TED Talks with Burmese transcript

David Puttnam: မီဒီယာများက အမြတ်ရရှိရေးကိုသာ ဦးစားပေးကြမယ်ဆိုရင် ဘယ်လို ဖြစ်လာမလဲ။

TEDxHousesOfParliament

David Puttnam: မီဒီယာများက အမြတ်ရရှိရေးကိုသာ ဦးစားပေးကြမယ်ဆိုရင် ဘယ်လို ဖြစ်လာမလဲ။
935,362 views

ကျွန်တော်တို့ အားလုံး ဝိုင်းပြီး စဉ်းစားရန်လိုတဲ့ လက်ရှိ ဆွေးနွေးပွဲထဲမှာ David Puttnam ဟာ မီဒီယာတွေ အကြောင်း မေးခွန်းကြီး တရပ်ကို မေးထားပါတယ်။ ၎င်းတို့ဟာ ၎င်းတို့ရဲ့ ကျင့်ဝတ်များအရ နိုင်ငံသားများကို သတင်း အချက်အလက်တွေကို အသိပေးဖေါ်ပြပေးရန် တာဝန်ရှိကြသလား ဒါမှမဟုတ် ဒီပြင် လုပ်ငန်းများလိုပဲ အမြတ်ရရေးကိုသာ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိကြသလား။ အမြတ်ရရှိရေး နဲ့ တာဝန်သိရှိရေးဆိုင်ရာ သူရဲ့ တင်ပြချက်ဟာ ရဲဝံ့လှရာ မိတ်ဆွေဟာ သဘောတူချင်မှ တူမှာပါ။ (TEDxHousesofParliament မှာ ရိုက်ကူးခဲ့တယ်)

Aparna Rao: သင့်ရဲ့ ဂရုစိုက်မှုကိုတောင့်တနေတဲ့ အနုပညာ။

TED Fellows Retreat 2013

Aparna Rao: သင့်ရဲ့ ဂရုစိုက်မှုကိုတောင့်တနေတဲ့ အနုပညာ။
1,137,309 views

ဒီနှစ်လို့ဖွယ်ကောင်းတဲ့ ဟောပြောချက်ထဲမှာ ပန်းချီပညာရှင်Aparna Rao က ကျွန်တော်တို့ကို သူမရဲ့ နောက်ဆုံးလက်ရာကို ပြသထားတာပါ။သင့်ရဲ့ ထိုးထွင်းအမြင် ကျီစယ်ကြမယ့် ရှုချင်စဖွယ် ကာတွန်း ဆန်ဆန် ပန်းပုလက်ရာတွေပါတွေ၊(သူတို့အောက်မှာတော့ သေသပ်တဲ့ စက်ရုပ်ဆန်တဲ့ စက်ပိုင်းဆိုင်ရာ လှည့်စားမှုတွေနဲ့ပါ။) နောက်ပြီးတော့ သူတို့ဟာ သင့်ဆီက အာရုံစိုက်မှုကို မက်မော တောင့်တ ကြပါသေးတယ်။ ရိုးရိုးရှင်းရှင်းကလေး ပျော်ရွှင်ခံစားဖို့ ခဏလောက် အချိန်ပေးလိုက်ပါ။ ဘင်္ဂလား အခြေစိုက် ပန်းချီပညာရှင် Pors & Rao တွဲဖက် အဖွဲ့ဝင်၊ TED ရဲ့ ဝါရင့် ဝိုင်းတော်သား ဖြစ်တဲ့ Aparna Rao ဟာ လျှပ်စစ် စက်မှုပိုင်းဆိုင်ရာ စနစ်တွေ၊ အပြန်အလှန် ဆက်သွယ်မှုတွေပါတဲ့ ပေါင်းစပ်တပ်ဆင်ခြင်းအနုပညာ (interactive installation) တွေနဲ့ အနုပညာကို ဖန်တီးပါတယ်။

Maya Penn: လူငယ် စွန့်ဦးထွင်၊ ကာတွန်းပညာရှင်၊ ဒီဇိုင်းပညာရှင်၊ လှုပ်ရှားပြောင်းလဲရေးဝါဒီ တစ်ယောက်ကို တွေ့ဆုံလိုက်ပါ။

TEDWomen 2013

Maya Penn: လူငယ် စွန့်ဦးထွင်၊ ကာတွန်းပညာရှင်၊ ဒီဇိုင်းပညာရှင်၊ လှုပ်ရှားပြောင်းလဲရေးဝါဒီ တစ်ယောက်ကို တွေ့ဆုံလိုက်ပါ။
1,654,266 views

Maya Penn ဟာ အသက် (၈)နှစ် အရွယ်မှာ သူမရဲ့ ပထမဆုံး ကုမ္ပဏီကိုစတင်ခဲ့ပြီး သူမရဲ့ ဖောက်သည်တွေ အတွက်ရော ကမ္ဘာမြေ အတွက်ပါ တာဝန်သိသူ ဖြစ်ရမလဲဆိုတာကို လေးလေးနက်နက် စဉ်းစားခဲ့ပါတယ်။ ဒီချစ်စရာကောင်းတဲ့ ဆွေးနွေးမှုမှာ သူမရဲ့ ဇာတ်လမ်းရယ် နောက်ပြီး သက်ဝင်လှုပ်ရှားနေတဲ့ကာတွန်း ရုပ်ကလေးတွေ၊ ဒီဇိုင်းတွေ၊ ကူးစက်လွယ်တဲ့ စွမ်းအင်တွေကို မျှဝေထားပါတယ်။

McKenna Pope: တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ချင်သလား။ သင့်ရဲ့ ကစားစရာတွေကနေ စတင်လိုက်ပါ။

TEDYouth 2013

McKenna Pope: တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်ချင်သလား။ သင့်ရဲ့ ကစားစရာတွေကနေ စတင်လိုက်ပါ။
1,022,732 views

