ABOUT THE SPEAKER
Reshma Saujani - Education activist
Through her nonprofit, Girls Who Code, Reshma Saujani initiates young women into the tech world. Her goal: one million women in computer science by 2020.

Why you should listen

Reshma Saujani is the Founder and CEO of Girls Who Code, the national non-profit organization working to close the gender gap in technology and change the image of what a programmer looks like and does. The organization has already reached 90,000 girls in all 50 US states. She is the author of three books, including the forthcoming Brave, Not Perfect, which is scheduled for release in winter 2018, Women Who Don't Wait In Line and the New York Times Bestseller Girls Who Code: Learn to Code and Change the World. Her TED Talk has sparked a national conversation about how we're raising our girls. In 2010, Saujani surged onto the political scene as the first Indian American woman to run for US Congress. She has also served as Deputy Public Advocate for New York City and ran a spirited campaign for Public Advocate in 2013. She lives in New York City with her husband, Nihal, their son, Shaan, and their bulldog, Stanley.

More profile about the speaker
Reshma Saujani | Speaker | TED.com
TED2016

Reshma Saujani: Teach girls bravery, not perfection

Reshma Saujani: မိန်းကလေးတွေကို ပြီးပြည့်စုံဖို့ မဟုတ်ဘဲ သတ္တိရှိဖို့ သင်ကြားပေးပါ။

Filmed:
4,984,427 views

"ကျွန်မတို့ဟာ မိန်းကလေးတွေကို ပြီးပြည့်စုံဖို ပျိုးထောင်ပေးနေကြပြီး၊ ယောကျာ်းတွေကိုကျတော့ သတ္တိရှိဖို့ ပျိုးထောင်ပေးနေကြပါတယ်"လို့ Girls Who Code ကိုတည်ထောင်သူ Reshma Saujani ကပြောပါတယ်။ Saujani ဟာ မိန်းကလေးငယ်တွေကို လူမှုအဖွဲ့အစည်းကို ရှေ့ဆောင်ရာမှာ သူတို့လိုအပ်တဲ့ ကျွမ်းကျင်မှု နှစ်မျိုးကို စီစဉ်သင်ပေးဖို့ တာဝန်ယူထားပါတယ်။ သူမပြောတာက "စစ်မှန်စွာ ဆန်းသစ်တီထွင်ဖို့ ကျွန်မတို့ရဲ့ လူဦးရေတစ်ဝက်ကို နောက်ချန်ထားလို့ မဖြစ်ပါဘူး၊ မပြည့်စုံမှုကို သက်တောင့်သက်သာဖြစ်ဖို့ ကိုယ်သိတဲ့ အမျိုးသမီးငယ်တိုင်းကို ပြောပြကြဖို့ ရှင်တို့ တစ်ဦးစီတိုင်းကို ကျွန်မက တိုက်တွန်းချင်တယ်"တဲ့။
- Education activist
Through her nonprofit, Girls Who Code, Reshma Saujani initiates young women into the tech world. Her goal: one million women in computer science by 2020. Full bio

Double-click the English transcript below to play the video.

00:13
So a few years ago,
0
1040
1655
နှစ်အနည်းငယ်က
00:14
I did something really brave,
1
2719
2937
ကျွန်မဟာ အင်မတန် သတ္တိကောင်းတာတစ်ခု (သို့)
00:17
or some would say really stupid.
2
5680
2680
တစ်ချို့ကတော့ မိုက်မဲတာလို့
ပြောမယ့်ဟာ တစ်ခု လုပ်ခဲ့တယ်။
00:20
I ran for Congress.
3
8840
1320
လွှတ်တော်မှာ ဝင်ပြိုင်တယ်။
00:23
For years, I had existed
safely behind the scenes in politics
4
11040
3736
နှစ်များစွာ နိုင်ငံရေး မြင်ကွင်းတွေ
နောက်ကွယ်မှာ ရံပုံငွေရှာသူ၊
00:26
as a fundraiser, as an organizer,
5
14800
3056
စည်းရုံးသူ အဖြစ်နဲ့ ဘေးကင်းကင်း နေနေပါတယ်။
00:29
but in my heart, I always wanted to run.
6
17880
3200
ဒါပေမဲ့ ကျွန်မရင်ထဲမှာတော့
အမြဲကို ဝင်ပြိုင်ချင်ခဲ့တာပါ။
00:33
The sitting congresswoman
had been in my district since 1992.
7
21680
4456
ကျွန်မတို့ခရိုင်မှာ လွှတ်တော်အမျိုးသမီး
အမတ်ဖြစ်ခဲ့တာ ၁၉၉၂ ကတည်းကရှိတာပါ။
00:38
She had never lost a race,
8
26160
1896
တစ်ပွဲမှ သူမ မရှုံးဖူးဘူး။
00:40
and no one had really even run against her
in a Democratic primary.
9
28080
3880
Democratic အကြိုရွေးကောက်ပွဲမှာ
သူမကိုယှဉ်ပြီး ဝင်ပြိုင်သူကို မရှိဘူး။
00:44
But in my mind, this was my way
10
32680
2856
ဒါပေမဲ့ စိတ်ထဲမှာတော့ ဒါဟာ
ပြောင်းလဲချက် တစ်ခုလုပ်ဖို့၊
00:47
to make a difference,
11
35560
1496
ရှိရင်းစွဲကို အလျဉ်ပြတ်ဖို့
00:49
to disrupt the status quo.
12
37080
2120
ငါ့ရဲ့လမ်းပဲလို့ပေါ့။
00:51
The polls, however,
told a very different story.
13
39960
3360
ဒါပေမဲ့လည်း မဲရေတွက်တာတွေကျတော့
တစ်မျိုးဖြစ်နေတာပေါ့။
00:55
My pollsters told me
that I was crazy to run,
14
43920
3216
ကျွန်မဆိုင်ရာ စစ်တမ်းတွေက
ကျွန်မဝင်ပြိုင်တာက ရူးတာပဲ၊
00:59
that there was no way that I could win.
15
47160
2920
နိုင်ဖို့ လမ်းမရှိဘူးလို့ ကျွန်မကို
ပြောနေတယ်လေ။
01:02
But I ran anyway,
16
50760
1336
ဘာဖြစ်ဖြစ် ဝင်ပြိုင်ခဲ့ပြီး
01:04
and in 2012, I became an upstart
in a New York City congressional race.
