TED Talks with Burmese transcript

Greta Thunberg: ရာသီဥတုပြောင်းလဲမှုအပေါ် ယခုချက်ချင်း ဆောင်ရွက်ရမည့် အရေးပေါ်ကိစ္စ။

TEDxStockholm

Greta Thunberg: ရာသီဥတုပြောင်းလဲမှုအပေါ် ယခုချက်ချင်း ဆောင်ရွက်ရမည့် အရေးပေါ်ကိစ္စ။
4,925,488 views

ဒီလက်တွေ့ဆောင်ရွက်ရန် တက်ကြွစွာနိုးဆော်မှုမှာ ၁၆နှစ်အရွယ် ရာသီဥတုအရေးလုပ်ရှားသူ ဂရဲတား ချွန်းဘက်က သြဂုတ် ၂၀၁၈မှာ ဘာကြောင့် သူမ ကျောင်းမတက်ဘဲ ကမ္ဘာကြီးပူနွေးလာမှုအသိကို မြှင့်တင်နိုင်ရန် ဆွီဒင်လွှတ်တော်ရှေ့မှာ သပိတ်မှောက်ဆန္ဒပြပွဲကိုစီစဥ်ခဲ့ပြီး ကမ္ဘာ့ရဲ့ အာရုံစိုက်မှုကို ယူခဲ့သလဲ ရှင်းပြခဲ့ပါတယ်။ ''ရာသီဥတု အရေးပေါ် ပြဿနာက ဖြေရှင်းပြီးသားပါ။ ကျွန်မတို့မှာ အချက်အလက်တွေရော ဖြေရှင်းနည်းတွေရော ရှိပြီးသားပါ၊ ကျွန်မတို့ လုပ်ဖို့လိုတာက နိုးထပြီး ပြောင်းလဲဖို့ပဲ''၊ ''လို့ ဂရဲတား ချွန်းဘက် ကပြောတယ်။ '

César Hidalgo: နိုင်ငံရေးသမားတွေကို အစားထိုးနိုင်မယ့် ရဲဝံ့တဲ့ စိတ်ကူး

TED2018

César Hidalgo: နိုင်ငံရေးသမားတွေကို အစားထိုးနိုင်မယ့် ရဲဝံ့တဲ့ စိတ်ကူး
2,044,328 views

César Hidalgo ကျုပ်တို့ရဲ့ အလုပ်မလုပ်တော့တဲ့ နိုင်ငံရေး စနစ်ကို ကုစားနိုင်ပြီး အခြေခံမှအစ ပြင်ပေးမယ့် အကြံပေးချက် တစ်ခု ရှိပါတယ်- အဲဒါကို အလိုအ​လျောက်ပုံစံမျိုး လုပ်ပစ်ရန်ပါပဲ။ ရဲဝံ့လွန်းတဲ့ သူ့ဟောပြောချက်ထဲတွင်၊ သူက နိုင်ငံရေးသမားတွေကို ရှောင်ကွင်းနိုင်မယ့် စိတ်ကူးကို တင်ပြထားရာ၊ နိုင်ငံသူနိုင်ငံသားတွေကို ကိုယ်ပိုင် AI ကိုယ်စားလှယ်များကို ဖန်တီးပေးလျက် ဒီမိုကရေစီ ဆုံးဖြတ်ချက်တွေကို ၎င်းတို့အား ချမှတ်ခိုင်းရန် ဖြစ်ပါတယ်။ စုပေါင်း ဆုံးဖြတ်ချက် ချမှတ်ရေး နည်းသစ် တစ်ခုကို စူးစမ်းလေ့လာရင်း မိမိတို့ရဲ့ ဒီမိုကရေစီအား သိနားလည်မှုကို တိုးချဲ့လိုက်ကြပါ။

Keith Kirkland: ထိတွေ့မှုဖြင့် ကူညီ လမ်းပြပေးနိုင်သော ဝတ်ဆင်နိုင်တဲ့ နည်းပညာ။

TED Residency

Keith Kirkland: ထိတွေ့မှုဖြင့် ကူညီ လမ်းပြပေးနိုင်သော ဝတ်ဆင်နိုင်တဲ့ နည်းပညာ။
1,685,090 views

Keith Kirkland ဟာ ထိတွေ့မှုအာရုံတစ်ခုတည်းသာ အသုံးပြုရင်း သတင်းအချက်အလက်ကို ဆက်သွယ်ပေးတဲ့ ဝတ်ဆင်နိုင်တဲ့ နည်းပညာကို တီထွင်နေပါတယ်။ သူကြံဆနေမိတာက "ဘယ်လက်ဟန်ခြေဟန်တွေနဲ့ တုန်ခါမှုပုံစံတွေက ရပ်" သို့မဟုတ် "သွား" တို့လိုမျိုး စိတ်ကူးတွေကို အလိုလို ဆက်သွယ်ပေးနိုင်ပါလိမ့်။ သူ့အဖွဲ့ရဲ့ ပထမဦးဆုံးထုတ်ကုန် မျက်မမြင်များနဲ့ အမြင်အာရုံ အားနည်းသူများအတွက် လမ်းပြကိရိယာတစ်ခုကို စစ်ဆေးကြည့်ပြီး ဒါကို မောင်းနှင်ဖို့ သူဖန်တီးနေတဲ့ လုံးဝကို အသစ်ဖြစ်တဲ့ "ထိတွေ့မှုအာရုံ ဘာသာစကား"အကြောင်း ပိုမိုလေ့လာလိုက်ပါဦး။

Kotchakorn Voraakhom: နိမ့်ဆင်းကျွံဝင်နေတဲ့ မြို့ကြီးများကို ရေလွှမ်းမိုးခြင်းကို တွန်းလှန်တဲ့ ရှုခင်းများအဖြစ် ပြောင်းလဲပုံ။

TEDWomen 2018

Kotchakorn Voraakhom: နိမ့်ဆင်းကျွံဝင်နေတဲ့ မြို့ကြီးများကို ရေလွှမ်းမိုးခြင်းကို တွန်းလှန်တဲ့ ရှုခင်းများအဖြစ် ပြောင်းလဲပုံ။
1,750,805 views