McKenna Pope ရဲ့မောင်လေးက ချက်ပြုတ်တာကိုဝါသနာပါတယ်။ဒါပေမယ့် Easy -Bake Oven ဆိုတဲ့ မုန့်ဖုတ်ဖိုကို အသုံးပြုဖို့ အတွက်တော့သောကရောက်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မိန်းကလေး ကစားစရာတစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့် Pope က သူမအသက် (၁၃)နှစ်မှာ ဟက်စ်ဗရိုလို့ခေါ်တဲ့ အမေရိကန်ကစားစရာ ကုမ္ပဏီ အတွက် သူတို့ရဲ့ကစားစရာပေါ်က အစဉ်အလာ ပန်းရောင်နဲ့ ခရမ်းရောင် အရောင်စနစ်ကို ပြောင်းလဲပြီး ၎င်းရဲ့ရုပ်သံဈေးကွက်မှာ ယောက်ျားလေးတွေကိုပါ ဖြည့်သွင်းပေါင်းစပ်ပေးဖို့အတွက် အွန်လိုင်းပန်ကြားလွာတစ်ခုကို စတင်ခဲ့ပါတယ်။ အားတက်ဖွယ်ရာကောင်းတဲ့ ပြောဆိုဆွေးနွေးမှုထဲမှာPope က ကျား၊မ ခွဲခြားမှုမရှိတဲ့ ကစားစရာတွေအတွက် ရပ်တည်ချက်ကို တင်ပြထားပြီး၊အားအင်မဲ့နေတဲ့ ကလေးတွေအားလုံးကို တက်တက်ကြွကြွ လုပ်ဆောင်ဖို့ နှိုးဆော်ထားပါတယ်။

Joe Kowan: စင်ကြောက်စိတ်ကို ကျွန်တော် အနိုင်ယူခဲ့ပုံ

TED@State Street Boston

Joe Kowan: စင်ကြောက်စိတ်ကို ကျွန်တော် အနိုင်ယူခဲ့ပုံ
2,585,266 views

လူသားရဲ့ အသေအချာ ချိန်ညှိထားတဲ့ ကြောက်စိတ်ဟာ နုပျိုတဲ့ မျိုးစိတ်တစ်ခုလိုပဲ ကျွန်တော်တို့ကို ကောင်းမွန်စွာ လုပ်ကျွေး လာခဲ့ပါတယ်။ ပြိုင်ဖက် တောကောင်ကြီးတွေရဲ့ အစားခံရခြင်း အဖြစ်ကနေ ရှောင်ရှားနိူင်အောင်လို့ လေဆာ ညွှန်တံဖြင့် စူးစိုက် လမ်းညွှန်ပေးရင်းနဲ့ပေါ့။ ဒါပေမယ့် အင်္ဂါနေ့ညမှာ ကျင်းပနေကျ သီချင်းဆိုပွဲထဲက ကျေးလက်ဂီတ ဝါသနာအိုး အယောက်(၂၀)ရဲ့ ရှေ့မှောက်မှာ ခုနကပုံစံမျိုး အလိုလိုပေါ်လာကာ ခန္ဓာကိုယ်ကို အပိုင်စီးတတ်တဲ့ ကြောက်စိတ်က ဝင်ပူးလာတော့ သိပ်ပြီးတော့ အံ့ဩစရာ မကောင်းတော့ဘူးပေါ့။ လက်ဖဝါးတွေက ချွေးတွေစို့၊ လက်တွေက တုန်ယင်ပြီး အမြင်ကမှုန်ဝါးဝါးနဲ့ ဦးနှောက်က ပြောနေတာက "ပြေး"တဲ့။ ဒါက "စင်ကြောက်စိတ်"ပါ။ ဒီနှစ်လိုဖွယ်ရာ သာယာနာပျော်ဖွယ်ကောင်းတဲ့ ဟောပြောချက်ကလေးမှာ Joe Kowan က သူဘယ်လို အဲဒါကို အနိုင်ယူခဲ့တဲ့အကြေင်းကို ဆွေးနွေး တင်ပြထားပါတယ်။

Harish Manwani: အကျိုး၊အမြတ်သည် အမြဲတမ်း အဓိကမဟုတ်ပါ။

TED@BCG Singapore

Harish Manwani: အကျိုး၊အမြတ်သည် အမြဲတမ်း အဓိကမဟုတ်ပါ။
1,693,806 views

ကမ္ဘာ့ နာမည်ကြီး ကော်ပိုးရေးရှင်း တစ်ခုမှ အမှုဆောင် အရာရှိက ငွေကြေးရှင်းတမ်းလိုဟာမျိုး သို့မဟုတ် အဲဒါရဲ့ အောက်ဆုံးလိုင်းကို ကျော်လွန်ပြီး ကြည့်ရှုသုံးသပ်နိုင်ပါ့မလားလို့ ကျွန်တော်တို့ ထင်မှတ် နိုင်ပါတယ်။ သို့သော် ယူနီလီဗားရဲ့ COO ခေါ် ထိပ်သီးပိုင်းထဲက တစ်ဦးဖြစ်သူHarish Manwani ဟာ ဆုံးဖြတ်ချက် ချမှတ်ရေး ထိပ်သီး ဦးစားပေး အချက်များထဲကို တန်ဖိုးများ၊ ရည်ရွယ်ချက်များ နှင့် ရေရှည်ခံ ရပ်တည်နိုင်စွမ်းတို့လို အချက်များကို ထည့်စဉ်းစားရေးမှာ အားလုံးက လက်ခံသင့်ရုံသာမက ၂၁ရာစုမှာ တာဝန်သိတတ်တဲ့ လုပ်ငန်းများကို မောင်းနှင် ရှေ့ဆောင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း စိတ်လိုက်မာန်ပါ ဆော်ဪ တိုက်တွန်းနေပါတယ်။

Ryan Holladay: ဒီဂီတကို နားဆင်ဖို့ အဲဒီမှာ သင်တကယ်ကို ရှိနေရပါမယ်။

TED@BCG San Francisco

Ryan Holladay: ဒီဂီတကို နားဆင်ဖို့ အဲဒီမှာ သင်တကယ်ကို ရှိနေရပါမယ်။
1,348,704 views