17
52120
5176
၂၀၁၂ မှာ New York City လွှတ်တော် ပြေးပွဲ
မှာ နောက်မှပေါက်တဲ့ ရွှေကြာပင်ဖြစ်ခဲ့ပြီး
01:09
I swore I was going to win.
18
57320
3080
ကျွန်မနိုင်မှာပဲလို့ စွဲမြဲယုံကြည်ခဲ့တယ်။
01:13
I had the endorsement
from the New York Daily News,
19
61000
2616
New York Daily News ကနေ
ထောက်ခံချက်ရခဲ့ပြီး
01:15
the Wall Street Journal
snapped pictures of me on election day,
20
63640
3336
ရွေးကောက်ပွဲနေ့မှာ Wall Street ဂျာနယ်ထဲ
ကျွန်မပုံတွေကို ဖော်ပြခဲ့တယ်၊
01:19
and CNBC called it one of the hottest
races in the country.
21
67000
3600
CNBC ကတော့ တိုင်းပြည်မှာ အကြိတ်အနယ်
အဖြစ်ဆုံး ပြိုင်ပွဲတစ်ပွဲတဲ့။
01:23
I raised money from everyone I knew,
22
71280
2416
ကိုယ်သိသမျှ လူတိုင်းဆီက ရံပုံငွေထူခဲ့တယ်၊
01:25
including Indian aunties
23
73720
1896
အိန္ဒိယ အန်တီတွေ အပါအဝင်ပေါ့၊
01:27
that were just so happy
an Indian girl was running.
24
75640
2720
အိန္ဒိယသူလေး ဝင်ပြိုင်တာကို
သူတို့အရမ်းကို ပျော်နေတာလေ။
01:31
But on election day, the polls were right,
25
79240
3176
ဒါပေမဲ့ ရွေးကောက်ပွဲနေ့မှာ
မဲစာရင်းတွေက မှန်ပါတယ်၊
01:34
and I only got 19 percent of the vote,
26
82440
3040
ကျွန်မက ဆန္ဒမဲရဲ့ ၁၉% ပဲရခဲ့ပြီး
01:37
and the same papers
that said I was a rising political star
27
85920
3736
ဒီသတင်းစာတွေကပဲ ကျွန်မဟာ ပေါ်ထွန်းလာတဲ့
နိုင်ငံရေး ကြယ်တစ်ပွင့်လို့ဆိုပြီး
01:41
now said I wasted 1.3 million dollars
28
89680
4416
အခု ကျွန်မဟာ မဲ ၆၃၂၁ မဲအတွက်
ဒေါ်လာ ၁.၃ သန်း
01:46
on 6,321 votes.
29
94120
5016
ဖြုန်းလိုက်တယ်တဲ့လေ။
01:51
Don't do the math.
30
99160
1280
သင်္ချာကို မတွက်ပါနဲ့တော့။
01:53
It was humiliating.
31
101440
2040
ဒါဟာ ရှက်စရာပါ။
01:56
Now, before you get the wrong idea,
32
104320
2656
ကဲ ရှင်တို့ ဒီစိတ်ကူး မလွဲခင်
ဒီဟောပြောချက်က
01:59
this is not a talk
about the importance of failure.
33
107000
2440
ကျရှုံးမှုရဲ့ အရေးပါမှု
အကြောင်းမဟုတ်ဘူး။
02:02
Nor is it about leaning in.
34
110040
1640
စိတ်ယိုင်ခြင်းလည်းမဟုတ်ပါဘူး။
02:04
I tell you the story
of how I ran for Congress
35
112400
3216
လွှတ်တော်မှာ ကျွန်မ ဘယ်လို
ဝင်ပြိုင်ခဲ့တဲ့ အဖြစ်ကိုပြောတာပါ၊
02:07
because I was 33 years old
36
115640
2456
အကြောင်းက ကျွန်မအသက်က ၃၃ နှစ်ဖြစ်ပြီး
02:10
and it was the first time
in my entire life
37
118120
4736
ကျွန်မဘဝတစ်ခုလုံးမှာ
တကယ်ပဲ သတ္တိရှိတဲ့အရာကို
02:14
that I had done something
that was truly brave,
38
122880
3656
လုပ်ခဲ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်ခဲ့လို့ပါ။
02:18
where I didn't worry about being perfect.
39
126560
2680
အဲဒီမှာ ပြီးပြည့်စုံနေဖို့
မစိုးရိမ်မိခဲ့ဘူး။
02:21
And I'm not alone:
40
129639
1457
ကျွန်မတစ်ယောက်တည်း မဟုတ်ဘူး။
02:23
so many women I talk to tell me
41
131120
1736
ကျွန်မ စကားပြောတဲ့ အမျိုးသမီးများ
02:24
that they gravitate
towards careers and professions
42
132880
2896
ပြောတာက သူတို့ဟာ အသက်မွေးမှု၊
အလုပ်အကိုင်ကို ဦးတည်တယ်၊
02:27
that they know
they're going to be great in,
43
135800
2096
သူတိုဟာ ထူးကဲသူတွေ ဖြစ်တော့မှာကိုသိကြတယ်၊
02:29
that they know they're
going to be perfect in,
44
137920
2376
သူတို့ဟာ ပြီးပြည့်စုံခြင်း
ရှိတော့မှာ သိကြတယ်တဲ့၊
02:32
and it's no wonder why.
45
140320
1816
ဘာကြောင့်ဆိုတာ အံ့ဩစရာမရှိဘူးလေ။
02:34
Most girls are taught
to avoid risk and failure.
46
142160
3056
မိန်းကလေးတွေကို စွန့်စားမှု၊
ကျရှုံးမှု ရှောင်ဖို့ သင်ပေးတယ်။
02:37
We're taught to smile pretty,
47
145240
1776
ကျွန်မတို့ကို လှလှလေးပြုံးဖို့၊
02:39
play it safe, get all A's.