လန်ဒန်မှသည် တိုကျိုအထိ ရာသီဥတုပြောင်းလဲခြင်းက မြို့ကြီးများကို နိမ့်ဆင်းကျွံဝင်နေစေပါတယ်။ ကျွန်မတို့ရဲ့ ခေတ်မီ ကွန်ကရစ် အခြေခံအဆောက်အအုံက ကျွန်မတို့ကို ဆိုးရွားတဲ့ ရေလွှမ်းမိုးခြင်းကို ပိုပြီး ခုခံနိုင်စွမ်းနည်းပါးအောင် ဖန်တီးနေပါတယ်လို့ TED ဝိုင်းတော်သား ဥယျာဉ် ပန်းမန် ပိသုကာ Kotchakorn Voraakhom က ဆိုပါတယ်။ ဒါပေမဲ့ ရေလွှမ်းမိုးခြင်းကို တွန်းလှန်တဲ့ မြို့ကြီးတွေကို ကျွန်ုပ်တို့ ပုံဖော်ဖန်တီးနိုင်မယ်ဆိုရင်ရော။ Voraakhom ကနေပြီး မိုးရေ ဂါလံ တစ်သန်း ထိန်းထားနိုင်တဲ့ ဘန်ကန်ကောက်မြို့တော်က ဧရာမ ပန်းဥယျာဉ်တစ်ခုကို သူ တိုးတက်ပြောင်းလဲထားပုံကို ပြသထားပါတယ်။ မြို့ကြီးတွေကို သဘာဝဆီကို ပြန်လည်ဆက်သွယ်တဲ့ ပိုမိုတဲ့ ရာသီဥတုပြောင်းလဲမှု ဖြေရှင်းနည်းတွေကို မေတ္တာရပ်ခံရင်းပါ။

Tony Luciani: စိတ်ယိုယွင်းမှုရောဂါမှတစ်ဆင့် မိခင်နဲ့ သားတို့ရဲ့ ဓာတ်ပုံ ခရီးစဉ်။

TEDxCambridge

Tony Luciani: စိတ်ယိုယွင်းမှုရောဂါမှတစ်ဆင့် မိခင်နဲ့ သားတို့ရဲ့ ဓာတ်ပုံ ခရီးစဉ်။
531,090 views

အနုပညာရှင် Tony Luciani ဟာ သူ့ရဲ့ ကင်မရာအသစ်တစ်လုံးကို စမ်းသပ်နေချိန်မှာ နေအအသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ သူ့မိခင် Elia က သူ့ဓာတ်ပုံတွေရဲ့ နောက်ခံမြင်ကွင်းထဲ ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့တယ်။ နှစ်တွေရှည်ကြာတဲ့ ပူးတွဲဆောင်ရွက်မှုတစ်ခုကို အစမျိုးဖြစ်စေခဲ့တဲ့ ဒီသဘာဝကျတဲ့ပုံရိပ်များ၊ စိတ်ယိုယွင်းမှုရောဂါနဲ ရှင်သန်ခဲ့စဉ်က သူ့မိခင်ရဲ့ဘဝနဲ့ စိတ်ဓာတ်ကို မှတ်တမ်းတင်တဲ့ Luciani နဲ့အတူပေါ့။ ဒီစိတ်ထိခိုက်ဖွယ် ဟောပြောချက်ထဲမှာ သူကနေပြီး အိုမင်းလာတဲ့ မိဘတစ်ဦးကို စောင့်ရှောက်ပေးရခြင်းရဲ့ ပီတိနဲ့ သောကကို အမိအရရိုက်ယူထားတဲ့ သူ့တို့ရဲ့အကြိုက်ဆုံး ရိုက်ချက်တစ်ချို့ရဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို မျှဝေထားပါတယ်။

George Blair-West: ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ရန်နှင့် ကွာရှင်းမှုကို ရှောင်ကြဉ်နိုင်ရန် အချက် ၃ ချက်

TEDxBrisbane

George Blair-West: ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခု တည်ဆောက်ရန်နှင့် ကွာရှင်းမှုကို ရှောင်ကြဉ်နိုင်ရန် အချက် ၃ ချက်
3,158,765 views

ဘဝမှာ အိမ်ထောင်ပြုဖို့ပြီး တစ်စုံတစ်ယောက်နဲ့တစ်အိုးတစ်အိမ် ထူထောင်ဖို့ဆိုတာ အရမ်းအရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါပေမယ့် ကွာရှင်းတဲ့နှုန်းက တချို့နေရာတွေမှာ ၅၀ %လောက် မြင့်တက်လာတဲ့အခါမှာတော့ ကျွန်တော်တို့တွေ လက်တွဲဖော်ရွေးချယ်ဖို့ အကူညီလိုလာပါတော့တယ်။အမြင်လည်းကျယ်စေမယ့် လက်တွေ့လည်းကျတဲ့... George Blair-West ကတော့ အမြင်လည်းကျယ်စေမယ့် လက်တွေ့လည်းကျတဲ့၊ ကွာရှင်းပြတ်စဲတာကို ကာကွယ်ပေးသွားမယ့် အဓိက သော့ချက် (၃) ချက်ကို ပြောပြထားပြီး၊ နှစ်ဖက်တွဲနေစဉ်မှာ အလားလာရှိနိုင်တဲ့ ပြဿနာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Wendy De La Rosa: ငွေချွေတာဖို့ ကူညီပေးမယ့် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက် ၃ ခု

The Way We Work

Wendy De La Rosa: ငွေချွေတာဖို့ ကူညီပေးမယ့် စိတ်ပိုင်းဆိုင်ရာ လှည့်ကွက် ၃ ခု
1,969,849 views

ကျုပ်တို့ အားလုံးဟာ ငွေကို ပိုပိုချွေတာလိုကြပါတယ် -- ဒါပေမဲ့ ခြုံငုံလေ့လာကြည့်ရသလောက် လူတွေဟာ အဲဒီလို လုပ်ကိုင်ရမှာ သိပ်မအောင်မြင်ကြပါ။ လူတွေရဲ့ အပြုအမူကို လေ့လာတဲ့ သိပ္ပံပညာရှင် Wendy De La Rosa ဟာ လူတိုင်းလူတိုင်းက မိမိရဲ့ ဘဏ္ဍာရေး အခြေအနေ ပိုကောင်းမွန်လာစေဖို့ နေ့စဉ်နဲ့အမျှ ဆုံးဖြတ်ချက်တွေ ချမှတ်ကြပုံကို လေ့လာဆန်းစစ်သူပါ။ သူမ ရှာတွေ့ခဲ့တဲ့ အချက်တွေဟာ သင်တို့ကို ပိုပြီး ချွေတာလာစေကာ ငွေဖြုန်းမှု နည်းလာစေအောင် သိပ်မခဲယဉ်းဘဲ ကူညီပေးနိုင်ပါလိမ့်မယ်။

