TED Talks with Burmese transcript

Jay Walker: ကမ္ဘာကြီးရဲ့ အင်္ဂလိပ်စာ အရူးအမူးဖြစ်ခြင်း

TED2009

Jay Walker: ကမ္ဘာကြီးရဲ့ အင်္ဂလိပ်စာ အရူးအမူးဖြစ်ခြင်း
4,750,949 views

ကမ္ဘာတစ်လွှားမှာရှိတဲ့ လူသန်း၂ ထောင်ဟာ ဘာကြောင့် အင်္ဂလိပ်စာကို ကြိုးစားသင်ယူနေကြသလဲ ဆိုတာနဲ့ ပတ်သက်ပြီး Jay Walker က ရှင်းလင်းပြထားပါတယ်။ သူက ဓာတ်ပုံတွေနဲ့ "ကမ္ဘာကြီးရဲ့ ဒုတိယဘာသာစကား"လို့ဆိုပြီး ထောင်နဲ့ချီတဲ့ တရုတ်ကျောင်းသားတွေနဲ့ ကျောရိုးစိမ့်စေလောက်တဲ့ အင်္ဂလိပ်စာ ဇာတ်တိုက် လေ့ကျင့်ခြင်း အသံတွေကိုမျှဝေထားပါတယ်။

Joachim de: မုန့်ချိုတွေကို မစားလိုက်နဲ့နော်။

TED2009

Joachim de: မုန့်ချိုတွေကို မစားလိုက်နဲ့နော်။
3,525,386 views

TED U က ဒီဟောပြောချက်အတိုလေးမှာ Joachim de Posada ကနေပြီး ရွေ့ဆိုင်းထားတဲ့ ဝမ်းမြောက်ခြင်းအပေါ် သမိုင်းမှတ်တိုင် လက်တွေ့စမ်းသပ်မှုတစ်ခုနဲ့ ဒါကနေ အနာဂတ် အောင်မြင်မှုကို ဘယ်လို ဟောကိန်းထုတ်နိုင်တယ်ဆိုတာကို မျှဝေထားပါတယ်။ မုန့်ချိုတွေကို မစားဖို့ အခက်ခဲဆုံး အားထုတ်နေကြတဲ့ ကလေးတွေရဲ့ အဖိုးထိုက်တန်လှတဲ့ ဗီဒီယိုပြကွက်လေးနဲ့အတူပါ။

Yves Behar: Yves Behar ၏ စွမ်းအားမြှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်ဒီဇိုင်း

TED2009

Yves Behar: Yves Behar ၏ စွမ်းအားမြှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်ဒီဇိုင်း
627,065 views

Yves Behar နဲ့ Forrest North တို့နှစ်ဦးက စွမ်းအားမြင့် လျှပ်စစ် မော်တော်ဆိုင်ကယ် --- Mission One ကို မိတ်ဆက်ထားပါတယ်။ သူတို့က ဝေးကွာတဲ့နေရာတွေက ဆင်တူနေတဲ့ ငယ်ဘဝပုံရိပ်တွေကိုလည်း မျှဝေထားပါတယ်။ အတူပူးပေါင်းလုပ်ကိုင်ရာကနေ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို တမဟုတ်ခြင်းဖြစ်ထွန်းစေပြီး အိပ်မက်တွေကိုပါ မျှဝေခံစားလာကြပုံကို ဖော်ကြူးထားပါတယ်။

Carolyn Porco: စနေဂြိုဟ်ရဲ့ အရံဂြိုဟ်တစ်လုံးဟာ သက်ရှိတွေရဲ့ ခိုအောင်းရာ နေရာများလား။

TED2009

Carolyn Porco: စနေဂြိုဟ်ရဲ့ အရံဂြိုဟ်တစ်လုံးဟာ သက်ရှိတွေရဲ့ ခိုအောင်းရာ နေရာများလား။
1,054,733 views

