ABOUT THE SPEAKER
Danit Peleg - Fashion designer
Danit Peleg created the first 3D-printed fashion collection printed entirely using home printers.

Why you should listen

Danit Peleg has always been interested in the influence of technology on fashion design. For her projects, she develops her own textiles and experiments with various technologies such as laser cutting, screen-printing and 3D printing.

Peleg believes that technology will help democratize fashion and give designers more independence in the creation process. She graduated from Shenkar in 2015 and now advises designers and fashion houses on new technologies.

More profile about the speaker
Danit Peleg | Speaker | TED.com
TEDYouth 2015

Danit Peleg: Forget shopping. Soon you'll download your new clothes

Danit Peleg: စျေးဝယ်ထွက်တာကို မေ့ပစ်လိုက်ပါ။ မကြာခင်မှာ သင့် အဝတ်အစားသစ်တွေကို ဒေါင်းလုဒ် ယူနိုင်တော့မှာပါ။

Filmed:
1,815,304 views

ဒေါင်းလုဒ် ယူလျက် ပုံနှိပ်ထုတ်လုပ်လို့ရတဲ့ အဝတ်အထည်တွေဟာ သင့်အနီးနားကို လာနေကြပါပြီ။ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Danit Peleg ရဲ့ ဖက်ရှင်ကျောင်းက ပရောဂျက်မှ စလိုက်တာဟာ နေ့စဉ်ဝတ်ဖို့အတွက် ခိုင်ခံ့ပြီး ကွေးနိုင် ဆန့်နိုင်ရှိတဲ့ 3D ပုံနှိပ် ဒီဇိုင်းများရဲ့ အဝတ်အစား အသစ်အဆန်းများ အဖြစ် ပြောင်းလဲသွာခဲ့ပါတယ်။ သူမ ပြောတာက " ဖက်ရှင်ဆိုတာက အရမ်းကို ရုပ်ပိုင်းဆန်တဲ့ အရာပါ။ ကျွန်မတို့ အဝတ်အစားတွေ ဒစ်ဂျစ်တယ် ဖြစ်သွားမယ့်အချိန်ရောက်ရင် ကမ္ဘာကြီးဟာ ဘယ်လိုပုံများ ပေါက်နေလိမ့်မလဲဆိုတာ သိချင်လိုက်တာ" တဲ့လေ။
- Fashion designer
Danit Peleg created the first 3D-printed fashion collection printed entirely using home printers. Full bio

Double-click the English transcript below to play the video.

