်ပြုခံရတဲ့ အာဖရိကန်တွေအတွက် ယဉ်ကျေးမှုဆိုင်ရာ အစဉ်အလာတွေကို ဆက်လက် ရှင်သန်စေဖို့နဲ့ စိတ်တွင်း လွတ်လပ်မှု သဘောကို ထိန်းသိမ်းထားဖို့ နည်းလမ်းတစ်ခုအနေနဲ့ စတင်ခဲ့ပါတယ်။ သူတို့ဟာ ပင်ကိုယ်စရိုက်နဲ့ လွတ်လပ်မှုရဲ့ ခံယူချက်ကို ထိန်းသိမ်းပါတယ်။ တိုက်ရိုက်ဖျော်ဖြေမှုတွေနဲ့ ပြည့်ကျပ်နေတဲ့ ဒီအီလက်ထရောနစ် သရုပ်ပြကွက်မှာ ကကွက်ဖန်တီးမှု ပညာရှင်၊ ပညာသင်ကြားပေးသူနဲ့ TED ဝိုင်းတော်သား Camille A. Brown ကနေပြီး လူမှုအဖွဲ့အစည်းတွေဟာ စိတ်ကို ဖြေလျော့ခွင့် ပြုလိုက်ကာ အတူတူ ကခုန်ကြရင် ဘာတွေ ဖြစ်ပေါ်လာနိုင်တာကို စူးစမ်းထားပါတယ်။

Nadia Lopez: ကျောင်းကို ဘာကြောင့်ဖွင့်ရတာလဲ၊ ထောင်ကို ပိတ်ဖို့ပါ။

TED Talks Live

Nadia Lopez: ကျောင်းကို ဘာကြောင့်ဖွင့်ရတာလဲ၊ ထောင်ကို ပိတ်ဖို့ပါ။
1,309,924 views

ကျွန်ုပ်တို့ရဲ့ ကလေးတွေဟာ ကျွန်ုပ်တို့ရဲ့ အနာဂတ်ပါ၊ ဒါကို သူတို့ကိုယ်တိုင် ယုံကြည်ဖို့က အရေးကြီးပါတယ်။ ဒီအကြောင်းကြောင့်ပဲ Nadia Lopez ဟာ New York City တစ်ခုလုံးမှာ ဝန်ဆောင်မှုချို့ငဲ့ပြီး အကြမ်းတမ်းဆုံး ဝန်းကျင်တွေထဲက တစ်ခုဖြစ်တဲ့ Brooklyn မှာရှိတဲ့ Brownsville မှာ ပညာရေးဆိုင်ရာ အိုအေစစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ကလေးတိုင်းရဲ့ ထူးချွန်ထက်မြက်မှုနဲ့ လုပ်နိုင်စွမ်းကို သူမယုံကြည့်တာကြောင့်ပါ။ ဒီတိုတောင်းတဲ့ ဟောပြောချက်မှာ Mott Hall Bridges Academy ( Humans of New York ရဲ့ ကြယ်တစ်ပွင့်) ရဲ့ တည်ထောင်သူ ကျောင်းအုပ်ကြီးကနေ သူမရဲ့ ပညာရှင်တွေဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ကို မျှော်မှန်းရာမှာ ဘယ်လို့ ကူညီပုံကို မျှဝေထားပါတယ်။

David Burkus: သင့် လုပ်ကိုင်ဖက်တွေရဲ့ လခကို သင် သိသင့်တာ ဘာကြောင့်လဲ။

TEDxUniversityofNevada

David Burkus: သင့် လုပ်ကိုင်ဖက်တွေရဲ့ လခကို သင် သိသင့်တာ ဘာကြောင့်လဲ။
2,056,498 views

သင်လခ ဘယ်လောက်ရလဲ။ ဒါကို သင် အလုပ်အတူလုပ်တဲ့ လူတွေနဲ့ နှိုင်းကြည့်ရင် ဘယ်လိုရှိလဲ။ သင် သိသင့်ပါတယ်၊ အခြားသူတွေလည်း သိသင့်တယ်လို့ ပြောသူကတော့ စီမံခန့်ခွဲ့ရေး သုတေသီ David Burkus ပါ။ Burkus ကနေပြီး ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ လစာတွေကို လျှို့ဝှက်ထားခြင်းနဲ့ဆိုင်တဲ့ ထင်မြင်ချက်တွေကို မေးခွန်းထုတ်လိုက်ပြီး ဒါတွေကို မျှဝေအသိပေးခြင်းက ဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ လူ့အဖွဲ့အစည်းကို ဘယ်လို အကျိုးပြုနိုင်အကြာင်း အလွန်စိတ်ဝင်စားဖွယ် ဆွေးနွေးထားပါတယ်။