Carolyn Porco ကနေပြီး စနေဂြိုဟ်ရဲ့ ဂြိုလ်ငယ်တွေထဲက တစ်ခုဖြစ်တဲ့ Enceladus အရံဂြိုဟ်ကို Cassini အာကာသယာဉ်ရဲ့ မကြာသေးခင်က တစ်ပတ်ကျော့ခြင်းကနေ စိတ်လှုပ်ရှားစရာ ရှာဖွေမှု အသစ်တွေကို မျှဝေထးပါတယ်။ ဂြိုဟ်ငယ်ရဲ့ ရေခဲဖုံးနေတဲ့ ရေပူစမ်းတွေကို နမူနာအဖြစ် ကောက်ယူထားတာတွေက ၎င်းရဲ့ မျက်နှာပြင်အောက်က သမုဒ္ဒရာတစ်စင်းဟာ သက်ရှိတွေ ခိုအောင်းတဲ့ နေရာများလား အရိပ်အမြွက်ပြထားပါတယ်။

Erik Hersman: စာတိုဖြင့် အရေးပေါ်အခြေအနေကို သတင်းပို့ခြင်း။

TED2009

Erik Hersman: စာတိုဖြင့် အရေးပေါ်အခြေအနေကို သတင်းပို့ခြင်း။
466,307 views

TEDU ၂၀၀၉ မှာ Erik Hersman ဟာ Ushahidi ရဲ့မှတ်သားစရာ ကောင်းလှတဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ထားပါတယ်။ GoogleMap အပေါင်းအစပ်ကနေပြီး ကင်ညာနိုင်ငံသားတွေကို ၂၀၀၈ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း ဆဲလ်ဖုန်း စာတိုပို့ခြင်းကနေ အကြမ်းဖက်မှုတွေကို တိုင်ကြားဖို့၊ ခြေရာခံဖို့ အခြေအနေတရပ် ဖန်တီးပေးခဲ့ပြီး အခြားနိုင်ငံတွေက အသက်တွေကို ဆက်လက်ကယ်တင်ပေးဖို့ ဆင့်ကဲပြောင်းလဲသွားပြီဆိုတဲ့ အကြောင်းပါ။

မက်သယူးချိုင်းဒ်စ် ၏ ကျောက်တောင်တက်ခြင်းမှ ဘဝအတွက် သင်ခန်းစား ၉-ခု။

TED2009

မက်သယူးချိုင်းဒ်စ် ၏ ကျောက်တောင်တက်ခြင်းမှ ဘဝအတွက် သင်ခန်းစား ၉-ခု။
842,059 views

၀ါရင့်တောင်တက်သမားကြီး မက်သယူးချိုုုင်းဒ်စ် က ၂၀၀၉-ခုနှစ် တွင်ပြုလုပ်သော TED တက္ကသိုလ် ဟောပြောပွဲတွင် ကျောက်တောင်တက်ခြင်းအတွက် အရေးပါသော အကြံဉာဏ် ၉-ချက်ကို မျှဝေပေးထားပါသည်။ ဤ လက်တွေ့အသုံးဝင်သော အကြံပြုချက်များသည် ပင်လယ်ရေမျက်နှာအထက် ကျောက်တောင်တက်သူများ၏ အသက်ရှင်သန်ရေးနှင့်လည်း ပတ်သက်ပါသည်။

Renny Gleeson: ကျွန်တော်တို့ရဲ့ လူမှုရေးခေါင်းပါးတဲ့ ဖုန်ဖြင့် လှည့်ကွက်များ။

TED2009

Renny Gleeson: ကျွန်တော်တို့ရဲ့ လူမှုရေးခေါင်းပါးတဲ့ ဖုန်ဖြင့် လှည့်ကွက်များ။
1,365,298 views

ဒီ ရယ်စရာကောင်းလှတဲ့ (တကယ်တော့ ထိမိလှတဲ့) ၃ မိနစ်ကြာ ဟောပြောချက်ထဲမှာ လူမှုရေးဆိုင်ရာ တွေးခေါ်မြော်မြင်တတ်သူ Renny Gleeson က အမြဲတမ်း မအားမလပ် ဖြစ်နေတဲ့ လူမှုရေးလောကကို ခွဲခြမ်းစိပ်ဖြာပြထားပါတယ်။ အဲဒီမှာက ကျွန်တော်တို့ လက်ရှိတွေ့ကြုံနေရတာတွေဟာ နောက်မှာ ဒီအကြောင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ တွတ်ထိုးမယ့်အရာတွေလောက် စိတ်ဝင်စားစရာ မကောင်းတော့ဘူးလေ။

