TED Talks with Burmese transcript

Cara E. Yar Khan: သတ္တိနှင့် ကြောက်စိတ်ကြားက လှပတဲ့ ဟန်ချက်ညီမှု။

TEDWomen 2019

Cara E. Yar Khan: သတ္တိနှင့် ကြောက်စိတ်ကြားက လှပတဲ့ ဟန်ချက်ညီမှု။
1,501,370 views

ကြွက်သား ယိုယွင်းလာစေတဲ့ ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ အခြအနေရောဂါတစ်ခု တွေ့ရှိပြီးနောက်မှာ သူ့ရဲ့ သက်မွေးမှုလုပ်ငန်း ရည်မှန်းချက်တွေကို ကန့်သတ်ဖို့နဲ့ သူ့စိတ်ကူးအိပ်မက်တွေကို လျှော့ချပစ်ဖို့ လို့တယ်လို့ Cara E. Yar Khan ကို ပြောကြတယ်။ ဒီအကြံပေးချက်ကို လျစ်လျူရှုပြီး ဒီအစား သူ့ရဲ့ အကြီးမားဆုံး အိပ်မက်တွေကို နောက်ကို ဆက်လိုက်ခဲ့တယ်။ ဒီအားကောင်းပြီး စိတ်လှုပ်ရှားစေတဲ့ ဟောပြောချက်မှာ သူ့အတွက် အရေးပါဆုံး စီမံကိန်းတွေကို လုပ်ကိုင်ခြင်းအတွက် သူ့ရဲ့ဒဿနကို မျှဝေထားပါတယ်။ သတ္တိနဲ့ ကြောက်စိတ် အတူတကွ ယှဉ်တွဲနေစေရင်းပါ။ သူ့ရဲ့ အဆိုအတိုင်း အပြည့်အဝ ရှင်သန်ခြင်းကို ပြသတဲ့ ခရီးတစ်ခုရဲ့ ရင်ဖိုစရာ၊ မူးနောက်ရီဝေစေတဲ့ ဗီဒီယိုပြကွက်ကို ကြည့်လိုက်ပါဦး။

Eve Ensler: စစ်မှန်တဲ့ ဝန်ချတောင်းပန်မှုတစ်ခုရဲ့ နက်ရှိုင်းတဲ့ စွမ်းအား။

TEDWomen 2019

Eve Ensler: စစ်မှန်တဲ့ ဝန်ချတောင်းပန်မှုတစ်ခုရဲ့ နက်ရှိုင်းတဲ့ စွမ်းအား။
1,443,244 views

စစ်မှန်တဲ့ ဝန်ချတောင်းပန်မှုဟာ နောင်တရမှုထက်ကို သာလွန်ထိရောက်တယ်လို့ အထင်ကရ ပြဇာတ်ရေးသားသူ Eve Ensler က ဆိုပါတယ်။ ဒီပွင့်လင်း၊ ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ဟောပြောချက်ထဲမှာ သူကိုယ်တိုင် ကြံတွေ့ခဲ့ရတဲ့ မတရားဖိနှိပ်မှုကို မမှန်မကန်လုပ်သူတွေ ပြုလုပ်နိုင်၊ စစ်မှန်တဲ့ နောင်တကို ပြောနိုင်တဲ့ ဉာဏ်ပညာအဖြစ်ပြောင်းလဲပုံကို မျှဝေထားပြီး ဒီလုပ်ငန်းစဉ် စတင်ဖို့ ကူညီပေးတဲ့ အဆင့် လေးဆင့်ပါတဲ့ လမ်းညွှန်မြေပုံတစ်ခုကို ပေးထားပါတယ်။ (ဤဟောပြာချက်တွင် ရင့်ကျက်သော အကြောင်းအရာများ ပါဝင်သည်။)

Kathryn Bouskill: အရှိန်မြင့်စွာဖြင့် သွားနေတဲ့ ကမ္ဘာကြီးရဲ့ ခန့်မှန်းမရနိုင်တဲ့ အကျိုးဆက်များ။

TEDxManhattanBeach

Kathryn Bouskill: အရှိန်မြင့်စွာဖြင့် သွားနေတဲ့ ကမ္ဘာကြီးရဲ့ ခန့်မှန်းမရနိုင်တဲ့ အကျိုးဆက်များ။
1,317,573 views

ဘာကြောင့် ခေတ်မီ နည်းပညာက ထိရောက်မှုကို ကတိပြုပေးမဲ့ ကျွန်ုပ်တို့ကို တချိန်လုံး အချိန်ကြောင့် ဒဏ်ပိနေသလို ခံစားလာစေတာလဲ။ မနုဿဗေဒပညာရှင် Kathryn Bouskill ကနေပြီး အရှိန်မြင့်စွာဖြင့် ပြေးနေတဲ့ လူ့အဖွဲ့အစည်းထဲက နေထိုင်မှုဘဝဆိုင်ရာ ဝိရောဓိတွေကို စူးစမ်းရှာဖွေထားပြီး သွား၊ သွား၊ သွားလို့ တောင်းဆိုနေတဲ့ ကမ္ဘာထဲမှာ အရှိန်လျှော့ချခြင်းရဲ့ အရေးပါမှုကို ဘာကြောင့် ကျွန်ုပ်တို့ ပြန်လည်သုံးသပ်ဖိုလိုကြောင်းကို ရှင်းပြထားပါတယ်။

Alejandro Duran: သမုဒ္ဒရာထဲမှာ အမှိုက်တွေပွထနေတာကို အနုပညာနဲ့ ကျွန်တော် ကိုင်တွယ်ခဲ့ပုံ။

We the Future

Alejandro Duran: သမုဒ္ဒရာထဲမှာ အမှိုက်တွေပွထနေတာကို အနုပညာနဲ့ ကျွန်တော် ကိုင်တွယ်ခဲ့ပုံ။
226,047 views

Alejandro Durán ဟာ သမုဒ္ဒရာထဲက ဂေဟစနစ်တွေပျက်စီးလာတာကို အနုပညာနဲ့ မီးမောင်းထိုးပြခဲ့ပါတယ်။ ဒီသိပ်ကောင်းတဲ့ ဟောပြောပွဲလေးမှာ ကမ္ဘာအနှံ့က ရေမျောကမ်းတင်လာတဲ့ ပလတ်စတစ်အမှိုက်တွေ (ရေဘူးကနေ ခြေတုအထိ) ကို ဘယ်လိုစုစည်းခဲ့ပြီး လှပတဲ့ သဘာဝပတ်ဝန်းကျင် အနုပညာဖန်တီးမှုတွေ ဘယ်လိုလုပ်ခဲ့တယ်၊ လူတွေကိုဘယ်လို အံ့အားသင့်စေခဲ့တယ် ဆိုတာကို ပြောပြထားပါတယ်။

Sougwen Chung: ကျွန်မ စက်ရုပ်တွေကိုသုံးပြီး ပုံတွေဆွဲနေတာ ဘာ​ကြောင့်လဲ

TED@BCG Mumbai

Sougwen Chung: ကျွန်မ စက်ရုပ်တွေကိုသုံးပြီး ပုံတွေဆွဲနေတာ ဘာ​ကြောင့်လဲ
160,983 views