Julie Lythcott-Haims: အလွန်အကျွံ အုပ်ထိန်းမှုမပါဘဲ အောင်မြင်တဲ့ ကလေးများကို ပျိုးထောင်နည်း -

TED Talks Live

Julie Lythcott-Haims: အလွန်အကျွံ အုပ်ထိန်းမှုမပါဘဲ အောင်မြင်တဲ့ ကလေးများကို ပျိုးထောင်နည်း -
4,800,231 views

ကလေးတွေကို မြင့်မလားတဲ့ ပန်းတိုင်များဆီ ခေါ်ဆောင်သွားရင်း အလှည့်အကွေ့တိုင်းမှာ သူတို့အား အသေးအမွှားမှအစ စီမံညွှန်ကြားနေခြင်ဖြင့် မိဘများဟာ လက်တွေ့တွင် ကူညီပေးနေကြတာ မဟုတ်ဘူးလို့ Lythcott-Haim ယူဆပါတယ်။ Dean of Freshmen at Stanford မှာ မဟာဌာနမှူးဖြစ်ခဲ့ဘူးတဲ့ သူမဟာ ကလေးတွေရဲ့ အောင်မြင်မှုကို သူတို့ရဲ့ အမှတ်တွေနဲ့ အဆင့်တွေဖြင့် ဆုံးဖြတ်မှုကို အဆုံးသတ်ပစ်ကြပါရန် မိဘတွေကို တိုက်တွန်းပါတယ်။ အဲဒါ့အစား ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ ချွင်းချက်မရှိ ချစ်ချင်းမေတ္တာကို ပြသပေးကြပါလို့ သူက ဆိုထားပါတယ်။

Salman Khan: အမှတ်ယူရယူရန် မဟုတ်ဘဲ တတ်ကျွမ်းအောင် ပို့ချပေးကြပါစို့

TED Talks Live

Salman Khan: အမှတ်ယူရယူရန် မဟုတ်ဘဲ တတ်ကျွမ်းအောင် ပို့ချပေးကြပါစို့
3,654,589 views

ဆောက်မပြီးသေးတဲ့ အုတ်မြစ်ပေါ်မှာ သင်ဟာ အိမ်ကို ဆောက်ဖို့ ဆုံးဖြတ်မလား။ ဒီလိုဆိုရင် အခြေခံတွေကို မကျွမ်းကြသေးတဲ့ ကျောင်းသားတွေကို ဘာဖြစ်လို့ ပညာရေးစနစ် တလျှောက် တွန်းတင်ပေးနေကြတာလဲ။ ခက်ခဲပေမဲ့၊ ပညာရေးပညာရှင် Sal Khan က လုံးပမ်းနေကြရတဲ့ ကျောင်းသားတွေကို အခြေခံအချက်တွေကို သူ့အရှိန်နဲ့သူ နားလည်လာစေဖို့ ကူပေးခြင်းဖြင့် တော်လာအောင် လုပ်ပေးရန် သူ့အကြံအစည်ကို တင်ပြထားပါတယ်။

Julia Bacha: အကြမ်းမဖက်ပဲ အမျိုးသမီးတွေ ပဋိပက္ခကို တိုက်ပွဲဆင်ကြပုံ။

TEDSummit

Julia Bacha: အကြမ်းမဖက်ပဲ အမျိုးသမီးတွေ ပဋိပက္ခကို တိုက်ပွဲဆင်ကြပုံ။
883,401 views