48
147040
2520
ဘေးကင်းကင်း ကစားဖို့နဲ့ အဆင့် A
တွေရဖို့ သင်ပေးကြတယ်။
02:42
Boys, on the other hand,
49
150320
1696
တစ်ဖက်မှာ ကောင်လေးတွေကျတော့
02:44
are taught to play rough, swing high,
50
152040
2776
ကြမ်းကြမ်း ကစားဖို့၊ မြင့်မြင့် လွှဲဖို့၊
02:46
crawl to the top of the monkey bars
and then just jump off headfirst.
51
154840
4760
ဘားတန်းထိပ်ကို တွယ်တက်ပြီး
ဇောက်ထိုးခုန်ချဖို့ သင်ပေးတယ်။
02:52
And by the time they're adults,
52
160200
1576
သူတို့တွေ လူကြီးဖြစ်တဲ့ အချိန်မှာ
02:53
whether they're negotiating a raise
or even asking someone out on a date,
53
161800
4776
လစာတိုးဖို့ ညှိနှိုင်းတာ၊ (သို့) တစ်ဦး
တစ်ယောက်ကို ချိန်းတာဖြစ်ဖြစ်
02:58
they're habituated
to take risk after risk.
54
166600
3896
သူတို့ဟာ အရဲ့စွန့်ပြီးရင်း စွန့်ဖို့
အသားကျနေတာပေါ့။
03:02
They're rewarded for it.
55
170520
1240
သူတို့ ဆုချီးမြှင့်ခံရတယ်။
03:04
It's often said in Silicon Valley,
56
172320
2536
Silicon Valley မှာ မကြာခဏ ပြောတတ်တာက
03:06
no one even takes you seriously
unless you've had two failed start-ups.
57
174880
4280
ကနဦး နှစ်ခါလောက် မကျရှုံးခဲ့ဘူးရင်
ဘယ်သူမှတောင် မင်းကို အရေးမလုပ်ဘူးတဲ့။
03:11
In other words,
58
179880
1536
တစ်နည်း ပြောရရင်
03:13
we're raising our girls to be perfect,
59
181440
3096
ကျွန်မတို့ဟာ မိန်းကလေးတွေကို
ပြီးပြည့်စုံဖို့ ပျိုးထောင်ပေးကာ
03:16
and we're raising our boys to be brave.
60
184560
3320
ယောက်ျားလေးတွေကျတော့ သတ္တိရှိဖို့
ပျိုးထောင်ပေးနေကြတယ်။
03:21
Some people worry
about our federal deficit,
61
189080
3680
တစ်ချို့က ဖက်ဒရယ် အားနည်းမှုကို
စိုးရိမ်ကြတယ်၊
03:25
but I, I worry about our bravery deficit.
62
193800
3800
ဒါပေမဲ့ ကျွန်မကတော့ သတ္တိနည်းပါးမှာကို
စိုးရိမ်ပါတယ်။
03:30
Our economy, our society,
we're just losing out
63
198240
3456
ကျွန်မတို့ စီးပွားရေး၊ လူအဖွဲ့အစည်း
လက်လွတ် ဆုံးရှုံးနေရတဲ့ အကြောင်းက
03:33
because we're not raising
our girls to be brave.
64
201720
2520
မိန်းကလေးတွေကို သတ္တိရှိဖို့
ပျိုးထောင် မပေးလို့ပါ။
03:36
The bravery deficit is why
women are underrepresented in STEM,
65
204920
3376
သတ္တိနည်းပါးမှုကြောင့် STEM မှာ၊
အမှုဆောင်အဖွဲ့၊ ဘုတ်အဖွဲ့တွေမှာနဲ့
03:40
in C-suites, in boardrooms, in Congress,
66
208320
1936
လွှတ်တော်နဲ့ ကြည်လိုက်တဲ့နေရာတိုင်းမှာ
03:42
and pretty much everywhere you look.
67
210280
2560
အမျိုးသမီး ကိုယ်စားလှယ်တွေ
မလုံလောက်ပါဘူး။
03:46
In the 1980s, psychologist Carol Dweck
68
214000
3176
၁၉၈၀ ခုနှစ်တွေမှာ စိတ်ပညာရှင်
Carol Dweck ကနေပြီး
03:49
looked at how bright fifth graders
handled an assignment
69
217200
2656
ပဉ္စမတန်း ကျောင်းသားတွေ
သူတို့အတွက် ခက်လှတဲ့ အလုပ်ကို
03:51
that was too difficult for them.
70
219880
1600
ကိုင်တွယ်ခဲ့ပုံကို လေ့လာခဲ့တယ်။
03:54
She found that bright girls
were quick to give up.
71
222000
4176
တော်တဲ့ မိန်းကလေးတွေဟာ အမြန်
လက်လျှော့တာကို သူမ တွေ့ရှိခဲ့တယ်။
03:58
The higher the IQ,
the more likely they were to give up.
72
226200
3720
IQ မြင့်လေလေ၊ လက်လျှော့ဖို့
ဖြစ်နိုင်ခြေ ပိုများလေပါ။
04:02
Bright boys, on the other hand,
73
230520
1736
တစ်ဖက်က တော်တဲ့ ယောက်ျားလေးတွေကျတော့
04:04
found the difficult material
to be a challenge.
74
232280
2696
ခက်ခဲ့တဲ့ အရာကို စိန်ခေါ်မှု
တစ်ခုလို့ မြင်ကြတယ်။
04:07
They found it energizing.
75
235000
1736
လှုံဆော်ပေးတာလို့ မြင်ကြတယ်။
04:08
They were more likely
to redouble their efforts.
76
236760
3200
သူတို့ရဲ့ အားထုတ်မှုတွေကို နှစ်ဆတိုးဖို့
ဖြစ်နိုင်ခြေပိုများတယ်။
04:12
What's going on?
77
240680
1240
ဘာဆက်ဖြစ်သွားလဲ။
04:14
Well, at the fifth grade level,
78
242520
1496
ကဲ ပဉ္စမတန်းအဆင့်မှာ
04:16
girls routinely outperform boys
in every subject,
79
244040
3656
မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်
သင်္ချာ၊ သိပ္ပံအပါအဝင်
04:19
including math and science,
80
247720
2136
ဘာသာရပ်တိုင်းမှာ အမြဲကို သာကြတယ်။
04:21
so it's not a question of ability.