လူသားနဲ့ စက်ရုပ်တွေ အနုပညာကို လက်တွဲ ဖန်တီးကြမယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ အံ့ဩစိတ်ဝင်စားဖွယ် ဒီဟောပြောချက်ထဲမှာ အနုပညာရှင် Sougwen Chung က သူမရဲ့ အနုပညာ စတိုင်ကို စက်ကို သင်ကြားပေးပုံနဲ့ မျှော်လင့်မရနိုင်တဲ့ တွေ့ရှိချက် တစ်ခုကို ကျုပ်တို့အတွက် မျှဝေပေးထားပါတယ် - စက်ရုပ်တွေလည်း မှားတတ်ကြတယ် ဆိုတာပါ။ "လူသားနဲ့ စက်ယန္တရားတွေရဲ့ အလှတစ်ခုက ၎င်းတို့ နှစ်ခုစလုံးတို့ဆီမှာ မွေရာပါ မှားယွင်းတတ်မှုပါပဲ"လို့ သူက မှတ်ချက်ချထားပါတယ်။

Cady Coleman: နိုင်ငံတကာ အာကာသ စခန်းမှာ နေရတာ ဘယ်လိုမျိုးပါလိမ့်။

TED2019

Cady Coleman: နိုင်ငံတကာ အာကာသ စခန်းမှာ နေရတာ ဘယ်လိုမျိုးပါလိမ့်။
309,672 views

ဒီတိုတောင်းတဲ့ ရယ်မာစရာ ဟောပြာချက်မှာ Cady Coleman ကနေပြီး ကျွန်ုပ်တို့ကို နိုင်ငံတကာ အာကာသ စခန်း ( International Space Station) ပေါ်ကို တက်ရောက်ဖို့ ကြိုဆိုလိုက်ပါတယ်။ သူဟာ သိပ္ပံပညာရဲ့ နယ်ပယ်စွန်းတွေကို တိုးချဲ့ပေးခဲ့တဲ့ လက်တွေ့ စမ်းသပ်မှုတွေလုပ်ရင်း အဲဒီမှာ ခြောက်လနီးပါး အချိန်ကုန်ဆုံးခဲ့တာပါ။ အလုပ်ကို ပျံသန်းသွားတာ၊ ကမ္ဘာမြေဆွဲအား မရှိဘဲ အိပ်စက်တာနဲ့ ကမ္ဘာမြေဝန်းကျင်မှာ တစ်နာရီကို ၁၇၅၀၀ မိုင်နှုန်းနဲ့ တစ်ရှိန်ထိုး ပြေနေတဲ့ ဘဝကို နေထိုင်ဖို့ဆိုတာ ဘယ်လိုများ ရှိပါလိမ့် ဆိုတာကို နားဆင်ကြည့်ပါ။ "အာကာသ စခန်းဟာ အထူးတာဝန်နဲ့ မှော်ဆန်မှု အတူတူ ပေါင်းဆုံတဲ့ နေရာပါ" လို့ Coleman က ဆိုပါတယ်။

Daniel Bögre Udell: ဘာသာစကားတစ်ခု ကွယ်ပျောက်သွားခြင်းမှ ကယ်တင်နည်း။

TED Residency

Daniel Bögre Udell: ဘာသာစကားတစ်ခု ကွယ်ပျောက်သွားခြင်းမှ ကယ်တင်နည်း။
1,347,903 views

နောင်လာမယ့် နှစ် ၈၀ အတွင်းမှာ ဘာသာစကားပေါင်း ၃၀၀၀ လောက်အထိ ကွယ်ပျောက်သွားနိုင်ပါတယ်။ ယဉ်ကျေးမှုတွေတစ်ခုလုံးလောက်ကို နှုတ်ဆိတ်သွားစေမှာပါ။ ဒီတိုတောင်းတဲ့ ဟောပြောချက်ထဲမှာ ဘာသာစကား လှုပ်ရှားတက်ကြွသူ Daniel Bögre Udell ကနေပြီး တစ်ကမ္ဘာလုံးက လူတွေဟာ ဘိုးဘွာဘီဘင်လက်ထက်က ဘာသာစကားတွေကို ရှင်သန်ဖို့နဲ့ သူတို့ရဲ့ အစဉ်အလာတွေကို ပြန်လည်တည်ဆောက်ဖို့ နည်းလမ်းသစ်တွေကို ရှာဖွေပုံကို ပြသထားပြီး ရှေးဘိုးဘေးတွေရဲ့ ဘာသာစကားတွေကို စူးစမ်းလေ့လာဖို့ ကျွန်ုပ်တို့အားလုံးကို တိုက်တွန်းထားပါတယ်။ "သင့် ဘာသာစကားကို ဆယ်တင်ခြင်းနဲ့ သင့် ယဉ်ကျေးမှုကို ပွေ့ဖက်ခြင်းဟာ သင့်ကိုယ်တိုင်ဖြစ်စေဖို့ အားကောင်းတဲ့ နည်းလမ်းတစ်ခုပါ"လို့ သူက ဆိုထားပါတယ်။

Heidi Boisvert: ပိုကောင်းမွန်တဲ့ ဇာတ်လမ်းတွေ ပြောပြဖို့နဲ့ လူမှု အပြောင်းအလဲကို အစပျိုးပေးဖို့ ဇီဝဆိုင်ရာ အချက်အလက်များကို ကျွန်မ အသုံးပြုနေပုံ။

TED Residency

Heidi Boisvert: ပိုကောင်းမွန်တဲ့ ဇာတ်လမ်းတွေ ပြောပြဖို့နဲ့ လူမှု အပြောင်းအလဲကို အစပျိုးပေးဖို့ ဇီဝဆိုင်ရာ အချက်အလက်များကို ကျွန်မ အသုံးပြုနေပုံ။
1,238,813 views

လုပ်ကိုင်ဆောင်ရွက်စေဖို့ ကျွန်ုပ်တို့ကို ရွေ့ရှားစေတာက ဘယ်လိုဇာတ်လမ်းမျိုးတွေလဲ။ ဒီမေးခွန်းကို ဖြေဆိုဖို့ တီထွင်ဖန်တီးတတ်တဲ့ နည်းပညာရှင် Heidi Boisvert ကနေပြီး လူတွေရဲ့ ဦးနှောက်တွေနဲ့ ကိုယ်ခန္ဓာတွေက အမျိုးမျိုးသော မီဒီယာတွေကို မသိစိတ်နဲ့ တုံ့ပြန်ပုံကို တိုင်းတာနေတာပါ။ မျှဝေခံစားမှုနဲ့ တရားမျှတမှုကို စေ့ဆော်ပြီး ကျယ်ပြန့်တဲ့ လူမှု အပြောင်းအလဲကို အစပျိုးပေးတဲ့ သီးခြား ဇာတ်လမ်း ပါဝင်တဲ့ အရာတွေကို စိစစ်တွက်ချက်ဖို့ ဒီအချက်အလက်ကို သူ အသုံးပြနေပုံကို ပြသထားတာပါ။

