ABOUT THE SPEAKER
Matthew Childs - Marketer, rock climber
Matthew Childs is an advertising lead at Razorfish. He is a lifelong rock climber and climbing guide.

Why you should listen

A specialist in digital branding and interactive services, Matthew Childs seeks out new trends in competitive markets. As an advertising lead at Razorfish, Childs draws from extensive experience in the marketing world, having led Nike's global internal communications department. Before that, he was a writer and editor for Outside Magazine and Playboy.

Apart from his career, Childs' passion is rock climbing.

More profile about the speaker
Matthew Childs | Speaker | TED.com
TED2009

Matthew Childs: 9 life lessons from rock climbing

မက်သယူးချိုင်းဒ်စ် ၏ ကျောက်တောင်တက်ခြင်းမှ ဘဝအတွက် သင်ခန်းစား ၉-ခု။

Filmed:
842,059 views

၀ါရင့်တောင်တက်သမားကြီး မက်သယူးချိုုုင်းဒ်စ် က ၂၀၀၉-ခုနှစ် တွင်ပြုလုပ်သော TED တက္ကသိုလ် ဟောပြောပွဲတွင် ကျောက်တောင်တက်ခြင်းအတွက် အရေးပါသော အကြံဉာဏ် ၉-ချက်ကို မျှဝေပေးထားပါသည်။ ဤ လက်တွေ့အသုံးဝင်သော အကြံပြုချက်များသည် ပင်လယ်ရေမျက်နှာအထက် ကျောက်တောင်တက်သူများ၏ အသက်ရှင်သန်ရေးနှင့်လည်း ပတ်သက်ပါသည်။
- Marketer, rock climber
Matthew Childs is an advertising lead at Razorfish. He is a lifelong rock climber and climbing guide. Full bio

Double-click the English transcript below to play the video.