00:06
In the past few months, I've been
traveling for weeks at a time
0
1157
3351
ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက
အဝတ်သေတ္တာ တစ်လုံးတည်းနဲ့
00:10
with only one suitcase of clothes.
1
4532
2031
သီတင်းပတ်နဲချီပြီး ခရီးထွက်နေဘူးတယ်။
00:12
One day, I was invited
to an important event,
2
6892
2159
တစ်နေ့တော့ အရေးပါတဲ့ ပွဲတစ်ခုကို
အဖိတ်ခံရပြီး
00:14
and I wanted to wear
something special and new for it.
3
9075
2674
ဒီပွဲအတွက် ထူးခြားတာ တစ်ခုခုကို
ဝတ်ချင်စိတ် ပေါ်လာခဲ့တယ်။
00:17
So I looked through my suitcase
and I couldn't find anything to wear.
4
12140
3413
ဒီတော့ သေတ္တာကို လှန်လှောကြည့်တော့
ဝတ်စရာ ဘာမှ မတွေ့မိဘူး။
00:21
I was lucky to be at the technology
conference on that day,
5
16133
2930
ကံကောင်းတော့အဲဒီနေ့က နည်းပညာ
ကွှန်ဖရင့်တက်ခဲ့ပြီး
00:24
and I had access to 3D printers.
6
19087
2594
3D ပုံနှိပ်စက်တွေကို သုံးခွင့်ရခဲ့တယ်။
00:27
So I quickly designed
a skirt on my computer,
7
21705
2237
ဒီတော့ မြန်မြန်ပဲ ကွန်ပြူတာမှာ စကတ်တစ်ထည်
00:29
and I loaded the file on the printer.
8
23966
2145
ဒီဇိုင်းထုတ်ကာ ကွန်ပြူတာမှာ
ဖိုင်တင်လိုက်တယ်။
00:31
It just printed the pieces overnight.
9
26135
2155
ညတွင်းချင်းပဲ အပိုင်းတွေကို ပုံထုတ်ခဲ့တယ်။
00:34
The next morning,
I just took all the pieces,
10
28629
2130
နောက်နေ့မနက်မှာ အပိုင်းအားလုံးကို ယူကာ
00:36
assembled them together in my hotel room,
11
30783
1967
ဟိုတယ်ခန်းထဲမှာ အတူ ဆင်လိုက်တယ်၊
00:38
and this is actually the skirt
that I'm wearing right now.
12
32774
2956
တကယ်က အခု ကျွန်မဝတ်ထားတဲ့ စကတ်ပါ။
00:41
(Applause)
13
35754
3900
(လက်ခုပ်သံများ)
00:45
So it wasn't the first time
that I printed clothes.
14
39678
2783
ကျွန်မ အဝတ်အစားတွေကို ပုံနှိပ်တာ
ဒါပထမဆုံး မဟုတ်ပါဘူး။
00:47
For my senior collection
at fashion design school,
15
42485
2365
ဖက်ရှင်ကျောင်းမှာ အကြီးတန်း
အထည်ဆန်းတွေအတွက်
00:50
I decided to try and 3D print
an entire fashion collection from my home.
16
44874
4483
အိမ်ကနေ ဖက်ရှင်အကုန်လုံးကို 3D နဲ့
စမ်းရိုက်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
00:55
The problem was that I barely knew
anything about 3D printing,
17
49755
3457
ပြဿနာက ကျွန်မဟာ 3D ပုံနှိပ်တာကို
သိကိုမသိသလောက် ဖြစ်နေပြီး
00:58
and I had only nine months to figure out
how to print five fashionable looks.
18
53236
4775
ဖက်ရှင်ပုံ ငါးမျိုးကို ဘယ်လိုထုတ်မယ်ဆိုတာ
ကြံဆဖို့ ကိုးလပဲ အချိန်ရှိခဲ့တာပါ။
01:04
I always felt most creative
when I worked from home.
19
59158
2774
အိမ်ကနေ အလုပ်လုပ်ရင် ဆန်းသစ်မှု
အဖြစ်ဆုံးလို့ အမြဲခံစားရတယ်
01:07
I loved experimenting with new materials,
