ABOUT THE SPEAKER
Lýdia Machová - Language mentor
Lýdia Machová teaches people how they can learn any language by themselves.

Why you should listen

Lýdia Machová has learned nine languages without ever living abroad or in a multilingual environment. She maintains seven of them at a fluent level, and she usually learns a new one every two years. After meeting dozens of polyglots, or people who speak a lot of languages, she now shares the principles of language learning with the world as a language mentor.

Machová was the main organizer of the world's biggest polyglot event, the Polyglot Gathering in Bratislava, Slovakia, in 2017 and 2018. She holds a PhD in translation studies and previously worked as a professional conference interpreter. She is based in Slovakia but travels often on her mission to help people learn languages in their own ideal way.

More profile about the speaker
Lýdia Machová | Speaker | TED.com
TED Salon Brightline Initiative

Lýdia Machová: The secrets of learning a new language

Lýdia Machová: ဘာသာစကားအသစ်တစ်ခု သင်ယူခြင်းရဲ့လျှို့ဝှက်ချက်များ။

Filmed:
7,231,347 views

ဘာသာစကားအသစ်တစ်ခုကို သင်ယူချင်ပေမဲ့ ကြောက်ရွံ့နေပြီး ဘယ်ကနေစတင်ဖို့ မသေမချာဖြစ်နေပါသလား။ သင်ဟာ ပင်ကိုယ်ပါရမီထူး သို့မဟုတ် "ဘာသာစကား ဗီဇ"တစ်ခု တို့ဘာတို့ မလိုအပ်ပါဘူးလို့ Lýdia Machová က ဆိုပါတယ်။ ဒီမြူးကြွပြီး စေ့ဆော်မှုပေးတဲ့ ဟောပြောချက်တစ်ခုမှာ သူကနေပြီး ဘာသာစကားမျိုးစုံပြောတတ်သူ polyglots တွေရဲ့ လျှို့ဝှက်ချက်တွေကို လှစ်ဟပြထားပြီး သင့်ကိုယ်တိုင်ရဲ့ ပုန်းကွယ်နေတဲ့ ဘာသာစကား စွမ်းရည်ကို ဖော်ထုတ်ဖို့နဲ့ ဒါကို ဖော်ထုတ်ရင်း ပျော်ရွှင်စေဖို့ အခြေခံသဘောတရား လေးခုကို မျှဝေထားပါတယ်။
- Language mentor
Lýdia Machová teaches people how they can learn any language by themselves. Full bio

Double-click the English transcript below to play the video.