David Deutsch: နှစ်ပေါင်း ဘီလီယံချီကြာအောင် ပုံစံမပြောင်းထပ်နေမှုရဲ့ နောက်မှာ စကြဝဠာဟာ နှိုးကြားလာနေပါပြီ

TED2019

David Deutsch: နှစ်ပေါင်း ဘီလီယံချီကြာအောင် ပုံစံမပြောင်းထပ်နေမှုရဲ့ နောက်မှာ စကြဝဠာဟာ နှိုးကြားလာနေပါပြီ
1,582,806 views

ရူပဗေဒ သိအိုရီပညာရှင် David Deutsch က ‘‘ပုံစံမပြောင်းထပ်နေမှု’’ အမည်ပေးထားတဲ့ အံ့အားသင့်ဖွယ် အကြောင်းအရာကို၊ ကျုပ်တို့ စကြဝဠာထဲတွင် ဘီလီယံနှစ်များစွာ ကြာအောင်ကို အသစ်အဆန်းဆိုလို့ ဘာတစ်ခုမှ ပေါ်မလာခဲ့တာကို ထောက်ပြလျက် လူသားရဲ့ ရှင်းပြနိုင်တဲ့ အသိပညာဟာဖြင့် အဲဒီလို အစဉ်အလာကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။‘‘လူသားတို့ဟာ အာကာသ အင်အားတွေက လှုပ်ရှားစေနေတဲ့ သူတွေ မဟုတ်ကြဘူး‘‘လို့ သူက ညွှန်ပြသွားကာ ‘‘ကျုပ်တို့ဟာ အာကစာ စွမ်းအင်တွေကို သုံးနေကြတဲ့ သူတွေပါ’’လို့ ဆိုပါတယ်။

Leila Pirhaji: ဆေးပညာဆိုင်ရာဉာဏ်ရည်တုအလားအလာနှင့် ဇီ၀ဖြစ်စဉ်ပစ္စည်းများ

TED2019

Leila Pirhaji: ဆေးပညာဆိုင်ရာဉာဏ်ရည်တုအလားအလာနှင့် ဇီ၀ဖြစ်စဉ်ပစ္စည်းများ
1,210,569 views

ရောဂါတွေဖြစ်ရတာက ဇီ၀ပစ္စည်းတွေ (ခန္ဓာကိုယ်ထဲကသေးငယ်တဲ့မော်လီကျူးတွေဖြစ်တဲ့ အဆီ၊ ဂလူးကို့စ်နှင့် သွေးထဲကအဆီတွေ) ကြောင့်ဖြစ်တယ် ဒါပေမဲ့ သူတို့ကဘာဖြစ်တယ် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို တိတိကျကျမသိပါဘူး။ ဇီ၀နည်းပညာကိုဆောင်ရွက်သူလည်းဖြစ် TED အဖွဲ့ဝင်လည်းဖြစ်တဲ့ Leila Pirhaji ကသူမရဲ့အစီအစဉ်ဖြစ်တဲ့ ဇီ၀ပစ္စည်းတွေရဲ့ပုံသဏ္ဍာန်တွေရဲ့စရိုက်ကို အခြေခံကာတည်ဆောက်ထားတဲ့ ဉာဏ်ရည်တုကွန်ယက်အကြောင်းနှင့်၊ ရောဂါတွေဘယ်လိုဖြစ်လာရတာကိုပိုနားလည်စေရန် ပြီးတော့ ပိုပြီးထိရောက်တဲ့ကုသမှုတွေအကြောင်းကို မျှဝေထားပါတယ်။

Andrew Forrest: ပလပ်စတစ် စွန့်ပစ်ပစ္စည်း အဆုံးသတ်ဖို့ အခြေခံကျတဲ့ အစီအစဉ်။

We the Future

Andrew Forrest: ပလပ်စတစ် စွန့်ပစ်ပစ္စည်း အဆုံးသတ်ဖို့ အခြေခံကျတဲ့ အစီအစဉ်။
1,981,991 views

ပလပ်စတစ်ဟာ စီးပွားရေးအတွက် မယုံနိုင်အောင် ထူးခြားတဲ့ ဒြပ်ဝတ္ထုတစ်ခုပါ။ ပြီးတော့ ပတ်ဝန်းကျင်အတွက် အဆိုးဝါးဆုံး ဖြစ်နိုင်လောက်တဲ့ ဒြပ်ဝတ္ထုလည်းဖြစ်နေတယ်လို့ စွန့်ဦးထွင် Andrew Forrest က ဆိုပါတယ်။ စကားစစ်ထိုးပွဲ အစမျိုး သဘေဆောင်လာတဲ့ စကားဝိုင်းတစ်ခုမှာ Andrew Forrest နဲ့ TED ရဲ့ ဦးဆောင်သူ Chris Anderson တို့ဟာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတွေ ပတ်ဝန်းကျင်ဆိုင်ရာ တော်လှန်ရေးတစ်ရပ်ကို ငွေကြေးထောက်ပံ့ခိုင်းဖို့ အလှမ်း ကျယ်လွန်းတဲ့ အစီအစဉ်တစ်ခုကို ဆွေးနွေးကြပါတယ်... ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာတွေကနေ မဟုတ်ဘဲ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကနေ ပလပ်စတစ်အားလုံးကို ရယူတဲ့ဆီ ဦးတည်တဲ့ အသွင်ကူးပြောင်းရေး စက်မှုလုပ်ငန်းပါ။

Moreangels Mbizah: ရပ်ရွာက ဦးဆောင်တဲ့ သဘာဝဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းက တောရိုင်းတိရစ္ဆာန်များကို ကယ်တင်နိုင်ပုံ။

TED2019

Moreangels Mbizah: ရပ်ရွာက ဦးဆောင်တဲ့ သဘာဝဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းက တောရိုင်းတိရစ္ဆာန်များကို ကယ်တင်နိုင်ပုံ။
1,405,511 views

သဘာဝဝန်းကျင် ချစ်မြတ်နိုးသူနဲ့ TED ဝိုင်းတော်သား Moreangels Mbizah ဟာ ကျော်ကြားတဲ့ ခြင်္သေ့ Cecil ကို ၂၀၁၅ မှာ ဆုရ မုဆိုးတစ်ယောက်ရဲ့ပစ်သတ်တာ မခံရခင်အထိ လေ့လာခဲ့ပါတယ်။ "တကယ်လို့များ Cecil နဲ့ ကပ်လျက်မှာ နေထိုင်ခဲ့တဲ့ ရပ်ရွာက သူ့ကို ကာကွယ်ရာမှာ ပါဝင်ခဲ့တယ်ဆိုရင်"လို့ မေးရင်း အခြေအနေတွေဟာ ခြားနားစွာ ဖြစ်နိုင်ခဲ့ပုံကို သူတွေးမိတယ်။ ဒီတိုတောင်းတဲ့ ဟောပြောချက်ထဲမှာ Mbizah ကနေပြီး သူ့ရဲ့ မွေးရပ်မြေ Zimbabwe က သဘာဝဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းရဲ့ အခြေအနေကို မျှဝေကာ တောရိုင်းတိရစ္ဆာန်တွေနဲ့အတူ နေထိုင်နေကြတဲ့ ရပ်ရွာတွေဟာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့ အကောင်းဆုံး နေရာယူထားတာတွေလို့ ဘာကြောင့် သူတွေးမိလဲဆိုတာပါ။