81
249880
2840
ဒီတော့ ဒါက အရည်အချင်း ပြဿနာမဟုတ်ဘူးပေါ့။
04:25
The difference is in how boys
and girls approach a challenge.
82
253560
4120
ခြားနားချက်က ယောက်ျားလေးတွေနဲ့ မိန်း
ကလေးတွေ စိန်ခေါ်မှုကို ချဉ်းကပ်ပုံမှာပါ။
04:30
And it doesn't just end in fifth grade.
83
258200
2079
ဒါက ပဉ္စမတန်းမှာပဲ ဆုံးမသွားပါဘူး။
04:32
An HP report found
that men will apply for a job
84
260800
3176
HP အစီရင်ခံစာတစ်ခုမှာ တွေ့ရတာက
ယောက်ျားတွေဟာ အရည်အချင်းရဲ့
04:36
if they meet only 60 percent
of the qualifications,
85
264000
3640
၆၀% ကိုက်ညီရင် အလုပ်လျှောက်မှာဖြစ်ပြီး
04:40
but women, women will apply
86
268000
2736
အမျိုးသမီးတွေကျတော့ အရည်အချင်းရဲ့
04:42
only if they meet 100 percent
of the qualifications.
87
270760
4576
၁၀၀% ကိုက်ညီမှပဲ လျှောက်လိမ့်မယ်တဲ့။
04:47
100 percent.
88
275360
1280
၁၀၀ ရာခိုင်နှုန်းပါ။
04:49
This study is usually invoked
as evidence that, well,
89
277720
3336
အထောက်အထားအရ ဒီလေ့လာမှုကို
အမြဲ မှီငြမ်းတာက အမျိုးသမီးတွေ
04:53
women need a little more confidence.
90
281080
1720
ယုံကြည်မှု နည်းနည်းပိုလိုတာပါ။
04:55
But I think it's evidence
91
283360
1496
ဒါပေမဲ့ ထင်တာက အမျိုးသမီးတွေဟာ
04:56
that women have been socialized
to aspire to perfection,
92
284880
3136
ပြီးပြည့်စုံဖို့ ရည်ရွယ်ချက်
ထားရှိဖို့ သွန်သင်ခံရတာဖြစ်ပြီး
05:00
and they're overly cautious.
93
288040
1536
သူတို့ဟာ အလွန် သတိထားနေရတာပါ။
05:01
(Applause)
94
289600
2816
(လက်ခုပ်သံများ)
05:04
And even when we're ambitious,
95
292440
2056
ကျွန်မတို့ဟာ ရည်မှန်းချက်ကြီးပြီး
05:06
even when we're leaning in,
96
294520
2776
စိတ်ယိုင်နေတဲ့ အခါမှာတောင်
05:09
that socialization of perfection
97
297320
2216
ပြီးပြည့်စုံခြင်းရဲ့ သွန်သင်မှုဟာ
05:11
has caused us to take
less risks in our careers.
98
299560
3080
အလုပ်အကိုင်တွေမှာ စွန့်စားမှု
ပိုလျော့နည်းစေတာပါ။
05:15
And so those 600,000 jobs
that are open right now
99
303320
4576
ဒီတော့ အခု အမျိုးသမီးတွေ
နောက်ချန်ခံရတဲ့ ကွန်ပြူတာနဲ့
05:19
in computing and tech,
100
307920
1240
နည်းပညာမှာ အလုပ်အကိုင်
05:21
women are being left behind,
101
309800
1896
၆ သန်း လစ်လပ်နေတယ်၊
05:23
and it means our economy
is being left behind
102
311720
2656
ဆိုလိုတာက ကျွန်မတို့ စီးပွားရေးဟာ
တီထွင်မှုအားလုံးမှာ
05:26
on all the innovation and problems
women would solve
103
314400
4176
နောက်ချန်ခံနေရပြီး အမျိုးသမီးတွေကို
05:30
if they were socialized to be brave
104
318600
2736
ပြီးပြည်စုံတာထက် ရဲရင့်ဖို့
သွန်သင်ပေးခဲ့မယ်ဆိုရင်
05:33
instead of socialized to be perfect.
105
321360
3080
သူတို့ ဖြေရှင်းပေးနိုင်မယ့် ပြဿနာတွေပါ။
05:36
(Applause)
106
324960
3936
(လက်ခုပ်သံများ)
05:40
So in 2012, I started a company
to teach girls to code,
107
328920
4336
ဒါနဲ့ ၂၀၁၂ မှာ မိန်းကလေးတွေကို ကုဒ်ရေးတာ
သင်ပေးဖို့ ကုမ္ပဏီစတင်ခဲ့တယ်၊
05:45
and what I found
is that by teaching them to code
108
333280
3056
တွေ့ရှိရတာက သူတို့ကို ကုဒ်ရေးဖို့
သင်ပေးခြင်းဟာ
05:48
I had socialized them to be brave.
109
336360
2160
သူတို့ကို သတ္တိရှိဖို့
သင်ပေးလိုက်တာ ဆိုတာပါ။
05:51
Coding, it's an endless process
of trial and error,
110
339240
4216
ကုဒ်ရေးခြင်းဟာ စမ်းလိုက်၊ မှားလိုက်​၊
မှန်ကန်တဲ့ ညွှန်ကြားချက်ကို
05:55
of trying to get the right command
in the right place,
111
343480
3176
နေရာမှန်ဖို့ကြိုးစားတဲ့
အဆုံးမဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး
05:58
with sometimes just a semicolon
112
346680
2416
တစ်ခါတစ်လေမှာ အဖြတ်အရပ်လေး တစ်ခုနဲ့တင်
06:01
making the difference
between success and failure.
113
349120
3320
အောင်မြင်တာနဲ့ ကျရှုံးတာရဲ့
ခြားနားချက်ကို ဖန်တီးပါတယ်။
06:04
Code breaks and then it falls apart,
114
352840
2496
ကုဒ်ဟာ ကျိုးသွားပြီး တစ်စစီကွဲကာ
06:07
and it often takes many, many tries
115
355360
2416
မကြာခဏ များစွာသော
စမ်းကြည့်မှုတွေ လိုပါတယ်၊
06:09
until that magical moment
116
357800
2296
ကိုယ် ကြိုးပမ်း တည်ဆောက်
နေတဲ့အရာ အသက်ဝင်လာတဲ့
06:12
when what you're trying
to build comes to life.
