TED Talks with Burmese transcript

David Hoffman: Sputnik အရူးထခြင်း

TED2007

David Hoffman: Sputnik အရူးထခြင်း
378,053 views

ရုပ်ရှင်ရိုက်ကူးသူ David Hoffman ဟာ သူရဲ့ Sputnik Mania ဆိုတဲ့ သတင်းမှတ်တမ်း ရုပ်ရှင်ကားရှည်ထဲမှ ရိုက်ကွက်ကို မျှဝေထားပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုက လွှတ်တင်ခဲ့တဲ့ Sputnik ဟာ အာကာသဆိုင်ရာပြိုင်ဆိုင်မှုနဲ့ လက်နက်ပြိုင်ဆိုင်မှု ၂ခုစလုံးကို ဘယ်ပုံဆိုက်သွားစေတယ်ဆိုတာနဲ့ ကမ္ဘာတစ်လွှားက သိပ္ပံ နဲ့ သချင်္ာဆိုင်ရာ ပညာရေး ခုန်ကျော်မှု စတင်စေခဲ့တာကို ပြသထားတာပါ။

Christopher deCharms: ဦးနှောက် အတွင်းပိုင်းကို အချိန်နဲ့တပြေးညီ ကြည့်ရှုခြင်း။

TED2008

Christopher deCharms: ဦးနှောက် အတွင်းပိုင်းကို အချိန်နဲ့တပြေးညီ ကြည့်ရှုခြင်း။
1,923,937 views

ဦးနှောက်နဲ့ အာရုံကြော ပါရဂူ ၊ တီထွင်ရှင် Christopher deCharms က ဦးနှောက်ထဲက လှုပ်ရှားမှုများ၊ စိတ်ခံစားမှုများ၊ နာကျင်မှုကို ပြဖို့ MRI အသုံးပြုနည်း အသစ်တစ်ခုကို အဲဒါတွေ ဖြစ်ပျက်နေတဲ့ အချိန်မှာကို သရုပ်ပြထားပါတယ်။ တစ်နည်းအားဖြင့်တော့ သင်ဘယ်လို ခံစားရလဲဆိုတာကို သင်တကယ်ပဲ မြင်နိင်တယ် ဆိုတာပါ။

Siegfried Woldhek:: လီယိုနာဒိုရဲ့ မျက်နှာအစစ် ရှာပုံတော်

TED2008

Siegfried Woldhek:: လီယိုနာဒိုရဲ့ မျက်နှာအစစ် ရှာပုံတော်
1,343,993 views

မိုနာလီဇာဆိုတာက ကမ္ဘာပေါ်မှာ လူသိအများဆုံးမျက်နှာတွေထဲက တစ်ခုပါ။ ဒါပေမဲ့ ခင်ဗျားတို့ လီယိုနာဒို ဒါဗင်ချီရဲ့ ရုပ်သွင်ကို မှတ်မိပါ့မလား။ သရုပ်ဖော်ပန်းချီဆရာ Siegfried Woldhek က သူထင်မြင်မိတဲ့ လီယိုနာဒိုရဲ့ မျက်နှာအစစ် ကို ရှာဖွေဖော်ထုတ်ဖို့အတွက် တွေးတောဖွယ်ရာ ရုပ်ပုံ ခွဲခြမ်းစိတ်ဖြာနည်းစနစ်ကို အသုံးပြုပါတယ်။

David Gallo: ​ေရအောက်မှ အံ့ဖွယ်ရာများ။

TED2007

David Gallo: ​ေရအောက်မှ အံ့ဖွယ်ရာများ။
15,797,194 views

David Gallo ကနေပြီး အံ့ဖွယ်ကောင်းတဲ့ ပင်လယ်သတ္တဝါတွေရဲ့ ပါးစပ်အဟောင်းသားဖြစ်ရလောက်တဲ့ ဗီဒီယိုရိုက်ကွက်ကိုပြသထားပါတယ်။ အရောင် ပြောင်းလဲတတ်တဲ့ ကင်းမွန်တစ်ကောင်၊ တစ်သားတည်းကျအောင် ကိုယ်ရောင်ဖျောက်တတ်တဲ့ ရေဘဝဲတစ်ကောင်နဲ့ သမုဒ္ဒရာရဲ့ အမှောင်ဆုံး နက်ရှိုင်းမှုတွေထဲမှာ ရှင်သန်တဲ့ ငါးကနေပြသတဲ့ Time sSquare ရဲ့ နီယွန်မီးတွေလောက် အလင်းတစ်ခု အပါအဝင်ပေါ့။