သင်ဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ရည်စူးနေလား။ ဒီမှာက သင်သိသင့်တဲ့ ကိန်းဂဏန်းအချက်အလက်ပါ။ အကြမ်းမဖက်တဲ့ လှုံ့ဆော်ပွဲတွေဟာ အကြမ်းဖက်တာတွေထက် အဆ ၁၀၀ ပိုအောင်မြင်နိုင်ဖွယ်ရှိပါတယ်။ ဒီတော့ ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အကြမ်းမဖက်ရေးနည်းကို ပိုများတဲ့အဖွဲ့တွေ ဘာလို့မသုံးကြတာလဲ။ ရုပ်ရှင်ထုတ်လုပ်သူ Julia Bacha ကနေပြီး အမျိုးသမီးတွေ ပါဝင်တဲ့ အရေးပါတဲ့ ခေါင်းဆောင်မှု အကြောင်း မျက်စိဖွင့်ပေးတဲ့ သုတေသန အပါအဝင် ထိရောက်တဲ့ အကြမ်းမဖက်တဲ့ ခုခံနည်းကို မျှဝေထားပါတယ်။

James Veitch: စာရင်းမှဖျက်ဖို့ ကြိုးစားနေရမှုရဲ့ သောကဝေဒနာ။

TEDSummit

James Veitch: စာရင်းမှဖျက်ဖို့ ကြိုးစားနေရမှုရဲ့ သောကဝေဒနာ။
21,478,160 views

ကျွန်တော်တို့ အားလုံး ကြုံဖူးကြပါတယ်။ မလိုချင်တော့တဲ့ ကြော်ငြာ အီးမေးလ်တစ်ခုကို စာရင်းမှဖျက်ပြီး နောက်ရက်အနည်းငယ်အကြာမှာ ဒီကုမ္ပဏီထံမှပဲ နောက်ထပ် သတင်းတိုတစ်စောင် သင့်ရဲ့ အဝင်စာပုံးထဲ ခုန်ဝင်လာတာလေ။ ဟာသမင်းသား James Veitch ကနေပြီး အနီးအနားက စူပါမားကက်တစ်ခုက အဖြေအတွက် ဘူးခံလိုက်တဲ့အခါ ဒီစိတ်ပျက်စရာကို စိတ်ပျော်စရာအဖြစ် ပြောင်းလိုက်ပါတယ်။ မြူတူးပျော်ပါးခြင်းက အကျိုးဆက်ဖြစ်ပေါ်ခဲ့ပါတယ်။

Rainn Wilson: ချိန်းဆိုထိုက်တဲ့ စိတ်ကူးများ။

TED Studio

Rainn Wilson: ချိန်းဆိုထိုက်တဲ့ စိတ်ကူးများ။
938,687 views

တစ်ကိုယ်တည်းဖြစ်ခြင်းဟာ ဆုံးရှုံးမှုတွေရှိပါတယ်။ စစ်မှန်တဲ့ ဆက်သွယ်မှု ဖန်တီးဖို့ အချိန်ရောက်ပြီလို့ ခံစားနေရလား။ Third-wheel နဲ့ အတူ Rainn Wilson ( "The Office" ရဲ့ သရုပ်ဆောင်) ဟာ TED.com က အကောင်းဆုံး စိတ်ကူးတစ်ချို့နဲ့ ချိန်းတွေ့စဉ်မှာ တစ်လျှောက်လုံးမှာ သင့်ရဲ့ အကောင်းဆုံး စိတ်ကူး အဖော်ကို ရှာဖွေတွေ့ရှိပါဦး။

Kio Stark: ဘာကြောင့် သူစိမ်းတွေကို စကားပြောသင့်တာလဲ။

TED2016

Kio Stark: ဘာကြောင့် သူစိမ်းတွေကို စကားပြောသင့်တာလဲ။
3,055,719 views

"သူစိမ်းတွေကို သင် စကားပြောတဲ့အခါ သင့်ရဲ့ မျှော်လင့်ထားတဲ့ နေ့စဉ်ဘဝရဲ့ ဇာတ်လမ်းထဲကို၊ ပြီးတော့ သူတို့ရဲ့ ဇာတ်လမ်းတွေထဲကိုပါ၊ လှပတဲ့ အနှောင့်အယှက်လေးတွေကို ဖန်တီးနေတာပါ" လို့ Kio Stark ကဆိုပါတယ်။ ဒီကြည်နူးဖွယ်ကောင်းတဲ့ ဟောပြောချက်မှာ Kio Stark ကနေပြီး သူစိမ်းတွေလို့ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အလိုလိုဖြစ်တဲ့ သက်တောင့်သက်သာမဖြစ်မှုကို တွန်းဖယ်ကာ စစ်မှန်တဲ့ ဆက်သွယ်မှုရဲ့ လျှပ်တစ်ပြက်ဆိုပေမဲ့ ထူးထူးခြားခြား လှပတဲ့ တဒင်္ဂလေးတွေကို ပွေ့ဖက်ခြင်းရဲ့ သတိမူထားမိတဲ့ အကျိုးကျေးဇူးတွေကို စူစမ်းထားပါတယ်။