117
360120
3080
မှော်ဆန်တဲ့ ကာလမတိုင်ခင်အထိပေါ့။
06:15
It requires perseverance.
118
363760
2480
ဒါဟာ ဇွဲရှိဖို့ လိုအပ်တယ်။
06:18
It requires imperfection.
119
366600
2760
ဒါဟာ မပြည့်စုံမှုကို လိုအပ်တယ်။
06:22
We immediately see in our program
120
370160
2376
ကျွန်မတို့ ပရိုဂရမ်ထဲမှာ
လက်ငင်း မြင်ခိုက်ရတာက
06:24
our girls' fear of not getting it right,
121
372560
2336
မိန်းကလေးတွေကြောက်တာက မမှန်ကန်ခြင်း၊
06:26
of not being perfect.
122
374920
1240
ပြည့်စုံမှု မရှိခြင်းပါ။
06:28
Every Girls Who Code teacher
tells me the same story.
123
376840
3176
Every Girls Who Code ဆရာမက
အလားတူ အဖြစ်ကို ပြောပြတယ်။
06:32
During the first week,
when the girls are learning how to code,
124
380040
2976
ပထမ သီတင်းပတ်အတွင်း မိန်းကလေး
တွေ ကုဒ်ရေးပုံ သင်နေတုန်း
06:35
a student will call her over
and she'll say,
125
383040
2976
ကျောင်းသူတစ်ယောက်က
သူမကို လှမ်းခေါ်ပြီး ပြောတာက
06:38
"I don't know what code to write."
126
386040
2016
"ဘယ်ကုဒ်ရေးရမှန်း ကျွန်မမသိဘူး"တဲ့။
06:40
The teacher will look at her screen,
127
388080
1936
ဆရာမက သူမရဲ စခရင် ကြည့်မယ်၊
06:42
and she'll see a blank text editor.
128
390040
1880
စာသားမဲ့ တည်းဖြတ်တဲ့အကွက်ကို တွေ့မယ်။
06:44
If she didn't know any better,
she'd think that her student
129
392640
2816
သူမ ဒီထက်ပိုကောင်းတာကို မသိရင်
ထင်မိတာက သူမရဲ့ ကျောင်းသူဟာ
06:47
spent the past 20 minutes
just staring at the screen.
130
395480
3080
စခရင်ကို စိုက်ကြည့်တာနဲ့ပဲ
မိနစ် ၂၀ ကုန်ဆုံးခဲ့တယ်ပေါ့။
06:51
But if she presses undo a few times,
131
399400
3176
ဒါပေမဲ့ သူမ undo ခလုတ်ကို
အကြိမ် နည်းနည်းနှိပ်လိုက်ရင်
06:54
she'll see that her student
wrote code and then deleted it.
132
402600
3720
သူမရဲ့ ကျောင်းသူဟာ ကုဒ်ကိုရေးပြီး
ဖျက်တာကို သူမတွေ့ရမယ်။
06:58
She tried, she came close,
133
406840
3256
သူမ ကြိုးစားခဲ့ယ်၊ နီးစပ်ခဲ့တယ်။
07:02
but she didn't get it exactly right.
134
410120
2080
ဒါပေမဲ့ အတိအကျတော့ မမှန်ခဲ့ဘူးပေါ့။
07:05
Instead of showing
the progress that she made,
135
413040
2616
သူမလုပ်ထားတဲ့ တိုးတက်မှုကို ပြမယ့်အစား
07:07
she'd rather show nothing at all.
136
415680
1960
ဘာကိုမှ မပြလိုဘူးပေါ့။
07:10
Perfection or bust.
137
418160
2840
ပြီးပြည့်စုံခြင်း ၊ မဟုတ်ရင်တော့
သုံးမရတာပေါ့။
07:14
It turns out that our girls
are really good at coding,
138
422440
4760
ဖြစ်သွားတာက ကောင်မလေးတွေက
ကုဒ်ရေးရာမှာ တကယ် တော်ကြပေမဲ့
07:19
but it's not enough
just to teach them to code.
139
427840
2191
သူတို့ကို ကုတ်ရေးတာသင်ရုံနဲ့
မလုံလောက်တာပါ။
07:22
My friend Lev Brie, who is a professor
at the University of Columbia
140
430720
3191
Columbia တက္ကသိိုလ်မှာ
Java သင်တဲ့ ပါမောက္ခ
07:25
and teaches intro to Java
141
433935
1761
ကျွန်မ မိတ်ဆွေ Lev Brie က
07:27
tells me about his office hours
with computer science students.
142
435720
3680
ကွန်ပြူတာသိပ္ပံ ကျောင်းသားတွေနဲ့ သူ့ရဲ့
ရုံးချိန်အကြောင်း ကျွန်မကိုပြောပြတယ်။
07:32
When the guys are struggling
with an assignment,
143
440120
2256
ဒီငနဲတွေဟာ သူတို့တာဝန်နဲ့
ရုန်းကန်နေရတဲ့အခါ
07:34
they'll come in and they'll say,
144
442400
1576
ဝင်လာပြီး ပြောကြမှာက
07:36
"Professor, there's something
wrong with my code."
145
444000
2360
"ဆရာရေ၊ ကျွန်တော့ကုဒ်မှာ
တစ်ခုခုမှားနေတယ်ဗျ"တဲ့။
07:38
The girls will come in and say,
146
446880
1496
မိန်းကလေးတွေ လာပြီး ပြောမှာက
07:40
"Professor, there's something
wrong with me."
147
448400
4040
"ဆရာရေ၊ ကျွန်မတော့ တစ်ခုခု မှားနေပြီ"တဲ့။
07:45
We have to begin to undo
the socialization of perfection,
148
453520
3296
စင်းလုံးချောဖြစ်ခြင်းရဲ့ သင်ကြားမှုကို
စဖြုတ်ဖို့လိုအပ်ပြီး
07:48
but we've got to combine it
with building a sisterhood
149
456840
2616
မိန်းကလေးဟာ သူတို့ချည်းပဲ
မဟုတ်တာကို အသိပေးတဲ့
07:51
that lets girls know
that they are not alone.