00:13
I love learning foreign languages.
0
1760
2896
နိုင်ငံခြားဘာသာစကားတွေ
သင်ယူရတာ ကျွန်မနှစ်သက်တယ်။
00:16
In fact, I love it so much that I like
to learn a new language every two years,
1
4680
4056
တကယ်တမ်းက နှစ်နှစ်ကို တစ်ဘာသာ
သင်ချင်လောက်အောင်ကို နှစ်သက်တာပါ၊
00:20
currently working on my eighth one.
2
8760
2096
လောလောဆယ် အဋ္ဌမဘာသာစကားကို လေ့လာနေပါတယ်။
00:22
When people find that out about me,
they always ask me,
3
10880
2616
ကျွန်မရဲ့အဲဒီအကြောင်းကို လူတွေ
သိသွားတဲ့အခါ အမြဲမေးကြတာက
00:25
"How do you do that? What's your secret?"
4
13520
2096
"ဒါကို ဘယ်လိုလုပ်လဲ။
လျှို့ဝှက်ချက်က ဘာလဲ။"
00:27
And to be honest, for many years,
my answer would be,
5
15640
3016
ဝန်ခံရရင် နှစ်ပေါင်းများစွာ
ကျွန်မရဲ့ အဖြေဖြစ်မှာက
00:30
"I don't know. I simply
love learning languages."
6
18680
2320
"ကျွန်မ မသိဘူး၊ ဘာသာစကားတွေ
သင်တာ ကြိုက်တာပဲလေ"။
00:33
But people were never
happy with that answer.
7
21720
2256
ဒါပေမဲ့ လူတွေဟာ ဒီအဖြေကို
လုံးဝ အားမရခဲ့ဘူး။
00:36
They wanted to know why they are spending
years trying to learn even one language,
8
24000
3976
သူတို့သိချင်ခဲ့တာက တစ်ဘာသာတည်းကို နှစ်ချီ
သင်ယူနေတာတောင် ဘယ်တော့မှ ကျွမ်းကျင်
00:40
never achieving fluency,
9
28000
1536
မလာတာက ဘာကြောင့်လဲ ဆိုတာပါ၊
00:41
and here I come, learning
one language after another.
10
29560
3056
ဒီက ကျွန်မကျတော့ တစ်ဘာသာပြီး
တစ်ဘာသာ သင်ယူနေတာလေ။
00:44
They wanted to know
the secret of polyglots,
11
32640
2216
ဘာသာမျိုးစုံပြောသူ၊
ဘာသာစကားမျာစွာပြောသူတွေရဲ့
00:46
people who speak a lot of languages.
12
34880
1720
လျှို့ဝှက်ချက်ကို သိချင်ခဲ့ကြတယ်။
00:49
And that made me wonder, too,
13
37400
1416
ဒါက ကျွန်မကိုလည်း အံ့ဩစေတယ်။
00:50
how do actually other polyglots do it?
14
38840
2296
အခြား ဘာသာစကားအမျိုးစုံပြောသူတွေ
ဘယ်လိုလုပ်ကြလဲ။
00:53
What do we have in common?
15
41160
1496
ကျွန်မတို့အားလုံး တူညီတာက ဘာလဲ။
00:54
And what is it that enables us
16
42680
1936
ဘာသာစကားတွေကို အခြားသူတွေထက်
00:56
to learn languages
so much faster than other people?
17
44640
2440
ပိုမြန်မြန်သင်ယူဖို့
ကျွန်မတို့ကို ကူပေးတာက ဘာလဲ။
00:59
I decided to meet other people
like me and find that out.
18
47880
2840
အခြားကျွန်မလိုလူတွေကို တွေ့ပြီး
ဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
01:03
The best place to meet a lot of polyglots
19
51760
2056
ဘာသာစကားအမျိုးစုံပြောသူတွေကို
တွေ့ဆုံဖို့
01:05
is an event where hundreds
of language lovers
20
53840
2296
အကောင်းဆုံးနေရာက
သူတို့ဘာသာစကားတွေ လေ့ကျင့်ဖို့
01:08
meet in one place
to practice their languages.
21
56160
2856
ရာချီတဲ့ ဘာသာစကားချစ်သူတွေ
တွေ့ဆုံတဲ့ နေရာတစ်ခုက ပွဲပါ။
01:11
There are several such polyglot events
organized all around the world,
22
59040
3296
ဒီလိုဘာသာစကားမျိုးစုံပြောသူပွဲတွေကို
တစ်ကမ္ဘာလုံး အများပြားကျင်းပတော့
01:14
and so I decided to go there
23
62360
1376
သွားပြီး ဘာသာစုံပြောသူတွေကို
01:15
and ask polyglots
about the methods that they use.
24
63760
2440
သူတို့ သုံးတဲ့နည်းတွေ
မေးဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။
01:19
And so I met Benny from Ireland,
25
67200
1936
ဒါနဲ့ အိုင်ယာလန် က Benny နဲ့ဆုံခဲ့တယ်။
01:21
who told me that his method
is to start speaking from day one.
26
69160
4160
သူ့နည်းက ပထမနေ့ကနေ စပြီး
စကားပြောဖို့ပဲလို့ ပြောခဲ့သူပါ။
01:26
He learns a few phrases
from a travel phrasebook
27
74240
2896
ခရီးသွား စကားပြောစာအုပ်ကနေ
စကားစုအနည်းငယ်ကို လေ့လာပြီး
01:29
and goes to meet native speakers
28
77160
1576
မိခင်ဘာသာစကား ပြောသူတွေဆီသွားပြီး
01:30
and starts having conversations
with them right away.
29
78760
2816
သူတို့နဲ့ ချက်ချင်း စကားစပြောတယ်။
01:33
He doesn't mind making
even 200 mistakes a day,
30
81600
2776
တစ်ရက် အမှား ၂၀၀
လုပ်မိတာတောင် သူအရေးမစိုက်ဘူး၊
01:36
because that's how he learns,
based on the feedback.
31
84400
2440
ဒါက သူ သင်ယူပုံလေ၊
တုံ့ပြန်မှုကို အခြေခံထားလို့ပါ။
01:39
And the best thing is, he doesn't
even need to travel a lot today,
32
87480
3136
အကောင်းဆုံးက ဒီနေ့ဆို သူဟာ
ခရီးအများကြီးတောင် ထွက်ဖို့မလိုဘူး၊
01:42
because you can easily have
conversations with native speakers
33
90640
2936
အကြောင်းက ဝက်ဘ်ဆိုဒ်တွေသုံးရင်း
ဧည့်ခန်းထဲမှာ ဇိမ်နဲ့
01:45