00:12
It's pretty simple. There are nine, sort of, rules
0
0
3000
အတော့်ကို ရိုးရှင်းပါတယ်၊ စည်းမျည်းစည်းကမ်းလို့ ပြောရမယ့် အချက် ၉-ချက်ရှိပါတယ်
00:15
that I discovered after 35 years of rock climbing.
1
3000
4000
ကျွန်တော် ၃၅-နှစ်ကြာ ကျောက်တောင်တွေတက်ပြီး တွေ့ရှိလာတာတွေပါ
00:19
Most of them are pretty basic.
2
7000
4000
အချက်အားလုံးကတော့ တော်တော်လေး အခြေခံကျပါတယ်
00:23
Number one: don't let go --
3
11000
3000
နံပါတ်-၁ ကတော့ လက်လုံးဝ မလွှတ်ဖို့ပါ
00:26
very sure success method.
4
14000
2000
ဒါဟာအောင်မြင်ဖို့ သိပ်သေချာတဲ့ နည်းလမ်းပါ
00:28
But really, truly -- often you think about
5
16000
3000
ဒါပေမယ့် တကယ် စစ်စစ်မှန်မှန်ပြောရရင်
00:31
letting go way before your body does.
6
19000
2000
ခင်ဗျားတို့ ခန္ဓာကိုယ်က တကယ်မလုပ်သေးခင်မှာ ခင်ဗျားတို့ လွှတ်ချလိုက်ဖို့ ခဏခဏတွေးတတ်ပါတယ်
00:33
So hang in there,
7
21000
2000
ဒါကြောင့် အဲဒီနေရာလေးမှာပဲ တွယ်ထားပါ
00:35
and you come up with some pretty peculiar solutions.
8
23000
4000
အဲဒီအခါ ခင်ဗျားတို့ တကယ့်ကို ထူးခြားတဲ့ အဖြေတွေ ပေါ်လာပါလိမ့်မယ်
00:39
Number two: hesitation is bad.
9
27000
2000
နံပါတ်-၂ ကတော့ တုံ့နှေး တုံ့နှေးလုပ်ခြင်းဟာ ဆိုးပါတယ်
00:41
This is a friction climb, up in Tuolumne Meadows,
10
29000
3000
ဒါက ကျောက်တောင်စောင်းမှာ ဖိနပ်အားနဲ့တက်နေတာ၊ ထွော်လမ်န်မြစ် မြက်ခင်းပြင်အထက်မှာပါ
00:44
in the Yosemite high country.
11
32000
2000
ယော်ဆမ်းမတီ ကုန်းမြင့်ဒေသ မှာပါ
00:46
Friction climbing doesn't have any sort of hard positive edges.
12
34000
4000
ဖိနပ်အားပြုပြီး ကျောက်တောင်စောင်းမှာတက်ရင် မာကျောတဲ့ ကိုင်စရာအစွန်းတွေ ရှိမနေပါဘူး
00:50
You're climbing on little dimples and nubbins in the rock.
13
38000
4000
ကျောက်သားက ချိုင့်ခွက်လေးတွေကို အားပြုပြီး တက်ရတာပါ
00:54
The most friction you have is when you first put your hand
14
42000
4000
အကောင်းဆုံးတွန်းအားကို ကျောက်သားထဲ ပထမဆုံး လက်နှိုက်လိုက်တဲ့ အချိန်နဲ့
00:58
or your foot on the rock.
15
46000
3000
ခြေထောက်ကို ကျောက်သားပေါ်ပထမဆုံး ချလိုက်တဲ့ အချိန်တွွေမှာပဲ ရပါတယ်
01:01
And then from that point on, you're basically falling.
16
49000
4000
အဲဒီနေရာကစပြီး ခင်ဗျားတို့ လျောကျတော့တာပဲ
01:05
So momentum is good. Don't stop.
17
53000
3000
အရှိန်အဟုန်နဲ့တက်ရင် ကောင်းပါတယ်၊ မရပ်လိုက်ဖို့ပါပဲ
01:08
Rule number three: have a plan.
18
56000
2000
စည်းမျဉ်းနံပါတ်-၃ ကတော့ ကြိုတင်ကြံဆချက် ရှိဖို့ပါ
01:10
This is a climb called the Naked Edge,
19
58000
2000
ဒီလို တောင်တက်တာမျိုးကို တောင်ဗလာစွန်းတက်တယ်လို့ခေါ်ပါတယ်
01:12
in El Dorado Canyon, outside of Boulder.
20
60000
2000
ဘိုလ်ဒါမြို့ပြင်က အယ်လ်ဒိုရာဒိုချောက် မှာပါ
01:14
This climber is on the last pitch of it.
21
62000
3000
တောင်တက်သမားက တောင်ရဲ့ နောက်ဆုံးအထွတ်မှာပါ
01:17
He's actually right about where I fell.
22
65000
2000
သူက တကယ်တော့ ကျွန်တော် ပြုတ်ကျခဲ့တဲ့ နေရာနားလောက်မှာ
01:19
There is about 1,000 feet of air below him.
23
67000
3000
သူ့အောက်မှာ ပေ ၁-ထောင်လောက်မြင့်တဲ့ လေထုကရှိနေတယ်
01:22
And all the hard pitches are actually below him.
24
70000
3000
ခက်ခဲပါတယ်ဆိုတဲ့ တောင်ဇောင်းတွေ အကုန်လုံးက သူ့အောက်မှာ
01:25
Often what happens is
25
73000
2000
ဒါပေမယ့် ဖြစ်လေ့ဖြစ်ထ ရှိတာက
01:27
you're planning so hard for like,
26
75000
2000
ခင်ဗျားတို့က ခက်ခက်ခဲခဲ တွေးတတ်ကြတယ်၊ ဘယ်လိုဟာမျိုးလဲဆိုရင်