150
459480
2840
ဘဝတူအမျိုသမီးအသင်း တည်ထောင်
တာနဲ့ ပေါင်းစပ်ဖို့လိုပါတယ်။
07:55
Because trying harder
is not going to fix a broken system.
151
463000
4040
အကြောင်းက ပိုကြိုးစားခြင်းနဲ့
ပျက်ယွင်းနေတဲ့စနစ်ကို ပြင်မပေးနိုင်လို့ပါ။
07:59
I can't tell you how many women tell me,
152
467680
2256
အမျိုးသမီးဘယ်နှစ်ဦး
ပြောလဲဆိုတာ မပြောနိုင်ဘူး။
08:01
"I'm afraid to raise my hand,
153
469960
1776
"လက်မြှောက်ရမှာကို ကြောက်တယ်၊
08:03
I'm afraid to ask a question,
154
471760
2136
မေးခွန်းမေးရမှာ ကြောက်တယ်၊
08:05
because I don't want to be the only one
155
473920
2376
အကြောင်းက မသိတဲ့သူဟာ၊
08:08
who doesn't understand,
156
476320
1440
ရုန်းကန်နေရတဲ့သူဟာ
08:10
the only one who is struggling.
157
478360
2680
ကျွန်မတစ်ဦးတည်း မဖြစ်ချင်လို့ပါ၊"
08:13
When we teach girls to be brave
158
481840
2896
မိန်းကလေးတွေကို သတ္တိရှိဖို့
သင်ပေးတဲ့အခါနဲ့
08:16
and we have a supportive network
cheering them on,
159
484760
3296
သူတို့ကို အားပေးဖို့ အထောက်
အကူပေးတဲ့ ကွန်ယက်ရှိတဲ့အခါ
08:20
they will build incredible things,
160
488080
3016
မယုံနိုင်တဲ့အရာတွေကို
သူတို့ တည်ဆောက်မှာဖြစ်ပြီးတော့
08:23
and I see this every day.
161
491120
2720
ဒါကို ကျွန်မ နေ့တိုင်း မြင်တွေ့ရပါတယ်။
08:26
Take, for instance,
two of our high school students
162
494520
2616
ဥပမာတစ်ခုကြည့်ပါ၊ Tampon Run
ဆိုတဲ့ ဂီမ်းကိုဆောက်တဲ့
08:29
who built a game called Tampon Run --
163
497160
2376
ကျွန်မတို့ အထက်တန်းကျောင်းသူ နှစ်ယောက်ပါ၊
08:31
yes, Tampon Run --
164
499560
2456
ဟုတ်ပါတယ်၊ Tampon Run ပါ။
08:34
to fight against the menstruation taboo
165
502040
2416
ဂိမ်းမှာ ရာသီဆင်းခြင်း တားမြစ်ခြင်းနဲ့
08:36
and sexism in gaming.
166
504480
2200
လိင်ခွဲခြားခြင်းကို ဆန့်ကျင်ဖို့
08:39
Or the Syrian refugee
167
507840
1576
ဒါမှမဟုတ် အမေရိကန်တွေကို
08:41
who dared show her love
for her new country
168
509440
3520
မဲပေးတာ ကူညီဖို့ app
တစ်ခု တည်ဆောက်ခြင်းနဲ့ သူမရဲ့
08:45
by building an app
to help Americans get to the polls.
169
513600
4199
တိုင်းပြည်သစ်အတွက် သူမရဲ့ မေတ္တာ
ကို ပြသရဲတဲ့ Syrian ဒုက္ခသည်၊
08:50
Or a 16-year-old girl
who built an algorithm
170
518760
4255
ဒါမှမဟုတ် ကင်ဆာဟာ ပြန့်ပွားခြင်း
မရှိဘူးလား၊ ဒုက္ခပေးနိူင်လားဆိုတာ
08:55
to help detect whether a cancer
is benign or malignant
171
523039
5057
ရှာဖွေဖို့ အယ်ဂိုရစ်သမ် ဆောက်တဲ့
၁၆ နှစ်သမီးလေး၊
09:00
in the off chance
that she can save her daddy's life
172
528120
3376
သူမ ဖခင်ဟာ ကင်ဆာရှိနေတာကြောင့်
09:03
because he has cancer.
173
531520
2560
သူ့အသက်ကို ကယ်ဖို့ မဖြစ်နိုင်တဲ့အထဲမှာပါ။
09:07
These are just
three examples of thousands,
174
535000
4400
ဒါတွေဟာ ထောင်ချီတဲ့အထဲက ဥပမာ သုံးခုပါပဲ၊
09:12
thousands of girls who have been
socialized to be imperfect,
175
540120
4096
မပြည့်စုံခြင်းဖြစ်ဖို့ သွန်သင်ခံရတဲ့
ထောင်ချီတဲ့ မိန်းကလေးတွေ၊
09:16
who have learned to keep trying,
who have learned perseverance.
176
544240
2953
ဆက်ကြိုးစားဖို့ သင်ထားသူတွေ၊
ဇွဲသန်မှုကို သင်ထားတဲ့သူတွေပါ။
09:19
And whether they become coders
177
547217
1999
သူတို့တွေဟာ ကုဒ်ရေးသူတွေ (သို့)
09:21
or the next Hillary Clinton or Beyoncé,
178
549240
2656
နောက်လာမယ့် Hilary Clinton (သို့)
Beyoncé ဖြစ်လာ ဖြစ်လာ
09:23
they will not defer their dreams.
179
551920
3320
သူတို့ရဲ့ အိပ်မက်တွေကို ရွေ့ဆိုင်းမှာ
မဟုတ်တော့ပါဘူး။
09:27
And those dreams have never been
more important for our country.
180
555960
4480
အဲဒီအိပ်မက်တွေဟာ ကျွန်မတို့တိုင်းပြည်
အတွက် တစ်ခါမှ ပိုပြီးအရေးမပါခဲ့ဘူး။
09:33
For the American economy,
for any economy to grow,
181
561320
3136
အမေရိကန် စီးပွားရေးအတွက်၊
စီးပွားရေးတိုင်း တိုးပွားဖို့အတွက်၊
09:36
to truly innovate,
182
564480
2136
စစ်မှန်စွာ ဆန်းသစ်တီထွင်ဖို့အတွက်
09:38
we cannot leave behind
half our population.
