TED Talks with Burmese transcript

Mileha Soneji: Parkinson ရောဂါရှိသူတို့ရဲ့ ဘဝအတွက် ရိုးရှင်းတဲ့ လုပ်ကိုင်နည်းများ။

TEDxDelft

Mileha Soneji: Parkinson ရောဂါရှိသူတို့ရဲ့ ဘဝအတွက် ရိုးရှင်းတဲ့ လုပ်ကိုင်နည်းများ။
1,033,316 views

Parkinson ရောဂါလို ခက်ခဲလှတဲ့ အရာကို ကိုင်တွယ်ဖြေရှင်းရတဲ့အခါ တစ်ခါတစ်လေကျတော့ ရိုးရှင်းတဲ့ လုပ်နည်းတွေဟာ အကောင်းဆုံးပါ။ လှုံဆော်ပေးနိုင်တဲ့ ဒီဟောပြောချက်မှာ Mileha Soneji ကနေပြီး Parkinson ရောဂါနဲ့ ရှင်သန်နေထိုင်သူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အနည်းငယ် ပိုလွယ်ကူစေအောင်လုပ်ပေးတဲ့ နားလည်ရန်လွယ်ကူတဲ့ ဒီဇိုင်းတွေကို မျှဝေထားပါတယ်။ သူမပြောတာက "နည်းပညာဟာ အမြဲတမ်းတော့ ဖြေရှင်းချက်မဟုတ်ပါဘူး။ ကျွန်မတို့ လိုအပ်တာက လူသားကို ဗဟိုပြုတဲ့ ဖြေရှင်းနည်းတွေပါ"တဲ့။

Reshma Saujani: မိန်းကလေးတွေကို ပြီးပြည့်စုံဖို့ မဟုတ်ဘဲ သတ္တိရှိဖို့ သင်ကြားပေးပါ။

TED2016

Reshma Saujani: မိန်းကလေးတွေကို ပြီးပြည့်စုံဖို့ မဟုတ်ဘဲ သတ္တိရှိဖို့ သင်ကြားပေးပါ။
4,984,427 views

"ကျွန်မတို့ဟာ မိန်းကလေးတွေကို ပြီးပြည့်စုံဖို ပျိုးထောင်ပေးနေကြပြီး၊ ယောကျာ်းတွေကိုကျတော့ သတ္တိရှိဖို့ ပျိုးထောင်ပေးနေကြပါတယ်"လို့ Girls Who Code ကိုတည်ထောင်သူ Reshma Saujani ကပြောပါတယ်။ Saujani ဟာ မိန်းကလေးငယ်တွေကို လူမှုအဖွဲ့အစည်းကို ရှေ့ဆောင်ရာမှာ သူတို့လိုအပ်တဲ့ ကျွမ်းကျင်မှု နှစ်မျိုးကို စီစဉ်သင်ပေးဖို့ တာဝန်ယူထားပါတယ်။ သူမပြောတာက "စစ်မှန်စွာ ဆန်းသစ်တီထွင်ဖို့ ကျွန်မတို့ရဲ့ လူဦးရေတစ်ဝက်ကို နောက်ချန်ထားလို့ မဖြစ်ပါဘူး၊ မပြည့်စုံမှုကို သက်တောင့်သက်သာဖြစ်ဖို့ ကိုယ်သိတဲ့ အမျိုးသမီးငယ်တိုင်းကို ပြောပြကြဖို့ ရှင်တို့ တစ်ဦးစီတိုင်းကို ကျွန်မက တိုက်တွန်းချင်တယ်"တဲ့။