ဒစ်ဂျစ်တယ် ကမ္ဘာကြီးထဲမှာ ဂီတလုပ်ငန်းအနေဖြင့် အခြေချစရာ ရှာတွေ့ဖို့ ရံဖန်ရံခါ ရုန်းကန် လှုပ်ရှားရမှုများကိုကြုံတွေ့ရပါတယ်။ ဒီနှစ်လို့ဖွယ်ရာကောင်းတဲ့ ဟောပြောချက်မှာ TED ရဲ့ဝိုင်းတော်သား Ryan Holladay က "ပတ်ဝန်းကျင်နိူးကြားမှုဆိုင်ရာဂီတ"လို့ သူ သရုပ်ပြရှင်းလင်းထားတဲ့ တေးဂီတကို သူဘာကြောင့် စမ်းသပ်နေပါ သလဲ ဆိုတဲ့ အကြောင်းကို ကျွန်ုပ်တို့ကိုပြောပြထားပါတယ်။ ဒီပရိုဂရမ်ပိုင်းဆိုင်ရာ နဲ့ ဂီတပိုင်းဆိုင်ရာ စွမ်းဆောင်မှုမှာ ရာနဲ့ချီပြီးရှိတဲ့ ဘူမိနည်းပညာနဲ့ ချိတ်ဆက်ထားတဲ့ အသံတွေရဲ့ အပိုင်းအစတွေ ပါဝင်နေပြီး နားဆင်သူ တစ်ယောက်ဟာ အဲဒီနေရာ အနီးအနားမှာ ကိုယ်တိုင်ကိုယ်ကျရှိတဲ့အခိုက်မှာသာ ဖွင့်ယူနားဆင် နိုင်တာပါ။ ( TED@BCG မှာ ရိုက်ကူးခဲ့သည်)

Frederic Kaplan: အချက်အလက်များဆိုင်ရာ အချိန်ကာလ ယန္တရားကို ကျွန်တော် ဆောက်လုပ်ပုံ

TEDxCaFoscariU

Frederic Kaplan: အချက်အလက်များဆိုင်ရာ အချိန်ကာလ ယန္တရားကို ကျွန်တော် ဆောက်လုပ်ပုံ
1,238,053 views

သင်ဟာ Facebook ကို ...ခေတ်လယ်ကစပြီး မွှေနှောက် ကြည့်နိုင်တာကို စိတ်ကူးကြည့်ပါ။ တကယ်တော့ အဲဒါဟာ ထင်ရသလောက် ဝေးလံလှတာ မဟုတ်ပါ။ သုတေသီ တဦးနဲ့ အင်ဂျင်နီယာဖြစ်သူ Frederic Kaplan ဟာ ဗီးနပ်စ်မြို့ ကို စိတ်ကြိုက် ကြည့်ရှုရေး အချိန်ကာလ ယန္တရားစက် အကြောင်းကို စိတ်ဝင်စားဖွယ်နဲ့ ပျော်ရွှင်ဖွယ် ပြောပြထားပါတယ်။ ဗီးနပ်စ်မြို့ကို နှစ်ပေါင်း ၁၀၀ဝ ကာလအတွင်းမှာ စိတ်ကြိုက်နှစ်ကို ဝင်ကြည့်နိုင်ဖို့အတွက် ကီလိုမီတာ ၈၀ အလျားရှိမယ့် စာအုပ်တွေကို ဒီဂျီတယ် ပြုလုပ်လျက် သမိုင်း နဲ့ ပထဝီဆိုင်ရာ ခွင်တုစက် ဖန်တီးလို့ ရနိုင်တာကို ပြသထားပါတယ်။ (TEDxCaFoscariU မှာ ရိုက်ကူးခဲ့တယ်)

Paul Piff: ငွေက သင့်ကို တစ်ကိုယ်ကောင်း ဆန်စေပါသလား

TEDxMarin

Paul Piff: ငွေက သင့်ကို တစ်ကိုယ်ကောင်း ဆန်စေပါသလား
3,568,059 views

အကြံအဖန်လုပ်ထားတဲ့ မိုနိုပိုလီကစားပွဲ တစ်ခုက လှစ်ဟပြချက်ဟာ အံ့ဩစရာကောင်းလှပါတယ်။ ဒီပျော်စရာကောင်းပေမယ့် အလေးအနက်ဆင်ခြင်စရာ ကောင်းတဲ့ ဟာပြောချက်မှာ လူမှုရေးဆိုင်ရာ စိတ်ပညာရှင်Paul Piff က လူတွေဟာ ချမ်းသာတယ်လို့ ခံစားသိရှိလိုက်တဲ့ အချိန်မှာ ဘယ်လိုပြုမူ ကြတယ် ဆိုတာနဲ့ပတ်သက်ပြီး သူ့ရဲ့ သုသေသနပြုမှုကို မျှဝေထားပါတယ်။ (အရိပ်အမြွက်ပြောရရင် ဆိုးဆိုးဝါးဝါးပဲပေါ့ ) ဒါပေမဲ့ မညီမျှမှု ပြဿနာက ရှုပ်ထွေးပြီး တုန်လှုပ်ဖွယ်ရာ စိန်ခေါ်မှုဆိုသော်လည်း သတင်းကောင်း တွေလည်း ရှိပါတယ်။ (TEDxMarin မှာ ရိုက်ကူးထားတာပါ။ )

David Lang: ကျွန်တော်ရဲ့ ရေအောက်စက်ရုပ်

TED2013

David Lang: ကျွန်တော်ရဲ့ ရေအောက်စက်ရုပ်
1,320,203 views

David Lang ဟာ မိမိကိုယ်တိုင်သင်ယူလေ့လာပြီးဖြစ်လာတဲ့ အပျော်တမ်း အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ပါ။ ဒါမှမဟုတ် သူဟာ က်ရုပ်တစ်ရုပ်ကို သူ့အတွက် အဏ္ဏဝါဗေဒပညာရှင် တစ်ယောက်ဖြစ်အောင် သင်ကြားပေးခဲ့သူပါ။ ဒီနှစ်လို့ဖွယ်ရာကောင်းတဲ့ ဟောပြောချက်မှာ TED ရဲ့ဝိုင်းတော်သား David Lang က သူနဲ့ အဏ္ဏဝါချစ်သူတွေ ကွန်ယက် အဖွဲ့လက်တွဲပြီး ဘယ်လို အားလုံးဖွင့်ပေးထားတဲ့ အရင်းအမြစ်၊တန်ဖိုးနည်းရေအောက် စူးစမ်းရှာဖွေရေးသမားများ တည်ဆောက်ပုံတွေကို တင်ပြထားပါတယ်။