Shohini Ghose: ကွမ်တမ် ကွန်ပျူတာကို ၁၀ မိနစ်အတွင်း ရှင်းပြခင်း

TEDWomen 2018

Shohini Ghose: ကွမ်တမ် ကွန်ပျူတာကို ၁၀ မိနစ်အတွင်း ရှင်းပြခင်း
3,903,897 views

ကွမ်တမ် ကွန်ပျူတာ ဆိုတာ ဒီနေ့ ကျုပ်တို့ သုံးနေကြတဲ့ ကွန်ပျူတာများရဲ့ အားကောင်းလှတဲ့ ဗားရှင်းသစ် ဖြစ်ရုံတင် မကပါဘူး၊ ၎င်းဟာ ဆန်းသစ်ပေါ်ထွန်းလာနေတဲ့ သိပ္ပံပညာသစ်းတွေကို အ​ခြေခံထားတဲ့ လုံးဝအရာသစ် တစ်ခုပါ -- ပြီးတော့ ၄င်းဟာ မရေရာမှုကို နည်းနည်းလေး အခြေခံထားပါသေးတးးယ်။ ကွမ်တမ်ရဲ့ အံ့ဖွယ် ကမ္ဘာကြီးကို TED ဖက်တော်သား Shohini Ghose နဲ့အတူ ဝင်ကြည့်ရင်း အဲဒီ နည်းပညာက ဆေးပညာကို ပုံစံပြောင်းလဲပစ်နိုင်စွမ်း ရှိနေတာကို၊ ဘယ်လိုမှ ရိုက်ချိုးမရနိုင်ဘူးလို့ ထင်ရတဲ့ လျှို့ဝှက်ကုဒ်တွေကို ရိုက်ချိုးဖွင့်နိုင်ပုံနဲ့ အချက်အလက်တွေကို တစ်နေရာမှ တစ်နေရာသို့ တယ်လီပို့တ် လုပ်နိုင်ပုံကို သိရှိလာကြရပါမယ်။

Chiki Sarkar: အိန္ဒိယရဲ့ စမတ်ဖုန်း တော်လှန်ရေးက စာဖတ်သူနဲ့ စာရေးသူ မျိုးဆက် အသစ်ကို ဖန်တီးပေးနေပုံ

TED Salon Brightline Initiative

Chiki Sarkar: အိန္ဒိယရဲ့ စမတ်ဖုန်း တော်လှန်ရေးက စာဖတ်သူနဲ့ စာရေးသူ မျိုးဆက် အသစ်ကို ဖန်တီးပေးနေပုံ
1,570,288 views

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဒုတိယ လူဦးရေ အများဆုံး နိုင်ငံဖြစ်ပေမဲ့ -- သားနားတဲ့ စာအုပ်ဆိုင်ကြီးတွေ ဆိုလို့ ၅၀ မျှသာ ရှိတယ်လို့ စာအုပ်ထုတ်ဝေသူ Chiki Sarkar က ဆိုပါတယ်။ အဲဒါကြောင့် သူမဟာ သူ့ကိုသူ မေးကြည့်တယ်- လူတွေ ပိုပြီး စာအုပ်တွေကို ဖတ်လာအောင် တို့ဘယ်လိုများ လုပ်ရမလဲ? Sarkar က အိန္ဒိယရဲ့ စမတ် တော်လှန်ရေးကို အသုံးချလျက် စာဖတ်သူနဲ့ စာရေးသူ မျိုးဆက် သစ်ကို ဖန်တီးပေးရန် အားထုတ်နေပုံ အကြောင်းကို ဒီဆန်းသစ်တဲ့ ဟောပြောချက်ထဲမှာ နားဆင်ကြည့်ကြပါ။

Li Wei Tan: ဆပ်ပြာမှအစ ရှမ်ပိန်ဝိုင်အဆုံး အံ့ဖွယ် ပူဖောင်းများဆိုင်ရာ သိပ္ပံပညာ

TED@Merck KGaA, Darmstadt, Germany

Li Wei Tan: ဆပ်ပြာမှအစ ရှမ်ပိန်ဝိုင်အဆုံး အံ့ဖွယ် ပူဖောင်းများဆိုင်ရာ သိပ္ပံပညာ
518,279 views

ဒီ စိတ်ဝင်စားဖွယ် ဟောပြောခန်းထဲမှာ သိပ္ပံပညာရှင် Li Wei Tan ကနေပြီး ပူဖောင်းများရဲ့ လျှို့ဝျက်ချက်တွေကို မျှဝေထားပါတယ် -- စနစ်ကျတဲ့ ဂျီသြမေတြီ ပုံစံကို ရယူဖို့ ကြိုးပမ်းမှုမှအစ ဆေးကုသမှုနဲ့ သင်္ဘောဖြင့် ပို့ဆောင်မှုထဲတွင် ပင်ဂွင်းငှက်တွေရဲ့ ရေကူးမှုမှ လေ့လာအတုယူခဲ့တဲ့ လေပူဖောင်းများကို အသုံးပြုလျက် ဒီဇိုင်နာတွေက လက်တွေ့ သုံးနိုင်ပုံ အဆုံး ပါဝင်ပါတယ်။ အဲဒီလို သင်္ချာဆိုင်ရာ အံ့ဖွယ်ရာများကို လေ့လာသင်ယူရင်း နေ့စဉ်ဘဝထဲမှာ လျှို့ဝှက်ထားတဲ့ အချက်တွေကို နှိုက်ယူ လေ့လာကြပါ။

Anirudh Sharma: လေထုညစ်ညမ်းမှုထဲမှ ထုတ်လုပ်တဲ့ မင်

TED@BCG Toronto

Anirudh Sharma: လေထုညစ်ညမ်းမှုထဲမှ ထုတ်လုပ်တဲ့ မင်
474,007 views

လေထဲက ညစ်ညမ်းမှုတွေကို ကျုပ်တို့ဟာ ဖမ်းယူလျက် အသုံးဝင်တဲ့ အရာတစ်ခုခု အဖြစ် ပြောင်းလဲပစ်နိုင်မယ် ဆိုရင်ကော။ တီထွင်သူ Anirudh Sharma က AIR-INK ဆိုတာကို သူတီထွင်ခဲ့ပုံအကြောင်း၊ PM 2.5 ညစ်ညမ်းမှုထဲကနေပြီး ပြုလုပ်ယူတဲ့ နက်မှောင်နေတဲ့ မင်ပါ။ အဲဒီ သေးနှုပ်တဲ့ အမှုန်တွေကို ဖမ်းယူဖို့ နည်းလမ်းကို သူက တီထွင်ခဲ့ခြင်းဖြင့် ကျုပ်တို့ ကမ္ဘာကြီးကို နည်းနည်းလေး ပိုသန့်ရှင်းအောင် လုပ်ပေးနေပုံ အကြောင်း လေ့လာကြည့်ကြပါ။

Lýdia Machová: ဘာသာစကားအသစ်တစ်ခု သင်ယူခြင်းရဲ့လျှို့ဝှက်ချက်များ။

TED Salon Brightline Initiative

Lýdia Machová: ဘာသာစကားအသစ်တစ်ခု သင်ယူခြင်းရဲ့လျှို့ဝှက်ချက်များ။
7,231,347 views