စောလ်ဂရစ်ဖစ်  : စွန်များမှ အမြင့်လေစွမ်းအင်

TED2009

စောလ်ဂရစ်ဖစ် : စွန်များမှ အမြင့်လေစွမ်းအင်
724,502 views

ဤအတိုချုံးဟောပြောပွဲတွင် စောလ်ဂရစ်ဖစ် က သူ၏ကုမ္ပဏီသစ် Makani Power ကလုပ်ဆောင်နေသော ကြီးမားသော စွန်တာဘိုင်များက ညစ်ညမ်းမှုကင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်သည့် တီထွင်မှုကို ထုတ်ဖော်ပြသထားသည်။

ကာမယ်(လ်) မီရက်တယ် (Kamal Meattle): လေကောင်းလေသန့် ထုတ်လုပ်နည်း။

TED2009

ကာမယ်(လ်) မီရက်တယ် (Kamal Meattle): လေကောင်းလေသန့် ထုတ်လုပ်နည်း။
3,754,416 views

သုတေသီ ကာမယ်(လ်) မီရက်တယ်က နေအိမ်တွေမှာ ထားလို့ရနိုင်တဲ့ သာမန် အပင်သုံးမျိုးကို အိမ်မှာ ဒါမှမဟုတ် ရုံးအဆောက်အဦထဲမှာ အထူး တလည် စီမံထားပေးလိုက်မယ်ဆိုရင်၊ အဆောက်အဦတွေထဲက လေကို သိသိသာသာကြီး သန့်စင်လာအောင် လုပ်နိုင်တာကို ရှင်းလင်း ပြောပြထားပါတယ်။

အက်ဒမ် ဆဲဗေချ် ့၏ ရူးသွပ်ခြင်း

EG 2008

အက်ဒမ် ဆဲဗေချ် ့၏ ရူးသွပ်ခြင်း
1,932,298 views

EG'08 မှာ Adam Savage က ဒိုဒိုငှက်အတွက် သူအရူးအမူးဖြစ်ခဲ့ရပုံနဲ့ အဲဒီရူးသွပ်မှုကနေ ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ ့ ရှာဖွေတွေ ့ရှိမှုတွေ သူရခဲ့ကြောင်း ပြောသွားပါတယ်။ ဒါဟာ ဆန်းသစ်တီထွင်မှုကိုစွဲလန်းရူးသွပ်တဲ့ စိတ်နဲ့လုပ်ဆောင်ခဲ့တဲ့ စိတ်ဝင်စားစရာ စွန့်စားမှုတစ်ခုပါပဲ။

Charles Moore: ပလပ်စတစ် ပင်လယ်များ။

TED2009

Charles Moore: ပလပ်စတစ် ပင်လယ်များ။
1,361,667 views

Algalita Marine Research Foundation ရဲ့ ရေယာဉ်မှူး Charles Moore ဟာ အဆုံးမဲ့ မျောလွင့်နေတဲ့ ပလပ်စတစ်အမှိုက် စွန့်ပစ်ပုံကြီးဖြစ်တဲ့ Great Pacific Garbage Patch ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုသူဟာ ကျွန်ုပ်တို့ရဲ့ ပင်လယ်တွေထဲမှာရှိတဲ့ ပလပ်စတစ်တွေ တိုးတိုး ပိတ်ဆို့လာနေတဲ့ ပြဿနာကို အာရုံစိုက်ဖို့ ဆွဲဆောင်နေပါတယ်။

Elizabeth Gilbert: ရှင့်ရဲ့  ရှားပါးလှတဲ့ ဖန်တီးရေး ပင်ကိုယ်စွမ်းရည်

TED2009

Elizabeth Gilbert: ရှင့်ရဲ့ ရှားပါးလှတဲ့ ဖန်တီးရေး ပင်ကိုယ်စွမ်းရည်
19,049,771 views

Elizabeth Gilbert ဟာ အနုပညာရှင်တွေ ထူးချွန်သူတွေထံမှ ကျွန်ုပ်တို့ မျှော်လင့်နေတတ်တဲ့ မဖြစ်နိုင်တဲ့ အရာတွေအကြောင်းနဲ့ပတ်သတ်ပြီး သုံးသပ်တွေးတောပါတယ်-- ပြီးတော့ ရှားရှားပါးပါး လူတစ်ယောက် ပါရမီရှင် ဖြစ်ခြင်းအစား၊ ကျွန်ုပ်တို့ အားလုံးဆီမှာ ပင်ကိုယ်စွမ်းရည် ရှိတယ်ဆိုတဲ့ အစွန်းရောက် အတွေးအခေါ်ကို ဝေမျှထားပါတယ်။ ဒီဟောပြောချက်ကတော့ ရယ်ရကောင်းသလို ပုဂ္ဂိုလ်ရေးဆန်ပြီး အံဩဖို့ကောင်းလောက်အောင် စိတ်ကို လှုံ့ဆော်စေပါတယ်။