Vanessa Ruiz: ညှို့ယူဖမ်းစားနိုင်တဲ့ လူသား ခန္ဓာဗေဒ အနုပညာ။

TEDMED 2015

Vanessa Ruiz: ညှို့ယူဖမ်းစားနိုင်တဲ့ လူသား ခန္ဓာဗေဒ အနုပညာ။
1,502,553 views

Vanessa Ruiz ဟာ ရာစုနှစ်တွေကျော်ပြီဖြစ်တဲ့ လူသား ခန္ဓာဗေဒ အနုပညာရဲ့ သရုပ်ဖော် ခရီးရှည်တစ်ခုဆီ ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားပါတယ်။ စက္ခုပိုင်းဆိုင်ရာ သိပ္ပံပညာကို အသက်ဝင်လာစေတဲ့၊ ဒါကနေ ခေတ်ပြိုင် အနုပညာရှင်တွေကို စေ့ဆော်မှုပေးတဲ့ ညှို့ယူဖမ်းစားနိုင်တဲ့ ပုံရိပ်တွေနဲ့ မျှဝေခြင်းနဲ့ပါ။ "ကျွန်မတို့ရဲ့ အတွင်းအကျဆုံး အတ္တတွေကို အနုပညာ ခန္ဓာတွေနဲ့ ဆက်သွယ်ပေးရင်းကနေ ခန္ဓာဗေဇဒဆိုင်ရာ အနုပညာဟာ ဆေးဘက်ဆိုင်ရာ ပြဌာန်းစာအုပ်တွေရဲ့ စာမျက်နှာတွေရဲ့ ဟိုမှာဘက်ကမ်းထိ ဝေးဝေးကိုရောက်နိုင်စွမ်းရှိပါတယ်" လို့ သူမကဆိုပါတယ်။

Sarah Parcak: ပီရူးရဲ့ ပျောက်ဆုံးသွားကြပြီဖြစ်တဲ့ ယဉ်ကျေးမှုများကို ဂြိုဟ်တုဖြင့် ရှာဖွေနေခြင်း

TEDSummit

Sarah Parcak: ပီရူးရဲ့ ပျောက်ဆုံးသွားကြပြီဖြစ်တဲ့ ယဉ်ကျေးမှုများကို ဂြိုဟ်တုဖြင့် ရှာဖွေနေခြင်း
1,173,967 views

ကမ္ဘာတစ်ဝှမ်းမှာ သိန်းချီပြီးရှိတဲ့ ပျောက်ဆုံးနေကြတဲ့ ရှေးဟောင်း နေရာတွေဟာ မြေနက်ပိုင်းထဲ မြုပ်ဝင်နေပြီး မြင်မရကြတော့ပါ။ ဂြိဟ်တု ရှေးဟောင်းသုတေသနပညာရှင် Sarah Parcak ဟာ ဖောက်ထွင်းခိုးယူသူတွေ ရှာမတွေခင် ဒါတွေကို ရှာဖွေဖို့ သံန္နိဌာန်ချထားပါတယ်။ ၂၀၀၆ TED Prize နဲ့အတူ Parcak ဟာ ကမ္ဘာ့ ပုန်းကွယ်နေတဲ့ အမွေအနှစ်တွေကို ရှာဖွေ၊ ကာကွယ်ဖို့ စေတနာ့ဝန်ထမ်း စူစမ်းရှာဖွေသူများရဲ့ တပ်ဖွဲ့တစ်ခုကို လေ့ကျင့်သင်တန်းပေးတဲ့ GlobalXplorer လို့ခေါ်တဲ့ အွန်လိုင်း နိုင်ငံသား-သိပ္ပံ ကိရိယာကို တည်ဆောက်နေတာပါ။ ဒီဟောပြောချက်မှာ သူမက သူတို့ ပထမဦးဆုံး ကြည့်မယ့်နေရာကို အစမ်းကြည့်နိုင်အောင် တင်ပြထားပါတယ်။ Peru Machu Picchu ရဲ့ ဇာတိ၊ Nazca မျဉ်းများနဲ့ အြခားသော ရှာဖွေတွေ့ရှိရန် စောင့်စားနေကြတဲ့ ရှေးဟောင်းသုတေသုန အံ့ဖွယ်တွေပါ။