Yaniv Erlich: ကျုပ်တို့က ကမ္ဘာ့အကြီးမားဆုံး မိသားစု ပင်စည်ကို တည်ဆောက်နေကြပုံ

TEDMED 2018

Yaniv Erlich: ကျုပ်တို့က ကမ္ဘာ့အကြီးမားဆုံး မိသားစု ပင်စည်ကို တည်ဆောက်နေကြပုံ
1,507,766 views

ကွန်ပျူတာနဲ့ တွက်ချက်ရာတွင် ပါရမီရှင်ဖြစ်တဲ့ Yaniv Erlich က ကမ္ဘာ့အကြီးမားဆုံး မိသားစု ပင်စည်ကို တည်ဆောက်နိုင်အောင် ကူညီပေးခဲ့ရာ -- အဲဒီထဲမှာ လူစုစုပေါင်း ၁၃ သန်းပါဝင်ကြပြီး နှစ်ပေါင်းအရ လွန်ခဲ့တဲ့ နှစ် ၅၀၀ အထိရှိတဲ့ ကာလကို ခြုံငုံမိပါတယ်။ အဲဒီ သုတေသန အလုပ်ထဲကနေပြီး ပေါ်ထွက်လာကြတဲ့ အံ့အားသင့်ဖွယ် ပုံစံချပ်ပြားများ အကြောင်းကို၊ ကျုပ်တို့ရဲ့ ချစ်ကြိုက်ကြတဲ့ အသက်များအကြောင်း၊ ကျုပ်တို့ရဲ့ ကျန်းမာရေး၊ ပြီးတော့ ဆယ်စုနှစ်ချီ ကြာလာခဲ့ကြတဲ့ ရာဇဝတ်မှုများ အကြောင်းတို့ကို ပြောပြထားတဲ့ အပြင် ပြည်သူတွေ အများအပြား ပါဝင်ပြီး တည်ဆောက်ပေးခဲ့ကြတဲ့ ဆွေစဉ်မျိုးဆက်ဆိုင်ရာ ဒေတာများက အတိတ်ကာလကိုသာမက အနာဂတ်ကိုပါ မီးမောင်း ထိုးပြနိုင်စွမ်း ရှိတာကို ထောက်ပြထားပါတယ်။

Sam Van Aken: အပင် တစ်ပင်တည်းမှ အသီးအမျိုးမျိုး ၄၀ ကို သီးပေးနိုင်ပုံ

TED Salon The Macallan

Sam Van Aken: အပင် တစ်ပင်တည်းမှ အသီးအမျိုးမျိုး ၄၀ ကို သီးပေးနိုင်ပုံ
363,921 views

အနုပညာရှင် Sam Van Aken ကနေပြီး မယုံနိုင်ဖွယ် "အသီး ၄၀ အပင်" အကြောင်းကို၊ အပင် တစ်ပင်တည်း အပေါ်မှာ မက်မွန်သီးများ၊ မက်မန်းသီးများ၊ တရုတ်ဆီးသီးများ၊ နက်တာရင်းများနှင့် ချယ်ရီသီးများ သီးနိုင်ကြပုံကို အကိုင်းများကို ဆက်ကူးပေးခြင်းဖြင့် လုပ်ပေးရနိုင်ကြောင်း ပြောပြထားပါတယ်။ အဲဒီကတဆင့်တက်ပြီး အနုပညာ ပရိုဂျက် တစ်ခုအနေနဲ့ အခု စတင် လုပ်ကိုင်ဖို့ ကြိုးစားနေတာက၊ လှပကြပြီး အရောင်မျိုးစုံဖြင့် အချိန်ကာလအလိုက် ပွင့်ပြီး သီးကြတဲ့ ရှားပါးကြတဲ့ ရှေးခေတ် အမျိုးအစားများ ဖြစ်ကြတဲ့ အဲဒီ အသီးအမျိုးမျိုးတို့ကို ထိန်းသိမ်း စောင့်ရှောက်ပေးရုံသာမက၊ ကျုပ်တို့လူသားတို့ရဲ့ အစားအစာတွေ မတူကွဲပြားလျက် မျိုးစုံ ရှိနေရေးကို အာမခံပေးနိုင်အောင် လူတွေကို သင်ကြားပေးမယ့် သင်္ကေတလည်း ဖြစ်လာပါတယ်။ "ဒီလို အသီးများထဲမှာ အစားအစာများတင်မက ကျုပ်တို့ရဲ့ ယဉ်ကျေးမှုပါ ရောယှက်လျက် ရှိနေပါတယ်၊ တကယ်တမ်းတွင် ဒီအသီးများဟာ ကျုပ်တို့ရဲ့ ပုံပြင်ပါပဲ"လို့ Van Aken က ဆိုပါတယ်။

Janelle Shane: ဉာဏ်ရည်တုရဲ့အန္တရာယ်က ကျွန်မတို့ထင်ထားတာထက် ကြောင်တောင်တောင်နိုင်ပါတယ်

TED2019

Janelle Shane: ဉာဏ်ရည်တုရဲ့အန္တရာယ်က ကျွန်မတို့ထင်ထားတာထက် ကြောင်တောင်တောင်နိုင်ပါတယ်
376,501 views

ဉာဏ်ရည်တုရဲ့အန္တရာယ်က ကျွန်မတို့ကိုပုန်ကန်ခြင်းမဟုတ်ပါဘူး ဒါပေမဲ့ သုတေသီ Janelle Shaneပြောတာအရဆိုရင် အဲ့တာကကျွန်မတို့ပြောတဲ့အတိုင်းတိတိကျကျလုပ်ဆောင်ခြင်းဖြစ်တယ်။ ကြောင်တောင်နိုင်တာတွေကိုဝေမျှရမယ်ဆိုရင် တခါတရံလူသားတွေရဲ့ပြဿနာကိုဖြေရှင်းပေးဖို့အတွက် ဉာဏ်ရည်တုဖန်တီးထားတဲ့ကိုးရို့ကားရားနိုးစက်အသံတွေ ရေခဲမုန့်အသစ်အရသာမျိူးတွေ ဒါမှမဟုတ် လမ်းပေါ်ကကားတွေကိုမှတ်သားခြင်းတွေဖြစ်တယ်။ Shane ကတော့ဉာဏ်ရည်တုကဘာကြောင့်တကယ့်ဦးနှောက်နဲ့တိုင်းတာလို့မရသေးဘူးလဲဆိုတာကို ပြသထားပါတယ်။