Jay Walker: ကျွန်တော့ရဲ့ လူသား စိတ်ကူး စာကြည့်တိုက်။

TED2008

Jay Walker: ကျွန်တော့ရဲ့ လူသား စိတ်ကူး စာကြည့်တိုက်။
543,178 views

Library of Human Imagination ရဲ့ ပြခန်းတာဝန်ခံဖြစ်တဲ့ Jay Walker ဟာ ၂၀၀၈ TED စင်မြင့်ကို နောက်ခံပြုပေးတဲ့ စိတ်ဝင်စားစရာ တစ်ချို့ကို မီမောင်းထိုးပြတဲ့ အံ့သြစရာကောင်းတဲ့ ပြသ-ပြောပြ ကဏကို ကြီးကြပ်ညွှန်ပြထားပါတယ်။

Andy Hobsbawm: စိမ်းလန်းစိုပြေရေးကို လုပ်ကိုင်ကြပါစို့။

TED2008

Andy Hobsbawm: စိမ်းလန်းစိုပြေရေးကို လုပ်ကိုင်ကြပါစို့။
485,325 views

Andy Hobsbawm က စိမ်းလန်းစိုပြေရေး အတွက် လှုံ့ဆော်လုပ်ကိုင်ရေး အမြင်သစ်ကို တင်ပြထားကာ အဲဒါကြောင့် ရရှိလာနိုင်တဲ့ ဘေးပန်း အကျိုးစီးပွားအချို့ အကြောင်းကို ပြောပြထားပါတယ်။

Rives: အီမိုတီကွန် အဖုံဖုံရဲ့ ပုံပြင်တစ်ပုဒ်

TED2008

Rives: အီမိုတီကွန် အဖုံဖုံရဲ့ ပုံပြင်တစ်ပုဒ်
1,901,865 views

Rives က တိုတောင်းပြီး၊ ကြည်နူးဖွယ်၊ ဝမ်းနည်းဖွယ်ကောင်းတဲ့ ပုံနှိပ်အတတ်ပညာဆိုင်ရာ ပုံပြင်လေးတစ်ပုဒ်ကို ပြောပြထားပါတယ်။

Mihaly Csikszentmihalyi: စီးမျောမှု- ပျော်ရွှင်မှုအတွက် လျှို့ဝှက်ချက်။

TED2004

Mihaly Csikszentmihalyi: စီးမျောမှု- ပျော်ရွှင်မှုအတွက် လျှို့ဝှက်ချက်။
5,809,721 views

Mihaly Csikszentmihalyi က "ဘဝတစ်ခုကို ရှင်သန်ထိုက်လောက်အောင် လုပ်ပေးနိုင်တာက ဘာများလဲ။" ဆိုပြီး မေးခွန်းထုတ်ထားတယ်။ ငွေသားက ကျွန်တော်တို့ကို ပျော်အောင် လုပ်မပေးနိုင်တာကို ဂရုထားမိရင်း "စီးမျောမှု" အခြေအနေတစ်ခုကို ဆောင်ကြဉ်းပေးတဲ့ လှုပ်ရှားမှုတွေထဲမှာ သာယာမှုနဲ့ ရေရှည် တည်တံတဲ့ စိတ်ကျေနပ်မှုတွေကို တွေ့ရှိသူတွေကို သူအလေးဂရုပြုမိပါတယ်။

Stefan Sagmeister: ဆောင်ပုဒ်များဖြင့် ဒီဇိုင်းထုတ်ခြင်း။

TED2008

Stefan Sagmeister: ဆောင်ပုဒ်များဖြင့် ဒီဇိုင်းထုတ်ခြင်း။
1,000,193 views

ရော့ခ်ဂီတကြယ်ပွင့် ဒီဇိုင်းပညာရှင် Stefan Sagmeister ကနေပြီး အံ့ဩဖွယ်ကောင်းတဲ့ ဒီဇိုင်းအသွင်တွေကနေ ဖော်ပြထားတဲ့ ဘဝသင်ခန်းစာများအကြာင်းကို တိုတောင်းပြီး ဇဝနဉာဏ်ရွှင်တဲ့ ဟောပြောချက်မှာ ပြောပြထားပါတယ်။ (လေမှုတ်မျောက်တွေ ပါလေသလားပဲ။)