Olivier Scalabre: ထုတ်လုပ်မှု တော်လှန်ရေး နောက်တစ်ခု စနေပြီ။

TED@BCG Paris

Olivier Scalabre: ထုတ်လုပ်မှု တော်လှန်ရေး နောက်တစ်ခု စနေပြီ။
1,966,843 views

စီးပွားရေး ကြီးထွားမှုနှုန်းဟာ နောက်ဆုံး နှစ် ၅၀ အတွင်းမှာ နှေးလာနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုံးဝ မထင်ခဲ့ကြတဲ့ လုံးဝမမျှော်လင့်ခဲ့ကြတဲ့ နေရာမှ ကယ်တင်ခံကြရမယ်လို့ ထင်ရပါတယ်။ စက်မှုရေးရာများကို တွေးဆသူ Olivier Scalabre က စတုတ္ထမြောက် ထုတ်လုပ်ရေး တော်လှန်ရေးဟာ အကြီးစား စီးပွာရေး အပြောင်းအလဲကို ပြုလုပ်လျက် အလုပ်နေရာတွေ၊ ထုတ်လုပ်မှုတွေ နဲ့ ကြီးထွားမှုနှုန်းကို အကြီးအကျယ် မြှင့်တင်ပေးမှာကို အသေးစိတ် ပြောပြထားပါတယ်။

Suzanne Simard: အပင်တွေ အချင်းချင်း စကားပြောကြပုံ

TEDSummit

Suzanne Simard: အပင်တွေ အချင်းချင်း စကားပြောကြပုံ
4,161,601 views

"သစ်တောဆိုတာ ကျွန်မတို့ မြင်ရတာထက် များစွာမှ ပိုပါတယ်" လို့ ဂေဟာဗေဒ ပညာရှင် Suzanne Simard က ဆိုပါတယ်။ ကနေဒါ သစ်တော ဌာနမှာ နှစ် ၃၀ ကြာ သူမ အလုပ်လုပ်ခဲ့တဲ့ နောက်မှာ အံ့အားသင့်စရာ အချက်ကို သူ ရှာတွေ့ခဲ့ပါတယ် -- အပင်တွေ စကားပြောနိုင်ကြတယ်၊ မကြာခဏဆိုသလို အတော့်ကို ဝေးတဲ့ ဒေသအထိတောင် ပြောဆိုင်ကြပါတယ်။ ရှုပထွေးလှပေမဲ့ သဟဇာတ ရှိပုံရတဲ့ အပင်တွေရဲ့ လူမှုရေး ဘဝအကြောင်းကို ကြားသိရန် နှင့် သဘာဝကမ္ဘာကြီးကို အမြင်သစ်ဖြင့် ရှုမြင့်ဖို့ အသင့် ပြင်ထားပါ။

Neha Narula: ငွေကြေးရဲ့ အနာဂတ်

TED@BCG Paris

Neha Narula: ငွေကြေးရဲ့ အနာဂတ်
2,341,669 views

ကျွန်ုပ်တို့ ဒီနေ့ ရောင်းဝယ်ကြပုံ၊ ပြီးတော့ အရာတွေအတွက် ငွေပေးချေကြပုံ ပြောင်းလာမယ်ဆိုရင်၊ ဘဏ်တွေ နိုင်ငံခြားငွေ လဲပေးတဲ့ဌာနတွေ ပျောက်သွားကြမယ်ဆိုရင် ဘယ်လိုများ ဖြစ်လာမလဲ။ Bitcoin နဲ့ Ethereum လို cryptocurrency တွေကို အခြေခံမောင်းနှင်မယ့် ကမ္ဘာကြီးထဲတွင် အဲဒီလို အခြေခံမှအစ ပြောင်းလဲသွားမှာပါ။ ကျွန်ုပ်တို့ အဲဒီခေတ်ထဲမှာ မဟုတ်ကြသေးပေမဲ့၊ စိတ်ထက်သန်ဖွယ် လက်ရှိ ဟောကြားချက်ထဲတွင် ဒီဂျီတယ် ငွေကြေး သုတေသီ Neha Narula ဟာ ငွေကြေးလောအကြောင်းကို သာမက လုံးဝတမျိုး အသွင်ပြောင်းလာမယ့် ၎င်းတို့ရဲ့ အနာဂတ် အကြောင်းကို ပြောပြထားတာ စိတ်ဝင်စားစရာကြီးပါ။