Geraldine Hamilton: Geraldine Hamilton: ချစ်(ပ်)ပြားကလေးပေါ်က ခန္ဓာကိုယ်အစိတ်အပိုင်း ကလေးများ

TEDxBoston

Geraldine Hamilton: Geraldine Hamilton: ချစ်(ပ်)ပြားကလေးပေါ်က ခန္ဓာကိုယ်အစိတ်အပိုင်း ကလေးများ
1,644,547 views

ဆေးဝါးသစ်တစ်မျိုး၊ တချို့သော နာမကျန်းဖြစ်ခြင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကုသမှုတစ်ခုကို စိတ်ကူးကြည့်ရတာ အတော်လေးလွယ်ကူပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့အပိုင်းကတော့ ဒါကို စမ်းသပ်ပါ။ ဒီအကြောင်းက အလားအလာရှိတဲ့ ကုသမှုအသစ်တွေကို နှောင့်နှေးကြန့်ကြာစေတာပါ။ အခု ဒီကျကျနနရှင်းပြထားတဲ့ ဟောပြောချက်ထဲမှာ Geraldine Hamilton က သူမရဲ့ စမ်းသပ်ခန်းကနေ တီထွင်ထားတဲ့ ချစ်(ပ်)တစ်ခုပေါ်မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထည့်သွင်းထားပုံကို ပြသထားပါတယ်။ ဆေးဝါးသစ်တွေကို စမ်းသပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရှင်းလင်းလွယ်ကူတဲ့ တည်ဆောက်မှုတွေကိုအသုံးပြုထားပါတယ်။ တိတိကျကျသတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် အထူးပြုလုပ်ထားတဲ့ ကုသမှုတွေတောင် ပါဝင်ပါတယ်။

David Steindi-Rast: ပျော်ရွှင်ချင်ပါသလား။ ကျေးဇူးတင်လိုက်ပါ။

TEDGlobal 2013

David Steindi-Rast: ပျော်ရွှင်ချင်ပါသလား။ ကျေးဇူးတင်လိုက်ပါ။
7,468,760 views

"လူသားအားလုံးမှာရှိတဲ့ တူညီတာတစ်ခုက ကျွန်ုပ်တို့အားလုံးဟာ ပျော်ရွှင်ချင်ကြတာပါ" လို့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး ဘာသာပေါင်းစုံ ပညာရှင်ဖြစ်သူ Brother David Steindl-Rast ကဆိုပါတယ်။ ပြီးတော့ ပျော်ရွှင်မှုဆိုတာက ကျေးဇူးတရားကနေ မွေးဖွားလာတာလို့ သူက ဆိုပါတယ်။ အရှိန်ကို လျှော့ချခြင်း၊ သင်သွားနေတာ ဘယ်ကိုလဲ ကြည့်ခြင်းအကြောင်း စေ့ဆော်မှုပေးတဲ့ သင်ခန်းစာတစ်ခုပါ၊ အထူးသဖြင့်ကတော့ ကျေးဇူးတင်ရှိခြင်းအကြောင်းပါ။

Arthur Benjamin: ဖီဘိုနာချီ ဂဏန်းများရဲ့ အံ့ဖွယ်ရာများ

TEDGlobal 2013

Arthur Benjamin: ဖီဘိုနာချီ ဂဏန်းများရဲ့ အံ့ဖွယ်ရာများ
7,057,274 views

သင်္ချာဟာ ယုတ္တိကျတယ်၊ လက်တွေ့ကျတယ် ပြီးတော့ ... အရမ်းကို အံ့အားသင့်စရာပါပဲ။ သင်္ချာမှော်ပညာရှင် Arthur Benjamin ဟာ ဖီဘိုနာချီ ဂဏန်းများလို့ ခေါ်ဝေါ်ကြတဲ့ အရာရဲ့ စိတ်ညစ်စရာ နဲ့ အံ့ဖွယ်ရာ အချင်းလက္ခဏာတွေကို စူးစမ်းတင်ပြထားပါတယ်။ (သင်္ချာဟာ စိတ်ကို လှုံ့ဆော်ပေးတဲ့ ကိရိယာ တစ်ခုပါ ဖြစ်နိုင်တာကိုလည်း သတိပေးသွားပါတယ်။)

Hetain Patel: ကျွန်တော် ဘယ်သူလဲ။ ပြန်စဉ်းစားပါကြည့်ဦး။

TEDGlobal 2013

Hetain Patel: ကျွန်တော် ဘယ်သူလဲ။ ပြန်စဉ်းစားပါကြည့်ဦး။
2,878,196 views

ကျွန်တော်တို့ ဘယ်သူဖြစ်တယ်ဆိုတာ ဘယ်လိုဆုံးဖြတ်လဲ။ Hetain Patel ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဖျော်ဖြေမှုက ကိုယ်ပိုင်လက္ခဏာ၊ ဘာသာစကား၊ လေယူလေသိမ်းနှင့်အတူ တင်ဆက်ထားပြီး တော့... သင့်ကို အပေါ်ယံ အသွင်အပြင်တွေထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးမိစေဖို့ စိန်ခေါ်လိုက်ပါတယ်။ ဖျော်ဖြေသူ Yuyu Rau နဲ့ Bruce Lee ဆီက လှုံ့ဆော်မှုနဲ့ အတ္တကိုယ်ပေါ်မှာ ကြည်နူးနှစ်သိမ့်ဖွယ်ရာ အလေးအနက်ဆင်ခြင်မှု တစ်ခုပါ။