183
566640
3200
ကျွန်မတို့ရဲ့ လူဦးရေထက်ဝက်ကို
နောက်ချန်ထားလို့ မရပါဘူး။
09:42
We have to socialize our girls
to be comfortable with imperfection,
184
570640
3696
မိန်းကလေးတွေကို မပြည့်စုံမှုတွေနဲ့
နေသားကျအောင် သွန်သင်ဖို့လိုပါတယ်။
09:46
and we've got to do it now.
185
574360
2920
ဒါကို အခုလုပ်ဖို့လည်းလိုပါတယ်။
09:50
We cannot wait for them
to learn how to be brave like I did
186
578400
4216
အသက် ၃၃ နှစ်အရွယ်မှာ
ကျွန်မလုပ်ခဲ့သလိုမျိုး သတ္တိရှိဖို့ကို
09:54
when I was 33 years old.
187
582640
2080
သင်ကြားပေးဖို့ သူတို့ကို
မစောင့်နိုင်ပါဘူး။
09:57
We have to teach them
to be brave in schools
188
585240
2336
ကျောင်းတွေမှာနဲ့ သူတို့ရဲ့
အသက်မွေးမှုအစပိုင်းမှာ
09:59
and early in their careers,
189
587600
1736
သတ္တိရှိဖို့ သင်ပေးဖို့လိုပါတယ်၊
10:01
when it has the most potential
to impact their lives
190
589360
3136
သူတို့ဘဝတွေနဲ့ အခြား
သူတွေရဲ့ ဘဝတွေကို သက်ရောက်မှု
10:04
and the lives of others,
191
592520
2016
စွမ်းရည်အရှိဆုံး အချိန်မှာ
10:06
and we have to show them
that they will be loved and accepted
192
594560
4776
ပြီးပြည့်စုံတာအတွက် မဟုတ်ပဲ
သတ္တိရှိခြင်းအတွက် သူတို့ကို
10:11
not for being perfect
193
599360
3056
ချစ်ခင်၊ လက်ခံလိမ့်မယ်ဆိုတာကို
10:14
but for being courageous.
194
602440
2640
ကျွန်မတို့ ပြသဖို့လိုပါတယ်။
10:17
And so I need each of you
to tell every young woman you know --
195
605840
3816
ဒီတော့ ရှင်တို့သိတဲ့ မိန်းကလေးငယ်
တိုင်းကို ပြောပြဖို့
10:21
your sister, your niece,
your employee, your colleague --
196
609680
3416
ရှင်တို့တစ်ယောက်စီ လိုအပ်ပါတယ်။
ရှင်တို့ညီမ၊ တူမ၊ ဝန်ထမ်း၊
10:25
to be comfortable with imperfection,
197
613120
2560
လုပ်ဖော်ကိုင်ဖက်ကို
မပြည့်စုံခြင်းနဲ့ နေသားကျဖို့ပါ။
10:28
because when we teach
girls to be imperfect,
198
616360
2496
အကြောင်းက မိန်းကလေးတွေကို
မပြည့်စုံမှုကို သင်ပေးကာ
10:30
and we help them leverage it,
199
618880
2576
ဒါကို အားစိုက်မြှင့်တင်ဖို့ ကူညီပေးတဲ့အခါ
10:33
we will build a movement
of young women who are brave
200
621480
3896
ရဲရင့်ပြီး သူတို့ကိုယ်တိုင်အတွက်၊
ကျွန်မတို့ တစ်ဦးချင်းစီအတွက်၊
10:37
and who will build
a better world for themselves
201
625400
3376
ပိုကောင်းတဲ့ ကမ္ဘာကိုတည်ဆောက်မယ့်
အမျိုးသမီးငယ်တွေရဲ့
10:40
and for each and every one of us.
202
628800
3640
လှုပ်ရှားမှုတစ်ခုကို
တည်ဆောက်မှာပါ။
10:45
Thank you.
203
633160
1216
ကျေးဇူးတင်ပါတယ်။
10:46
(Applause)
204
634400
3920
(လက်ခုပ်သံများ)
10:51
Thank you.
205
639080
1200
ကျေးဇူးတင်ပါတယ်။
10:57
Chris Anderson: Reshma, thank you.
206
645320
1656
Chris Anderson: ကျေးဇူးပဲ၊ Reshma
10:59
It's such a powerful vision you have.
You have a vision.
207
647000
2680
တော်တော် အစွမ်းထက်တဲ့
အမြင်ပါ။ ခင်ဗျားရဲ့ အမြင်ပါ။
11:03
Tell me how it's going.
208
651680
1736
ဒါဘယ်လို ဆက်သွားတယ်ဆိုတာ ပြောပါဦး။
11:05
How many girls
are involved now in your program?
209
653440
2256
ပရိုဂရမ်မှာ အခု မိန်းကလေး
ဘယ်နှစ်ယောက်ပါလဲဗျ။
11:07
Reshma Saujani: Yeah.
So in 2012, we taught 20 girls.
210
655720
3656
Reshma Saujani: ဟုတ်ကဲ့၊ ၂၀၁၂ ကတော့
မိန်းကလေး ၂၀ ကိုသင်ပေးခဲ့တယ်။
11:11
This year we'll teach 40,000
in all 50 states.
211
659400
3536
ဒီနှစ်တော့ ပြည်နယ် ၅၀ မှာ
၄၀၀၀၀ ကို သင်ပေးမှာပါ။
11:14
(Applause)
212
662960
1256
(လက်ခုပ်သံများ)
11:16
And that number is really powerful,
213
664240
3056
ဒီအရေအတွက်က တော်တော် အားရစရာပဲ။
11:19
because last year we only graduated
7,500 women in computer science.
214
667320
5296
အကြောင်းက မနှစ်ကဆို အမျိုးသမီး ၇၅၀၀ ပဲ
ကွန်ပြူတာသိပ္ပံဘွဲ့ ရခဲ့တယ်။
11:24
Like, the problem is so bad
215
672640
2576
ပြောရရင်ပြဿနာက ဆိုးလွန်းလို့
11:27
that we can make
that type of change quickly.