Anthony Goldbloom: စက်များအား ကျွန်တော်တို့ အရှုံးပေးရေမယ့် အလုပ်တွေ၊ ပြီးတော့ ဆုံးရှုံးမသွားမဲ့ အလုပ်တွေ။

TED2016

Anthony Goldbloom: စက်များအား ကျွန်တော်တို့ အရှုံးပေးရေမယ့် အလုပ်တွေ၊ ပြီးတော့ ဆုံးရှုံးမသွားမဲ့ အလုပ်တွေ။
2,568,213 views

စက်သညာဟာ ယနေ့အခါမှာတော့ ခရက်ဒစ် ဘေးရန်ကိုဝင်ကြည့်တာ စာကိုရွေးထုတ်တာတို့လို ရိုးစင်းတဲ့ လုပ်ငန်းတွေအတွက်ပဲ မဟုတ်တော့ပါဘူး။ အက်ဆေး အဆင့်သတ်မှတ်တာနဲ့ ရောဂါရှာဖွေတာတို့လို အလွန် ပိုရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေကိုပါ တတ်နိုင်စွမ်းပါတယ် ဒီအဆင့်မြင့်မှုတွေက မလွယ်ကူတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ အနာဂတ်မှာ စက်ရုပ်တွေဟာ သင့်အလုပ်ကို လုပ်တော့မှာလား။

Shubhendu Sharma: သင့် အိမ်ခြံနောက်ဖေးမှာ သစ်တော စိုက်ပျိုးနည်း

TED@BCG Paris

Shubhendu Sharma: သင့် အိမ်ခြံနောက်ဖေးမှာ သစ်တော စိုက်ပျိုးနည်း
2,525,103 views

သစ်တောဆိုတာ လူတွေ နေထိုင်ရာဒေသများနဲ့ ကွာဝေးလျက် ကျယ်ပြန့်တဲ့ သဘာဝ အရင်းအမြစ် ဖြစ်ရန် မလိုပါဘူး၊ ကျွန်ုပ်တို့ဟာ သစ်တောတွောကို မြို့ထဲမှာတောင် စိုက်ပျိုးနိုင်ပါပြီ။ ဂေဟ စွန့်ဦးပညာရှင်နဲ့ TED လုပ်ကိုင်ဖေါ် Shubhendu Sharma ဆိုရင် မြေဆီလွှာ၊ အဏုဇီဝ အကောင်များနဲ့ ဇီဝဒြပ်ထုကို နည်းပညာသုံး မွမ်းမံပေးလျက် သိပ်ကို ထူထပ်ပြီး ဇီဝအကောင်တွေ မျိုးစုံတဲ့ ဒေသန္တရ သစ်တော အသေးစားတွေကို မြို့ပဒေသတွေမှာတောင် အောင်မြင်စွာ စိုက်ပျိုးနေသူပါ။ သင်ကလည်း အဲဒီလို အသေးစား သစ်တော ပါတီပွဲထဲ ပါဝင်ချင်ရင် နှစ် ၁၀၀ ကြာ ပျိုးထောင်ယူရမှာ ဖြစ်တဲ့ သစ်တောကို ၁၀ နှစ် အတွင်းမှာကို စိုက်ပျိုးယူပုံကို သူ တင်ပြထားတာ ကြည့်ရှုကြပါ။

Eric Haseltine: သိပ္ပံပညာရဲ့  နောက်တစ်ခု ထိုးဖောက်မှုကြီးက ဘာများဖြစ်မလဲ။

TED Talks Live

Eric Haseltine: သိပ္ပံပညာရဲ့ နောက်တစ်ခု ထိုးဖောက်မှုကြီးက ဘာများဖြစ်မလဲ။
1,571,528 views