Dalia Mogahed: ရှင်တို့ ကျမကို ကြည့်တဲ့အခါ ဘာလို့ထင်လဲ။

TED2016

Dalia Mogahed: ရှင်တို့ ကျမကို ကြည့်တဲ့အခါ ဘာလို့ထင်လဲ။
6,183,187 views

သင်တို့ မွတ်စလင် ပညာရှင် Dalia Mogahed ကို ကြည့်တဲ့အခါ သင်တို့ ဘာမြင်လဲ- ဘာသာတရား ကိုင်းရှိုင်းတဲ့ အမျိုးသမီးလား။ ပညာရှင်လား။ အမေလား။ အစ်မတစ်ယောက်လား။ ဒါမှမဟုတ် ဖိနှိပ်ခံ၊ ဦးနှောက်ဆေးခံထားရတဲ့ အကြမ်းဖက်သမား တစ်ယောက်လား။ နှစ်ခြမ်းကွဲမှုတွေ များနေတဲ့ ဒီလိုအချိန်အခါမှာ သူမကိုးကွယ်တဲ့ ဘာသာနဲ့ပတ်သတ်ပြီး အဆိုးအမြင်တွေကို ချေပဖို့ရယ်၊ ဘက်လိုက်အမြင်အစား စာနာစိတ်ကို ရွေးချယ်ဖို့ကိုရယ်၊ ဒီ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဟောပြောချက်မှာ Dalia Mogahed က မေတ္တာရပ်ခံပါတယ်။

Allan Adams: ဆွဲငင်အား လှိုင်းများအား ရှာဖွေတွေ့ရှိမှုရဲ့ ဆိုလိုချက်က။

TED2016

Allan Adams: ဆွဲငင်အား လှိုင်းများအား ရှာဖွေတွေ့ရှိမှုရဲ့ ဆိုလိုချက်က။
2,709,056 views

လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ဘီလီယံကျော်တုန်းက၊ ဝေးလံလှတဲ့ ကြယ်စုများထဲက တွင်းနက် နှစ်ခုတို့ဟာ ရှောင်လွှဲမရ တစ်ခုက တစ်ခုထဲကို ကျဆင်းရင်း ချိတ်ဆက်ရစ်ပတ်မိလျက်၊ ထိပ်တိုက်ဆောင့်မိခဲ့ကြပါတယ်။ "အဲဒီ စွမ်းအင် အားလုံးဟာ အချိန်နှင့် အာကာသ ဟင်းလင်းပြင်ထဲကို ထိုးဝင်သွားခဲ့ရာ စကြာဝဠာကြီးဟာ ဆွဲငင်အား လှိုင်းများဖြင့် လှုပ်ခါနေခဲ့ပါတယ်"လို့ ရူပဗေဒ သီအိုရီ ပညာရှင်ဖြစ်သူ Allan Adams က ဆိုပါတယ်။ အဲဒီလို လှိုင်းများရှိနိုင်တာကို ဟောကိန်းတွေ ထုတ်ထားခဲ့ကြပေမဲ့၊ ဘယ်လိုမှ ရှာမတွေ့နိုင်ဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက သိပ္ပံပညာရှင် တစ်စုတို့ဟာ အဲဒီလှိုင်းတွေကို စူးစမ်း တိုင်းထွာပေးနိုင်မဲ့ စက်ကြီးတစ်ခုကို တီထွင်ထုတ်လုပ်ခဲ့ကြရာ LIGO လို့ အမည်ပေးခဲ့ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ တွေးခေါ်ပုံကို ပြောင်းလဲပစ်နိုင်မယ့် ဒီနေ့ ဟောပြောခန်းထဲတွင်၊ ၂၀၁၅. ခုနှစ် စက်တင်ဘာလမှာ LIGO က ရူပဗေဒ သမိုင်းအတွက် သိပ်ကို အရေးပါတဲ့ စိတ်ကူးကြည့် မရအောင်ကို သေးနုပ်လှတဲ့ အဲဒီလို ပုံမမှန်မှုကို ရှာတွေ့နိုင်ခဲ့ပုံ အကြောင်းကို Adams က တင်ပြထားပါတယ်။

Shonda Rhimes: အရာတိုင်းကို "ဟုတ်ကဲ့ပါ" လို့ ပြောခဲ့တဲ့ ကျွန်မရဲ့ နှစ်။

TED2016

Shonda Rhimes: အရာတိုင်းကို "ဟုတ်ကဲ့ပါ" လို့ ပြောခဲ့တဲ့ ကျွန်မရဲ့ နှစ်။
4,709,794 views