from the comfort of
your living room, using websites.
34
93600
2696
မိခင်ဘာသာစကားပြောသူတွေနဲ့
အလွယ်တကူ စကားပြောနိုင်လို့ပါ။
01:48
I also met Lucas from Brazil
35
96320
1776
ဘရာဇီးက Lucas နဲ့လည်း ကျွန်မဆုံခဲ့တယ်
01:50
who had a really interesting
method to learn Russian.
36
98120
2480
ရုရှားဘာသာ လေ့လာဖို့ စိတ်ဝင်စားစရာ
နည်းလမ်းရှိသူပေါ့။
01:53
He simply added a hundred random
Russian speakers on Skype as friends,
37
101200
5656
ကြုံရာ ရုရှားဘာသာစကားပြောသူ တစ်ရာကို
Skype ထဲမှာ မိတ်ဆွေတွေအဖြစ် ထည့်ပြီ​း
01:58
and then he opened
a chat window with one of them
38
106880
3896
သူထို့ထဲကတစ်ယောက်နဲ့ စကားပြောတဲ့
အကွက်ကို ဖွင့်လိုက်ပြီး
02:02
and wrote "Hi" in Russian.
39
110800
1440
ရုရှားလို နှုတ်ဆက်လိုက်တယ်။
02:05
And the person replied, "Hi, how are you?"
40
113000
2576
အဲဒီလူက "နေကောင်းလား"လို့
သူကို ပြန်ပြောတယ်။
02:07
Lucas copied this and put it
into a text window with another person,
41
115600
4456
Lucas က ဒါကို ကူးပြီး နောက်တစ်ယောက်ရဲ့
စာရိုက်ကွက်မှာ ထည့်တယ်။
02:12
and the person replied,
"I'm fine, thank you, and how are you?"
42
120080
3576
ဒီလူက "ကောင်းပါတယ်၊ ကျေးဇူးပါ၊
ခင်ဗျားရော"လို့ ပြန်တယ်။
02:15
Lucas copied this
back to the first person,
43
123680
2976
Lucas က ဒါကို ပထမလူဆီ
ပြန်ကူးပို့တယ်၊
02:18
and in this way, he had two strangers
have a conversation with each other
44
126680
3456
ဒီနည်းနဲ့ သူဟာ နားမလည်ပဲနဲ့ကို
သူစိမ်းနှစ်ယောက်နဲ့
02:22
without knowing about it.
45
130160
1416
အပြန်အလှန် စကားပြောခဲ့တယ်။
02:23
(Laughter)
46
131600
1256
(ရယ်သံများ)
02:24
And soon he would start typing himself,
47
132880
1896
မကြာခင်တော့ သူ့ဘာသာ စာရိုက်တော့မှာပေါ့၊
02:26
because he had so many
of these conversations
48
134800
2136
ရုရှားစကားပြောတွေ
အမြဲလိုလို စတတ်ပုံကို
02:28
that he figured out how
the Russian conversation usually starts.
49
136960
3016
မှန်းလို့ရတဲ့ ဒီစကားပြောခန်းတွေ
သူ့မှာ အများကြီးရှိခဲ့လို့ပါ။
02:32
What an ingenious method, right?
50
140000
2336
အတော်ထွင်ဉာဏ်ကောင်းတဲ့ နည်းတစ်ခုနော်။
02:34
And then I met polyglots who always start
by imitating sounds of the language,
51
142360
4496
ဒီနောက် တွေ့ဆုံခဲ့တာက ဘာသာစကားရဲ့အသံတွေကို
တုပြီး အမြဲ စတဲ့ ဘာသာစကားအစုံပြောသူတွေ၊
02:38
and others who always learn the 500
most frequent words of the language,
52
146880
4416
ဘာသာစကားရဲ့ အသုံးအများဆုံး စကားလုံး
၅၀၀ ကို အမြဲ လေ့လာသူတွေ
02:43
and yet others who always start
by reading about the grammar.
53
151320
3400
နောက်ရှိသေးတာက သဒ္ဒါကိုဖတ်ပြီး
အမြဲ စတင်သူတွေပါ၊
02:47
If I asked a hundred different polyglots,
54
155600
2296
မတူတဲ့ ဘာသာစကားအစုံပြောတတ်သူ
တစ်ရာကိုသာ မေးခဲ့ရင်
02:49
I heard a hundred different
approaches to learning languages.
55
157920
3616
မတူတဲ့ ဘာသာစကား သင်ယူမှု နည်း တစ်ရာ
ကြားခဲ့ရမှာပါ။
02:53
Everybody seems to have a unique way
they learn a language,
56
161560
3616
လူတိုင်းမှာ ဘာသာစကား သင်ယူတဲ့
ထူးခြားတဲ့ ကိုယ်ပိုင်နည်းတစ်ခုရှိပုံရပြီး
02:57
and yet we all come to the same result
of speaking several languages fluently.
57
165200
3880
အားလုံးဟာ ဘာသာစကားတွေကို ကျွမ်းကျင်စွာ
ပြောခြင်းဆိုတဲ့ တူညီတဲ့ ရလဒ်ကို ရကြတယ်။
03:02
And as I was listening to these polyglots
telling me about their methods,
58
170120
4296
သူတို့နည်းတွေအကြောင်း ပြောပြတဲ့
ဘာသာစုံပြောတတ်သူတွေကို နားထောင်ရင်း
03:06
it suddenly dawned on me:
59
174440
2296
ရုတ်တရက် ကျွန်မ သဘောပေါက်သွားတာက
03:08
the one thing we all have in common
60
176760
3136
ကျွန်မတို့အားလုံး တူတာတစ်ခုက
03:11
is that we simply found ways to enjoy
the language-learning process.
61
179920
5536
ဘာသာစကား သင်ယူခြင်းဖြစ်စဉ်ကို
နှစ်သက်ဖို့ နည်းလမ်းတွေ တွေ့ရှိကြတာပါ။
03:17
All of these polyglots
were talking about language learning
62
185480
2776
ဒီဘာသာစုံပြောသူအားလုံးဟာ
ဘာသာစကား သင်ယူခြင်းကို
03:20
as if it was great fun.
63
188280
1256
ပျော်စရာအလား ပြောနေတာလေ။
03:21
You should have seen their faces
64
189560
1576
သူတို့ရဲ့ရောင်စုံ သဒ္ဒါကားချပ်တွေ
03:23
when they were showing me
their colorful grammar charts
65
191160
2616
လက်နဲ့ သေချာလုပ်ထားတဲ့ သင်ထောက်ကူ
ကတ်ပြားတွေ၊
03:25
and their carefully handmade flash cards,
66
193800
2496
အပ်တွေသုံးရင်း ဝေါဟာရ
သင်ယူတဲ့အကြောင်း စာရင်းဇယားတွေ၊