Fabian Oefner: စိတ်လှည့်စားရေး သိပ္ပံပညာ

TEDGlobal 2013

Fabian Oefner: စိတ်လှည့်စားရေး သိပ္ပံပညာ
1,896,701 views

ဆွစ်ဇာလန် နိုင်ငံမှ အနပညာရှင် နဲ့ ဓါတ်ပုံဆရာ ဖြစ်သူ Fabian Oefner ဟာ နေ့စဉ်ဘဝဆိုင်ရာ သိပ္ပံပညာကို အံ့ဩစရာ မြင်ကွင်းပုံများ အဖြစ် ပြသဖို့ အားထုတ်နေသူပါပဲ။ ဒီ စိတ်ဝင်စားဖွယ် ဆွေးနွေးမှုထဲမှာ သူဟာ မကြာမီတုန်းက သူရိုက်ယူခဲ့တဲ့ စိတ်လှည့်စားရေး ပုံတွေကို ပြသပေးထားရာ အသံလှိုင်းနဲ့ အပြန်အလှန်တုံ့ပြန်လှုပ်ရှားနေကြတဲ့ ဓါတ်ဆားပွင့်ကလေးရဲ့ ပုံတွေလည်း ပါပါတယ်။ ပြီးတော့ သံလိုက် အရည်ကို ရေဆေးနဲ့ ရောလိုက်ရင် ဒါမှမဟုတ် ဝိစကီကို မီးရှို့ပေးလိုက်ရင် ဘယ်လို ဖြစ်လာနိုင်ကြောင်းကို လက်တွေ့ လုပ်ပြသွားပါတယ်။

Kelly McGonigal:: စိတ်ဖိစီးမှုကို သင့်မိတ်ဆွေ ဖြစ်အောင်လုပ်နည်း။

TEDGlobal 2013

Kelly McGonigal:: စိတ်ဖိစီးမှုကို သင့်မိတ်ဆွေ ဖြစ်အောင်လုပ်နည်း။
22,520,850 views

စိတ်ဖိစီးမှု။ သင့်နှလုံးကို တဒိန်းဒိန်းခုန်စေတယ်၊ အသက်ရူမြန်စေပြီး သင့်နဖူးမှာ ချွေးစို့လာစေပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကို အများပြည်သူ ကျန်းမာရေး ရန်သူတစ်ဦးလို့ဖြစ်စေပေမဲ့ သုတေသနတွေက ညွှန်းဆိုတာကတော့ ဒါကို ပြဿနာလို့ ယုံကြည်ရင်တော့ စိတ်ဖိစီးမှုဟာ သင့်အတွက် ဆိုးလောက်တယ်ဆိုတာပါ။ စိတ်ပညာရှင် Kelly McGonigal ကနေပြီး စိတ်ဖိစီးမှုကို အပြုသဘောအဖြစ် မြင်ကြဖို့ တိုက်တွန်းထားပြီး စိတ်ဖိစီးမှု လျှော့ချရေးအတွက် တိမ်မြုပ်နေတဲ့ ယန္တရားတစ်ခုကို မိတ်ဆက်ပေးထားပါတယ်။ အခြားသူတွေကိုလည်း လက်ကမ်းရင်းပေါ့။

အလက်ဇာ မီယာဒီ (Alexa Meade): သင့်ရဲ့ ခန္ဓာကိုယ်ဟာ ကျွန်မ ပန်းချီဆွဲတဲ့ ပတ္တူစပါပဲ။

TEDGlobal 2013

အလက်ဇာ မီယာဒီ (Alexa Meade): သင့်ရဲ့ ခန္ဓာကိုယ်ဟာ ကျွန်မ ပန်းချီဆွဲတဲ့ ပတ္တူစပါပဲ။
2,815,934 views

အလက်ဇာ မီယာဒီဟာ ပန်းချီပညာကို ဆန်းသစ်တဲ့ နည်းလမ်းတစ်ခုကို ယူဆောင်လာပါတယ်။ ပတ္တူစတွေကို ပုံကြမ်းရေးခြစ်ခြင်းနဲ့ ဆန့်ထုတ်ခြင်းဆိုတဲ့ ဘဝတစ်ခုဆိုတာ သူမအတွက် မဟုတ်ပေဘူးပေါ့။ အဲဒီအစား သူမဟာ အကြောင်းအရာတစ်ခုကို ရွေးချယ်ပြီး၊ ဒါကို ပန်းချီခြယ်မှုန်းသူပါ...တကယ့်အရှိအတိုင်းပေါ့။ ရှုခင်းတစ်ခုထဲမှာ အရာခပ်သိမ်း လွှမ်းထားပါတယ်...လူတွေ၊ထိုင်ခုံတွေ၊စားစရာတွေ သင်ကြိုက်တာပြော အကုန်ပါတယ်.. ဆေးသားက ၎င်းရဲ့အောက်ဖက်က အရာကို အသွင်ဆောင်တဲ့ မျက်နှာဖုံးတစ်ခုထဲမှာလေ။ ဒီမျက်စိပွင့်စေတဲ့ ဟောပြောချက်ထဲမှာ မီယာဒီကနေပြီး ပိုပြီးတော့ ကို့ရို့ကားယားနိူင်တဲ့ စမ်းသပ်တွေ့ရှိချက်တစ်ချို့ ပါဝင်တဲ့ ဓာတ်ပုံတွေကို ပွဲထုတ်ပြထားပြီး လူတွေ၊ဆေးသား၊ ပြီးတော့ နွားနို့ ပါဝင်ပတ်သက်နေတဲ့ ပရောဂျက်တစ်ခုကို မျှဝေထားပါတယ်။