216
675240
2480
ကျွန်မတို့ ဒီအပြောင်းအလဲ ပုံစံ
အမြန်လုပ်နိုင်တာပါ။
11:30
CA: And you're working with some
of the companies in this room even,
217
678600
3216
CA: ဒီအခန်းထဲမှာတောင်ရှိတဲ့
ခင်ဗျား ပရိုဂရမ်က ဘွဲ့ရသူတွေကို
11:33
who are welcoming
graduates from your program?
218
681840
2176
ကြိုဆိုတဲ့ ကုမ္ပဏီတွေနဲ့
တွဲလုပ်နေတယ်နော်။
11:36
RS: Yeah, we have about 80 partners,
219
684040
1976
RS: ဟုတ်ပါတယ်၊ စီးပွားဖက် ၈၀%လောက်ရှိတယ်၊
11:38
from Twitter to Facebook
220
686040
2056
Twitter ကနေ Facebook ထိ၊ Adobe IBM ကနေ
11:40
to Adobe to IBM to Microsoft
to Pixar to Disney,
221
688120
4496
Microsoft ၊ Pixar to Disney ထိပါ။
11:44
I mean, every single company out there.
222
692640
1896
ဆိုလိုတာက ဟောဒီက ကုမ္ပဏီတိုင်းပါ။
11:46
And if you're not signed up,
I'm going to find you,
223
694560
2416
ရှင်စာရင်းသွင်းထားရင်
ကျွန်မက ရှင့်ကိုရှာမှာပဲ၊
11:49
because we need every single tech company
224
697000
1976
အကြောင်းကတော့ Girls Who Code စာသင်ခန်းကို
11:51
to embed a Girls Who Code
classroom in their office.
225
699000
2776
သူတို့ ရုံးမှာသင်ဖို့
နည်းပညာကုမ္ပဏီတိုင်းကို လိုပါတယ်။
11:53
CA: And you have some stories
back from some of those companies
226
701800
2976
CA: စက်မှုပညာ အဖွဲ့တွေထဲမှာ
ကျား၊ မ ပိုညီမျှဖို့ ရောလိုက်လို့
11:56
that when you mix in more gender balance
227
704800
1905
ကောင်းတာတွေ ဖြစ်ပေါ်တယ်ဆိုတဲ့
11:58
in the engineering teams,
good things happen.
228
706729
3447
ဒီကုမ္ပဏီတစ်ချို့က ဇာတ်လမ်းတစ်ချို့
ခင်ဗျားမှာရှိတယ်။
12:02
RS: Great things happen.
229
710200
1296
RS: ကြီးကျယ်တာတွေ ဖြစ်ပါတယ်
12:03
I mean, I think that it's crazy to me
to think about the fact
230
711520
3416
ဆိုလိုတာက အခုအခါ စားသုံးသူဝယ်ယူမှုတွေ
ရဲ့ ၈၅% ဟာ အမျိုးသမီးတွေက လုပ်တာ
12:06
that right now 85 percent of all
consumer purchases are made by women.
231
714960
3856
ဆိုတာကို တွေးဖို့ဆိုတာ ကျွန်မအတွက်တော့
ကြောင်တာပဲလို့ထင်မိတယ်။
12:10
Women use social media at a rate
of 600 percent more than men.
232
718840
3056
အမျိုးသမီးတွေဟာ လူမှု မီဒီယာမှာ
ယောကျာ်းတွေထက် ၆၀၀% ပိုသုံးတယ်။
12:13
We own the Internet,
233
721920
1416
ကျွန်မတို့မှာ အင်တာနက်ရှိပြီး
12:15
and we should be building
the companies of tomorrow.
234
723360
2456
မနက်ဖြန်ရဲ့ ကုမ္ပဏီတွေကို
ဆောက်နေသင့်ပါတယ်။
12:17
And I think when companies
have diverse teams,
235
725840
2176
ကုမ္ပဏီတွေမှာ စုံလင်တဲ့ အဖွဲ့တွေရှိပြီး
12:20
and they have incredible women
that are part of their engineering teams,
236
728040
3416
စက်မှုပညာအဖွဲ့တွေရဲ့ အစိတ်အပိုင်းဖြစ်တဲ့
အံ့ဖွယ် မိန်းမသားတွေရှိတဲ့အခါ
12:23
they build awesome things,
and we see it every day.
237
731480
2416
ထူးကဲတာတွေ ဆောက်တယ်လို့
ထင်တယ်၊ ဒါနေ့စဉ် တွေ့ရတယ်။
12:25
CA: Reshma, you saw the reaction there.
You're doing incredibly important work.
238
733920
3736
CA:Reshma, တုံ့ပြန်မှုကို ခင်ဗျားတွေ့တယ်၊
မယုံနိုင်အောင် အရေးပါတာ လုပ်နေတာ။
12:29
This whole community is cheering you on.
More power to you. Thank you.
239
737680
3296
လူထုတစ်ရပ်လုံး ခင်ဗျားကို အားပေး
နေပါတယ်။ စွမ်းအားပေးတယ်။ ကျေးဇူးပါ။
12:33
RS: Thank you.
240
741000
1216
ကျေးဇူးတင်ပါတယ်။
12:34
(Applause)
241
742240
3840
(လက်ခုပ်သံများ)
Translated by sann tint
Reviewed by Myo Aung

▲Back to top

ABOUT THE SPEAKER
Reshma Saujani - Education activist
Through her nonprofit, Girls Who Code, Reshma Saujani initiates young women into the tech world. Her goal: one million women in computer science by 2020.

Why you should listen

Reshma Saujani is the Founder and CEO of Girls Who Code, the national non-profit organization working to close the gender gap in technology and change the image of what a programmer looks like and does. The organization has already reached 90,000 girls in all 50 US states. She is the author of three books, including the forthcoming Brave, Not Perfect, which is scheduled for release in winter 2018, Women Who Don't Wait In Line and the New York Times Bestseller Girls Who Code: Learn to Code and Change the World. Her TED Talk has sparked a national conversation about how we're raising our girls. In 2010, Saujani surged onto the political scene as the first Indian American woman to run for US Congress. She has also served as Deputy Public Advocate for New York City and ran a spirited campaign for Public Advocate in 2013. She lives in New York City with her husband, Nihal, their son, Shaan, and their bulldog, Stanley.

More profile about the speaker
Reshma Saujani | Speaker | TED.com