Laura Trice: ကျေးဇူးတင်စကားဆိုဖို့ မမေ့ကြပါနဲ့

TED2008

Laura Trice: ကျေးဇူးတင်စကားဆိုဖို့ မမေ့ကြပါနဲ့
2,449,953 views

အပြင်ပန်းအားဖြင့်တော့ ရိုးရှင်းလှတဲ့ ဒီ ၃ မိနစ်စာ ဟောပြောချက်ကလေးမှာ Dr. Laura Trice ကျေးဇူးတင်ပါတယ် ဆိုတဲ့မှော်ဆန်တဲ့ စကားလုံးလေးတွေရဲ့ စွမ်းအားကို ပြန်ပြောင်းစဉ်းစားထားတာပါ။ ခင်မင်ရင်းနှီးမှုကို နက်ရှိုင်းစေဖို့၊ သံယောဇဉ်နှောင်ကြိုးကို ပြင်ဆင်ချည်နှောင်ဖို့ တစ်ခြား လူတစ်ယောက် အတွက် ဒီစကားလုံးတွေဟာ သင့်အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်မှုရှိတယ် ဆိုတာကို သေချာစေဖို့ပါ။ စမ်းကြည့်လိုက်ပါ။

Einstein Parrot: စကားပြောတဲ့၊ စူးစူးရှရှအော်တဲ့ ကြက်တူရွေးတစ်ကောင်။

TED2006

Einstein Parrot: စကားပြောတဲ့၊ စူးစူးရှရှအော်တဲ့ ကြက်တူရွေးတစ်ကောင်။
3,042,364 views

Einstein ဆိုတဲ့ မီးခိုးရောင် အာဖရိကန် ကြက်တူရွေးနဲ့ ၎င်းကို သင်ကြားပေးသူ Stephanie White ကနေတင်ဆက်ထားတဲ့ TED2006 ရဲ့ ဒီတစ်မျိုးတစ်ဘာသာ နှစ်သက်ဖွယ်ကောင်းတဲ့ အပြီးသတ်ကတော့ အူမြူးစရာသက်သက်ဖြစ်စေပါတယ်။ Einstein ဟာ Al Gore နဲ့ တဒင်္ဂရှိတာကိုခဏလောက်ကြည့်လိုက်ပါဦး။

Nellie McKay: ခွေးကလေးအတွက် သီချင်း။

TED2008

Nellie McKay: ခွေးကလေးအတွက် သီချင်း။
792,084 views

တိရစ္ဆာန်ချစ်သူ Nellie McKay သူချစ်လှတဲ့ ခွေးကလေးတစ်ကောင်အတွက် ရွှင်မြူးစရာကောင်းတဲ့ ဂုဏ်ပြုတေး သီဆိုထားပါတယ်။ ကျွန်တော်တို့ အားလုံးကိုလည်း အလားတူလုပ်ဖို့ အကြံပြုထားပါတယ်။ "ခွေးလေ၊ခွေးလွင့် ထိန်းထားတဲ့ စခန်းကို သွားလိုက်ပါ၊ အမဲလိုက်ခွေးတစ်ကောင် ကိုယ်တိုင်ရှာယူပါ၊ ဒီခွေးလေးကို ဂုဏ်ယူရလောက်အောင် လုပ်ပေးပါ၊ ဘာလို့ဆို အကြောင်းကတော့ ဒါပါပဲ" တဲ့။

Bruno Bowden + Rufus Cappadocia: မျက်စီမှိတ်ပြီးခေါက်တဲ့ အိုရီဂါမီနဲ့ တယောသံ။

TED2008

Bruno Bowden + Rufus Cappadocia: မျက်စီမှိတ်ပြီးခေါက်တဲ့ အိုရီဂါမီနဲ့ တယောသံ။
427,022 views