03:28
and their statistics
about learning vocabulary using apps,
67
196320
3016
နိုင်ငံခြားဘာသာစကားတစ်ခုထဲက
ဟင်းချက်နည်းကို အခြေခံကာ
03:31
or even how they love to cook
based on recipes in a foreign language.
68
199360
4200
ချက်တာကြိုက်ပုံတွေ ကျွန်မကို ပြသနေတဲ့
သူတို့မျက်နှာတွေကို မြင်စေချင်တယ်။
03:36
All of them use different methods,
69
204680
1736
အားလုံး မတူတဲ့နည်းလမ်းတွေ သုံးပေမဲ့
03:38
but they always make sure
it's something that they personally enjoy.
70
206440
3776
သူတို့ကိုယ်တိုင် နှစ်ခြိုက်တာ
သေချာအောင်တော့ အမြဲလုပ်တယ်။
03:42
I realized that this is actually
how I learn languages myself.
71
210240
3896
ကျွန်မ သဘောပေါက်မိတာက ဒါဟာ တကယ်ပဲ
ကိုယ်တိုင် ဘာသာစကားတွေ သင်ယူနည်းဆိုတာပါ။
03:46
When I was learning Spanish,
I was bored with the text in the textbook.
72
214160
3576
စပိန်စာ သင်ယူနေတုန်းက
ဖတ်စာအုပ်ထဲက စာတွေကို ငြီးငွေ့ခဲ့တယ်။
03:49
I mean, who wants to read about Jose
73
217760
1736
ဆိုလိုတာက ဘူတာရုံ လမ်းညွှန်မေးတဲ့
03:51
asking about the directions
to the train station. Right?
74
219520
3136
Jose အကြောင်းကို ဘယ်သူက ဖတ်ချင်မှာလဲနော်
။
03:54
I wanted to read "Harry Potter" instead,
75
222680
2336
ဒီအစား "Harry Potter" ပဲ
ကျွန်မ ဖတ်ချင်တယ်၊
03:57
because that was
my favorite book as a child,
76
225040
2136
ကလေးတည်းက အကြိုက်ဆုံးစာအုပ်ဖြစ်ပြီး
03:59
and I have read it many times.
77
227200
1656
အကြိမ်မျာစွာ ဖတ်ဖူးထားလို့ပါ။
04:00
So I got the Spanish translation
of "Harry Potter" and started reading,
78
228880
3616
ဒီတော့ "Harry Potter" ရဲ့ စပိန်ဘာသာပြန်
ရအောင်လုပ်ပြီး စဖတ်ခဲ့တယ်။
04:04
and sure enough, I didn't understand
almost anything at the beginning,
79
232520
3336
သေချာတာပေါ့၊ အစမှာတော့ တစ်လုံးမှ
နားမလည်ခဲ့ပေမဲ့
04:07
but I kept on reading
because I loved the book,
80
235880
2216
ဆက်ဖတ်နေခဲ့တယ်၊
ကျွန်မကြိုက်တဲ့ စာအုပ်ကိုး၊
04:10
and by the end of the book, I was able
to follow it almost without any problems.
81
238120
4136
စာအုပ် အဆုံးနားမှာ အခက်အခဲမှ
မရှိသလောက်ကို နားလည်လာနိုင်ခဲ့တယ်။
04:14
And the same thing happened
when I was learning German.
82
242280
2616
ဂျာမန်စာ လေ့လာတုန်းကလည်း
အလားတူမျိုး ကြုံခဲ့တယ်။
04:16
I decided to watch "Friends,"
my favorite sitcom, in German,
83
244920
3296
အကြိုက်ဆုံးဟာသကား "Friends"
ကို ဂျာမန်ဘာသာနဲ့ ကြည့်ဖို့ဆုံးဖြတ်ခဲ့တယ်
04:20
and again, at the beginning
it was all just gibberish.
84
248240
3096
ထပ်ကြုံရတာက အစမှာတော့
ကယောက်ကယက်စကားတွေချည်းပါ။
04:23
I didn't know where one word finished
and another one started,
85
251360
3176
စကားတစ်လုံးက ဘယ်မှာစပြီး
နောက်တစ်လုံး ဘယ်မှာဆုံးတာ မသိခဲ့ဘူး။
04:26
but I kept on watching every day
because it's "Friends."
86
254560
2656
ဒါပေမဲ့ နေ့တိုင်းဆက်ကြည့်တယ်၊
အကြောင်းက ဒါက "Friends" လေ
04:29
I can watch it in any language.
I love it so much.
87
257240
2376
ဘယ်ဘာသာဖြစ်ဖြစ် ကြည့်လို့ရတယ်၊
အရမ်းကြိုက်တာကိုး။
04:31
And after the second or third season,
88
259640
2016
ဒုတိယ၊ တတိယ ရာသီအပြီးမှာတော့
04:33
seriously, the dialogue
started to make sense.
89
261680
2360
တကယ်ပြောတာ၊ စကားပြောတွေက
အဓိပ္ပာယ်စရှိလာခဲ့တယ်။
04:37
I only realized this
after meeting other polyglots.
90
265080
3056
ဒါကို အခြား ဘာသာစုံပြောသူတွေနဲ့
တွေ့ပြီးမှပဲ သဘောပေါက်ခဲ့တာပါ။
04:40
We are no geniuses
91
268160
1576
ပါရမီရှင်တွေမှ မဟုတ်တာ၊
04:41
and we have no shortcut
to learning languages.
92
269760
2416
ဘာသာစကားတွေသင်ယူဖို့
ဖြတ်လမ်းမရှိဘူးလေ။
04:44
We simply found ways
how to enjoy the process,
93
272200
3816
ဖြစ်စဉ်ကို နှစ်သက်တတ်ဖို့၊
ငြီးငွေ့စရာ ကျောင်းဘာသာရပ်တစ်ခုကနေ
04:48
how to turn language learning
from a boring school subject
94
276040
3376
နေ့တိုင်းလုပ်နေတာ သတိမထားမိတဲ့
နှစ်လိုဖွယ် အလုပ်တစ်ခုအဖြစ်
04:51
into a pleasant activity
which you don't mind doing every day.
95
279440
3200
ပြောင်းလဲတတ်ဖို့
နည်းလမ်းတွေ ရှာကြရုံသက်သက်သက်ပါ။
04:55
If you don't like writing
words down on paper,
96
283520
2176
စာလုံးတွေကို စာရွက်မှာ ရေးချရတာမကြိုက်ရင်
04:57
you can always type them in an app.
97
285720
1696
အက်ပ်တစ်ခုခုမှာ စာရိုက်လို့ရပါတယ်။
04:59
If you don't like listening
to boring textbook material,
98
287440
2816
ငြီးငွေ့ဖွယ် ပြဋ္ဌာန်းစာအုပ်ကို
နားမထောင်ချင်ရင်