သမိုင်းတလျှောက်မှာ၊ တွေးဆချက်များက လှပကာ တော်လှန်ကြတဲ့ သိပ္ပံပညာများကို စေ့ဆော်ခဲ့ကြကာ ကျွန်ုပ်တို့ရှေ့မှာ လုံးဝကို အသစ်ဖြစ်ကြတဲ့ စကြာဝဠာတွေကို ဖွင့်ပြခဲ့ကြပါတယ်။ “အသေးအမွှားလေးတွေကို လုပ်ပေးခဲ့တဲ့ သိပ္ပံပညာကို ပြောနေတာ မဟုတ်ဘူး၊ တကယ့်ကို ဧရာမ ခြေလှမ်းတွေကို ချမှတ်ပေးနိုင်တဲ့ သိပ္ပံပညာ အကြောင်းကို ပြောနေတာပါ“လို့ Eric Haseltine က ဆိုပါတယ်။ သူဟာ အချက်နှစ်ချက်ကို တင်ပြထားရာ၊ တစ်ခုက သမိုင်းတွင်ကျန်ခဲ့တဲ့ အကြောင်းဖြစ်ပြီး နောက်တစ်ခုကျတော့၊ လူသားတို့အတွက် အကြီးမားဆုံး မေးခွန်းတစ်ခုကို နက်ရှိုင်းစွာ (တော်တော်များများတို့ရဲ့ ဝေဖန်ချက်များကိုပါ ထည့်သွင်းလျက်) တင်ပြထားပါတယ်။

Safwat Saleem: ကျွန်တော် စကားထစ်တာကို လူတွေ ရယ်ကြပေမဲ့ ကျွန်တော်ကတော့ ပြောမြဲပြောနေတာ ဘာကြောင့်လဲ

TED2016

Safwat Saleem: ကျွန်တော် စကားထစ်တာကို လူတွေ ရယ်ကြပေမဲ့ ကျွန်တော်ကတော့ ပြောမြဲပြောနေတာ ဘာကြောင့်လဲ
1,580,579 views

အနုပညာရှင် ဖြစ်သူ Safwat Saleem ဟာ စကားထစ်ငေါ့ရင်းနဲ့ ကြီးပြင်းလာခဲ့ပေမဲ့၊ လွတ်လပ်တဲ့ လှုပ်ရှားရုပ်တွေကို ဖန်တီးသူ ဖြစ်လာတော့၊ သူ့ဇာတ်ကောင်တွေကို သူ့ကိုယ်ပိုင် အသံဖြင့် အသံသွင်းပေးရန် ဆုံးဖြတ်လိုက်ပါတယ်။ YouTube မှာ ဝေဖန်သူတွေက သူရဲ့ ပါကစ္စတန် လေသံကို သရော်လာကြလို့ သူဟာ သူ့အလုပ်တွေမှာ သူ့အသံကို မသုံးဘဲ ချန်ထားလိုက်ရပြန်တယ်။ အဲဒီ TED ဟောပြောသူက သူ့အသံကို ပြန်ပြီး သုံးလာပုံ အကြောင်းကို သူဟာ စိတ်ဝင်စွားဖွယ် တင်ပြထားပါတယ်။

John Legend: အဖတ်ဆယ်ခြင်း သီချင်း။

TED2016

John Legend: အဖတ်ဆယ်ခြင်း သီချင်း။
2,035,891 views

John Legend ဟာ အမေရိကန် တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အထူးတာဝန်တစ်ရပ်ယူထားပါတယ်။ သူ့ရဲ့ Free America လှုံ့ဆော်ခြင်းကနေ ထောင်တွေ၊ အချုပ်ခန်းတွေ၊ ထိန်သိမ်းရေးစခန်းတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ ကုစားရေးကို အားပေးနေပြီး ပြစ်ဒဏ်ကျခံပြီးနောက်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ဖန်တီးချင်သူတွေကို မျှော်လင့်ချက်ပေးနေတာပါ။ San Quentin State Prison အကျဉ်းထောင်က အကျဉ်းသား James Cavitt ဆီက ပြောဆိုချက်တစ်ခုနဲ့ ခြေဆင်းပြုထားပြီး သူ့ရဲ့ ဟန် Bob Marley ရဲ့ "Redemption Song." နဲ့ ကျွန်တော်တို့ကို ဧည့်ခံထားပါတယ်။ "လွတ်လပ်ခြင်းရဲ့ ဒီသီချင်းတွေကို ကူမဆိုတော့ဘူးလား"တဲ့။