20
61956
2388
ကုန်ကြမ်းအသစ်တွေနဲ့ စမ်းသပ်လုပ်တာကို
ကြိုက်ပြီး
01:09
and I always tried
to develop new techniques
21
64368
2209
ကျွန်မရဲ့ ဖက်ရှင် ပရောဂျက်အတွက်
အထူးခြားဆုံး
01:12
to make the most unique textiles
for my fashion projects.
22
66601
3503
အထည်တွေလုပ်ဖို့ နည်းသစ်တွေကို
အမြဲ ကြိုးစားတီထွင် ချင်တယ်။
01:16
I loved going to old factories
and weird stores
23
70509
2596
ထူးထူးဆန်းဆန်း ဆေးမှုန့်တွေနဲ့
ကုန်ကြမ်း အကျန်တွေ
01:18
in search of leftovers
of strange powders and weird materials,
24
73129
4690
ရှာဖို့ စက်ရုံဟောင်းတွေနဲ့ ဆပ်ဆန်းဆန်း
စတိုးဆိုင်တွေကို သွားရတာကြိုက်တယ်။
01:23
and then bring them home to experiment on.
25
77843
2346
နောက်ပြီး ဒါတွေကို စမ်းသပ်ဖို့
အိမ်ကိုယူလာတာပေါ့။
01:26
As you can probably imagine,
26
80590
1483
ရှင်တို့ တွေးကြည့်နိုင်သလို
01:27
my roommates didn't like that at all.
27
82097
2015
ကျွန်မ အခန်းဖော်တွေကတော့ မကြိုက်ကြပါဘူး။
01:29
(Laughter)
28
84136
1005
(ရယ်သံများ)
01:30
So I decided to move on
to working with big machines,
29
85165
4113
ဒီတော့ ကျွန်မ ဧည့်ခန်းမှာ မဆန့်တဲ့
စက်ကြီးတွေနဲ့
01:34
ones that didn't fit in my living room.
30
89302
2093
ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊
01:36
I love the exact
and the custom work I can do
31
91419
2127
ဖက်ရှင်နည်းပညာ မျိုးစုံနဲ့
ကိုယ်လုပ်နိုင်တဲ့
01:39
with all kinds of fashion technologies,
32
93570
2146
တိကျပြီး ထုံးစံဖြစ်တဲ့ အလုပ်ကို
ကြိုက်ပါတယ်။
01:41
like knitting machines
and laser cutting and silk printing.
33
95740
3692
ဥပမာ သိုးမွှေထိုးစက်တို့၊ လေဆာဖြတ်စက်နဲ့
ပိုးသားစက်ရိုက်တို့ပေါ့။
01:45
One summer break, I came here
to New York for an internship
34
100498
3175
နွေရာသီအားရက်မှာ တရုတ်တန်းက
ဖက်ရှင်ဆိုင်မှာ အလုပ်သင်အဖြစ်
01:49
at a fashion house in Chinatown.
35
103697
2350
နယူးယော့ခ်ကို လာခဲ့ပါတယ်။
01:51
We worked on two incredible dresses
that were 3D printed.
36
106071
3951
3D နဲ့ ရိုက်တဲ့ အံ့ဩဖွယ် ဝတ်စုံ
နှစ်စုံကို လုပ်ခဲ့ပါတယ်။
01:56
They were amazing --
like you can see here.
37
110598
2241
ရှင်တို့ ဒီမှာတွေ့ရသလို အံ့ဩစရာ
ကောင်းလှပါတယ်။
01:59
But I had a few issues with them.
38
113504
1920
ဒါပေမဲ့ ဒါတွေနဲ့ ပြဿနာလေးတွေ ရှိခဲ့တယ်။
02:00
They were made from hard plastics
and that's why they were very breakable.
39
115448
3668
ဒါတွေက ပလပ်စတစ် အမာကနေလုပ်တာ
ကြောင့် ကွဲလွယ်ပါတယ်။
02:05
The models couldn't sit in them,
40
119897
1537
ဒီပုံစံတွေနဲ့က ထိုင်လို့မရပါဘူး။
02:06
and they even got scratched
from the plastics under their arms.
41
121458
3388
လက်မောင်းတွေအောက်မှာ ပလပ်စတစ်ကနေ