01:29
"How do I get through the hardest part? How do I get through the hardest part?"
27
77000
3000
"ငါ အခက်ခဲဆုံးအပိုင်းကို ဘယ်လိုများ ကျော်ဖြတ်ရပါ့မလဲ" ပေါ့
01:32
And then what happens?
28
80000
2000
အဲဒီတော့ ဘာဖြစ်လာသလဲ
01:34
You get to the last pitch. It's easy.
29
82000
2000
ခင်ဗျားတို့ နောက်ဆုံး တောင်ထွတ်ကိုတော့ ရောက်လာတယ်၊ ဒါက လွယ်တယ်
01:36
And you're completely flamed out. Don't do it.
30
84000
3000
အဲဒီမှာ ခင်ဗျား လုံးဝ အားကုန်သွားပြီ၊ အဲဒါမျိုး မလုပ်ပါနဲ့
01:39
You have to plan ahead to get to the top.
31
87000
3000
ထိပ်ဆုံးကိုရောက်ဖို့ ကြိုတင်ပြီး အစီအစဉ်ချထားရမယ်
01:42
But you also can't forget that each individual move
32
90000
3000
ဒါပေမယ့် လှုပ်ရှားမှုတစ်ခုချင်းစီကို
01:45
you have to be able to complete.
33
93000
2000
ပြီးဆုံးအောင် လုပ်နိုင်ရမယ်
01:47
This is a climb called the Dike Route,
34
95000
2000
ဒါက "ဒိုက် လမ်းကြောင်း"လို့ခေါ်တဲ့ တောင်တက်လမ်းပါ
01:49
on Pywjack Dome, up in the Yosemite high country.
35
97000
4000
ယော်ဆမ်းမတီ ကုန်းမြင့်ဒေသက ပီးရတ်တောင်ခုံးကြီးပေါ်မှာပါ
01:53
The interesting thing about this climb is it's not that hard.
36
101000
3000
ဒီတောင်တက်တဲ့ ဟာမျိုးအတွက် စိတ်ဝင်စားစရာကောင်းတာကတော့ တက်ရတာ မခက်ခဲတာပါ
01:56
But if you're the leader on it,
37
104000
2000
ဒါပေမယ့် ကိုယ်က ခေါင်းဆောင်ဆိုရင်
01:58
at the hardest move, you're looking at about 100 foot fall,
38
106000
4000
အဆိုးဆုံး အခြေအနေကတော့ ပေ-၁၀၀ အမြင့် လောက်ကနေ
02:02
onto some low angle slabs.
39
110000
2000
အောက်မှာရှိတဲ့ သိပ်မစောင်းတဲ့ ကျောက်ပြားတွေပေါ်ကိုကျသွားမှာ
02:04
So you've got to focus.
40
112000
2000
ဒါကြောင့် အာရုံစူးစိုက် ရပါမယ်
02:06
You don't want to stop in the middle like
41
114000
3000
အလယ်ခေါင်ကြီးမှာတော့ မရပ်ချင်ဘူးမဟုတ်လား
02:09
Coleridge's Kubla Kahn.
42
117000
2000
ကိုလာရစ်ဂျ်မြို့ရဲ့ ကူဗလာခါန်းတောင်လိုမျိုးလေ
02:11
You've got to keep going.
43
119000
2000
ဆက်သွားနေရမယ်
02:13
Rule number five: know how to rest.
44
121000
2000
စည်းမျဉ်းနံပါတ်-၅ ကတော့ ဘယ်လို နားရမယ်ဆိုတာ သိခြင်းပါ
02:15
It's amazing. The best climbers
45
123000
2000
တကယ်အံ့သြစရာပါ၊ အတော်ဆုံး တောင်တက်သမားဆိုတာ
02:17
are the ones that in the most extreme situations
46
125000
3000
အရေးအကြီးဆုံး အခြေအနေတွေမှာ
02:20
can get their bodies into some position
47
128000
2000
ခန္ဓာကိုယ်ကို ပုံစံအနေအထားတစ်မျိုးရအောင် လုပ်နို်င်ကြတယ်
02:22
where they can rest,
48
130000
2000
သူတို့ နားတဲ့ နေရာအနေအထားအရ
02:24
regroup, calm themselves, focus,
49
132000
3000
ပြန်စုစည်းတယ်၊ စိတ်အေးအေးထားတယ်၊ စူးစိုက်တယ်
02:27
and keep going.
50
135000
4000
ပြီးတော့ ဆက်သွားတယ်
02:31
This is a climb in the Needles, again in California.
51
139000
2000
ဒါက နီးဒယ်(စ) ကယ်လီဖိုးနီးယားမှာပါပဲ
02:33
Fear really sucks because what it means is
52
141000
2000
ကြောက်စိတ်က တကယ်ဒုက္ခပေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့
02:35
you're not focusing on what you're doing.
53
143000
3000
ကိုယ်လုပ်နေတာကို အာရုံမစိုက်ဘုူးလို့ အဓိပ္ပါယ် ရနေပါတယ်
02:38
You're focusing on the consequences of
54
146000
2000
အကျိုးဆက်တွေကိုပဲ အာရုံသွားစိုက်နေတာ
02:40
failing at what you're doing
55
148000
3000
ကိုယ်လုပ်နေတာကနေ ပြုတ်ကျသွားရင် ဖြစ်လာမယ့်ဟာကိုပေါ့