David Peterson: ဘာသာစကားဟာ လူသားရဲ့ မဟာတီထွင်မှုကြီး ဖြစ်တာ ဘာကြောင့်လဲ

TEDxBerkeley

David Peterson: ဘာသာစကားဟာ လူသားရဲ့ မဟာတီထွင်မှုကြီး ဖြစ်တာ ဘာကြောင့်လဲ
1,262,839 views

လူ့ယဉ်က​ျေးမှုဟာ ဘာသာစကားကို အခြေခံ ရပ်တည်နေရတာ ဖြစ်ကြောင်း ဘာသာစကားကို ဖန်တီးသူ David Peterson က ဆိုပါတယ်။ သူရဲ့ စိတ်လိုက်မာန်ပါနဲ့ ရယ်ရွှင်ဖွယ် ဟောပြောခန်းထဲတွင် သူက ဘာသာစကားကို လေ့လာမှု၊ ထိန်းသိမ်းမှုနဲ့ အသစ်ကို တီထွင်ဖန်တီးပေးမှုတို့က ကျွန်ုပ်တို့ လူသားအားလုံးတို့ရဲ့ စုပေါင်းရပ်တည်မှုကို နားလည်လာစေပုံကို ညွှန်ပြထားပြီး -- သူကနေပြီး "Game of Thrones" ရုပ်ရှင်အတွက် (Dothraki နဲ့အတူ) ဘာသာစကား အသစ်နှစ်မျိုးကို တီထွင်ပေးခဲ့ရာ တစ်ခုဖြစ်တဲ့ High Valyrian ကို သင်တန်းတောင် ပို့ချပေးနေပါတယ်။ "ဘာသာစကားကို ကိရိယာသက်သက်အဖြစ် ထင်မှတ်မရနိုင်ကြောင်း သူက ဆိုထားင်္ပြး "ဘာသာစကားဟာ ကျုပ်တို့အားလုံးရဲ့ အမွေအနှစ်​ဖြစ်ပြီး လူသားရဲ့ အနှစ်သာရကို ဖေါ်ထုတ်ပေးတဲ့ အရာပါ။"လို့ ယုံကြည်ပါတယ်။

Patrick Chappatte: လွတ်လပ်တဲ့ ကမ္ဘာမှာ သရော်ခြင်း ဟာသလိုအပ်ခြင်း။

TEDSummit 2019

Patrick Chappatte: လွတ်လပ်တဲ့ ကမ္ဘာမှာ သရော်ခြင်း ဟာသလိုအပ်ခြင်း။
344,008 views

ကျွန်ုပ်တို့ အသက်ရှူတဲ့ လေကို လိုအပ်သလိုပဲ ကျွန်ုပ်တို့ ဟာသကိုလည်း လိုအပ်ပါတယ်လို့ ပြောသူကတော့ ကာတွန်းဆရာ အယ်ဒီတာ Patrick Chappatte ပါ။ အာဏာရှင်တွေနဲ့ အတွေးအမြင်စနစ်တစ်ခုကို တရားသေ စွဲနေသူတွေမှသည် ဆယ်ဖီတွေရိုက်သူတွေနဲ့ လူမှု မီဒီယာ လူအုပ်တွေအထိ အကုန်လုံးကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုမှ စိတ်ဝင်စားဖွယ် အကောင်းဆုံးတွေနဲ့ သရုပ်ဖော်ထားတဲ့ ဟောပြောချက်တစ်ခုထဲမှာ Chappatte ကနေပြီး သရော်ခြင်းရဲ့ မရှိမဖြစ်လိုအပ်ချက်အတွက် အံ့ချီးလောက်ပြီး မကြာခဏတော့ အလွန်ကို ရယ်စရာကောင်းလှတဲ့ ကိစ္စတစ်ရပ်ကို တင်ပြထားပါတယ်။ " နိုင်ငံရေး ကာတွန်းတွေဟာ ဒီမိုကရေစီနဲ့အတူ မွေးဖွားလာခဲ့ပြီး လွတ်လပ်မှုရှိတဲ့အခါမှာ သူတို့ဟာ စိန်ခေါ်ခံရတယ်"လို့ သူက ဆိုပါတယ်။

Emmett Shear: အနာဂတ်ဖျော်ဖြေရေးလောကအတွက် Streaming ရဲ့အခန်းကဏ္ဍ

TED2019

Emmett Shear: အနာဂတ်ဖျော်ဖြေရေးလောကအတွက် Streaming ရဲ့အခန်းကဏ္ဍ
250,259 views

ဒီစကားဝိုင်းလေးမှာတော့ Twitch ရဲ့ တွဲဖက်တည်ထောင်သူ တစ်ယောက်ဖြစ်တဲ့ Emmett Shear က အနာဂတ်မှာ ကြည့်ရှူ့သူတွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လို့ရမယ့် ဖျော်ဖြေရေးအစီအစဉ်တွေ ပေါ်ပေါက်လာမှာနဲ့ပက်သက်ပြီး သူ့အမြင်ကို ပြောပြပေးမှာဘဲဖြစ်တယ်။ ပြီးတော့အွန်လိုင်းလူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရာမှ ာဗီဒီယိုဂိမ်း Streaming တွေက ဘယ်လိုကူညီနေကြောင်းကိုပါ ဆွေးနွေးမှာဖြစ်ပါတယ်။ "ကျွန်တော့်အနေနဲ့ ဖျော်ဖြေရေးတွေက ကျွန်တော်တို့ကို ဝေးကွာသွားစေမယ့်အစား ပိုပြီးနီးစပ်လာအောင် လုပ်ဆောင်ပေးနိုင်မယ့်ကမ္ဘာကြီးအတွက် စိတ်လှုပ်ရှားမိပါတယ်။ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးစပ်လာပြီး ကိုယ်ပိုင်စိတ်ကူးတွေကို မျှဝေရင်း အားကေင်းပြီး စစ်မှန်တဲ့လူအဖွဲ့အစည်းဖြစ်ပေါ်လာနိုင်မယ်။"

Federica Bianco: ရူပနက္ခတ္တပညာနဲ့ လက်တွေ့ပြဿနာတွေကို ကျွန်မတို့ ဘယ်လိုလေ့လာမလဲ။

TED2019

Federica Bianco: ရူပနက္ခတ္တပညာနဲ့ လက်တွေ့ပြဿနာတွေကို ကျွန်မတို့ ဘယ်လိုလေ့လာမလဲ။
1,455,854 views