အခြစ်တောင် ခံရပါတယ်။
02:10
With 3D printing, the designers
had so much freedom
42
125444
3011
3D ပုံနှိပ်ခြင်းနဲ့ ဒီဇိုင်နာတွေဟာ
သူတို့ စိတ်ကြိုက်
02:13
to make the dresses look
exactly like they wanted,
43
128479
3282
အတိအကျ ဖန်တီးဖို့ လွတ်လပ်ခွင့်
အများကြီးရှိပါတယ်။
02:17
but still, they were very dependent
on big and expensive industrial printers
44
131785
5593
ဒါပေမဲ့ သူတို့ရဲ့ စတူဒီယိုတွေကနေ
အဝေးကြီးမှာရှိတဲ့ စမ်းသပ်ခန်းတစ်ခုက
02:22
that were located in a lab
far from their studio.
45
137402
3157
စျေးကြီးတဲ့ လုပ်ငန်းသုံး ပုံနှိပ်စက်ကြီး
တွေကို မှီခိုနေရတုန်းပါ။
02:26
Later that year, a friend gave me
a 3D printed necklace,
46
141451
3438
နောက်နှစ်မှာ သူငယ်ချင်းတစ်ယောက်က
အိမ်သုံး ပုံနှိပ်စက်နဲ့
02:30
printed using a home printer.
47
144913
2135
ရိုက်ထုတ်ထားတဲ့ 3D လည်ဆွဲ တစ်ခုပေးတယ်။
02:32
I knew that these printers
were much cheaper
48
147072
2146
ဒီပုံနှိပ်စက်တွေဟာ အလုပ်သင်တုန်းက
စက်တွေထက်
02:34
and much more accessible
than the ones we used at my internship.
49
149242
3256
စျေးအရမ်း ပိုပေါပြီး အများကြီး
ပိုသုံးနိုင်တာ သိလိုက်တယ်။
02:38
So I looked at the necklace,
50
152984
1406
ဒါနဲ့ လည်ဆွဲကို ကြည့်ပြီး
02:39
and then I thought, "If I can
print a necklace from home,
51
154414
3463
တွေးမိတာက " အိမ်ကနေ လည်ဆွဲကို
ရိုက်ထုတ်လို့ရရင်ဘာလို့ အိမ်ကနေ
02:43
why not print my clothes from home, too?"
52
157901
2155
အဝတ်အစားတွေ မထုတ်နိုင်ရမှာလဲ" ပေါ့။
02:46
I really liked the idea that I wouldn't
have to go to the market
53
161108
3037
အရမ်းသဘောကျခဲ့တာက
စျေးကိုသွားဖို့ မလိုတော့ပဲ အခြားသူက
02:49
and pick fabrics that
someone else chose to sell --
54
164169
2624
ရောင်းဖို့ ရွေးထားတဲ့ အထည်တွေ
ကို ရွေး၊ ဒါတွေကို
02:52
I could just design them
and print them directly from home.
55
166817
4086
ဒီဇိုင်းထုတ်ပြီး အိမ်ကနေ တိုက်ရိုက်
ရိုက်ထုတ်နိုင်တယ်ဆိုတဲ့ စိတ်ကူးပါ။
02:57
I found a small makerspace,
56
172184
1867
3D အကြောင်း ကျွန်မသိသမျှလေ့လာနိုင်တဲ့
02:59
where I learned everything
I know about 3D printing.
57
174075
2623
ထုတ်လုပ်သူနေရာလေး တစ်ခုကို တွေ့ခဲ့တယ်။
03:02
Right away, they literally
gave me the key to the lab,
58
177036
2595
ချက်ချင်းပဲ လက်တွေ့ခန်းရဲ့
သော့ချက်ကို ဆရာစားမချန်
03:05
so I could experiment
into the night, every night.
59
179655
3018
ကျွန်မကို ပေးတော့ ညတိုင်း
စမ်းလုပ်လို့ရတာပေါ့။
03:08
The main challenge was to find the right
filament for printing clothes with.
60
183260
3898
အဓိက စိန်ခေါ်မှုက ပုံနှိပ်အထည်တွေအတွက်
သင့်လျော်တဲ့ အမျှင်ရှာဖို့ပါ။
03:12
So what is a filament?
61
187182
1156