Gever Tulley: သင့်ကလေးများကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု

TED2007

Gever Tulley: သင့်ကလေးများကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု
5,050,524 views

လက်တွေ့သင်တန်းကျာင်းကို တည်ထောင်သူ Gever Tulley က သင့်ကလေးများကို လုပ်ခွင့်ပေးသင့်တဲ့ အန္တရာယ်ရှိတဲ့ အရာ ၅-ခု ကို ပြောပြလိုက်ပါတယ်။ TED University ၂၀၀၇ မှ ပြန်လည် ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။

Lakshmi Pratury: ပျောက်ဆုံးသွားပြီဖြစ်တဲ့ စာရေးခြင်း အနုပညာ။

TED2007

Lakshmi Pratury: ပျောက်ဆုံးသွားပြီဖြစ်တဲ့ စာရေးခြင်း အနုပညာ။
715,735 views

Lakshmi Pratury ဟာ စာရေးသားခြင်း ဆိုတဲ့ အခုပျောက်ဆုံးသွားပြီဖြစ်တဲ့ အနုပညာကို မှတ်မိနေကာ သူမရဲ့ ဖခင်မဆုံးမီက ရေးသားပေးပို့ခဲ့တဲ့ မှတ်စုအတွဲကို မျှဝေထားပါတယ်။ တိုတောင်းပေမဲ့ အူလှိုက်သည်းလှိုက်ရှိတဲ့ သူမရဲ့ ဟောပြောချက်ဟာ သင်တို့ကိုပါ စာရွက်ကိုယူပြီး စာရေးဖို့များ လှုံ့ဆော်ပေးနိုင်လိမ့်မလားပဲ။

အာသာဘန်ဂျမင်: “ သင်္ချာမျက်လှည့် ” ဖျော်ဖြေတင်ဆက်မှု"

TED2005

အာသာဘန်ဂျမင်: “ သင်္ချာမျက်လှည့် ” ဖျော်ဖြေတင်ဆက်မှု"
9,599,588 views

ဤသွက်လက်လှသောတင်ဆက်မှုတွင် အာသာဘန်ဂျမင်က ဂဏန်းတွက်စက်အဖွဲ့ကိုပြိုင်၍ ဂဏန်းသုံးလုံးပါကိန်းများကိုနှစ်ထပ်ကိန်းတင်၊ အကြီးစားစိတ်တွက်ညီမျှခြင်းတစ်ခုကိုဖြေရှင်း၍ မွေးနေ့နံအနည်းငယ်ကိုခန့်မှန်းပြသည်။ ၎င်းမည်သို့လုပ်သနည်း။ သူပြောပြပါလိမ့်မည်။

David Pogue: ဂီတ စစ်ပွဲများ။

TED2007

David Pogue: ဂီတ စစ်ပွဲများ။
680,744 views

New York Times နည်းပညာဆောင်းပါးရှင် David Pogue ကနေပြီးတော့ iTunes နဲ့ ဆွဲယူကူးချတဲ့ စစ်ပွဲတွေအကြောင်း လှောင်ပြောင်သရော်ထားတဲ့ ပဒေသာသီချင်း အသေးစားတစ်ပုဒ်ကို Sonny Cher နဲ့ Village People တို့ဆီကနေ သံစဉ်အချို့ကိုငှားယူသုံးစွဲပြီး ဖျော်ဖြေတင်ဆက်ထားပါတယ်။