Grey's Anatomy၊ Scandal နဲ့ How to Get Away With Murder နောက်ကွယ်က အထင်ကရ ဖြစ်သူ Shonda Rhimes ဟာ ရာသီတိုင်းမှာ နာရီ (၇၀) နှုန်းကျ ရုပ်မြင်သံကြားအစီအစဉ်အတွက် တာဝန်ရှိသူဖြစ်ပြီး သူမဟာ အလုပ်ကို မြတ်နိုးသူပါ။ သူမပြောတာက "ကျွန်မ အလုပ်ကို အပြင်းအထန်လုပ်နေတဲ့အခါ၊ ကျွန်မ အလုပ်ထဲမှာ စွဲနစ်သွားတဲ့အခါ ၊တစ်ခြား ဘာခံစားချက်မှမရှိတော့ဘူး တဲ့။ ဒီခံစားချက်အတွက် သူမမှာ အမည်တစ်ခုရှိပါတယ်။ "ဟင်"။ "ဟင်"ဟာ ဆေးဝါးတစ်မျိုးပါ၊ "ဟင်"ဟာ ဂီတတစ်ခုပါ၊ "ဟင်"ဟာ သူမရဲ့ နားထဲမှာတော့ ဘုရားသခင်ရဲ့ တီးတိုးသံပါ။ ဒါပေမဲ့ အဲ့ဒါ ရပ်သွားတဲ့အခါ ဘာဖြစ်တတ်လဲ။ သူမမှာ "ဟင်"ဆိုတာအပြင် ရှိသေးလား။ ဒီစိတ်လှုပ်ရှားစရာ ဟောပြောချက်မှာ သူမရဲ့ ဟုတ်ကဲ့ပါလို့ဆိုတဲ့နှစ် ကိုကျော်ဖြတ်ခဲ့တဲ့ ခရီးထဲတွင် Rhimes နဲ့ လက်တွဲ ပါဝင်လိုက်ပြီး သူမရဲ့ "ဟင်"ဆီကို ဘယ်လို ပြန်ခဲ့ပုံကို ရှာဖွေလိုက်ပါဦး။

Magda Sayeg: ချည်ခင်ကြိုးထိုးအလှဆင်ခြင်း (yarn bombing) ကမ္ဘာအနှံ့ လှုပ်ရှားမှု တစ်ခု ဖြစ်လာပုံ။

TEDYouth 2015

Magda Sayeg: ချည်ခင်ကြိုးထိုးအလှဆင်ခြင်း (yarn bombing) ကမ္ဘာအနှံ့ လှုပ်ရှားမှု တစ်ခု ဖြစ်လာပုံ။
1,427,235 views

အထည်အလိပ် အနုပညာရှင် Magda Sayeg ဟာ မြို့ပြ ရှုခင်းတွေကို ရောင်စုံ သိုးမွှေးထိုး၊ ကြိုးထိုးလက်ရာတွေပါတဲ့ နေ့စဉ်သုံး အရာဝတ္ထုများနဲ့ အလှဆင်ရင်း သူမကိုယ်ပိုင် ကစားကွင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီနွေးထွေးပြီး အမွေးပွပွ (ချည်ခင် အလှထည်) "yarn bombs" တွေဟာ Sayeg ရဲ့ ဇာတိမြို့ထဲမှာ အသေးစားလေးတွေဖြစ်တဲ့ ယာဉ်ရပ်တဲ့ မှတ်တိုင်တွေနဲ့ မီးသတ်ပိုက်ခေါင်းကနေ စခဲ့ပေမဲ့ မရှေးမနှောင်းမှာပဲ လူတွေဟာ ဒီလက်မှုအတတ်နဲ့ ဆက်သွယ်ချက်တစ်ခုကို တွေ့ရှိ သွားပြီး ကမ္ဘာတစ်လွှား ပျံ့နှံ့သွားပါတယ်။ Sayeg ပြောတာက "ကျွန်မတို့အားလုံးဟာ လျင်မြန်တဲ့ အဟုန်နဲ့ ဒစ်ဂျစ်တယ် ကမ္ဘာထဲမှာ နေထိုင်ကြပေမဲ့ မိမိတို့နဲ့ ဆက်နွှယ်နေတဲ့ အရာတစ်ခုခုကို အငမ်းမရ၊ တောင့်တဆဲပါ။ ဖုံးကွယ်နေတဲ့ စွမ်းအားကို မထင်ရဆုံး နေရာတွေမှာ တွေ့ရှိနိုင်ပြီး အဲဒါတွေကို ဖော်ထုတ်ပေးနိုင်တဲ့ ကျွမ်းကျင်မှုတွေ ကျွန်ုပ်တို့ဆီမှာ ရှိပါတယ်"တဲ့။