ဒီတော့ အမျှင်ဆိုတာ ဘာလဲ။
03:13
Filament is the material
you feed the printer with.
62
188362
2432
အမျှင်ဆိုတာက ပုံနှိပ်စက်ထဲ
ထည့်ပေးရတဲ့ ကုန်ကြမ်းပါ။
03:16
And I spent a month or so
experimenting with PLA,
63
190818
2902
မာပြီး ခြစ်ရာထင်ကာ ကွဲနိုင်တဲ့
ကုန်ကြမ်း PLA နဲ့ စမ်းဖို့
03:19
which is a hard and scratchy,
breakable material.
64
193744
3161
တစ်လလောက် အချိန်ကုန်ခဲ့တယ်။
03:23
The breakthrough came
when I was introduced to Filaflex,
65
197632
2683
ကျော်လွှားမှုက ရောက်လာတာက
အမျှင်သစ်တစ်မျိုးဖြစ်တဲ့
03:25
which is a new kind of filament.
66
200339
1542
Filaflex နဲ့ မိတ်ဆက်ပေးချိန်ပါ။
03:27
It's strong, yet very flexible.
67
201905
2340
ဒါက ခိုင်မာပြီး ကွေးနိုင်၊
ဆန့်နိုင်ရှိတယ်။
03:29
And with it, I was able to print
the first garment,
68
204269
3834
ဒါကိုသုံးပြီး ပထမဆုံး အထည်ကို
ရိုက်ထုတ်နိုင်ခဲ့တယ်။
03:33
the red jacket that had
the word "Liberté" --
69
208127
3448
"Liberté" လို့တပ်တားတဲ့
အနီရောင် ဂျက်ကက်..
03:37
"freedom" in French --
70
211599
1195
ပြင်သစ်လို "လွတ်လပ်မှု"။
03:38
embedded into it.
71
212818
1513
ဒီအထဲမှာ မြှုပ်တပ်ထားတယ်။
03:39
I chose this word because I felt
so empowered and free
72
214355
2793
ဒီစကားလုံကို ရွေးတာက အထည်ကို
အိမ်က ပုံစံထုတ်နိုင်ကာ
03:42
when I could just design
a garment from my home
73
217172
2303
ကိုယ့်ဘာသာ ရိုက်ထုတ်နိုင်တော့
လုပ်ပိုင်ခွင့်ရကာ
03:44
and then print it by myself.
74
219499
2109
လွတ်လပ်မှုကို ခံစားမိလို့ပါ။
03:47
And actually, you can easily
download this jacket,
75
222328
3414
တကယ်တော့ ဒီဂျက်ကက်ကို
အလွယ်တကူ ဒေါင်းလုပ်ဒ်ရနိုင်ပြီး
03:51
and easily change the word
to something else.
76
225766
2628
စကားလုံးကို အခြားတစ်ခုနဲ့ အလွယ်လေး
ပြောင်းနိုင်ပါတယ်။
03:53
For example, your name
or your sweetheart's name.
77
228418
2648
ဥပမာ ရှင့်နာမည် ဒါမှမဟုတ်
ရှင့်ရည်းစား နာမည်ပေါ့။
03:57
(Laughter)
78
231507
1150
(ရယ်သံများ)
03:58
So the printer plates are small,
79
233040
1726
ပုံနှိပ်စက် ပလိပ်ပြားတွေက သေးတော့
04:00
so I had to piece the garment
together, just like a puzzle.
80
234790
4078
ပဟေဠိကွက်တစ်ခုလို အထည်ကို
အပိုင်းလိုက် စုလိုက်ရတာပေါ့။
04:05
And I wanted to solve another challenge.
81
240238
2251
နောက်စိန်ခေါ်မှုတစ်ခုကိုလည်း
ဖြေရှင်းချင်ပါတယ်။
04:08
I wanted to print textiles
82
242513
1545
ပုံမှန်ပိတ်စတွေလို အသုံးပြုမယ့်
04:09
that I would use
just like regular fabrics.
83
244082
2505
အထည်အလိပ်တွေကို ရိုက်ချင်ပါတယ်။
04:12
That's when I found an open-source file
84
246611
1934
ဒါက ကျွန်မကြိုက်တဲ့ အဆင်ကို
04:14
from an architect who designed
a pattern that I love.