Kenichi Ebina: ကျွန်တော့ရဲ့ မှော်ဆန်တဲ့ လှုပ်ရှားမှုတွေ။

TED2007

Kenichi Ebina: ကျွန်တော့ရဲ့ မှော်ဆန်တဲ့ လှုပ်ရှားမှုတွေ။
1,927,251 views

Kenichi Ebina ဟာ သူမရဲ့ကိုယ်ခန္ဓာကို လူ့အရိုးစုက ဖိပိုးထားမှု ကန့်သတ်ချက်တွေကို ဖီဆန်တဲ့ပုံပေါက်တဲ့ အမူအယာနဲ့ ရွေ့လျားပြပါတယ်၊ သူဟာ Breakdancing နဲ့ Hip-hop ကို တစ်ပြိုင်နက်ထဲမှာပဲ တိကျပြီး ညက်ညောတဲ့ လှုပ်ရှားမှုတွေကိုသုံးထားတဲ့ ခြေဟန်လက်ဟန်နဲ့ သရုပ်ဖော်တဲ့ ဟန်နဲ့ပေါင်းစပ်လိုက်ပါတယ်။

ဆူဂတ မိတရက ကလေးတွေ ကိုယ့်ဟာကိုယ် ဘယ်လိုသင်ယူကြလဲဆိုတာကို ပြခဲ့ပါတယ်။

LIFT 2007

ဆူဂတ မိတရက ကလေးတွေ ကိုယ့်ဟာကိုယ် ဘယ်လိုသင်ယူကြလဲဆိုတာကို ပြခဲ့ပါတယ်။
1,777,799 views

၂၀၀၇ခုနှစ်တုန်းက LIFT မှာ စကားပြောခဲ့ပြီး နံရံပေါ်ကအပေါက်များဆိုတဲ့ စီမံကိန်းအကြောင်း ရှင်းပြခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ကလေးငယ်တွေက တစ်ကိုယ်ရည်သုံး ကွန်ပျူတာ တစ်လုံးကို ဘယ်လိုသုံးရမလဲဆိုတာကို နားလည်အောင် လုပ်ခဲ့ကြတယ်၊ ပြီးတော့ တခြားကလေးတွေကို ပြန်သင်ပေးခဲ့တယ်။ သူက ကလေးတွေ ကိုယ့်ဟာကိုယ် ဘာတွေပြန်သင်ပေးနိုင်မလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

Allison Hunt: တင်ပါး (အသစ်) ရအောင်လုပ်နည်း။

TED2007

Allison Hunt: တင်ပါး (အသစ်) ရအောင်လုပ်နည်း။
635,855 views

Allison Hunt အနေနဲ့ သူမဟာ တင်ပါးသစ် လိုအပ်တယ်ဆိုတာ သိလိုက်ရတဲ့အခါ ....ဒါနဲ ကနေဒါရဲ့ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုစနစ်က သူမဟာ ၂ နှစ်နီးပါး စောင့်ဆိုင်းဖို့လိုတယ် ဆိုတော့ (ပြီးတော့ နာကျင်ရင်းပေါ့) သူမဟာ ပြဿနာရပ်တွေကို ကိုယ်တိုင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။

စတီးဝပ်(တ်) ဘရန်း(ဒ်): ကျူးကျော်နေထိုင်သူ  မြို့ကြီးများဆီမှ ကျွန်တော်တို့ သင်ယူစရာ

TED2006

စတီးဝပ်(တ်) ဘရန်း(ဒ်): ကျူးကျော်နေထိုင်သူ မြို့ကြီးများဆီမှ ကျွန်တော်တို့ သင်ယူစရာ
1,098,442 views

ကမ္ဘာအနှံ့မှာ ကျေးလက်တောနယ်မှာရှိတဲ့ ရွာတွေဟာ လူသူကင်းမဲ့လာနေကြပါတယ်။ သန်းထောင်ချီရှိတဲ့ လူတွေဟာ ပြွတ်သိပ်နေတဲ့ ကျုးကျော်တဲတွေနဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြဖို့ မြို့ကြီးတွေဆီကို အုံနဲ့ကျင်းနဲ့ လာနေကြပါတယ်။ စတီးဝပ်(တ်) ဘရန်း(ဒ်)က ဒါဟာ ကောင်းတဲ့ အချက်တစ်ချက်တဲ့ဗျာ။ ဘာကြောင့်လဲ။ ဒါကို အဖြရှာဖို့ (၃)မိနစ် အချိန်ယူရပါမယ်။