05:02
find interesting content on YouTube
or in podcasts for any language.
99
290280
4296
YouTube က စိတ်ဝင်စားစရာ အကြောင်းအရာ
(သို့) ဘာသာစကားတစ်ခုအတွက် အသံဖိုင်တွေရှာပါ
05:06
If you're a more introverted person
100
294600
1696
သင်ဟာ ပိုပြီး တသီးတသန့်နေတတ်ပြီး
05:08
and you can't imagine speaking
to native speakers right away,
101
296320
3016
မိခင်ဘာသာစကားပြောသူတွေနဲ့ ချက်ချင်း
စကားပြောတာ စိတ်ကူးလို့မရရင်
05:11
you can apply the method of self-talk.
102
299360
2336
မိမိကိုယ်ကို ပြောတဲ့နည်းကို သုံးနိုင်တယ်။
05:13
You can talk to yourself
in the comfort of your room,
103
301720
2576
သင့်အခန်းမှာ ဇိမ်နဲ့
ကိုယ်ကိုယ်ကိုယ် ပြောလို့ရပါတယ်၊
05:16
describing your plans for the weekend,
how your day has been,
104
304320
2896
အားလပ်ရက် အစီအစဉ်တွေ၊
တစ်နေ့တာ ဖြစ်ပုံတွေ ထုတ်ဖော်ပြောရင်းပါ၊
05:19
or even take a random
picture from your phone
105
307240
2136
(သို့) ဖုန်းက ကြုံရာပုံ ရိုက်ပြီးတောင်မှ
05:21
and describe the picture
to your imaginary friend.
106
309400
3736
စိတ်ကူးထဲက မိတ်ဆွေကို
ပုံအကြောင်း သရုပ်ဖော်ပြတာတို့ပေါ့။
05:25
This is how polyglots learn languages,
107
313160
2496
ဒါကတော့ ဘာသာစုံပြောတတ်သူတွေ
ဘာသာစကားတွေ သင်ယူပုံပါ၊
05:27
and the best news is,
it's available to anyone
108
315680
2856
အကောင်းဆုံးသတင်းက
ဒါက သင်ယူခြင်းကို သူတို့လက်တွေထဲမှာ
05:30
who is willing to take the learning
into their own hands.
109
318560
2680
ယူထားဖို့ ဆန္ဒရှိသူတိုင်း သုံးနိုင်တာပါ။
05:34
So meeting other polyglots
helped me realize
110
322520
2096
ဒီတော့ ဘာသာစကားစုံပြောသူတွေနဲ့
တွေဆုံခြင်းက
05:36
that it is really crucial
to find enjoyment
111
324640
3016
ကျွန်မကို သဘောပေါက်စေတာက
ဘာသာစကားသင်ယူခြင်းရဲ့ဖြစ်စဉ်မှာ
05:39
in the process of learning languages,
112
327680
2096
ပျော်ရွှင်မှုရှာဖို့ အရေးပါတာတင်မဟုတ်ပဲ
05:41
but also that joy in itself is not enough.
113
329800
3040
ပီတိသက်သက်ကလည်း မလုံလောက်ဘူးဆိုတာပါ။
05:45
If you want to achieve fluency
in a foreign language,
114
333680
2736
နိုင်ငံခြားဘာသာတစ်ခုကို
ကျွမ်းကျင်ချင်တယ်ဆိုရင်
05:48
you'll also need to apply
three more principles.
115
336440
2480
နောက်အခြေခံသဘောတရား သုံးခုကိုပါ
အသုံးချဖို့လိုပါတယ်။
05:51
First of all, you'll need
effective methods.
116
339760
2600
ပထမဆုံးက ထိရောက်တဲ့ နည်းလမ်းတွေ
လိုအပ်ပါလိမ့်မယ်။
05:55
If you try to memorize a list of words
for a test tomorrow,
117
343160
3416
မနက်ဖြန်စာမေးပွဲအတွက် စာလုံးစာရင်း
တစ်ခုကို အလွတ်ကျက်ဖို့ ကြိုးစားရင်
05:58
the words will be stored
in your short-term memory
118
346600
2376
စာလုံးတွေဟာ ရေတိုမှတ်ဉာဏ်ထဲမှာ
သိမ်းထားမှာဖြစ်ပြီး
06:01
and you'll forget them after a few days.
119
349000
1905
ရက်အနည်းငယ်မှာတော့ မေ့သွားမှာပါ။
06:03
If you, however,
want to keep words long term,
120
351400
2936
ဒါပေမဲ့ စကားလုံးတွေကို
ရေရှည်သိမ်းထားချင်ရင်တော့
06:06
you need to revise them
in the course of a few days repeatedly
121
354360
2936
space repetition ဆိုတဲ့
နည်းသုံးပြီး ရက်အနည်းကြာ အထပ်ထပ်
06:09
using the so-called space repetition.
122
357320
2216
ပြန်နွှေးဖို့တော့ လိုလိမ့်မယ်။
06:11
You can use apps which are based
on this system such as Anki or Memrise,
123
359560
4256
ဒီစနစ်ကိုအခြေခံတဲ့ Anki (သို့) Memrise
အက်ပ်တွေကို သုံးနိုင်တယ်၊
06:15
or you can write lists of word
in a notebook using the Goldlist method,
124
363840
3336
(သို့) Goldlist စနစ်ကိုသုံးပြီး
စာလုံးစာရင်းကို မှတ်စုမှာရေးနိုင်တယ်၊
06:19
which is also very popular
with many polyglots.
125
367200
2696
ဘာသာစုံပြောသူ အတော်များများကြားမှာလည်း
အတော်ရေပန်းစားတယ်။
06:21
If you're not sure which methods are
effective and what is available out there,
126
369920
3736
ဘယ်နည်းလမ်းက ထိရောက်လဲ၊ ရနိုင်တာက
ဘာလဲဆိုတာ မသေချာဘူးဆိုရင်
06:25
just check out polyglots'
YouTube channels and websites
127
373680
3016
ဘာသာစကားစုံပြောသူတွေရဲ့
YouTube နဲ့ ဝက်ဘက်ဆိုဒ်တွေကိုကြည့်ပြီး
06:28
and get inspiration from them.
128
376720
1776
သူတို့ဆီက စေ့ဆော်မှုရယူပါ။
06:30
If it works for them,
it will most probably work for you too.
129
378520
2920
သူတို့အတွက် အလုပ်ဖြစ်ရင်
သင့်အတွက်လည်း အလုပ်ဖြစ်လောက်တယ်။
06:34
The third principle to follow
130
382840
1976
လိုက်နာဖို့ တတိယ အခြေခံသဘောတရားကတော့
06:36