85
248569
2589
ဒီဇိုင်းထုတ် ဗိသုကာဆီက
အခမဲ့ဖိုင်ကို တွေ့ချိန်မှာပါ။
04:16
And with it, I was able to print
a beautiful textile
86
251182
2719
ဒါကိုသုံးပြီး ပုံမှန်ပိတ်စ တစ်စမှာလို
ကျွန်မ သုံးမယ့်
04:19
that I would use
just like a regular fabric.
87
253925
2624
လှပတဲ့ အထည်အလိပ်တစ်စ ရိုက်နိုင်ခဲ့ပါတယ်။
04:22
And it actually even looks
a little bit like lace.
88
257167
2731
တကယ်တော့ ဒါက ဇာစနဲ့တောင်
နည်းနည်းပိုတူပါတယ်။
04:26
So I took his file and I modified it,
and changed it, played with it --
89
261247
3390
ဒီတော့ ဒီဖိုင်ကိုယူ၊ ပြုပြင်ပြောင်းလဲ၊
ကစားလိုက်တာ....
04:30
many kinds of versions out of it.
90
264661
2594
ဒါကနေ မူကွဲတွေ အများကြီးထွက်လာတယ်။
04:33
And I needed to print
another 1,500 more hours
91
267654
4184
ကျွန်မရဲ့ အထည်ဆန်းတွေကို ပြီးစီးအောင်
ရိုက်နှိပ်ဖို့ နောက် နာရီပေါင်း
04:37
to complete printing my collection.
92
271862
2927
၁၅၀၀ ကျော်ထပ်လိုခဲ့တာပေါ့။
04:40
So I brought six printers to my home
and just printed 24-7.
93
274813
3808
ဒီတော့ အိမ်မှာ ပုံနှိပ်စက် ခြောက်လုံးဝယ်
ပြီး ၂၄ နာရီ ၇ ရက် ရိုက်ထုတ်ပါတယ်။
04:44
And this is actually
a really slow process,
94
279176
2520
တကယ်တော့ ဒါဟာ အတော်နှေးတဲ့ လုပ်ငန်းစဉ်ပါ။
04:47
but let's remember the Internet
was significantly slower 20 years ago,
95
281720
4343
ဒါပေမဲ့ အင်တာနက်က လွန်ခဲ့တဲ့ အနှစ် ၂၀ က
သိသိသာသာကြီး ပိုနှေးတာ မမေ့ပါနဲ့၊
04:51
so 3D printing will also accelerate
96
286087
2325
ဒီတော့ 3D ပုံနှိပ်ခြင်းဟာလည်း
အရှိန်မြှင့်လာကာ
04:53
and in no time you'll be able to print
a T-Shirt in your home
97
288436
2983
မကြာခင် ရှင်တို့လည်း အိမ်မှာ
တီရှပ်တစ်ထည်ကို နာရီပိုင်း
04:56
in just a couple of hours,
or even minutes.
98
291443
2965
ဒါမှမဟုတ် မိနစ်ပိုင်းနဲ့
ပုံနှိပ်နိုင်တော့မှာပါ။
05:00
So you guys, you want to see
what it looks like?
99
294826
2320
ဒီတော့ ဘယ်လိုမျိုးဆိုတာ
ရှင်တို့ ကြည့်ချင်ံလား။
05:02
Audience: Yeah!
100
297170
1301
ပရိတ်သတ်။ ဟေး။
05:03
(Applause)
101
298495
1851
(လက်ခုပ်သံများ)
05:07
Danit Peleg: Rebecca is wearing
one of my five outfits.
102
302293
3516
DP: Rebecca ဝတ်ထားတာက ကျွန်မရဲ့
ဝတ်စုံ ငါးစုံ ထဲက တစ်စုံပါ။
05:11
Almost everything here she's wearing,
I printed from my home.
103
305833
4817
ဒီမှာ သူဝတ်ထားတာ အားလုံးနီးပါးက
အိမ်ကနေ ကျွန်မ ရိုက်ထုတ်ခဲ့တာပါ။
05:16
Even her shoes are printed.
104
311079
2251
သူမရဲ့ ရှူးဖိနပ်တွေတောင် ရိုက်ထုတ်ထားတာပါ။
05:18
Audience: Wow!
105
313354
1152
ပရိတ်သတ်။ အိုး။
05:20
Audience: Cool!
106
314530
1165
ပရိတ်သတ်။ မိုက်တယ်ဟေ့။
05:23
(Applause)
107
317766
1755
(လက်ခုပ်သံများ)
05:25