Rachelle Garniez: ပန်းခင်းတဲ့ဘဝ

TED2004

Rachelle Garniez: ပန်းခင်းတဲ့ဘဝ
476,886 views

အဆိုတွေ၊ ခပ်နောက်နောက် ခေါင်းလောင်းလေးတွေတီးတဲ့လအကော်ဒီယံပညာရှင် အဆိုတော် Rachelle Garniez ပါဝင်ပြီး၊ ကီးဘုတ် Thomas Dolby ဦးဆောင်တဲ့ TED အိမ်ဝိုင်းကလေးက Edith Piaf ရဲ့ La Vie en Rose (ပန်းခင်းတဲ့ဘဝ)ရဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ တင်ဆက်မှုကလေးကို တင်ပြထားပါတယ်။

Eddi Reader: စွန်လွှတ်သူရဲ့ တောင်ကုန်း။

TED2003

Eddi Reader: စွန်လွှတ်သူရဲ့ တောင်ကုန်း။
575,533 views

အဆိုတော်/သီချင်းရေးသားသူ Eddi Reader ကနေပြီး Kiteflyer's Hill (စွန်လွှတ်သူရဲ့ တောင်ကုန်း)ကို ဖျော်ဖြေ တင်ဆက်ထားပါတယ်။ ချစ်ခြင်းမေတ္တာ ဆုံးရှုံမှုတစ်ခုကို သိမ်မွေ့သော လည်ပြန်ကြည့်မှု တစ်ခုပါ။ Thomas Dolby က စန္ဒရား တီးခတ်ပေးထားပါတယ်။

Eddi Reader: မင်းမှာရှိတာ။

TED2003

Eddi Reader: မင်းမှာရှိတာ။
515,331 views

အဆိုတော်၊ တေးရေးသူ Eddi Reader ကနေပြီး "What You Do With What You've Got" (ကိုယ့်မှာရှိတာနဲ့ ကိုယ်လုပ်) ဆိုတဲ့ အလေးအနက်ဆင်ခြင်စရာ TED ရဲ့ တကယ့်အာဘော်ကို တင်ဆက်ထားပါတယ်။ ကိုယ့်မှာရှိတဲ့ ပင်ကိုယ်စွမ်းရည်၊ ပါရမီထူးတွေနဲ့ ထူးခြားတာတစ်ခု လုပ်ပုံလုပ်နည်းပေါ့။ Thomas Dolby ရဲ့စန္ဒရားသံနဲ့ပါ။

Caroline Lavelle: တယောပေါ်က ညှို့ယူဖမ်းစားခြင်း။

TED2005

Caroline Lavelle: တယောပေါ်က ညှို့ယူဖမ်းစားခြင်း။
477,656 views

Caroline Lavelle ဟာ ကဝေမတစ်ယောက် မှော်အတတ်နဲ့ ဖမ်းစားသလိုမျိုး တယောထိုးပြီး တစ်ခါတစ်ခါ ကျေးလက်အလှ သရုပ်ဖော်တေးသွားတွေ သီဆိုခိုက်မှာတော့ ဖွာဆန်ကြဲနေတဲ့ သူမရဲ့ ရွှေဝါရောင် ဆံစရှည်တွေရဲ့နောက်မှာ ပုန်းကွယ်ထားလျက်နဲ့ပေါ့။ သူမဟာ "Farther than the Sun" ( နေမင်းထက် ပိုဝေးရာ) သီချင်းကို Thomas Dolby ရဲ့ နောက်ခံ ကီးဘုတ်တီးခတ်မှုနဲ့အတူ ဖျော်ဖြေတင်ဆက်ထားပါတယ်။