Robert Lang ရဲ့ အိိုရီဂါမီ အကြောင်း ဟောပြောချက် TED2008 အပြီးမှာ Bruno Bowden က စိန်ခေါ်မှုတစ်ခုနဲ့ စင်ပေါ်ကို တက်လှမ်းခဲ့ပါတယ်။ သူကနေ Robert Lang ရဲ့ အံ့ဩစရာကောင်းလောက်အောင်ကို ရှုပ်ထွေးလှတဲ့ အိုရီဂါမီ ရုပ်ပုံတစ်ခုကို မျက်စီပိတ်ပြီး ၂မိနစ်အတွင်းမှာ ခေါက်ပြပါလိမ့်မယ်။ သူ့ကို တယောသမား Rufus Cappadocia ကနေပြီး တွဲဖက်တီးပေးထားပါတယ်။

Marisa Fick-Jordan: ဇူးလူးဝါယာကြိုးအနုပညာ၏ အံ့ဖွယ်

TEDGlobal 2007

Marisa Fick-Jordan: ဇူးလူးဝါယာကြိုးအနုပညာ၏ အံ့ဖွယ်
336,911 views

ဤတိုတောင်း၍ ပုံများဖြင့်သရုပ်ဖော်ထားသော ဟောပြောပွဲတွင်Marisa Fick-Jordan က ဇူးလူးရိုးရာဝါယာကြိုးရက်လုပ်သည့် ရွာတစ်ရွာက သူတို့၏ပြောင်မြောက်သောလက်ရာတို့အတွက် ကမ္ဘာ့စျေးကွက်တစ်ခုကိုမည်သို့ တည်ဆောက်ရယူပုံကို ပြောပြသည်။

Raul Midon: "ကမ္ဘာကြီး ငြိမ်းချမ်းရေး"

TED2007

Raul Midon: "ကမ္ဘာကြီး ငြိမ်းချမ်းရေး"
389,118 views

ဂစ်တာပညာရှင် နဲ့ အဆိုရှင် Raul Midon ဟာ "Everybody " (လူတိုင်းလူတိုင်း) နဲ့ "Peace on Earth" (ကမ္ဘာကြီး ငြိမ်းချမ်းရေး) ကို ၂၀၀၇ ခုနှစ် TED သူ့ရဲ့ တင်ဆက်မှုအတွင်းမှာ တီးခတ်ဖျော်ဖြေထားပါတယ်။

Nellie McKay: "ကနုကမာ" "ကိုယ့်ဆီမှာ မင်းရှိခဲ့ရင်"

TED2008

Nellie McKay: "ကနုကမာ" "ကိုယ့်ဆီမှာ မင်းရှိခဲ့ရင်"
1,386,342 views

အံ့ဩစရာကောင်းတဲ့ Nellie McKay ဟာ " Mother of Pearl " ( ကနုကမာ) ("အမျိုးသမီးဝါဒီတွေမှာ ဟာသဉာဏ် မရှိကြဘူး။" ဆိုတဲ့ ထာဝရရှင်သန်နေတဲ့ ပထမဆုံးစာကြောင်း )နဲ့ း TED2008 က သူမရဲ့ တောက်ပတဲ့ အတွဲ "If I Had You" ( ကိုယ့်ဆီမှာ မင်းရှိခဲ့ရင်...) ကို သီဆိုထားပါတယ်။

Nellie McKay: ကိုယ်ပွားလေး။

TED2008

Nellie McKay: ကိုယ်ပွားလေး။
836,733 views

အဆိုတော်၊ သီချင်းရေးသူ Nellie McKay တစ်စိပ်တစ်ပိုင်းအားဖြင့် လေးနက်မှုပါတဲ့ သီချင်း Clonie (ကိုယ်ပွားလေး) ကိုတင်ဆက်ထားပါတယ်။ အဆုံးစွန်သော အပေါင်းအဖော် ဖန်တီးခြင်း အကြောင်းပါ။

David Hoffman: အရာရာတိုင်း ဆုံးရှုံးသွားတဲ့အခါ ဘာဖြစ်တတ်လဲ။

TED2008

David Hoffman: အရာရာတိုင်း ဆုံးရှုံးသွားတဲ့အခါ ဘာဖြစ်တတ်လဲ။
1,155,400 views

TED2008 မတိုင်မီ ၉ ရက်မှာ ရုပ်ရှင်ရိုက်ကူးသူ David Hoffman ဟာ မီးလောင်မှုကြောင့် သူ့အိမ်၊ ရုံးခန်းနဲ့ နှစ် ၃၀ မက်မက်မောမော စုစောင်းထားသမျှ အားလုံးနီးပါး ဆုံးရှုံးသွားခဲ့ပါတယ်။ တစ်ခဏလေးအတွင်းမှာ အပြောင်ရှင်းထုတ်ခြင်းခံလိုက်ရတဲ့ ဘဝတစ်ခုကို ပြန်လှန်လှောကြည့်ရင်း သူဟာ ရှေ့ကိုမျှော်ကြည့်နေပါတယ်။