ဘာသာစကားအသစ်တစ်ခုကို သင်ယူချင်ပေမဲ့ ကြောက်ရွံ့နေပြီး ဘယ်ကနေစတင်ဖို့ မသေမချာဖြစ်နေပါသလား။ သင်ဟာ ပင်ကိုယ်ပါရမီထူး သို့မဟုတ် "ဘာသာစကား ဗီဇ"တစ်ခု တို့ဘာတို့ မလိုအပ်ပါဘူးလို့ Lýdia Machová က ဆိုပါတယ်။ ဒီမြူးကြွပြီး စေ့ဆော်မှုပေးတဲ့ ဟောပြောချက်တစ်ခုမှာ သူကနေပြီး ဘာသာစကားမျိုးစုံပြောတတ်သူ polyglots တွေရဲ့ လျှို့ဝှက်ချက်တွေကို လှစ်ဟပြထားပြီး သင့်ကိုယ်တိုင်ရဲ့ ပုန်းကွယ်နေတဲ့ ဘာသာစကား စွမ်းရည်ကို ဖော်ထုတ်ဖို့နဲ့ ဒါကို ဖော်ထုတ်ရင်း ပျော်ရွှင်စေဖို့ အခြေခံသဘောတရား လေးခုကို မျှဝေထားပါတယ်။

Stacey Abrams: ကိုယ်လုပ်သမျှအတွက် ကိုယ့်ကိုယ်ကို မေးရမယ့် မေးခွန်း ၃ ခု

TEDWomen 2018

Stacey Abrams: ကိုယ်လုပ်သမျှအတွက် ကိုယ့်ကိုယ်ကို မေးရမယ့် မေးခွန်း ၃ ခု
3,767,559 views

တစ်ခုခု အခြေအနေ ဆိုးဝါးသွားတာကို ကိုယ်တုံ့ပြန်ပုံဟာ ကိုယ့်အကျင့်သိက္ခာကို ဖေါ်ပြနေတာပါ။ Stacey Abrams ဟာ အမေရိက ပြည်ထောင်စုရဲ့ သမိုင်းထဲမှာ အဓိကရ ပါတီ တစ်ခုမှနေပြီး ပြည်နယ်မင်းကြီး နေရာအတွက် အဆိုပြုခံခဲ့ရတဲ့ ပထမဦးဆုံး လူမည်း ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။ သူမဟာ အကြိတ်အနယ် ပြိုင်ခဲ့ရတဲ့ အဲဒီပြိုင်ပွဲမှာ အနိုင်မရရှုံးသွားခဲ့ပေမဲ့၊ ရှေ့ဆက်သွားဖို့ကိုသာ ကိုယ့်အနေနဲ့ ရွေးစရာပဲ ရှိကြောင်း ပြောကြားခဲ့ပါတယ်။ သူမဟာ ဂျော်ဂျီယား ပြည်နယ်အတွက် သူမရဲ့ ပြိုင်ပွဲမှ သင်ယူခဲ့တဲ့ သင်ခန်းစာတွေကို ပြောပြရင်း၊ ကမ္ဘာကြီးအား ပြောင်းလဲပစ်ရေး အကြံပေးချက်ကို လည်းလောင်း၊ သူမရဲ့ လာမယ့် ခြေလှမ်းများ အကြောင်း အရိပ်အမြွက်အချို့ကို "ကိုယ်ရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်လာရင်တော့ အတက်ကြွဆုံး ဖြစ်လို့ လိုအပ်တယ်လို့" Abrams က အကြံပေးပါတယ်။

Amy Baker: အလုပ်ခွင် ချစ်ဇာတ်လမ်းအကြောင်း မေးနေကျ မေးခွန်း (၇)ခု။

The Way We Work

Amy Baker: အလုပ်ခွင် ချစ်ဇာတ်လမ်းအကြောင်း မေးနေကျ မေးခွန်း (၇)ခု။
1,611,453 views

သင့်လုပ်ဖော်ကိုင်ဖက်နဲ့ ချိန်းတွေ့သင့်သလား။ အလုပ်ခွင်က စုံတွဲတွေဟာ သူတို့ရဲ့ဆက်ဆံရေးကို လျှို့ဝှက်ထားသင့်သလား။ ပြီးတော့ ဘာကြောင့် လုပ်ဖော်ကိုင်ဖက်တွေဟာ မကြာခဏ တစ်ဦးကိုတစ်ဦး စိတ်ဝင်စားကြတာလဲ။ အဖွဲ့အစည်းပိုင်ဆိုင်ရာ စိတ်ပညာရှင် Amy Nicole Baker ကနေပြီး ရုံးမှာရှိတဲ့ ချစ်ဇာတ်လမ်းအကြောင်း မေးနေကျ မေးခွန်းတွေအတွက် တကယ့် အဖြေတွေကို မျှဝေထားပါတယ်။

Amy Herman: ကြည့်ရှုပုံ သင်ခန်းစာ

TED@BCG Toronto

Amy Herman: ကြည့်ရှုပုံ သင်ခန်းစာ
714,745 views

သင်ဟာ နီးကပ်စွာ ကြည့်ရှုနေတာလား။ အမြင်အာရုံဆိုင်ရာ သင်ကြားပေးသူ Amy Herman က အနုပညာ လက်ရာကို အသုံးပြုပြီး မိမိရဲ့ ထိုးဖောက်မြင်စွမ်းကို မြှင့်တင်ပေးလျက် အဆက်အသွယ်များ မရှိဘူးတို့ ထင်ရတဲ့ နေရာမျှာတောင် ရှာတွေ့ရန် ဖြစ်ပါတယ်။ Herman က Navy SEAL တပ်သားတွေ၊ ဆရာဝန်များနဲ့ ပြစ်မှု ရှခင်း စစ်ဆေးသူသများအား လေ့လာတွေ့နိုင်တဲ့ အငေသးစိတ် အချက်များကို လက်တွေ့ လုပ်ဆောင်ဖွယ်ရာ ဗဟုသုတများ အဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ နည်းပညာများကို သင်ကြားပေးပုံကို ဒီဟောကြားချက်ထဲမှာ မျှဝေပေးထားပါတယ်။

Erez Yoeli: သူများအတွက် ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန် လူတွေကို စေ့ဆော်ပေးနိုင်ပုံ

TEDxCambridge

Erez Yoeli: သူများအတွက် ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန် လူတွေကို စေ့ဆော်ပေးနိုင်ပုံ
2,228,025 views