Nora York: "What I Want" (ကိုယ်လိုတာက)

TEDSalon 2006

Nora York: "What I Want" (ကိုယ်လိုတာက)
438,874 views

Nora York ဟာ သူမရဲ့ သီချင်းဖြစ်တဲ့ "What I Want," (ကိုယ်လိုတာက ) ကို ကီးဘုတ်တီးခတ်သူ Jamie Lawrence ၊ ဂစ်တာတီးခတ်သူ Steve Tarshis ဘေ့စ်သမား Arthur Kell တို့နဲ့ တွဲဖက်ပြီး အသက်ရှူမှားလောက်တဲ့ ဖျော်ဖြေမှုကို တင်ဆက်ပေးထားပါတယ်။

Carl Honoré: အရှိန်လျှော့ချမှုကို ချီးမွမ်းခြင်း။

TEDGlobal 2005

Carl Honoré: အရှိန်လျှော့ချမှုကို ချီးမွမ်းခြင်း။
3,019,523 views

သတင်းစာဆရာ Carl Honore ကတော့ အနောက်တိုင်း ကမ္ဘာရဲ့ အမြန်နှုန်းကို အသားပေးမှုက ကျန်းမာရေး၊ ထုတ်လုပ်မှုနဲ့ ဘဝ အရည်အသွေးကို တိုက်စားတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ နေ့စဉ် လူတွေဟာ သူတို့ရဲ့ ခေတ်မီလွန်းတဲ့ lives.nscript.flv ဘဝတွေကို စတင် ဘရိတ်အုပ်နေတာဖြစ်တော့ လူအများရဲ့ တုံ့ပြန် ကြံစည်မှုတစ်ခုတော့ ရှိနေပါတယ်။

Richard St. John ရဲ့ အောင်မြင်မှု ၏ လျှို့ဝှက်ချက် ၈ ချက်

TED2005

Richard St. John ရဲ့ အောင်မြင်မှု ၏ လျှို့ဝှက်ချက် ၈ ချက်
14,410,517 views

လူတွေ အောင်မြင်ကြတာ ဘာကြောင့်လဲ? တော်လို့လား? ကံကောင်းလို့လား? မဟုတ်ပါဘူး။ Richard St. John ဟာ နှစ်ပေါင်းများစွာကြာ တွေ့ဆုံမေးမြန်းခဲ့တာတွေကို အကျဉ်းချုပ်ပြီး အောင်မြင်မှု ၏ လှို့ဝှက်ချက်များကို ၃ မိနစ် စလိုက်(ဒ်)ရှိုး အဖြစ် တင်ပြထားပါသည်။

နီကိုလတ်စ် နီဂရိုပွန့်တ်: နီကိုလတ်စ် နီဂရိုပွန့်တ် ၏ ကလေးတစ်ယောက် လပ်တော့ပ်ကွန်ပျူတာ တစ်လုံး စီမံကိန်း

TED2006

နီကိုလတ်စ် နီဂရိုပွန့်တ်: နီကိုလတ်စ် နီဂရိုပွန့်တ် ၏ ကလေးတစ်ယောက် လပ်တော့ပ်ကွန်ပျူတာ တစ်လုံး စီမံကိန်း
469,675 views

မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် မီဒီယာ သုတေသန စမ်းသပ်ခန်း ကိုတည်ထောင်ခဲ့သူ နီကိုလတ်စ် နီဂရိုပွန့်တ် က ကလေးတစ်ဦး လပ်တော့ပ် တစ်လုံး စီမံကိန်း မှ ဒေါ်လာ ၁၀၀ တန်ဖိုးမျှသာရှိသော လပ်တော့ပ်ကွန်ပျူတာများကို မည်သို့ တည်ဆောက်ဖြန့်ဖြူး သွားမည်ဆိုသည်ကို ရှင်းလင်း ဖော်ပြ ထားခြင်းဖြစ်ပါသည်။