Murray Gell-Mann: ဘာသာစကားရဲ့ ဘိုးဘေးဘီဘင်

TED2007

Murray Gell-Mann: ဘာသာစကားရဲ့ ဘိုးဘေးဘီဘင်
944,446 views

TED2007 တုန်းက ရူပဗေဒရဲ့ ကြော့ရှင်းမှုအကြောင်းကို ဟောပြောခဲ့တဲ့ နောက်မှာ Murray Gell-Mann ဟာ အရမ်းကို စိတ်ဝင်စားစရာ နောက်တစ်ခုကို ဆန်းစစ်တင်ပြလိုက်ပါပြီ- ဒီနေ့ မျက်မှောက်ကာလ ဘာသာစကားများရဲ့ ဘုံဖြစ်နိုင်တဲ့ ဘိုးဘေးဘီဘင်တွေကို ရှာဖွေတင်ပြထားတာပါ။

Dean Ornish: သင့်ရဲ့ မျိုးရိုးဗီဇဟာ  သင့်ရဲ့ ကံကြမ္မာမဟုတ်ပါ။

TED2008

Dean Ornish: သင့်ရဲ့ မျိုးရိုးဗီဇဟာ သင့်ရဲ့ ကံကြမ္မာမဟုတ်ပါ။
1,725,634 views

Dean Ornish ကနေပြီး ရွေးချယ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လူနေမှုပုံစံ အကျင့်တွေဟာ လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇဆိုင်ရာ အဆင့်ကို ဘယ်ပုံသက်ရောက်မှုရှိတယ်ဆိုတဲ့ သုသေသနသစ်တစ်ခုကို မျှဝေထားပါတယ်။ ဥပမာအနေနဲ့ သူပြောတာက "ပိုပြီးကျန်းမာအောင်နေထိုင်၊ပိုပြီးကောင်းကောင်းမွန်မွန်စားသောက်ကာ လေ့ကျင့်ခန်းပိုလုပ်ပြီး ပိုချစ်တဲ့အခါ ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေဟာ တကယ်ကိုပဲ တိုးပွားလာပါတယ်"တဲ့။

သတင်းတွေ အကြောင်း သတင်း

TED2008

သတင်းတွေ အကြောင်း သတင်း
2,182,143 views

Public Radio International ရဲ့ အကြီးအကဲဖြစ်သူ အယ်လီဇာ မေလာက ကျွန်ုပ်တို့တွေဟာ ကမ္ဘာလောကကြီး အကြောင်းကို ခါတိုင်းထက်ကို ပိုပြီး သိချင်နေကြပေမဲ့ အမေရိကန် မီဒီယာတွေကတော့ တကယ်တမ်းမှာ နည်းနည်းသာ ဖော်ပြကြတာကို ဆွေးနွေးထားပါတယ်။ အမြင်ကို ဖွင့်ပြပေးကြမယ့် စာရင်းအင်း ဇယားတွေ၊ ပုံပြမျဉ်းတွေနဲ့ပါ။

Jakob Trollback: ဂီတ ဗီဒီယို အမျိုးအစားအသစ်တစ်ခု။

TED2007

Jakob Trollback: ဂီတ ဗီဒီယို အမျိုးအစားအသစ်တစ်ခု။
536,395 views

ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်ရဲ့ အယူအဆကနဲ့ ရိုက်ကူးတာထက် ခမ်းနားတဲ့ သီချင်းတစ်ပုဒ် ရဲ့ ထုတ်ဖော်ပြသမှုတစ်ခု သက်သက်အဖြစ် ဂီတကနေ ရိုက်မယ်ဆိုရင် ဂီတ ဗီဒီယို အမျိုးအစားဟာ ဘယ်ပုံပေါက်လိမ့်မလဲ။ ဒီဇိုင်းပညာရှင် Jakob Trollback ကနေပြီး ဒီပုံစံထဲက သူ့ရဲ့ စမ်းသပ်မှု ရလဒ်တွေကို မျှဝေထားပါတယ်။