Danit Peleg: Thank you, Rebecca.
108
319545
1543
Danit Peleg: ကျေးဇူးပါ Rebecca ။
05:27
(To audience) Thank you, guys.
109
321706
2120
(ပရိတ်သတ်ဘက်သို့) ကျေးဇူးပါ ဘော်ဒါတို့။
05:30
So I think in the future,
materials will evolve,
110
324848
2517
ဒီတော့ ကျွန်မအထင် အနာဂတ်မှာ
ကုန်ပစ္စည်းတွေဟာ
05:32
and they will look and feel
like fabrics we know today,
111
327389
3181
ပြောင်းလဲ လာမှာဖြစ်ပြီး ဒီနေ့ သိကြတဲ့
ချည်ထည်၊
05:36
like cotton or silk.
112
330594
1936
ပိုးတည်တွေလို တွေ့မြင် ခံစားရမှာပါ။
05:38
Imagine personalized clothes
that fit exactly to your measurements.
113
333349
3967
မိမိ ကိုယ်တိုင်းနဲ့ အတိအကျတော်တဲ့
ကိုယ်ပိုင် အဝတ်တွေကို တွေးကြည့်ပါ။
05:45
Music was once a very physical thing.
114
339537
1977
ဂီတဟာ တစ်ခါက အရမ်း ရုပ်ပိုင်းဆန်ခဲ့ပါတယ်။
05:47
You would have to go
to the record shop and buy CDs,
115
341538
3024
အခွေဆိုင်ကိုသွားပြီး CD တွေ ဝယ်ခဲ့ရတာလေ။
05:50
but now you can just download the music --
116
344586
2650
အခုတော့ ဂီတကို ဖုန်းထဲကို
တိုက်ရိုက် ဒေါင်းလုပ်ဒ်
05:52
digital music --
117
347260
1159
ယူလို့ရတဲ့
05:53
directly to your phone.
118
348443
1333
ဒစ်ဂျစ်တယ် ဂီတလေ။
05:56
Fashion is also a very physical thing.
119
350505
2461
ဖက်ရှင်ဆိုတာက အရမ်းကို
ရုပ်ပိုင်းဆန်တဲ့ အရာပါ။
05:58
And I wonder what our world will look like
120
353300
2882
ကျွန်မတို့ အဝတ်အစားတွေ ဒီစကတ်လို
ဒစ်ဂျစ်တယ် ဖြစ်သွားချိန်မှာ
06:01
when our clothes will be digital,
just like this skirt is.
121
356206
3344
ကမ္ဘာကြီးဟာ ဘယ်လိုပုံများ
ပေါက်နေမလဲဆိုတာ သိချင်လိုက်တာ။
06:05
Thank you so much.
122
360056
1373
ကျေးဇူး အများကြီး တင်ပါတယ်။
06:06
(Applause)
123
361453
1200
(လက်ခုပ်သံများ)
06:08
[Thank You]
124
362677
1150
(ကျေးဇူးတင်ပါတယ်)
06:09
(Applause)
125
363851
2799
(လက်ခုပ်သံများ)
Translated by sann tint
Reviewed by Myo Aung

▲Back to top

ABOUT THE SPEAKER
Danit Peleg - Fashion designer
Danit Peleg created the first 3D-printed fashion collection printed entirely using home printers.

Why you should listen

Danit Peleg has always been interested in the influence of technology on fashion design. For her projects, she develops her own textiles and experiments with various technologies such as laser cutting, screen-printing and 3D printing.

Peleg believes that technology will help democratize fashion and give designers more independence in the creation process. She graduated from Shenkar in 2015 and now advises designers and fashion houses on new technologies.

More profile about the speaker
Danit Peleg | Speaker | TED.com