Aubrey de Grey: "အိုမင်းခြင်းကို အဆုံးသတ်ရေးဆီကို ရှေ့ရှရေး

TEDGlobal 2005

Aubrey de Grey: "အိုမင်းခြင်းကို အဆုံးသတ်ရေးဆီကို ရှေ့ရှရေး
4,332,848 views

Cambridge သုတေသနပညာရှင် Aubrey de Grey က အိုမင်းခြင်းဟာ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူဟာ အခြေခံအားဖြင့် နည်းလမ်း ၇-နည်းနဲ့ အသက်အရွယ်အိုမင်းလာကြပြီး အဲဒီအချက်အားလုံးကို မဖြစ်အောင် ရှောင်လွှဲနိုင်ပါတယ်တဲ့..

ဂျင်မီဝေးလ်စ်: ဝစ်ကီပီးဒီးယား မွေးဖွားလာခြင်း

TEDGlobal 2005

ဂျင်မီဝေးလ်စ်: ဝစ်ကီပီးဒီးယား မွေးဖွားလာခြင်း
1,381,290 views

ဂျင်မီဝေးလ်စ် က “ လူမျိုးစုံရောပြွမ်းနေသောစေတနာဝန်ထမ်းအစုအဖွဲ့ ” ကို စုစည်းခဲ့ပုံ၊ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်ပြီး ကိုယ်တိုင်ခန့်ခွဲ၊ ကိုယ်တိုင်ပြင်ဆင်၍ အမြဲတမ်းတည်းဖြတ်နေသောစွယ်စုံကျမ်းတစ်ခုဖြစ်သည့် ဝစ်ကီပီးဒီးယားကို ဖန်တီးရန် ကိရိယာများပေးခဲ့ပုံကို ပြန်ပြောင်းသတိရပြောပြထားသည်။

ရီး(ဗ်)  Rives: ကျွန်တော်သာ အင်တာနက်ကို ထိန်းချုပ်နိုင်မယ်ဆိုရင်ပေါ့။

TEDSalon 2006

ရီး(ဗ်) Rives: ကျွန်တော်သာ အင်တာနက်ကို ထိန်းချုပ်နိုင်မယ်ဆိုရင်ပေါ့။
2,257,231 views

ကဗျာဆရာ ဘယ်နှစ်ယောက်ကများ eBay, Friendster နဲ့ Monster.com တို့ကို မတ်တတ်ရပ်ပြီးအားပေးရလောက်အောင်ထိုက်တန်တဲ့ ၃မိနစ်စာ ကဗျာတစ်ပုဒ်ထဲမှာ အတင်းသွတ်တည့်နိုင်လဲဗျာ။ ရီး(ဗ်)ရဲ့ ထူးခြားတဲ့ပါရမီကို ခံစားကြည့်လိုက်ပါဦး။

Dean Ornish: ကမ္ဘာကို အပြောင်ရှင်းနေတဲ့ လူသတ်သမာ အမေရိကန် အစားအသောက်။

TED2006

Dean Ornish: ကမ္ဘာကို အပြောင်ရှင်းနေတဲ့ လူသတ်သမာ အမေရိကန် အစားအသောက်။
2,673,937 views

ခုခံအားကျဆင်းရောဂါ၊ကင်ဆာရောဂါနဲ့ ကြက်ငှက်တုတ်ကွေးတွေအပေါ် ဝမ်းနည်းဖျစ်ညှစ်နေတဲ့ သင့်ရဲ့လက်တွေကိုရပ်လိုက်ပါတော့။ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေက ကျန်တာတွေပေါင်းလိုက်တာထက် လူတွေကိုပိုပြီးသေစေပါတယ်၊ အများအားဖြင့်တော့ ဒါက ကာကွယ်တားဆီးလို့ရပါတယ်။ Dr. Dean Ornish ကနေပြီး ကျွန်တော်တို့ရဲ့ စားသောက်တဲ့အကျင့်တွေကို ပြောင်းလဲခြင်းဟာ ကျွန်တော်တို့ရဲ့ အသက်တွေကို ဘယ်လိုကယ်တင်လိမ့်မလဲဆိုတာကို ရှင်းလင်းပြထားပါတယ်။