လူတွေကို ကောင်းတာတွေ ပိုပြီး လုပ်လာကြစေရန်၊ မဲပေးရုံကို သွားကြရန်၊ စွန့်ကြဲလှူဒါန်းလာကြရန်၊ အရင်းအမြစ်များကို ချွေတာထိန်းသိမ်းလာကြရန် ဒါမှမဟုတ် အခြားသူများအား ယေဘုယျအားဖြင့် ပိုပြီး သဘောထားကြီးစွာ ဆက်ဆံလာစေရန် ကျုပ်တို့ ဘာတွေ လုပ်နိုင်ကြသလဲ။ MIT သုတေသီ သိပ္ပံပညာရှင် Erez Yoeli က ဂုဏ်သိက္ခာရဲ့ စွမ်းပကားကို ဒါမှမဟုတ် ကိုယ်ကျိုးကို ရှေ့ရှုသူ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို အခြားသူတွေ အနေနဲ့ သဘောထား ကြီးမားသူနဲ့ သနားကြင်နာသူ အဖြစ် မြင်တွေ့စေလိုတဲ့ စိတ်ဓာတ်ကို၊ အသုံးချရင်း ထိုသို့ ဆောင်ရွက်ရေး ရိုးရှင်းတဲ့ စစ်ကြည့်ရန် စာရင်းကို မျှဝေပေးထားပါတယ်။ အဲဒီလိုနည်းဖြင့် လူတွေကို သူများ အကျိုးစီးပွားအတွက် လုပ်ဆောင်အောင် စေ့ဆော်ပေးနိုင်ပါတယ်။ လူတွေကို ကောင်းမွန်တဲ့ အရာများ ပြုလုပ်လာအောင် ခင်ဗျားတို့ရဲ့ ချဉ်းကပ်မှုထဲတွင် အပြောင်းအလဲ အသေးလေး တချို့ကို လုပ်ပေးလိုက်ရုံနဲ့ အံ့ဖွယ် ရလဒ်တွေကို ရယူနိုင်တာကို လေ့လာကြည့်ကြပါ။

Finn Lützow-Holm Myrstad: နည်းပညာကုမ္ပဏီတွေက သင့်ရဲ့ အချက်အလက်နဲ့သီးသန့်နေပိုင်ခွင့်ကို လက်လွှတ်လိုက်ရဖို့ ဘယ်လိုလိမ်ညာဆွဲဆောင်လဲ။

TED Salon Samsung

Finn Lützow-Holm Myrstad: နည်းပညာကုမ္ပဏီတွေက သင့်ရဲ့ အချက်အလက်နဲ့သီးသန့်နေပိုင်ခွင့်ကို လက်လွှတ်လိုက်ရဖို့ ဘယ်လိုလိမ်ညာဆွဲဆောင်လဲ။
1,878,535 views

သင်သုံးတဲ့ အပ်ပလီကေးရှင်း(App)တစ်ခုအတွက် စည်းမျဥ်းသတ်မှတ်ချက်တွေကို တကယ်ဖတ်ကြည့်ခဲ့ဖူးလား။ Finn Myrstad နဲ့ နော်ဝေးစားသုံးသူကောင်စီမှာရှိတဲ့ သူ့အဖွဲ့ကတော့ ဖတ်ကြည့်ပြီးပါပြီ၊သူတို့အတွက်ကတော့ ပုံမှန်ဖုန်းတစ်လုံးမှာရှိတဲ့ အပ်ပလီကေးရှင်းတွေရဲ့ စည်းမျဥ်းတွေကို ဖတ်တာ တရက်ခွဲနီးပါးလောက် အချိန်ယူရပါတယ်။ နည်းပညာကုမ္ပဏီတွေက သုံးစွဲသူတွေကို လိမ်ညာတဲ့ ထိတ်လန့်စရာ နည်းတွေအကြောင်းပြောထားတဲ့ ဟောပြောပွဲမှာ Myrstad က ကုမ္ပဏီတွေကို ယူငင်သုံးစွဲခွင့်ပေးထားတဲ့ ကိုယ်ပိုင်အချက်အလက်တွေရဲ့ အတွင်းသဘောသဘာဝနဲ့ သူတို့တတွေ ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို တစ်ခါမှ မတွေးနိုင်ခဲ့ဖူးတဲ့ အတိုင်းအတာနဲ့ သုံးနေကြလဲဆိုတာ မျှဝေထားပါတယ်။

Dolly Chugh:: ကောင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းကို စွန့်လွှတ်ပြီး ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာပုံ။

TED@BCG Toronto

Dolly Chugh:: ကောင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းကို စွန့်လွှတ်ပြီး ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာပုံ။
3,946,584 views

ကောင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းဆိုတဲ့ သင့်အစွဲအလမ်းက တကယ့်ကို ပိုကောင်းတဲ့ လူစ်ယောက်ဖြစ်လာဖို့ တားဆီးနေတယ်ဆိုရင်ရော။ ဒီနားလည်လွယ်တဲ့ ဟောပြောချက်ထဲမှာ လူမှုရေး စိတ်ပညာရှင် Dolly Chugh ကနေပြီး ကိုယ်ကျင့်ဆိုင်ရာ အပြုအမူရဲ့ တွေးရခက်တဲ့ စိတ်ပညာ ကိုရှင်းပြထားပါတယ်။ ဥပမာ သင့်ရဲ့ဘက်လိုက်မှုတွေကို ရိပ်စားမိဖို့နဲ့ အမှားတွေကို အသိအမှတ်ပြုဖို့ဟာ ဘာကြောင့် ခက်ရတာလဲ၊ နောက်ပြီးတော့ သင့်အမှားတွေကို ဝန်ခံခြင်းနဲ့ ပိုကောင်းမွန်တဲ့ အစပြုမှုတွေဖြစ်လာစေတဲ့ လမ်းကြောင်းကို ပြသထားပါတယ်။ "ကျွန်မတို့ဘဝတွေရဲ့ အခြားအပိုင်းတွေတိုင်းမှာ ကြီးထွားဖွံ့ဖြိုးစေဖို့ ကိုယ့်ဘာသာ နေရာပေးကြတယ်၊ ဒီတစ်ခုကလွဲရင်ပေါ့လေ၊ ဒါက အရေးပါဆုံးနေရာပါ"လို့ Chugh က ဆိုပါတယ်။

Fadi Chehadé and Bryn Freedman: အင်တာနက်ပေါ်က စွမ်းအားကို တောင်းဆိုဖို့ သာမန် ပြည်သူပြည်သားများတွေ ဘာလုပ်နိုင်လဲ။

TED Salon Verizon

Fadi Chehadé and Bryn Freedman: အင်တာနက်ပေါ်က စွမ်းအားကို တောင်းဆိုဖို့ သာမန် ပြည်သူပြည်သားများတွေ ဘာလုပ်နိုင်လဲ။
1,526,164 views