is to create a system in your learning.
131
384840
2160
သင့်သင်ယူမှုအတွက် စနစ်တစ်ခုဖန်တီးဖို့ပါ။
06:39
We're all very busy and no one
really has time to learn a language today.
132
387720
4216
အားလုံး အလုပ်ရှုပ်ကြပြီး ယနေ့မှာ ဘာသာစကား
တစ်ခု သင်ဖို့ ဘယ်သူမှ အချိန်မရှိကြဘူး။
06:43
But we can create that time
if we just plan a bit ahead.
133
391960
3776
ဒါပေမဲ့ နည်းနည်း ကြိုပြင်ဆင်ရုံနဲ့ကို
အဲ့ဒီအချိန်ကို ဖန်တီးနိုင်ပါတယ်။
06:47
Can you wake up 15 minutes earlier
than you normally do?
134
395760
3416
သာမန်ထက်ကို ၁၅ မိနစ်လောက်
စောပြီးထနိုင်ကြလား။
06:51
That would be the perfect time
to revise some vocabulary.
135
399200
3296
ဒါဟာ ဝေါဟာရတစ်ချို့ကို ပြန်နွေးဖို့
အကောင်းဆုံးအချိန်ဖြစ်လိမ့်မယ်။
06:54
Can you listen to a podcast
on your way to work while driving?
136
402520
3736
ကားမောင်းနေစဉ် အလုပ်သွားတဲ့လမ်းမှာ
ပေါ့ဒ်ကက်စ်နားထောင်လို့ရလား။
06:58
Well, that would be great
to get some listening experience.
137
406280
3456
ဒါဟာ နားထောင်တဲ့ အတွေ့အကြုံရဖို့
အကောင်းဆုံးဖြစ်လိမ့်မယ်။
07:01
There are so many things we can do
without even planning that extra time,
138
409760
3456
အချိန်ပိုတောင် စီစဉ်စရာမလိုပဲ
လုပ်လို့ရတာတွေ အများကြီးရှိပါတယ်၊
07:05
such as listening to podcasts
on our way to work
139
413240
2656
ဥပမာ၊ အလုပ်သွားတဲ့လမ်းမှာ
ပေါ့ဒ်ကက်စ် နားထောင်ခြင်း၊
07:07
or doing our household chores.
140
415920
1656
(သို့) အိမ်အလုပ်တွေလုပ်ရင်းပေါ့။
07:09
The important thing is
to create a plan in the learning.
141
417600
3296
အရေးကြီးတာက သင်ယူမှုအတွက်
အစီအစဉ်တစ်ခုဖန်တီးဖို့ပါ။
07:12
"I will practice speaking
every Tuesday and Thursday
142
420920
2496
"အင်္ဂါနဲ့ ကြသပတေးနေ့တိုင်း
မိတ်ဆွေတစ်ယောက်နဲ့
07:15
with a friend for 20 minutes.
143
423440
2056
မိနစ် ၂၀ အပြောလေ့ကျင့်မယ်။
07:17
I will listen to a YouTube video
while having breakfast."
144
425520
4416
မနက်စာစားတုန်းမှာ
YouTube ဗီဒီယိုတစ်ခု နားထောင်မယ်။"
07:21
If you create a system in your learning,
145
429960
2136
သင့်သင်ယူဖို့အတွက် စနစ်တစ်ခုကို ဖန်တီးရင်
07:24
you don't need to find that extra time,
146
432120
1896
ဒီအပိုချိန်ကို ရှာဖို့မလိုတော့ဘူး၊
07:26
because it will become
a part of your everyday life.
147
434040
2440
ဒါက သင့်နေ့စဉ်ဘဝရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်လာမှာမို့ပါ။
07:29
And finally, if you want to learn
a language fluently,
148
437880
3216
နောက်ဆုံးမှာတော့ ဘာသာစကားတစ်ခုကို
ကျွမ်းကျင်စွာ သင်ယူချင်ရင်
07:33
you need also a bit of patience.
149
441120
2720
နည်းနည်းလေး သည်းခံဖို့လိုပါတယ်။
07:36
It's not possible to learn
a language within two months,
150
444600
2736
ဘာသာစကားတစ်ခုကို နှစ်လအတွင်း
သင်ယူဖို့ မဖြစ်နိုင်ပေမဲ့
07:39
but it's definitely possible to make
a visible improvement in two months,
151
447360
3896
နှစ်လအတွင်းမှာ မြင်နိုင်တဲ့ တိုးတက်မှုတွေ
ဖန်တီးနိုင်တာတော့ ကျိန်းသေပါတယ်။
07:43
if you learn in small chunks every day
in a way that you enjoy.
152
451280
3736
နေ့စဉ် အပိုင်းလေးတွေကို
သင်နှစ်သက်ရာနည်းနဲ့လေ့လာရင်ပါ။
07:47
And there is nothing
that motivates us more
153
455040
2136
ကိုယ်ပိုင်အောင်မြင်မှုထက် ဘယ်အရာကမှ
07:49
than our own success.
154
457200
1240
ပိုပြီး စိတ်အားမတက်စေဘူး။
07:51
I vividly remember the moment
155
459120
1896
"Friends" ကြည့်နေတုန်း ဂျာမန်လို
07:53
when I understood the first joke
in German when watching "Friends."
156
461040
3680
ပထမဆုံးပြက်လုံးကို နားလည်တဲ့
ကာလကို ပြက်ပြက်ထင်ထင် မှတ်မိတယ်။
07:57
I was so happy and motivated
157
465280
1856
ကျွန်မဟာ အရမ်းပျော်ပြီး
07:59
that I just kept on watching that day
two more episodes,
158
467160
3016
နောက်ထပ် နှစ်ခန်းကို ဆက်ကြည့်တဲ့အထိ
စိတ်အားတက်သွားတယ်၊
08:02
and as I kept watching,
159
470200
1736
ဆက်ကြည့်လေလေ၊
08:03
I had more and more of those moments
of understanding, these little victories,
160
471960
4216
နားလည်တဲ့ ကာလတွေ၊
အောင်ပွဲလေးတွေ ပိုများလာလေလေပါ။
08:08
and step by step, I got to a level
where I could use the language
161
476200
3456
တစ်ဆင့်ပြီးတစ်ဆင့် ပြောလိုရာပြောဖို့
ဘာသာစကားကို ကျွမ်းကျင်စွာ၊
08:11
freely and fluently to express anything.
162
479680
2856
လွတ်လပ်စွာ အသုံးပြုနိုင်တဲ့
အဆင့်တစ်ခုကိုရောက်ခဲ့တယ်။
08:14
This is a wonderful feeling.