စကြာဝဠာတစ်ခုလုံးလို ရှုပ်ထွေးတဲ့စနစ်တစ်ခုကို လေ့လာဖို့ ရူပနက္ခတ္တပညာရှင်တွေဟာ ကြီးမားရှုပ်ထွေးတဲ့ ဒေတာစုတွေကနေ ရိုးရှင်းတဲ့ ပုံစံငယ်တွေ၊အဖြေတွေ ထုတ်တတ်ရပါတယ်။ ဒါဆို ဒီကျွမ်းကျင်မှုနဲ့ သူတို့ဘာတွေထပ်လုပ်နိုင်ဦးမလဲ။ နယ်ပယ်စုံဟောပြောပွဲတစ်ခုမှာ TE အဖွဲ့ဝင်နဲ့ ရူပနက္ခတ္တပညာရှင်တစ်ဦးဖြစ်တဲ့ Federica Biancoက ရူပနက္ခတ္တ ဒေတာလေ့လာနည်းစနစ်တွေကို မြို့ပြ၊လူမှုရေးပြဿနာတွေနဲ့ ကြယ်တွေရဲ့ ဆန်းကြယ်မှုကို ဖြေရှင်းရာမှာ သူဘယ်လိုသုံးနေလဲဆိုတာ ရှင်းပြထားပါတယ်။

Yeonmi Park: မြောက်ကိုရီးယားမှ လွတ်မြောက်ခဲ့ပြီးနောက်မှာ လွတ်လပ်မှုကို သိရှိလာရပုံ။

TED2019

Yeonmi Park: မြောက်ကိုရီးယားမှ လွတ်မြောက်ခဲ့ပြီးနောက်မှာ လွတ်လပ်မှုကို သိရှိလာရပုံ။
2,371,462 views

"မြောက်ကိုရီးယားကတော့ မတွေးတတ်အောင်ပါပဲ ရှင်။"လို့ ဆိုလာသူကတော့ အသက် ၁၀ နှစ်မှာ နိုင်ငံထဲက ထွက်ပြေးလွတ်မြောက်လာသူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Yeonmi Park ပါ။ သူ့ရဲ့ ကလေးဘဝရဲ့ မချိမဆံ့ ခံစားရတဲ့ ဇာတ်လမ်းကို မျှဝေရင်း လွတ်လပ်မှုရဲ့ မခိုင်ခံ့တဲ့အကြောင်းကို အလေးအနက် ဆင်ခြင်ပြီး ကမ္ဘာကြီးရဲ့ အမှောင်ဆုံး နေရာတွေမှာတောင် ပြောင်းလဲမှုကို ရရှိအောင်ဖန်တီးနိုင်ပုံကို ပြသထားပါတယ်။

Pico Iyer: ပင်ပေါင်နှင့် အောင်မြင်မှု ပဟေဠိ။

TEDSummit 2019

Pico Iyer: ပင်ပေါင်နှင့် အောင်မြင်မှု ပဟေဠိ။
1,814,395 views

အင်္ဂလန်မှာ ကြီးပြင်းခဲ့တဲ့ Pico Iyer ဟာ ကစားပွဲတစ်ပွဲရဲ့ ရမှတ်ဟာ အနိုင်ရဖို့ဆိုတာကို သင်ကြားပေးခံခဲ့ရတယ်။ အခု နှစ် ၅၀ ကြာပြီးတဲ့အခါမှာတော့ ပြိုင်ပွဲဟာ "အချစ် ပြဇာတ်တစ်ခန်း ပိုဆန်" နိုင်တာကို သဘောပေါက်သွားပါပြီ။ ဒီစွဲမက်ဖွယ်ကောင်းပြီး မသိမသာလေး နက်နဲသိမ်မွေ့တဲ့ ဟောပြောချက်ထဲမှာ ဂျပန်က သူ့ဝန်းကျင်မှာရှိတဲ့ ပုံမှန် ပင်ပေါင် ကစားပွဲတွေဟာ အောင်နိုင်ခြင်းရဲ့ ပဟေဠိကို ဖော်ထုတ်ပြသပြီး ဘာကြောင့် ဘယ်သူနိုင်သွားတယ်ဆိုတာကို မသိခြင်းဟာ နောက်ဆုံးပိတ် အောင်နိုင်မှုလိုမျိုး ခံစားနိုင်တယ်ဆိုတာကို ပြသထားပါတယ်။

Nicola Sturgeon: ဘာကြောင့် အစိုးရတွေဟာ ကျန်းမာ၊ပျော်ရွှင်မှုကို ဦးစားပေး သတ်မှတ်သင့်တာလဲ။

TEDSummit 2019

Nicola Sturgeon: ဘာကြောင့် အစိုးရတွေဟာ ကျန်းမာ၊ပျော်ရွှင်မှုကို ဦးစားပေး သတ်မှတ်သင့်တာလဲ။
1,925,492 views

၂၀၁၈ မှာ စကော့တလန်၊ အိုက်စလန်နဲ့ နယူး ဇီလန်နိုင်ငံတွေဟာ တိုင်းပြည်တစ်ခုရဲ့ အောင်မြင်မှုရဲ့ အန္တိမ ဆောင်ရွက်ချက်အဖြစ် GDP အား လက်ခံထားခြင်းကို စိန်ခေါ်ဖို့ Wellbeing Economy Governments ကွန်ရက်ကို တည်ထောင်ခဲ့ပါတယ်။ ဒီထက်မြက်တဲ့ ဟောပြောချက်ထဲမှာ စကော့တလန်ရဲ့ ပထမဦးဆုံး ဝန်ကြီးဖြစ်တဲ့ Nicola Sturgeon ကနေပြီး လစာ ညီမျှမှု၊ ကလေးစောင့်ရှောက်မှု၊ စိတ်ကျန်းမာရေးနဲ့ ၎င်းရဲ့ဗဟိုမှာရှိတဲ့ စိန်းလန်းစိုပြေတဲ့ နေရာလွတ် ရခွင့်လိုမျိုး အခြေခံအကြောင်းရင်းတွေ နေရာယူထားတဲ့ "ကျန်းမာ၊ပျော်ရွှင်တဲ့ စီးပွားရေး"တစ်ရပ်ရဲ့ အနှံ့အစပ် ရောက်ရှိနိုင်တဲ့ ဂယက်ရိုက်မှုတွေကို ရှင်းပြထာပြီး အာရုံစိုက်မှုအသစ်က ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက် ဆောက်တည်ရာမှာ ထောက်ကူပေးနိုင်ပုံကို ပြသထားပါတယ်။

Tshering Tobgay: ကမ္ဘာ့" တတိယဝင်ရိုးစွန်း" ကို ကာကွယ်ဖို့ အရေးတကြီး နှိုးဆော်ချက်။

TEDSummit 2019

Tshering Tobgay: ကမ္ဘာ့" တတိယဝင်ရိုးစွန်း" ကို ကာကွယ်ဖို့ အရေးတကြီး နှိုးဆော်ချက်။
1,689,135 views