Tania Luna: တစ်ပဲနိက သန်းကြွယ်သူဌေးလို ခံစားရဖို့ လုပ်ပေးပုံ။

TED@New York

Tania Luna: တစ်ပဲနိက သန်းကြွယ်သူဌေးလို ခံစားရဖို့ လုပ်ပေးပုံ။
1,797,188 views

ကလေးမလေး တစ်ယောက်အနေနဲ့ ယူကရိန်းက ချာနိူဗွိုင်း အလွန်ကာလက Tania Luna ဟာ နေရပ်ဒေသကို စွန့်ခွာပြီး အမေရိကမှာ နိူင်ငံရေးခိုလှုံခွင့်တောင်းယူခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမနဲ့ သူမမိသားစု ခိုလှုံနေတဲ့ အိုးအိမ်မဲ့ဂေဟာရဲ့ ကြမ်းပြင်မှာ ပဲနိတစ်စေ့ကိုတွေ့လိုက်မိပါတယ်။ ဒီလိုချမ်းသာမှုမျိုး တစ်ခါမှ မခံစားခဲ့ဖူးဘူးလေ။ ကြည်နူးဖွယ်၊ ကြေကွဲဖွယ်​ ရောပြွမ်းနေတဲ့ ကလေးဘဝရဲ့ ပီတိလေးတွေအပေါ်မှာ အလေးအနက် ဆင်ခြင်မှု ကလေးတစ်ခုပါ၊ ဒါတွေကို စိတ်ထဲမှာ ဘယ်လိုများ ဆုပ်ကိုင်ထားသလဲဆိုတာပေါ့။

Pico Iyer: အိမ်က ဘယ်မှာလဲ။

TEDGlobal 2013

Pico Iyer: အိမ်က ဘယ်မှာလဲ။
3,367,035 views

လူတွေဟာ ကမ္ဘာတစ်လွှားက သူတို့ကိုယ်ပိုင်လို့ မှတ်ယူလို့မရတဲ့ နိုင်ငံတွေမှာ တိုးကာတိုးကာနဲ့ နေထိုင်လျက်ရှိနေပါတယ်။ သူကိုယ်တိုင်ကိုက ဇာတိ သုံး-လေးခုရှိသူ စာရေးဆရာ Pico Iyer ဟာ အိမ်ဆိုတဲ့ အဓိပ္ပါယ်၊ ခရီးသွားခြင်းရဲ့ ပီတိ၊ ငြိမ်သက်ခြင်းရဲ့ သန္တိသုခကို အလေးအနက်သုံးသပ်ထားပါတယ်။

Jack Andraka: ဆယ်ကျော်သက်တစ်ဦးထံမှ ပန်ကရိယ ကင်ဆာအတွက် အလားအလာရှှိတဲ့ စမ်းသပ်မှုတစ်ခု။

TED2013

Jack Andraka: ဆယ်ကျော်သက်တစ်ဦးထံမှ ပန်ကရိယ ကင်ဆာအတွက် အလားအလာရှှိတဲ့ စမ်းသပ်မှုတစ်ခု။
4,827,010 views

ပန်ကရိယနှင့်ဆိုင်တဲ့ ကင်ဆာအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကျော်ဟာ အချိန်နှောင်းမှ ရှာဖွေတွေ့ရှိတာပါ၊ လူတစ်ဦးမှာ ရှင်သန်ဖို့အခွင့်အလမ်း နှစ်ရာခိုင်နှုန်းထက်ပိုနည်းတဲ့အခါမှာပါ။ ဒါက ဘယ်လိုဖြစ်နိုင်တာပါလဲ။ Jack Andraka ကနေပြီး အင်မတန်ကို စျေးသက်သာ၊ ထိရောက်ပြီး ထိုးဖောက်ပြန့်ပွားခြင်းမရှိတဲ့ ပန်ကရိယ ကင်ဆာအတွက် အလားအလာရှိတဲ့ စောစီးစွာ ရှာဖွေရေး စမ်းသပ်မှုတစ်ခု တီးထွင်တားပုံအကြောင်းကို ဟောပြောထားပါတယ်၊ အားလုံးကို သူရဲ့ ၁၆ နှစ်မြောက်မွေးနေ့မတိုင်ခင်မှာ တီထွင်ခဲ့တာပါ။

Michael Green: သစ်သားမိုးမျှော်တိုက်တွေ ဘာကြောင့်ဆောက်သင့်တာလဲ။

TED2013

Michael Green: သစ်သားမိုးမျှော်တိုက်တွေ ဘာကြောင့်ဆောက်သင့်တာလဲ။
1,360,251 views

မိုးမျှော်တိုက်ဆောက်မလို့လား? သံမဏိတွ ကွန်ကရစ်တွေကို မေ့ပစ်လိုက်ပြီး သစ်သားနဲ့ ဆောက်ပါ လို့ ဗိသုကာပညာရှင် Michael Green က ဆိုလာပါတယ်။ အလွန်တရာစိတ်ဝင်စားဖွယ်ကောင်းလှတဲ့ ဒီဟောပြောပွဲမှာ ၎င်းကအသေးစိတ်ရှင်းပြသွားပုံအရ ဘေးကင်းသော သစ်သားအဆောက်အအုံများကို အထပ် ၃၀ အမြင့်အထိ( ပိုမြင့်နိုင်သည်ဟု ၎င်းက မျှော်လင့်ထား) ဆောက်ရန်မှာ ဖြစ်နိုင်ချေရှိရုံသာမက လက်တွေ့ဆောက်လုပ်ရန်လိုအပ်နေပါတယ်။

Camille Seaman: မုန်တိုင်းနောက်လိုက်သူတစ်ယောက်ဆီက ဓာတ်ပုံများ။

TED2013

Camille Seaman: မုန်တိုင်းနောက်လိုက်သူတစ်ယောက်ဆီက ဓာတ်ပုံများ။
2,031,635 views

ဓာတ်ပုံသမား Camille Seaman ဟာ မုန်တိုင်းတွေနောက်ကိုလိုက်နေတာ ၅နှစ်တာမျှရှိပါပြီ။ သူမရဲ့ ဟောပြောချက်မှာ ဗလောင်ဆူနေတဲ့အထဲက မိုးကောင်းကင်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ အိပ်မက်ဆန်ဆန် ဓာတ်ပုံများကိုပြသထားပါတယ်။

Andrew McAfee: အနာဂတ်အလုပ်အကိုင်ဘယ်လိုဖြစ်လာမလဲ?