163
482560
1520
ဒါဟာ အံ့ဖွယ် ခံစားချက်တစ်ခုပါ။
08:16
I can't get enough of that feeling,
164
484800
1696
ဒီခံစားမှုနဲ့ အားမရနိုင်တာကြောင့်
08:18
and that's why I learn
a language every two years.
165
486520
2816
နှစ်နှစ်ကို ဘာသာစကားတစ်ခုသင်ယူတာပါ။
08:21
So this is the whole polyglot secret.
166
489360
2056
ဒါက ဘာသာစုံတတ်သူ
လျှို့ဝှက်ချက်တစ်ခုလုံးပါ။
08:23
Find effective methods
which you can use systematically
167
491440
2856
သင်နှစ်ခြိုက်ရာနည်းတစ်နည်းနဲ့
ကာလတစ်ခုလွန်တဲ့အထိ
08:26
over the period of some time
in a way which you enjoy,
168
494320
3296
သင်စနစ်တကျ အသုံးပြနိုင်တဲ့ ထိရောက်တဲ့
နည်းလမ်းတွကို ရှာဖွေပါ။
08:29
and this is how polyglots learn
languages within months, not years.
169
497640
3880
ဒါက ဘာသာစုံပြောတတ်သူတွေ ဘာသာစကားတွေကို
နှစ်တွေ၊လတွေအတွင်းမှာ သင်ယူကြပုံပါ။
08:35
Now, some of you may be thinking,
170
503160
1616
သင်တို့ထဲက တစ်ချို့ တွေးနေလောက်တာက
08:36
"That's all very nice
to enjoy language learning,
171
504800
2336
"ဘာသာစကားသင်တာ နှစ်ခြိုက်ဖို့
အကောင်းချည်းဆိုပေမဲ့
08:39
but isn't the real secret
that you polyglots
172
507160
2536
သင်တို့ ဘာသာစုံပြောသူတွေဟာ
08:41
are just super talented
and most of us aren't?"
173
509720
2600
ပါရမီထူးရှိပြီး ကျွန်တော်တို့
အများစုက မဟုတ်ဘူးလေ။"
08:45
Well, there's one thing
I haven't told you about Benny and Lucas.
174
513320
3080
ကဲ ကျွန်မ မပြောပြသေးတာတစ်ခုက
Benny နဲ့ Lucas တို့အကြောင်းပါ။။
08:49
Benny had 11 years of Irish Gaelic
and five years of German at school.
175
517159
5817
Benny ဟာ Irish Gaelic ကျောင်းမှာ ၁၁ နှစ်၊
ဂျာမန်ကျောင်းမှာ ငါးနှစ်နေခဲ့တယ်။
08:55
He couldn't speak them
at all when graduating.
176
523000
3216
ဘွဲ့ရတဲ့အခါ ဒီဘာသာစကားတွေကို
သူမပြောတတ်ခဲ့ဘူး။
08:58
Up to the age of 21, he thought
he didn't have the language gene
177
526240
4176
အသက် ၂၁ နှစ်ထိ သူ့မှာ ဘာသစကားဗီဇ
မရှိခဲ့ဘူးလို့ သူထင်ခဲ့ပြီး
09:02
and he could not speak another language.
178
530440
2416
အခြားဘာသာစကား သူမပြောတ်ခဲ့ဘူး။
09:04
Then he started to look
for his way of learning languages,
179
532880
2936
ဒီနောက် သူ့ကိုယ်ပိုင် ဘာသာစကား
သင်ယူနည်း စတင် ရှာဖွေခဲ့တယ်၊
09:07
which was speaking to native speakers
and getting feedback from them,
180
535840
3856
၎င်းကတော့ မိခင်ဘာသာစကားပြောသူတွေနဲ့
ပြောဆိုပြီး သူတို့ဆီက တုံ့ပြန်မှုရယူမှုပါ၊
09:11
and today Benny can easily
have a conversation in 10 languages.
181
539720
3960
ဒီနေ့မှာတော့ Benny ဟာ ဘာသာစကား
၁၀ မျိုးနဲ့ အလွယ်တကူ စကားပြောနိုင်ပါတယ်။
09:17
Lucas tried to learn English
at school for 10 years.
182
545120
3296
Lucas ဟာ ကျောင်းမှာ အင်္ဂလိပ်စာကို
ဆယ်နှစ် သင်ယူဖို့ ကြိုးစားခဲ့တယ်။
09:20
He was one of the worst students in class.
183
548440
2616
သူဟာ အတန်းထဲမှာ အညံ့ဆုံး
ကျောင်းသားတွေထဲက တစ်ယောက်ပါ။
09:23
His friends even made fun of him
184
551080
1616
သူ့မိတ်ဆွေက လှောင်တောင်လေှာင်ပြီး
09:24
and gave him a Russian textbook as a joke
185
552720
2616
ဟာသအဖြစ် ရုရှားဖတ်စာအုပ် သူ့ကိုပေးခဲ့တယ်။
09:27
because they thought he would never
learn that language, or any language.
186
555360
3736
ဒီဘာသာစကား(သို့) ဘယ်ဘာသာစကားမှ
သူသင်လို့တတတ်မှာမဟုတ်ဘူးလို့ထင်ခဲ့လို့လေ။
09:31
And then Lucas started
to experiment with methods,
187
559120
2376
ဒီနောက် Lucas ဟာ သင်ယူဖို့
ကိုယ်ပိုင်နည်းရှာရင်း
09:33
looking for his own way to learn,
188
561520
1800
နည်းလမ်းတွေကို စမ်းသပ်ဖို့စတင်ခဲ့တယ်။
09:36
for example, by having Skype chat
conversations with strangers.
189
564520
4176
ဥပမာ၊ Skype ကနေ သူစိမ်းတွေနဲ့
စကားပြောဆိုတာတွေပါ။
09:40
And after just 10 years,
190
568720
1816
၁၀ နှစ်အကြာမှာပဲ
09:42
Lucas is able to speak
11 languages fluently.
191
570560
3320
Lucas ဟာ ဘာသာစကား ၁၁ ခုကို
ကျွမ်းကျင်စွာ ပြောနိုင်တယ်။
09:47
Does that sound like a miracle?
192
575000
1560
ဒါက အံ့ဖွယ်တစ်ခုလို ဖြစ်နေလား။
09:49
Well, I see such miracles
every single day.
193
577440
2600
ကဲ ဒီလိုအံ့ဖွယ်တွေကို
ကျွန်မနေ့တိုင်း တွေ့မြင်ရပါတယ်။
09:52
As a language mentor,
194
580760
1336
ဘာသာစကား သင်ပြသူအနေနဲ့
09:54
I help people learn
languages by themselves,
195
582120
2416
လူတွေ ဘာသာ သာသာစကားတွေ
သင်ယူဖို့ ကူညီပေးပြီး
09:56
and I see this every day.
196
584560
1296
ဒါကို နေ့တိုင်းမြင်ရတယ်။