02:43
because any given move should require
56
151000
2000
ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားမှုတိုင်းက
02:45
all your concentration and thought processes
57
153000
5000
ကို်ယ်ရဲ့ အလုံးစုံ အာရုံစူးစိုက်မှုနဲ့
02:50
to execute it effectively.
58
158000
2000
အလုပ်ကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အတွေးဖြစ်စဉ်တွေ လိုအပ်ပါတယ်
02:52
One of the things in climbing is, most people
59
160000
3000
တောင်တက်တာမှာ လူအများစု အများဆုံးလုပ်တာက
02:55
sort of take it straight on. And they follow the most obvious solution.
60
163000
4000
သာမန်လိုပဲ သဘောထားကြပြီး အထင်ရှားဆုံးအဖြေနောက်ကိုပဲ လိုက်ကြတယ်
02:59
This is the Devils Tower in Wyoming,
61
167000
3000
ဒါက ၀ိုင်အိုမင်မြို့က မကောင်းဆိုးဝါး မျှော်စင်ပါ
03:02
which is a columnar basalt formation
62
170000
3000
ဒေါင်လိုက်ပုံ ဗဆော့ကျောက်တောင်ကြီးပါ
03:05
that most of you probably know from "Close Encounters."
63
173000
3000
ခင်ဗျားတို့ အများစုကတော့ "နဖူးတွေ့ဒူးတွေ့ကြုံကြိုက်ခြင်း" ဆိုတဲ့ ရုပ်ရှင်ကနေ ဒီကောျက်တောင်ကြီးကိုသိတာ ဖြစ်ချင်ဖြစ်မယ်
03:08
With this, typically crack climbers
64
176000
2000
ဒီတောင်မှာ အများအားဖြင့် အက်ကြောင်းတွေသုံးပြီး တောင်တက်တဲ့သူတွေက
03:10
would put their hands in and their toes in
65
178000
2000
သူတို့ လက်တွေ၊ ခြေချောင်းလေးတွေကို အက်ကွဲကြောင်းလေးတွေထဲတည့်ပြီး
03:12
and just start climbing.
66
180000
2000
စတက်ကြရော
03:14
The cracks are too small to get your toes into
67
182000
3000
အက်ကြောင်းတွေက ခြေချောင်းလေးတွေဝင်နိုင်ဖို့အတွက် သေးလွန်းပါတယ်
03:17
so the only way to climb is using your fingertips
68
185000
3000
ဒါကြောင့် တက်ဖို့ တစ်ခုတည်းသော နည်းကတော့ လက်ချောင်းထိပ်လေးတွေကို သုံးပြီး
03:20
in the cracks,
69
188000
2000
အက်ကြောင်းထဲနှို်က်ဖို့ပါ
03:22
and using opposing pressure
70
190000
2000
ပြီးတော့ ဆန့်ကျင်ဘက် ဖိအားကို သုံးပြီး
03:24
and forcing yourself up.
71
192000
3000
ကိုယ်ကို အပေါ်ကို ဆွဲတွန်းရပါမယ်
03:27
Rule number eight: strength doesn't always equal success.
72
195000
3000
စည်းမျည်းနံပါတ်-၈ ကတော့ ခွန်အားရှိခြင်းနဲ့ အောင်မြင်မှုတို့ဟာ အမြဲ ညီမနေဘူးဆိုတာပါ
03:30
In the 35 years I've been a climbing guide
73
198000
2000
၃၅-နှစ်လုံး ကျွန်တော် တောင်တက် လမ်းညွန်လုပ်လာတယ်
03:32
and taught on indoor walls, and stuff like that,
74
200000
2000
မိုးလုံလေလုံ နံရံတွေပေါ်မှာ သင်ပေးခဲ့တာ၊ ဒါမျိုးတွေပေါ့
03:34
the most important thing I've learned
75
202000
2000
ကျွန်တော်သိရှိလာတဲ့ အရေးအကြီးဆုံးအရာကတော့
03:36
was, guys will always try to do pull-ups.
76
204000
3000
ယောကျ်ားတွေဟာ လက်မောင်းအားနဲ့ဆွဲတင်တာမျိုးကို အမြဲတမ်း လုပ်ကြည့်တတ်ကြပါတယ်
03:39
Beginning guys, it's like, they thrash, they thrash,
77
207000
2000
အခုမှ စလုပ်တဲ့ ယောက်ျားတွေဆို၊ သူတို့ ဆွဲတင်တယ်၊ ဆွဲတင်တယ်
03:41
they get 15 feet up --
78
209000
2000
၁၅-ပေအမြင့်လောက်တော့ သူတို့ရောက်သွားတယ်
03:43
and they can do about 15 pull-ups right --
79
211000
2000
သူတို့တွေ ၁၅-ခါလောက်တော့ ဆွဲတင်နိုင်တယ်လေ၊ ဟုတ်တယ်မဟုတ်လား
03:45
And then they just flame out.
80
213000
2000
ပြီးတာနဲ့ သူတို့ အားကုန်သွားရော
03:47
Women are much more in balance
81
215000
2000
အမျိုးသမီးတွေက ဟန်ချက်ကို ပိုထိန်းတတ်ကြတယ်
03:49
because they don't have that idea