TED2013

Andrew McAfee: အနာဂတ်အလုပ်အကိုင်ဘယ်လိုဖြစ်လာမလဲ?
4,442,966 views

ဘောဂဗေဒပညာရှင် Andrew McAfee က အနာဂတ်တွင် စက်ရုပ်များသည် လူသားတို့၏ အလုပ်အကိုင်အားလုံးကိုမဟုတ်လျှင်ပင် ကျွန်တော်တို့ လက်ရှိအကျွမ်းဝင်ပြီးသား အလုပ်အကိုင်များကို ယူလုပ်ကြမည်ဟု အဆိုပြုပြောကြားခဲ့သည်။ ဤရှေ့ပြေးနိမိတ်ဖတ် ဆွေးနွေးချက်တွင် အနာဂတ် အလုပ်အကိုင်များ မည်သို့ဖြစ်လာမည်နည်းနှင့် ထိုအလုပ်အကိုင်အခွင့်အလမ်းများကိုရယူနိုင်ရန် နောင်မျိုးဆက်ကို မည်သို့ပျိုးထောင်ရမည်ကို ဆွေးနွေးတင်ပြထားသည်။

Lisa Bu: စာအုပ်တွေက သင်တို့ရဲ့ စိတ်ကို ဖွင်ပေးနိုင်ပုံ

TED2013

Lisa Bu: စာအုပ်တွေက သင်တို့ရဲ့ စိတ်ကို ဖွင်ပေးနိုင်ပုံ
4,963,279 views

ငယ်ငယ်ကတည်းက ရှိလာခဲ့တဲ့အိပ်မက် တစ်ခု... တကယ်ဖြစ်မလာတော့... ဘာဖြစ်လာနိုင်လဲ။ Lisa Bu က အမေရိကန်နိုင်ငံမှာ ဘဝအသစ်ထဲ နေသားတကျ ဖြစ်ဖို့ကြိုးစားရင်း စာအုပ်တွေကို ဖတ်ရင်း သူ့စိတ်ရဲ့ ဘောင်ကို တိုးချဲ့နိုင်ခဲ့တယ်။ စာအုပ်တွေရဲ့ တန်ခိုးအကြောင်း သူမရဲ့ တမူထူးခြားလှတဲ့ ပင်ကိုယ် ချဉ်းကပ်မှု အကြောင်းကို ဒီမှာ ဝေမျှထားပါတယ်။

Ji-Hae Park: တယောရယ်၊ ပြီးတော့ ကျွန်မ စိတ်ဝိညာဉ်ရဲ့ အမှောင်ည။

TED2013

Ji-Hae Park: တယောရယ်၊ ပြီးတော့ ကျွန်မ စိတ်ဝိညာဉ်ရဲ့ အမှောင်ည။
3,927,756 views

သူမရဲ့ ကမ္ဘာကျော် တယောပညာရှင် တစ်ယောက်ဖြစ်ဖို့ လိုက်စားခြင်းနဲ့ ပတ်သက်ပြီး Ji-Hae Park ဟာ ပြင်းထန်တဲ့ စိတ်ဓာတ်ကျခြင်းတစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ ဂီတတစ်ခုတည်းကသာ သူမရဲ့ စိတ်ဓာတ်ကို တစ်ခါပြန်ပြီး မြှင့်တင် ပေးနိုင်ခဲ့တာပါ။ သူမရဲ့ ရည်မှန်းချက်ဟာ ဂီတခန်းမကြီးတွေမှာ ဖျော်ဖြေဖို့ပဲ လိုတာမဟုတ်ကြောင်း အဲဒီအစား တူရိယာရဲ့ ရင်သပ်ရှုမောဖွယ်ရာကို များနိုင်သမျှလူတွေများများဆီကို ယူဆောင်လာပေးဖို့ကိုလည်း သူမကို ပြသရင်းနဲ့ပေါ့။

Sergey Brin: Sergey Brin : ဘာဖြစ်လို့ Google Glass လဲ?

TED2013

Sergey Brin: Sergey Brin : ဘာဖြစ်လို့ Google Glass လဲ?
2,115,013 views

ဒီမှာ ကျွန်တော်တို့ မြင်ကြရမှာက Sergey Brin နဲ့ သူရဲ့ Google အဖွဲ့က Glass လို့ ကုဒ်အမည် ပေးထားတဲ့ မျက်စိမှာ တပ်ရတဲ့ ကင်မရာ/ကွန်ပျူတာကို တီထွင်ခဲ့ရတာလဲ ဆိုတာကို ဒီမို ပြသမှု မဟုတ်ဘဲ ဒဿနိက နောက်ခံ အကြောင်းရင်းကိုပဲ ဖြစ်ပါတယ်။ TED2013 စင်ပေါ်မှနေပြီး Brin ဟာ ကျွန်တော်တို့အား ကျွန်တော်ရဲ့ မိုဘိုင်း ကွန်ပျူတာများနဲ့ ရှိနေတဲ့ ဆက်ဆံမှုတွေကို တမျိုးတဖုံ ကြည့်ကြည့်ဖို့၊ အဲဒါတွေကိုပဲ တချိန်လုံး ငေးစိုက်ကြည့်မယ့်အစား ဦးခေါင်းကို မော့လျက် ကမ္ဘာကြီးကို ကြည့်ဖို့ တိုက်တွန်းထားပါတယ်။

Bill Gates.: ဆရာတွေဟာ တကယ့်ကို တုံ့ပြန်သုံးသပ်ပေးကြမှာ လိုအပ်နေပါတယ်။

TED Talks Education

Bill Gates.: ဆရာတွေဟာ တကယ့်ကို တုံ့ပြန်သုံးသပ်ပေးကြမှာ လိုအပ်နေပါတယ်။
4,089,002 views

မကြာသေးခင်က အထိတော့ ကျောင်းဆရာ တော်တော်များများဟာ တစ်နှစ်မှာ "အသင့်အတင့်" ဆိုတဲ့ သုံးသပ်ချက်ဆိုတဲ့ စကားလုံးတစ်မျိုးပဲရခဲ့ပါတယ်။ Bill Gates အကြံပေးတာက အတော်ဆုံး ဆရာတွေတောင်မှ သားနားတဲ့တုံ့ပြန်ချက်နဲ့အတူ ဒါထက်ပိုကောင်းတာကို ရနိူင်ပါတယ်တဲ့။စာသင်ခန်းတိုင်းကို ဆောင်ကြဉ်းလာမယ့် သူရဲ့ ပရဟိတ လုပ်ငန်းအဖွဲ့အစည်းက အစီအစဉ် တစ်ခုကို ဒီမှာ ချပြထားပါတယ်။