09:57
People struggle with language learning
for five, 10, even 20 years,
197
585880
4176
လူတွေဟာ ဘာသာစကားသင်ယူခြင်းနဲ့
၅ နှစ်၊၁၀ နှစ်၊ အနှစ် ၂၀ ကြာ ကြိုးစားပြီး
10:02
and then they suddenly take
their learning into their own hands,
198
590080
3856
ရုတ်တရက်ပဲ သူတို့သင်ယူခြင်းကို
လက်ထဲမှာ ထားကြတယ်၊
10:05
start using materials which they enjoy,
more effective methods,
199
593960
3296
သူတို့နှစ်သက်တဲ့၊ ပိုထိရောက်တဲ
နည်းလမ်းတွေသုံးရင်း၊
10:09
or they start tracking their learning
200
597280
1816
(သို့) သူတို့ရဲ့တိုးတက်မှုကို
10:11
so that they can appreciate
their own progress,
201
599120
2936
သတိထားမိအောင်လို့
သူတို့သင်ယူမှုကို စတင်ခြေရာခံရင်းပါ၊
10:14
and that's when suddenly
202
602080
1936
ဒါက ရုတ်တရက် သူတို့ဘဝတစ်ခုလုံးမှာ
10:16
they magically find the language talent
that they were missing all their lives.
203
604040
4200
လွဲနေတဲ့ ဘာသာစကားပါရမီကို
မှော်ဆန်ဆန်တွေရှိသွားချိန်ပါ။
10:21
So if you've also tried
to learn a language
204
609480
2176
ဒီတော့ သင်လည်း ဘာသာစကားတစ်ခုကို
10:23
and you gave up,
thinking it's too difficult
205
611680
2416
သင်ယူဖို့ကြိုးစားပြီး
ခက်လွန်းတယ် (သို့) သင့်မှာ
10:26
or you don't have the language talent,
206
614120
2256
ဘာသာစကား ပါရမီမပါဘူးလို့
တွေးရင်းလက်လျှော့ခဲ့ရင်
10:28
give it another try.
207
616400
1536
နောက်တစ်ခါ ကြိုစားကြည့်ပါ။
10:29
Maybe you're also
just one enjoyable method away
208
617960
2856
သင်လည်းပဲ ဘာသာစကားကို ကျွမ်းကျင်စွာ
သင်ယူခြင်းကနေ
10:32
from learning that language fluently.
209
620840
1762
နည်းလမ်းတစ်ခု ဖြစ်လောက်ပါတယ်။
10:34
Maybe you're just one method away
from becoming a polyglot.
210
622960
3936
သင်လည်းပဲ ဘာသာစုံးပြောသူတစ်ဦးဖြစ်ခြင်းကနေ
နည်းလမ်းတစ်ခုဖြစ်လောက်ပါတယ်။
10:38
Thank you.
211
626920
1216
ကျေးဇူးတင်ပါတယ်။
10:40
(Applause)
212
628160
4200
(လက်ခုပ်သံများ)
Translated by sann tint
Reviewed by Myo Aung

▲Back to top

ABOUT THE SPEAKER
Lýdia Machová - Language mentor
Lýdia Machová teaches people how they can learn any language by themselves.

Why you should listen

Lýdia Machová has learned nine languages without ever living abroad or in a multilingual environment. She maintains seven of them at a fluent level, and she usually learns a new one every two years. After meeting dozens of polyglots, or people who speak a lot of languages, she now shares the principles of language learning with the world as a language mentor.

Machová was the main organizer of the world's biggest polyglot event, the Polyglot Gathering in Bratislava, Slovakia, in 2017 and 2018. She holds a PhD in translation studies and previously worked as a professional conference interpreter. She is based in Slovakia but travels often on her mission to help people learn languages in their own ideal way.

More profile about the speaker
Lýdia Machová | Speaker | TED.com