Celeste Headlee: စကားပြောဆိုမှု ပိုကောင်းလာစေရန် နည်းလမ်း (၁၀)ခု။

TEDxCreativeCoast

Celeste Headlee: စကားပြောဆိုမှု ပိုကောင်းလာစေရန် နည်းလမ်း (၁၀)ခု။
17,081,256 views

ကိုယ့်အလုပ်အကိုင်ဟာ လူတွေကို ကိုယ်ဘယ်လောက် ကောင်းမွန်စွာ ပြောဆိုဆက်ဆံတာအပေါ် မူတည်တဲ့အခါမှာ ဘယ်ပုံဘယ်နည်း စကားပြောဆိုဖို့ဆိုတာကို အများကြီး သင်ယူကြပြီး ကျွန်ုပ်တို့ အများစုကတော့ ကောင်းမွန်စွာ မပြောဆိုတတ်ကြပါဘူး။ Celeste Headlee ဟာ ရေဒီယို အစီအစဉ်မှူးအဖြစ် ဆယ်စုနှစ်ချီပြီး လုပ်ကိုင်ဖူးပြီး ထူးကဲကောင်းမွန်တဲ့ စကားပြောဆိုမှုတစ်ခုမှာ ပါဝင်တဲ့အရာတွေကိုလည်း သိပါတယ်၊ ရိုးသားမှု၊ တိုတောင်းမှု၊ ရှင်းလင်းမှုနဲ့ သင့်တင့်တဲ့ ပမာဏရှိတဲ့ နားထောင်ခြင်းတွေပါ။ ဒီထိုးထွင်းအမြင်ပါတဲ့ ဟောပြောချက်ထဲမှာ ပိုကောင်းတဲ့ စကားပြောဆိုခြင်းတွေအတွက် အသုံးဝင်လှတဲ့ စည်းမျဉ်း (၁၀)ချက်ကို မျှဝေထားပါတယ်။ သူမပြောတာက "အပြင်ကိုထွက်လိုက်ပါ၊ လူတွေကို ပြောဆိုပါ၊ လူတွေပြောတာ နားထောင်ပါ၊ ပိုပြီးတော့ အရေးကြီးတာက အံ့အားသင့်ဖို့ ပြင်ဆင်ထားပါ" တဲ့။

Andrew Choi: မတူကွဲပြားမှုတစ်ခု ဖန်တီးရင်းမှ အမြတ်ရအောင်လုပ်နည်း။

TED@StateStreet Boston

Andrew Choi: မတူကွဲပြားမှုတစ်ခု ဖန်တီးရင်းမှ အမြတ်ရအောင်လုပ်နည်း။
1,877,012 views

ကမ္ဘာလုံးဆိုင်ရာ ငွေလုံးငွေရင်းစိုက်ထုတ်တဲ့ စျေးကွက်တွေဟာ လူမှုဘဝပြောင်းလဲရေးအတွက် အထောက်အကူတွေ ဖြစ်လာနိုင်ပါသလား။ ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ Audrey Choi အဆိုအရ လူတစ်ဦးချင်းစီဟာ ကမ္ဘာလုံးဆိုင်ရာ ငွေလုံးငွေရင်းအားလုံးရဲ့ ထက်ဝက်နီးပါးကို ပိုင်ဆိုင်ထားကြရာ ၎င်းတို့ကို ( ကျွန်မတို့လေ) လူမှုရေးဆိုင်ရာတန်ဖိုးတွေနဲ့ တည်တံ့မှုကို ရပ်တည်ကာကွယ်ပေးတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ထူးခြားမှုတစ်ရပ်ကို ဖန်တီးပေးနိုင်တဲ့ အာဏာကို ပေးထားပါတယ်။ သူမပြောတာက "ယနေ့အခါမှာ ရွေးချယ်မှုတွေလုပ်ဖို့ အရင်ကထက် ကျွန်မတို့မှာ အခွင့်အလမ်းပိုရှိပါတယ်။ ဒီတော့ သင်တို့ရဲ့ အမြင်ကို ပြောင်းလိုက်ကြပါ။ ကမ္ဘာကြီးထဲမှာ သင်တို့ မြင်လိုလှတဲ့ အပြောင်းအလဲမှာ ရင်းနှီးမြှုပ်နှံလိုက်ကြပါ"တဲ့။