ဟိန္ဒူကပ်ရှ် ဟိမဝန္တာ ဒေသဟာ မြောက်နဲ့ တောင်ဝင်ရိုးစွန်းတွေပြီးရင် ကမ္ဘာ့ တတိယ အကြီးဆုံး ရေခဲသိုက်ဖြစ်ပြီး လက်ရှိ ပျော်ကျနေတဲ့နှုန်းအတိုင်း ဆက်ပျော်ကျနေမယ်ဆိုရင် ၎င်းရဲ့ ရေခဲမြစ် သုံးပုံနှစ်ပုံဟာ ဒီရာစုနှစ်အဆုံးမှာ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီအတိုင်း ဒါတွေကို ပျော်ကျခွင့်ပေးလိုက်ရင် ဘာများဖြစ်သွားလိမ့်မလဲ။ ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်နဲ့ ဘူတန်ရဲ့ ဝန်ကြီးချုပ်ဟောင်း Tshering Tobgay ကနေပြီး ရေခဲမြစ်တွေကို ကာကွယ်ရန်နှင့် မြေနဲ့ အသက်မွေးဝမ်းကျောင်းတွေကို ဖျက်ဆီးပစ်မယ့် ကြီးမားလှတဲ့ ရေကြီးမှုကနေ ရေစုန်မှာရှိတဲ့ ဘီလီယံ နှစ်သန်းရှိတဲ့ လူတွေကို ကယ်တင်ဖို့ အစိုးရအချင်းချင်းဆိုင်ရာ ကိုယ်စားလှယ်ဌာနတစ်ခု ဖန်တီးဖို့အရေးပေါ် နှိုးဆော်ချက်တစ်ခုဖန်တီးရင်း "အာရှရဲ့ ရေစင်တွေ"ဆီကနေ နောက်ဆုံး အခြေအနေကို မျှဝေထားပါတယ်။

Hajer Sharief: မိသားစု ထမင်းဝိုင်းကို နိုင်ငံရေးသင်ဖို့ အသုံးချပုံ

TEDSummit 2019

Hajer Sharief: မိသားစု ထမင်းဝိုင်းကို နိုင်ငံရေးသင်ဖို့ အသုံးချပုံ
1,954,697 views

လူတိုင်းဟာ ဆုံးဖြတ်ချက် ချမှတ်မှုနှင့် နိုင်ငံရေးကို လေ့ကျင့်သင့်ပြီး - အဲဒါကို ကိုယ့်အိမ်ကနေ စတင်ဖို့ လိုအပ်တယ်လို့ Hajer Sharief က ဆိုပါတယ်။ သူမဟာ ရိုးရှင်းပေးမဲ့ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ အတွေးအခေါ်ကို တင်ပြထားပါတယ်- မိဘတို့ဟာ သူတို့ရဲ့ ကလေးတွေကို နိုင်ငံရေးထဲ ဘယ်လို ပါဝင်သင့်ကြောင်းကို အိမ်ထောင်စု ကိစ္စတွေကို လုပ်ကိုင်ရပုံကို မိသားစုရဲ့ တွေ့ဆုံပွဲမှာ လူတိုင်းကို ၎င်းရဲ့ ထင်မြင်ချက်တွေကို ထုတ်ပြောခိုင်းစေလျက် ဆွေးနွေးခြင်းနှင့် အပေးအယူ ပြုလုပ်ခြင်းဖြင့် သင်ကြားပေးနိုင်ပါတယ်။ ‘‘နိုင်ငံရေး၊ အမျိုးသားရေးနှင့် နိုင်ငံတကာ ရေးရာတွေ အားလုံးဟာ ကိုယ်ရေး ကိုယ်တာ နှင့် မိသားစု ကိစ္စတွေလိုပဲ ဆက်စပ်နေကြကြောင်း’’ကို ကျွန်မတို့ဟာ သင်ပေးဖို့ လိုအပ်ပါတယ်။ ‘‘နိုင်ငံရေးထဲ မပါဝင်ဘဲ နေနိုင်ဖို့ကို ကျွန်မတို့ လက်တွေ့မှာ ခွင့်ပြုလို့ ရနိုင်ပါ့မလား’’ သူမက မေးခွန်းထုတ်ထားပါတယ်။

Mohammad Modarres: ဘာကြောင့် အနီးအနားက လယ်သမား စျေးမှာ စျေးဝယ်သင့်တာလဲ။

TED Residency

Mohammad Modarres: ဘာကြောင့် အနီးအနားက လယ်သမား စျေးမှာ စျေးဝယ်သင့်တာလဲ။
1,346,911 views

အမေရိကမှာရှိတဲ့ သာမန် လယ်သမားဟာ စတိုးဆိုင်တစ်ခုမှာ သင်ဝယ်ယူလိုက်တဲ့ စိုက်ပျိုးရေးထုတ်ကုန်တစ်ခုပေါ်က တစ်ဒေါ်လာတိုင်းရဲ့ ၁၅ ဆင့်မရှိတရှိလောက်ပဲ ရတာပါ။ သူတို့တွေဟာ ရပ်ရွာတွေကို ကျွေးမွေးကြပေမဲ့ လယ်သမားတွေဟာ မကြာခဏတော့ သူတို့စိုက်ပျိုးတဲ့ အစားအစာတွေကို ဝယ်စားဖို့တောင် မတတ်နိုင်ကြပါဘူး။ ဒီအနှောင့်အသွားမလွတ်တဲ့ ဟောပြောချက်ထဲမှာ လူမှုရေး စွန့်ဦးထွင် Mohammad Modarres ကနေပြီး ဒေသတွင်းစိုက်ပျိုးရေး ပြိုပျက်ခြင်းကနေ ကယ်တင်ဖို့နဲ့ အစားအစာ လုပ်ငန်းကို အောက်ခြေကနေတက်လာအောင် ပြုပြင်ပြောင်းလဲဖို့ ရောင်းဝယ်မှု အင်အားကို အကောင်အထည်ဖော်နည်းကို ပြသထားပါတယ်။

Jacqueline Woodson: စာကို ဖြည်းဖြည်းဖတ်ခြင်းက စာရေးခြင်းအကြောင်း ကျွန်မကို သင်ကြားပေးခဲ့ပုံ။

TED2019

Jacqueline Woodson: စာကို ဖြည်းဖြည်းဖတ်ခြင်းက စာရေးခြင်းအကြောင်း ကျွန်မကို သင်ကြားပေးခဲ့ပုံ။
1,877,936 views

စာလုံးတွေရဲ့အောက်မှာ သူ့လက်ချောင်းဖြင့် ပြေးနေရင်းနဲ့ စာကို ဖြည်းဖြည်းဖတ်တာဟာ ဒီလိုမဖတ်ရဘူးလို့ သူ့ကို ဆုံးမခဲ့တဲ့ ကြားမှာကို Jacqueline Woodson အား အရသာခံဖို့ စာအုပ်တွေရေးတဲ့ ဘဝတစ်ခုဆီကို ဦးတည်ပေးလိုက်ပါပြီ။ ဒီခံစားချက် အပြည့်အဝပါတဲ့ ဟောပြောချက်ထဲမှာ သူက ကျွန်တော်တို့ သွားမယ်လို့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့ နေရာတွေကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားတဲ့ ဇာတ်လမ်းတွေကို အရှိန်လျှော့ချပြီး နှစ်သက်ခံစားစေဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်လိုက်ပြီး ကျွန်တော်တို့ ဆုံတွေ့မယ်လို့ တစ်ခါမှ မတွေးဖူးတဲ့ လူတွေနဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးပါတယ်။ သူ မေးလိုက်တာက " အဆုံးမှာတော့ ဒီကမ္ဘာထဲမှာ အထီးမကျန်ဖို့ နည်းလမ်းတစ်ခု ရှာတယ်ဆိုတာနဲ့ ကျွန်မတို့ ထွက်ခွာမသွားခင် ဒီကမ္ဘာကို ပြောင်းလဲလိုက်သလို ခံစားမိဖို့ နည်းလမ်းတစ်ခု ရှာတယ်ဆိုတာက ဒါပဲ မဟုတ်ဘူးလား"တဲ့။