နည်းပညာ ဗိသုကာ Fadi Chehadé ဟာ အင်တာနက် အလုပ်ဖြစ်လာစေခဲ့တဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရာမှာ ကူညီပေးခဲ့ပါတယ်၊ domain name စနစ်နဲ့ IP address စံတွေလို မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ ယနေ့တော့ သူဟာ လူ့အဖွဲ့အစည်းအတွက် နည်းပညာကနေ အကျိုးကျေးဇူးခံစားဖို့ နည်းလမ်းရှာဖွေခြင်းကို အာရုံစိုက်ထားပါတယ်။ ဒီ TED Institute ရဲ့ ပြခန်းတာဝန်ခံ Bryn Freedman နဲ့ ကြွပ်ဆတ်ဆတ် စကားပြာခန်းတစ်ခုထဲမှာ Chehadé ကနေပြီး ဉာဏ်ရည်တုနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြား ဖြစ်ပေါ်နေဆဲ စစ်ပွဲအကြောင်း ဆွေးနွေးထားပါတယ်။ နည်းပညာ ကုမ္ပဏီတွေဟာ ဘဝတွေနဲ့ စီးပွားရေးတွေကို ပုံဖော်ဖို့ ၎င်းတို့မှာရှိတဲ့ စွမ်းအားရဲ့ အကြီးအမှူးတွေဖြစ်လာနိုင်ပုံနဲ့ သာမန်ပြည်သူပြည်သားကနေ အင်တာနက်ပေါ်က စွမ်းအားကို တောင်းဆိုဖို့ လုပ်နိုင်တာကိုပါ။

Matt Russo: စကြဝဠာကို နားထောင်ကြည့်ရင် ဘယ်လိုများ ရှိပါလိမ့်။ ဂီတ ခရီးစဉ်

TEDxUofT

Matt Russo: စကြဝဠာကို နားထောင်ကြည့်ရင် ဘယ်လိုများ ရှိပါလိမ့်။ ဂီတ ခရီးစဉ်
1,688,064 views

ပြင်ပ အာကာသဆိုတဲ့ဟာက လက်တွေတွင် တိတ်ဆိတ်လှပြီး သက်ရှိဘဝ ကင်းမဲ့နေတဲ့ နေရာပဲလို့ အများက ခံယူထားကြပါတယ်။ တကယ်တော့ အဲဒီလို ဟုတ်ချင်မှ ဟုတ်မှာပါ။ နက္ခတပညာရှင်နဲ့ ဂီတသမား Matt Russo ဟာ ကျုပ်တို့ကို အာကာသကို ဖြတ်ကျော်လျက် ခရီးစဉ်တစ်ခုထဲ ခေါ်ဆောင်သွားကာ ဂြိုဟ်များရဲ့ ပတ်လမ်းကြောင်းတွေ သဟဇာတရှိပုံနဲ့ လျှို့ဝှက်ချက်တွေကို ဖေါ်ထုတ်တင်ဆက်ထားပါတယ်။ စကြာဝဠာဟာ ဂီတဖြင့် ပြည့်နှက်နေတယ်လို့ သူက ဆိုပါတယ်၊ အဲဒါအတွက် ၎င်းကို နားထောင်တတ်ရန်သာ လိုပါတယ်။

Aparna Mehta: အွန်လိုင်း ကိုယ် ပြန်ပို့တာတွေ ဘယ်ရောက်သွားလဲ။

TED@UPS

Aparna Mehta: အွန်လိုင်း ကိုယ် ပြန်ပို့တာတွေ ဘယ်ရောက်သွားလဲ။
1,760,074 views

သင်ဟာ အွန်လိုင်းမှာ အရွယ်စုံ၊ အရောင်စုံ အဝတ်အစားတွေမှာပြီး စမ်းဝတ်ကြည့်ကာ အလုပ်မဖြစ်တဲ့ဟာတွေကို ပြန်ဖို့ဖူးလား။ Aparna Mehta ကတော့ တစ်နေ့မှာတော့ "ဒီပြန်ပို့လိုက်တဲ့အဝတ်အစားတွေ ဘယ်ကိုရောက်သွားလဲ"လို့ သူမကိုယ်သူမ မမေးမိခင်အထိတော့ ဒါကို တစ်ချိန်လုံး လုပ်ခဲ့ဖူးတယ်တဲ့။ ဒီမျက်စိဖွင့်ပေးတဲ့ ဟောပြောချက်တစ်ခုမှာ စင်ပေါ်ကိုပြန်ရောက်တာအစား တစ်နှစ်ကို ဘီလီယံပေါင်ချီတဲ့ မြေဖို့တာတွေဆီရောက်ကာ အဆုံးသတ်သွားတဲ့ "အခမဲ့" အွန်လိုင်း ပြန်ပို့မှုရဲ့ မမြင်ရတဲ့ ကမ္ဘာကို သူမက လှစ်ဟပြထားပြီး ဒီပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကြီးကို အဆုံးသတ်ရန်ကူညီဖို့ အစီအစဉ်တစ်ခုကို မျှဝေထားပါတယ်။

Daniel Kraft: ဆေးဝါးရဲ့အနာဂတ်လား။ 3D နဲ့ အိမ်မှာ 3D ရိုက်ထုတ်ထားတဲ့ တစ်ကိုယ်ရေသုံး ဆေးလုံးများ။

TED Salon Optum

Daniel Kraft: ဆေးဝါးရဲ့အနာဂတ်လား။ 3D နဲ့ အိမ်မှာ 3D ရိုက်ထုတ်ထားတဲ့ တစ်ကိုယ်ရေသုံး ဆေးလုံးများ။
1,746,534 views

ကျွန်တော်တို့ဟာ ဆေးညွှန်းပေးပုံကို ပြောင်းလဲဖို့လိုပါတယ်၊ အတော်များများကြီးကို ဆေးဝါးတွေကို မှားယွင်းစွာ တိုက်နေတာဟာ အဆိပ်ဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတာ (သို့) အလုပ်ကို မဖြစ်စေပါလို့ ဆိုသူကတော့ သမားတော် Daniel Kraft ပါ။ ဒီဟောပြောချက်နဲ့ အမြင်သဘော သရုပ်ပြကွက်မှာ Kraft ကနေပြီး တစ်ဦးချင်းစီအတွက် ပြုလုပ်ထားတဲ့ ဆေးဝါးရဲ့ အနာဂတ်ဆိုင်ရာ သူ့ရဲ့အမြင်ကို မျှဝေထားပါတယ်၊ ကျွန်တော်တို့ရဲ့ တစ်ဦးချင်း လိုအပ်ချက်တွေကိုလိုက်ပြီး ပြုပြင်ပြောင်းလဲပေးတဲ့ ဆေးလုံးတွေကို ပုံစံထုတ်နိုင်တဲ့ 3D ပုံနှိပ်စက် ရှေ့ပြေးတစ်ခုကို လှစ်ဟပြခြင်းပါ။