​ကင် ​ရော်​ဘင်​ဆင်: ​ပ​ညာ​ရေး​မ​ရ​ဏ​တောင်​ကြား​မှ ​လွတ်​မြောက်​အောင် ​လုပ်​ဆောင်​နည်း

TED Talks Education

​ကင် ​ရော်​ဘင်​ဆင်: ​ပ​ညာ​ရေး​မ​ရ​ဏ​တောင်​ကြား​မှ ​လွတ်​မြောက်​အောင် ​လုပ်​ဆောင်​နည်း
9,881,283 views

​ဆာ ​ကင် ​ရော်​ဘင်​ဆင်​က ​လူ​သား​တွေ​ရဲ့ ​စိတ်​ဓာတ်​ဖွံ့​ဖြိုး​စေ​ဖို့ ​အင်​မ​တန်​အ​ရေး​ကြီး​တဲ့ ​အ​ခြေ​ခံ​သ​ဘော​တ​ရား​သုံး​ခု​ကို ​ချ​ပြ​ထား​တယ်။ ​လက်​ရှိ​ပ​ညာ​ရေး​ယဉ်​ကျေး​မှု​က ​ဒီ​အ​ခြေ​ခံ​မူ​တွေ​နဲ့ ​ဘယ်​လို​မျိုး ​ဆန့်​ကျင်​ကဲွ​လဲွ​နေ​တာ​လဲ​ဆို​တာ​ကို​ပါ ​တင်​ပြ​ထား​တယ်။ ​ဟာ​သ​စွက်​တဲ့ ​စိတ်​အား​တက်​ကြွ​စ​ရာ ​ဒီ​ဟော​ပြော​ချက်​ထဲ​မှာ ​ကျွန်​တော်​တို့ ​အ​ခု ​ရင်​ဆိုင်​ကြုံ​တွေ့​နေ​ရ​တဲ့ ​ပ​ညာ​ရေး "​မ​ရ​ဏ​တောင်​ကြား" ​က​နေ ​ဘယ်​လို​ရုန်း​ထွက်​နိုင်​မယ်​ဆို​တာ ​ဆွေး​နွေး​ထား​ပါ​တယ်။ ​ဒါ့​အ​ပြင် ​ဖြစ်​နိုင်​မှု​ဆို​တဲ့ ​အ​ခြေ​အ​နေ​တစ်​ခု​နဲ့ ​ကျွန်​တော်​တို့​ရဲ့ ​လူ​ငယ်​မျိုး​ဆက်​သစ်​တွေ​ကို ​ဘယ်​လို​ပြု​စု​ပျိုး​ထောင်​ရ​မယ်​ဆို​တာ​ပါ ​ဆွေး​နွေး​ပြ​ထား​ပါ​တယ်။

Malcolm London: အထက်တန်းကျောင်း လေ့ကျင့်ရေး ကွင်းပြင်။

TED Talks Education

Malcolm London: အထက်တန်းကျောင်း လေ့ကျင့်ရေး ကွင်းပြင်။
1,409,864 views

လူငယ်ကဗျာဆရာ၊ ကျောင်းဆရာ နဲ့ လှုပ်ရှားပြောင်းလဲရေးဝါဒီ Malcolm London ဟာ အထက်တန်းကျောင်း ရှေ့တန်းနယ်နိမိတ်က ဘဝအကြောင်း စိတ်လှုပ်ရှား ထိခိုက်ဖွယ်ကောင်းတဲ့ သူ့ရဲ့ကဗျာကို ဖျော်ဖြေတင်ဆက်ထားပါတယ်။ သူပြောပြတာက " ကျောင်းကိုလာတဲ့ အောတိုက်နေတဲ့ ဆယ်ကျော်သက်တွေဟာ ဘယ်တော့မှ ရေမကူးတတ်ကြဘူး၊ ယောကျ်ားဆန်မှုဟာ ဖခင်မရှိပဲ ကြီးပြင်းလာသူတွေရဲ့ တုပတာကို ခံရတယ်" လှပတယ်၊ ခံစားချက်ပါတယ်၊ ကျောချမ်းဖွယ်ရာပေါ့။

ShaoLan: ရှောင်းလမ်းဆွဲ: တရုတ်စာလို ဖတ်တာကို လွယ်ကူခြင်းနဲ့ သင်ယူပါ။

TED2013

ShaoLan: ရှောင်းလမ်းဆွဲ: တရုတ်စာလို ဖတ်တာကို လွယ်ကူခြင်းနဲ့ သင်ယူပါ။
4,781,742 views

နိုင်ငံခြားသားများ အနေနှင့် တရုတ်လို စကားပြောဖို့ သင်ရတာ ခက်ခဲပါတယ်။ ဒါပေမဲ့ လှပပြီး မကြာခဏ ရှုတ်ထွေး ခက်ခဲလှတဲ့ တရုတ်စာလုံးတွေကို သင်ယူခြင်းကျတော့ အဲဒီလောက် ခက်ခဲဖွယ်ရာ မရှိဘူး ထင်ပါတယ်။ တရုတ်စာလုံးတွေရဲ့ နောက်ခံမှာ ရှိနေကြတဲ့ အယူအဆတွေ နဲ့ အဓိပ္ပယ်တွေကို မှတ်မိဖို့အတွက် ရိုးသား ရှင်းလင်းနေတဲ့ သင်ခန်းစာ တစ်ခုအဖြစ် ရှောင်လမ်းက ပုံသဏ္ဌာန်တွေ ရိုးရိုးလေးမှ စတင်လျက် ပိုရှုပ်ထွေးတဲ့ စာလုံးများဆီကို တက်လှမ်းလို့ ရနိုင်တာကို ရှင်းလင်း ပြောပြထားပါတယ်။ Chineasy (ချိုင်အီးဇီ) "အလွယ်တရုတ်" လို့ခေါ်နိုင်ပါတယ်။