Sara  Botto: ကလေးတွေဟာ အခြားသူတွေရဲ့အမြင်တွေကို စတင် အရေးစိုက်လာကြတာ ဘယ်အချိန်မှာလဲ။

TEDxAtlanta

Sara Botto: ကလေးတွေဟာ အခြားသူတွေရဲ့အမြင်တွေကို စတင် အရေးစိုက်လာကြတာ ဘယ်အချိန်မှာလဲ။
570,031 views

သူရဲ့ အစောပိုင်း ကလေးဘဝ ဖွံ့ဖြိုးမှုအကြောင်း သုသေသနပြချက်ကို အခြေတည်ပြီး စိတ်ပညာရှင် Valencia Botto ကနေပြီး ဘယ်အချိန်မှာ (ဘယ်လိုနည်းနဲ) ကလေးတွေဟာ အခြားသူတွေရဲ့ရှေ့မှာ သူတို့ရဲ့ အပြုအမူတွေ စတင်ပြောင်းလဲဆိုတာကို သုတေသနလုပ်ကာ ဒါက နေ့စဉ် တုံ့ပြန်ဆက်သွယ်မှုတွေမှာ ကျွန်တော်တို့ ဆက်သွယ်ကြတဲ့ တန်ဖိုးတွေအတွက် ဘာကို ဆိုလိုတာလဲဆိုတာကို စူးစမ်းထားပါတယ်။ ( ခိုးကြောင်ခိုးဝှက် လမ်းလျှောက်တတ်စ ကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ပါဦး။)

Anindya Kundu: အမေရိကန် ပြည်သူ့ ပညာရေးအတွင်းက "အခွင့်အလမ်း ကွာဟချက်" နှင့် ၎င်းကို ပိတ်ပစ်နိုင်ပုံ။

TED Residency

Anindya Kundu: အမေရိကန် ပြည်သူ့ ပညာရေးအတွင်းက "အခွင့်အလမ်း ကွာဟချက်" နှင့် ၎င်းကို ပိတ်ပစ်နိုင်ပုံ။
1,399,088 views

ချို့ငဲ့တဲ့ လူမှုနောက်ခံတွေမှာ လာတဲ့ ကျောင်းသားအားလုံးရဲ့ စွမ်းရည်ကို ဘယ်လို ကျွန်ုပ်တို့ ထုတ်ယူနိုင်သလဲ။ လူမှုရေးပညာရှင် Anindya Kundu ကနေပြီး အမေရိကန် ပြည်ထောင်စုမှာ ကျောင်းသားတွေ ရှင်သန်ကြီးပွားခြင်းကို တာဆီးနေတဲ့ ကိုယ်ရေးကိုယ်တာ လူမှုရေးနဲ့ အဖွဲအစည်း ဆိုင်ရာ စိန်ခေါ်မှုတွေကို အတွင်းကျကျ ကြည့်ရှုဖို့ ကျွန်ုပ်တို့ကို ဖိတ်ခေါ်လိုက်ပြီး ဒီ "အခွင့်အလမ်း ကွာဟချက်"ကို ပိတ်ပစ်နိုင်ခြင်းက ပြည့်သူ့ ပညာရေးကို တန်ဖိုးထားခြင်းကိုပြသမှုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စုပေါင်း အနာဂတ်မှာ အကြီးကျယ်ဆုံး ရင်းနှီးမြှုပ်နှံမှုပါ။

Victor Vescovo: သမုဒ္ဒရာကြမ်းပြင် ဆိုတာဘာလဲနှင့် ကျွန်တော်တို့ ဘယ်လိုများရောက်ခဲ့လဲ။

TED2019

Victor Vescovo: သမုဒ္ဒရာကြမ်းပြင် ဆိုတာဘာလဲနှင့် ကျွန်တော်တို့ ဘယ်လိုများရောက်ခဲ့လဲ။
796,803 views

Victor Vescovo က ကမ္ဘာပေါ်က သမုဒ္ဒရာ ၅ စင်း လုံးရဲ့ အောက်ကြမ်းပြင်တွေအထိ လူမောင်းနှင်တဲ့ ခရီးစဉ်ကို ပထမဆုံး ဦးဆောင်ခဲ့သူပဲ ဖြစ်ပါတယ်။ သိပ္ပံဆိုင်ရာ TED အကြီးအကဲဖြစ်သူ David Biello နဲ့ ပြောတဲ့ စကားထဲမှာတော့ Vescovo က ဒီရှာဖွေမှုအတွက် နည်းပညာပိုင်းတွေကို ဆွေးနွေးထားပါတယ်။ တိုက်တေနီယမ်နဲ့ ဒီဇိုင်းဖော်ထားတဲ့ ရေငုပ်သင်္ဘောက ခက်ခဲကြမ်းတမ်းတဲ့ အခြေနေတွေကို ခံနိုင်ပြီး၊ သူ့ရဲ့ အိန္ဒိယသမုဒ္ဒရာအောက်ကြမ်းပြင်ခရီးစဉ်မှာ ရိုက်ကူးလာခဲ့တဲ့ တခါမှ မမြင်ဖူးတဲ့ ရေအောက် သတ္တဝါတွေကိုလည်း ပြသခဲ့ပါတယ်။

Marc Bamuthi Joseph: မင်းမှာ ရိုးရာထုံးတမ်းရှိတယ်။"

TED2019

Marc Bamuthi Joseph: မင်းမှာ ရိုးရာထုံးတမ်းရှိတယ်။"
1,713,613 views

ဒီရင်သပ်ရှုမောဖွယ် နှုတ်ပြော စကားလုံး အသံအနိမ့်အမြင့်ပြောင်းလဲမှုတွေနဲ့ ဂျပ်ဇ်ဂီတ ဖျော်ဖြေမှုတစ်ခုမှာ TED ဝိုင်းတော်သား Marc Bamuthi Joseph ကနေပြီး လူမည်း ဖခင်တစ်ဦးရဲ့ လူကြီးဘဝထဲကိုဝင်လာတဲ့ သူ့သားကို မြင်ရခြင်းရဲ့ ဂုဏ်ယူမှုနဲ့ ထိတ်လန့်မှုအပေါ် သိမ်မွေ့ပြီး ဝမ်းနည်းစရာကောင်းတဲ့ ခြုံငုံထားတဲ့ ပြန်ပြောင်းစဉ်စားခြင်းကို မျှဝေထားပါတယ်။