Judson Brewer: အကျင့်ဆိုးကို ဖြတ်ပစ်ရန် ရိုးစင်းတဲ့ နည်းလမ်း။

TEDMED 2015

Judson Brewer: အကျင့်ဆိုးကို ဖြတ်ပစ်ရန် ရိုးစင်းတဲ့ နည်းလမ်း။
14,689,053 views

မကောင်းတဲ့အကျင့်တွေကို အဲဒါတွေအကြောင်းကို ပိုပြီးသိရှိလာခြင်းအားဖြင့် ဒီအကျင့်တွေကို ဖြတ်ပစ်နိုင်ပါသလား။ စိတ်ရောဂါ အထူးကုဆရာဝန် Judson Brewer ကနေပြီး အာရုံသိမှတ်မှုနဲ့ စွဲလန်းမှု အကြားမှာရှိတဲ့ ဆက်စပ်မှုကို လေ့လာပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အလွန်အကျူးစားသုံးခြင်း ကနေ ကျွန်တော်တို့အားလုံးအတွက် မကောင်းဘူးဆိုတာကို သိနေတာတောင်မှ လုပ်နေကြတဲ့ အရာတွေအထိပါ။ အကျင့် ကြီးထွားဖြစ်ထွန်းမှုရဲ့ နည်းလမ်းအကြောင်း ပိုမိုလေ့လာလိုက်ပြီး သင့် နောက်တစ်ခါ ဆေးလိပ်သောက်ချင်၊ သရေစာစားချင် ဒါမှမဟုတ် ကားမောင်းနေတုန်း စာတိုပို့တာကို ကြည့်ချင်တဲ့ အာသီသ ဖြစ်လာတဲ့အခါ အထောက်အကူပေးနိုင်ေလာက်တဲ့ ရိုးရှင်းပေမဲ့လည်း နက်ရှိုင်းမှုရှိတဲ့ နည်းလမ်းကို ရှာဖွေလိုက်ကြပါ။

Melati and Isabel Wijsen: ဘာလီကျွန်းမှာ ပလပ်စတစ်အိတ် တားမြစ်ရေးလှုံ့ဆော်ပွဲ။

TEDGlobal>London

Melati and Isabel Wijsen: ဘာလီကျွန်းမှာ ပလပ်စတစ်အိတ် တားမြစ်ရေးလှုံ့ဆော်ပွဲ။
1,581,556 views

ပလပ်စတစ်အိတ်တွေကို တကယ်တော့ ဖျက်ဆီးမရနိုင်ပါဘူး။ ဒါပေမဲ့ ဒါတွကိုသုံးပြီးရင် အဆင်ခြင်မဲ့စွာ စွန့်ပစ်ကြပါတယ်။ အများစုဟာ သမုဒ္ဒရာထဲမှာ အဆုံးသတ်သွာကြကာ အဲဒီမှာရှိတဲ့ ရေကို ညစ်ညမ်းစေပြီး ရေသတ္တဝါတွေကို ဥပါဒ်ပေးပါတယ်။ ကျန်တာတွေကို အမှိုက်ပုံတွေမှာ မီးရှို့လိုက်တော့ လေထုထဲကို ဘေးဥပါဒ်ဖြစ်စေတဲ့ အဆိပ်ဖြစ်နိုင်တဲ့ ဓာတုပစ္စည်း ဒိုင်အောက်ဇင်ကို ထုတ်လွှင့်ပါတယ်။ Melati နဲ့ Isabel Wijsen ဟာ ပလပ်စတစ်အိတ်တွေကို သူတို့ရဲ့ နေအိမ် လှပတဲ့ကျွန်း ဘာလီကို မွန်းကျပ်ခြင်းကနေ တားဆီးဖို့ အထူးတာဝန်တစ်ခုထဲတွင် ပါဝင်လုပ်ကိုင်နေကြပါတယ်။ နောက်ဆုံး အုပ်ချုပ်ရေးမှူးကို ၂၀၁၈ ခုနှစ် မတိုင်ခင်မှာ ပလပ်စတစ်ကင်းမဲ့တဲ့ ဘာလီကို ရည်စူးလုပ်ဆောင်ဖို့ လက်ခံယုံကြည်အောင်လုပ်ပြီးတဲ့အခါမှာ အသနားခံစာတွေ၊ ကမ်းခြေရှင်းလင်းတာတွေ၊ အစာငတ်ခံ ဆန္ဒပြတာတောင် အပါအဝင် သူတို့ရဲ့ အားထုတ်မှုတွေဟာ လုပ်ဆောင်ရကျိုးနပ်ခဲ့ပါတယ်။ "မင်းဟာ အသက်ငယ်လွန်းတယ်၊ ဒါမှမဟုတ် မင်းဘာမှ နားမလည်ဘူးလို့ ဘယ်သူ့ကိုမှ ပြောခွင့်မပေးလိုက်ပါနဲ့" လို့ Isabel က အခြားသော လှုံ့ဆော်မှုထဲက လှုပ်ရှားသူတွေကို ပြောပါတယ်။ "ဒါဟာ လွယ်ကူမယ်လို့ ကျွန်မတို့က ရှင်တို့ကို ပြောနေတာမဟုတ်ဘူး၊ ဒါကို လုပ်ထိုက်တယ်လို့ ပြောနေတာပါ။"