Niels van Namen: အနာဂါတ် ဆေးရုံဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အိမ်တွေ ဖြစ်လာမှာ ဘာကြောင့်လဲ

TED@UPS

Niels van Namen: အနာဂါတ် ဆေးရုံဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အိမ်တွေ ဖြစ်လာမှာ ဘာကြောင့်လဲ
1,714,555 views

ဘယ်သူမှာမှ ဆေးရုံသွားရမှာကို မကြိုက်ပါဘူး။ အဲဒီကို အရောက် သွားရတာ ခက်ခဲလို့၊ အဲဒီက ကုသမှုတွေက မိုးခေါင်အောင် ဈေးကြီးလွန်းလို့ ဒါမှမဟုတ် ပဋိဇီဝဆေးကို ယဉ်ပါးသွားမယ့် ဘက်တီးရီးယားတွေလို ပိုလို့ကို ရောဂါရှုပ်ထွေးလာမှာကို ကြောက်လို့ပါ။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အိမ်တွေမှာကို ဆေးရုံမှာ ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရရှိနိုင်မယ် ဆိုရင်ကော။ နည်းပညာတွေ အဆင့်မြင့် တိုးတက်လာနေလို့ အိမ်မှာ စောင့်ရှောက်ရမှုက ပိုလို့ကို အကုန်အကျ သက်သာပြီး ဆေးရုံမှာ ကုသမှုခံယူတာထက်ကို လုံခြုံရုံသာမက ပိုပြီး လွယ်ကူလာမှာကို ကျန်းမာရေး စောင့်ရှောက်မှု အနာဂတ်ကို လေ့လာသူ Niels Van Namen က ပြောပြထားပါတယ်

Paul Rucker: အမေက ကျွန်တော့ရဲ့တယောကြီးသင်ယူမှုကို စေ့ဆော်ပေးခဲ့ပုံ။

TED2018

Paul Rucker: အမေက ကျွန်တော့ရဲ့တယောကြီးသင်ယူမှုကို စေ့ဆော်ပေးခဲ့ပုံ။
387,890 views

စွယ်စုံရ အနုပညာရှင်နဲ့ TED ဝိုင်းတော်သားဖြစ်သူ Paul Rucker ဟာ တယောကြီးရဲ့ သူ့ကိုယ်ပိုင်ဟန်ကို ဖန်တီးခဲ့ပါတယ်။ တူတွေကို ကြိုးတွေကြားမှာထည့်တယ်၊ တူရိယာကို ဒရမ်တစ်လုံးအဖြစ်အသုံးပြုပြီး လျှပ်စီးပတ်လမ်း ခြေနင်းခုံလို အီလက်ထရွန်းနစ်ပစ္စည်းတွေကို စမ်းသပ်တယ်။ အတွေးမှာနစ်မျောနေတဲ့ ပုံပြောခြင်းနဲ့ ဖျော်ဖြေတင်ဆက်မှုကြားမှာ ရွေ့ရှားခြင်းပါ။ Rucker ကနေ သူ့ရဲ့စေ့ဆော်မှုကို မျှဝေထားပြီး တစ်မျိုးတည်းသော ရှေးဟောင်း Bach ကို မတီးတာတော့ ကျိန်းသေပါ။

Faith Osier: ပိုကောင်းတဲ့ ငှက်ဖျား ကာကွယ်ဆေးအတွက်  သော့ချက်

TED2018

Faith Osier: ပိုကောင်းတဲ့ ငှက်ဖျား ကာကွယ်ဆေးအတွက် သော့ချက်
1,593,424 views

ငှက်ဖျားအတွက် ကာကွယ်ဆေးကို တီထွင်ခဲ့ကြတာ ရာစုနှစ် ကျော်သွားပါပြီ -- ဒါတောင် နှစ်စဉ်ဆိုသလို၊ ပြည်သူ ထောင်သောင်းချီတို့ဟာ အဲဒီရောဂါနဲ့ သေဆုံးနေကြရပါတယ်။ ကျွန်ုပ်တို့ဟာ သေရေးရှင်ရေး အဲဒီကာကွယ်ဆေးကို ပိုကောင်းအောင် ဘယ်လို လုပ်ကိုင်ကြမလဲ၊ သိကောင်းစရာ ကောင်းတဲ့ ဒီဟောပြောခန်းထဲတွင် ကိုယ်ခံစွမ်းအား ပါရဂူ နဲ့ TED ဝိုင်းတော်သား တစ်ဦးဖြစ်တဲ့ Faith Osier က နောက်ဆုံးပေါ် နည်းပညာတွေကို သုံးပြီး ရာစုနှစ်ချီ ကြာလာပြီဖြစ်တဲ့ အသိပညာတွေနဲ့ ထည့်ပေါင်းလျက် ငှက်ဖျားကို တစ်ကြိမ်တည်းနဲ့ အပြီးအပိုင်း အမြစ်ဖြုတ်ပစ်နိုင်မယ့် ကာကွယ်ဆေး အသစ်ကို တီထွင်ရန် မျှော်လင့်ထားပုံကို ပြောပြထားပါတယ်။

Liv Boeree: ပိုကာ ချန်ပီယံတစ်ဦးထံမှ ဆုံးဖြတ်ချက်ချခြင်းအကြောင်း သင်ခန်းစာ ၃ ခု။

TED2018

Liv Boeree: ပိုကာ ချန်ပီယံတစ်ဦးထံမှ ဆုံးဖြတ်ချက်ချခြင်းအကြောင်း သင်ခန်းစာ ၃ ခု။
2,960,494 views

ကံကောင်ခြင်း (သို့မဟုတ်) ကောင်းခြင်း အနက် ဘယ်ဟာ ပိုကောင်းပါသလဲ။ အရေးပါတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ စိတ်ထဲက ခံစားချက်တွေကို ယုံကြည့်လား ဒါမှမဟုတ် ဖြစ်နိုင်ခြေတွေနဲ့ စေ့စပ်တဲ့ ဆန်းစစ်မှုတွေကို အားကိုသင့်ပါသလား။ ဒီတိုတောင်းတဲ့ ဟောပြောချက်ထဲမှာ ဝါရင့် ပိုကာ ကစားသမား Liv Boeree ကနေပြီး ကစားပွဲကနေ သူမသိရှိရခဲ့တဲ့ နည်းဗျူဟာ သုံးခုနဲ့ ဒါတွေကို လက်တွေဘဝမှာ အသုံးချနိုင်ပုံကို မျှဝေထားပါတယ်။

DeAndrea Salvador: ဝင်ငွေနည်း မိသားစုများ စွမ်းအင်ကို တတ်နိုင်အောင် ကျွန်ုပ်တို့ လုပ်ကိုင်နိုင်ကြပုံ