Julia Galef: ကိုယ်မှားနေတာတောင် ကိုယ်မှန်တယ်လို့ ဘာလို့ ထင်တာလဲ။

TEDxPSU

Julia Galef: ကိုယ်မှားနေတာတောင် ကိုယ်မှန်တယ်လို့ ဘာလို့ ထင်တာလဲ။
4,082,284 views

ရှုထောင့်ဟာ အဓိကကျပါတယ်၊ အထူးသဖြင့် ကိုယ့်ယုံကြည်ချက်တွေကို ဆန်းစစ်ဖို့ ကြုံလာတဲ့အခါမှာပါ။ ကိုယ့်အမြင်တွေကို ဘာပဲဖြစ်ဖြစ် ခုခံကာကွယ်တတ်တဲ့ စစ်သားတစ်ယောက်လား၊ ဒါမှမဟုတ် သိလိုစိတ်နဲ့ပဲ လှုံ့ဆော်တာခံရတဲ့ ကင်းထောက်တစ်ယောက်ပဲလား။ Julia Galef ကနေပြီး ဒီစိတ်သဘောထား နှစ်ခု နောက်ကွယ်က အရင်းခံအကြောင်းတွေကိုနဲ့ ဒါတွေက ကျွန်ုပ်တို့တွေသတင်းအချက်အလက်တွေကို အနက်ကောက်ပုံကို ဘယ်လိုပုံသွင်းတယ်ဆိုတာကို ဆန်းစစ်ထားပါတယ်။ ၁၉ ရာစု ပြင်သစ်က စိတ်ဝင်စားဖွယ်ကောင်းတဲ့ သမိုင်း သင်ခန်းစာတစ်ခုနဲ့ ဖောက်ရက်ထားတာပါ။ သူမက မေးတာက "သင့်ရဲ့ ခိုင်မာတဲ့ အမြင်တွေ အစမ်းခံရတဲ့အခါ ဘာကို အတမ်းတဆုံးလဲ။ ကိုယ်ပိုင် ယုံကြည်ချက်တွေကို ကာကွယ်ဖို့ တမ်းတလား၊ ဒါမှမဟုတ် ကမ္ဘာကြီးကို ကိုယ်တတ်နိုင်သလောက် ကြည်လင်စွာ မြင်ဖို့ တမ်းတလား" တဲ့။

Prosanta Chakrabarty: မျက်မမြင် ဂူငါးအတွင်းက တွေ့ရတဲ့ သမိုင်းမတင်မီ ကာလများအတွက် သဲလွန်စများ။

TED2016

Prosanta Chakrabarty: မျက်မမြင် ဂူငါးအတွင်းက တွေ့ရတဲ့ သမိုင်းမတင်မီ ကာလများအတွက် သဲလွန်စများ။
1,220,884 views

TED ဝိုင်းတော်သား Prosanta Chakrabarty ဟာ ဂူအောင်းငါး မျိုးစိတ်သစ်ကို ရှာပုံတော်ဖွင့်ဖို့ ကမ္ဘာကြီးရဲ့ ပုန်းကွယ်နေတဲ့ အပိုင်းများကို စူးစမ်းရှာဖွေပါတယ်။ ဒီမြေအောက် သတ္တဝါတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖန်တီးခဲ့ကြပြီး ၎င်းတို့ဟာ နှစ်သန်းချီတဲ့အချိန်က တိုက်ကြီးတွေ ကျိုးပျက်ကွဲထွက်ခဲ့ပုံနဲ့ပတ်သက်တဲ့ ဘူမိဗေဒဆိုင်ရာ သဲလွန်စတွေအပြင် မသိမြင်မှုထဲကို ဇီဝဆိုင်ရာ အတွင်းသဘောတွေကို ပံ့ပိုးပေးပါတယ်။ ဒီဟောပြောချက်အတိုလေးထဲက နက်ရှိုင်းတဲ့ကာလကို အာရုံပြုဆင်ခြင်လိုက်ပါဦး။