82
217000
3000
ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အဲဒီလို လုပ်ဖို့အကြံ မရှိဘူး
03:52
that they're going to be able to do 100 pull-ups.
83
220000
2000
သူတို့ အခါ-၁၀၀ လောက်ဆွဲတင်နိုင်လိမ့်မယ်ဆိုတဲ့ အကြံပေါ့
03:54
They think about how to get the weight over their feet
84
222000
3000
သူတို့က ကိုယ်အလေးချိန်ကို ခြေထောက်ပေါ်မှာ ဘယ်လိိုထိန်းထားရမယ်ဆိုတာပဲ တွေးတယ်
03:57
because it's sort of natural -- they carry you all day long.
85
225000
3000
ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သဘာဝဆန်တယ်၊ ခြေထောက်တွေက ခင်ဗျားတို့ကို တစ်နေကုန် သယ်ပေးနေတာကိုး
04:00
So balance is really critical,
86
228000
2000
ဟန်ချက်ဟာ တကယ့်ကို အခရာကျပါတယ်
04:02
and keeping your weight on your feet,
87
230000
2000
ကိုယ်အလေးချိန်ကို ကိုယ့်ခြေထောက်ပေါ်မှာ ထိန်းထားနိုင်တာက
04:04
which is your strongest muscle.
88
232000
2000
ကိုယ့်ရဲ့ အသန်စွမ်းဆုံး ကြွက်သားတွေကြောင့်ပါ
04:06
And of course there is rule number nine.
89
234000
2000
စည်းမျဉ်းနံပါတ်-၉ လည်း ရှိပါတယ်
04:08
I came up with rule number nine after
90
236000
2000
ကျွန်တော် စည်းမျဉ်းနံပါတ်-၉ ကို အကြံရခဲ့တာဟာ
04:10
I actually didn't plan for a fall,
91
238000
2000
ဘယ်လို ပြုတ်ကျရမယ်ဆိုတာ မပြင်ဆင်ခဲ့မိလို့
04:12
and went about 40 feet and cracked a rib.
92
240000
3000
ပေ-၄၀ လောက်အထိ ပြုတ်ကျသွားပြီး နံရိုးအက်သွားတဲ့ နောက်ပိုင်းမှာပါ
04:15
Once you get to that point where you know it's going to happen,
93
243000
3000
ကျိန်းသေဖြစ်တော့မယ်ဆိုတာ ကိုယ့်ဖာသာသိလာတဲ့ အချိန်ရောက်ရင်
04:18
you need to start thinking about how you're going to let go
94
246000
3000
ဘယ်လို လွှတ်ချလိုက်မယ် ဆိုတာကို စစဉ်းစားဖို့ လိုလာပြီ
04:21
because that is the critical piece
95
249000
3000
ဒါဟာ တကယ်အရေးပါတဲ့ အစိတ်အပိုင်းပါ
04:24
of not getting hurt --
96
252000
2000
ထိခိုက်ဒဏ်ရာ မရအောင်ပေါ့
04:26
how you're going to fall onto the rope,
97
254000
4000
ကြိုးတွဲလောင်းနဲ့ ဘယ်လိုပြုတ်ကျမလဲဆိုတာရယ်
04:30
or if you're climbing without a rope,
98
258000
2000
တကယ်လို့ ကိုယ်က ကြိုးမပါပဲ တက်နေတာဆိုရင်
04:32
fall to a place where you can actually control the fall.
99
260000
4000
အကျကို ကိုယ်အမှန်တကယ် ထိန်းချုပ်နိုင်တဲ့ နေရာကို ပြုတ်ကျပါ
04:36
So don't hang on till the bitter end.
100
264000
3000
နောက်ဆုံးခါးသီးတဲ့ ဇာတ်သိမ်းရောက်တဲ့ထိတော့ တွယ်မထားပါနဲ့
04:39
Thank you very much.
101
267000
2000
ကျေးဇူး အများကြီး တင်ပါတယ်
04:41
(Applause)
102
269000
2000
(လက်ခုပ်ဩဘာသံများ)
Translated by Maung Maung
Reviewed by Paing Hein Htet

▲Back to top

ABOUT THE SPEAKER
Matthew Childs - Marketer, rock climber
Matthew Childs is an advertising lead at Razorfish. He is a lifelong rock climber and climbing guide.

Why you should listen

A specialist in digital branding and interactive services, Matthew Childs seeks out new trends in competitive markets. As an advertising lead at Razorfish, Childs draws from extensive experience in the marketing world, having led Nike's global internal communications department. Before that, he was a writer and editor for Outside Magazine and Playboy.

Apart from his career, Childs' passion is rock climbing.

More profile about the speaker
Matthew Childs | Speaker | TED.com