TED2018

DeAndrea Salvador: ဝင်ငွေနည်း မိသားစုများ စွမ်းအင်ကို တတ်နိုင်အောင် ကျွန်ုပ်တို့ လုပ်ကိုင်နိုင်ကြပုံ
1,539,290 views

လစဉ်လိုလို၊ သန်းချီရှိကြတဲ့ အမေရိကန်တွေဟာ သူတို့အိမ်မှာ သုံးစွဲဖို့ စွမ်းအင် အတွက် ငွေပေးချေရမလား ဒါမှမဟုတ် အစားအစာနဲ့ ဆေးဝါးတို့လို အခြေခံ လိုအပ်ချက်တွေ အတွက် ငွေကို သုံးရမလား ဆိုပြီး ရွေးရန် ခက်လှတဲ့ ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ TED ဝိုင်းတော်သား တစ်ဦးဖြစ်သူ DeAndrea Salvador ဟာ စွမ်းအင်အတွက် ကုန်ကျစရိတ်ကို လျှော့ချဖို့ အားထုတ်နေပြီး ခုနက ဆုံးဖြတ်ချက်မျိုး ဘယ်သူမှာမှ မချမှတ်ရအောင် လုပ်ပစ်ချင်ပါတယ်။ လျင်မြန်သွက်လက်တဲ့ ဒီဟောပြောခန်းထဲမှာ သူမဟာ ဝင်ငွေနည်း မိသားစုများကို သူတို့ ပေးကြရတဲ့ ငွေတောင်းခံလွှာကို လျှော့ချပေးရန် ကူညီပေးရင်း ပိုသန့်ရှင်းတဲ့၊ ပိုစိတ်ချရကာ အနာဂတ်မှာ ပိုတတ်နိုင်ကြမဲ့ စွမ်းအင်ကို အားလုံးအတွက် ရအောင် စီမံပေးလိုတာကို မျှဝေထားပါတယ်။

Tommy McCall: ကောင်းတဲ့ ဂရပ်ပုံရဲ့  စွမ်းဆောင်မှု ထက်မြက်လှပုံ

TED2018

Tommy McCall: ကောင်းတဲ့ ဂရပ်ပုံရဲ့ စွမ်းဆောင်မှု ထက်မြက်လှပုံ
827,342 views

သမိုင်းအ​ကြောင်း တစ်ပိုင်း၊ ဂရပ်ပုံတွေကို ချီးကျူးဂုဏ်ပြုတဲ့ တစ်ပိုင်း ဖြစ်တဲ့ ဟောကြားခန်းထဲတွင် အချက်အလက်များဆိုင်ရာ ဒီဇိုင်နာ ဖြစ်သူ Tommy McCall ဟာ ဇယားများနဲ့ ဂရပ်ပုံများ ရာစုနှစ်နဲ့ချီ တိုးတက်ပြောင်းလဲလာခဲ့ပုံကို လေ့လာထားပြီး လှပတဲ့ ပုံစံများဖြင့် ဘယ်လိုရှုပ်ထွေးလှတဲ့ ဒေတာကို ပုံဖေါ်ပေးနိုင်ကြောင်းကို တင်ပြထားပါတယ်။ "ကျွန်ုပ်တို့ကို ပိုပြီး မြန်ဆန်စွာ စဉ်းစားနိုင်အောင်၊ စာတစ်အုပ်စာ အချက်အလက်တွေကို တစ်မျက်နှာတည်းနဲ့ ကြည့်ရှုနိုင်စေမဲ့ ဂရပ်တွေဟာ တွေ့ရှိမှု အသစ်တွေကို ​သော့ဖွင့်ပေးကြမယ့် သော့နဲ့တူပါတယ်"လို့ McCall က ဆိုထားပါတယ်။

Isadora Kosofsky: သက်ကြီး သုံးပွင့်ဆိုင်အချစ်တစ်ခုရဲ့ ရင်းနှီးတဲ့ ဓာတ်ပုံများ။

TED2018

Isadora Kosofsky: သက်ကြီး သုံးပွင့်ဆိုင်အချစ်တစ်ခုရဲ့ ရင်းနှီးတဲ့ ဓာတ်ပုံများ။
500,297 views

ဓာတ်ပုံသမားနဲ့ TED ဝိုင်းတော်သားဖြစ်သူ Isadora Kosofsky ဟာ အချစ်၊ ဆုံးရှုံးမှုနဲ့ အထီးကျန်မှုနဲ့ပတ်သက်ပြီး သမိုင်းမှတ်တမ်းပြုစုသူတစ်ဦးပါ။ ဒီစူးစမ်းတဲ့ ဟောပြောချက်မှာ သူမကနေ ပြီး သူမရဲ့ သက်ကြီးဝါကြီးတစ်ဦးရဲ့ သုံးပွင့်ဆိုင်အချစ် ဘဝတွေကို လေးနှစ်တာ မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကို မျှဝေထားပြီး ၎င်းတို့ကနေပြီး ကိုယ်ပိုင်လက္ခဏာရှိမှုနဲ့ ရင်းနှီးတဲ့ ပတ်သက်မှုအတွက် ကမ္ဘာတစ်လွှား ရှာဖွေမှုအကြောင်းကို သင်ကြားပေးနိုင်ပုံကို ဖွင့်ဟထားပါတယ်။

Kaitlyn Sadtler: ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ပိုမြန်ဆန်စွာ ကုသပေးရန် သင်ကြားပေးနိုင်ပုံ

TED2018

Kaitlyn Sadtler: ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ပိုမြန်ဆန်စွာ ကုသပေးရန် သင်ကြားပေးနိုင်ပုံ
2,315,538 views

ကျုပ်တို့ဟာ X-Men ထဲက Wolverine လိုပဲ ကျုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ပိုမြန်ဆန်စွာ ကုသပေးနိုင်မယ် ဆိုရင်ကော။ TED ဝိုင်းတော်သူ Kaitlyn Sadtler က အဲဒီလို အိပ်မက်ကို လက်တွေ့ ဖြစ်လာအောင် ဇီဝပစ္စည်းအသစ်တွေကို ဖန်တီးရင်း ကျုပ်တို့ရဲ့ ကိုယ်ခံအား စနစ်အား ဒဏ်ရာတွေကို တုံ့ပြန်ပုံကို ပြောင်းလဲပစ်ရန် ကြိုးပမ်းနေပုံ အကြောင်းကို တင်ပြထားပါတယ်။ တိုတောင်း မြန်ဆန်တဲ့ အခု ဟောပြောချက်ထဲမှာ သူမက ခန္ဓာကိုယ်အား ပြန်လည်ထုတ်လုပ်ပေးလာစေရန် အဲဒီလို ပစ္စည်းများက နည်းအမျိုးမျိုးဖြင့် ကူညီပေးနိုင်ပုံကို ရှင်းပြထားပါတယ်။