Linda Liukas: ကလေးငယ်တွေကို ကွန်ပြူတာအကြောင်း သင်ကြားပေးဖို့ ပျော်ရွှင်စရာ နည်းလမ်း။

TEDxCERN

Linda Liukas: ကလေးငယ်တွေကို ကွန်ပြူတာအကြောင်း သင်ကြားပေးဖို့ ပျော်ရွှင်စရာ နည်းလမ်း။
2,019,714 views

ကွန်ပြူတာကုဒ်ဟာ လူတိုင်းသိလာမည့် နောင် ဘာသာစကားတစ်ခုဖြစ်ပြီး ၎င်းရဲ့ ဝါကျဖွဲ့ထုံးဟာ လာမည့် မျိုးဆက် ပရိုဂရမ်ရေးသားပြုစုသူတို့ရဲ့ စိတ်ကူစိတ်သန်းတွေနဲ့ပဲ ကန့်သတ်ထားတော့မှာပါ။ Linda Liukas ဟာ ပြဿနာဖြေရှင်းလိုကြတဲ့ ကလေးငယ်တွေကို ပညာပေးဖို့ ကူညီနေပြီး ကွန်ပြူတာတွေဟာ စက်သဘောဆန်တယ်၊ ပျင်းစရာကောင်းပြီး ရှုပ်ထွေးတာမဟုတ်ပဲ၊ ကလိဖို့အတွက် အရောင်စုံပြီး အသက်ပါပါကြောင်း သူတို့ကို အားပေးနေပါတယ်။ ဒီဟောပြောချက်မှာ သူမက ကမ္ဘာတစ်ခုကို စိတ်ကူးမြင်ယောင်ကြည့်ဖို့ ကျွန်တော်တို့အား ဖိတ်ကြားထားပါတယ်။ အဲဒီမှာ မနက်ဖြန်ရဲ့ Ada Lovelaces တွေဟာ နည်းပညာနဲ့ ပတ်သက်ပြီး အကောင်းမြင်စိတ်ရှိကာ ရဲရင့်ကြတယ်၊ ဒါကို အံ့ဖွယ်ကောင်းတဲ့၊ တစ်မျိုးတစ်ဘာသာ နှစ်လိုဖွယ်ကောင်းပြီး နည်းနည်းလေး သဘာဝမကျတဲ့ ကမ္ဘာသစ်တစ်ခုဖန်တီးဖို့ အသုံးချတယ်ဆိုတာပါ။

Tania Simoncelli: သင့်မှာ လူ့ဗီဇတစ်ခုကို မူပိုင်မှတ်ပုံတင်ခွင့်ရှိသင့်လား။

TEDxAmoskeagMillyard

Tania Simoncelli: သင့်မှာ လူ့ဗီဇတစ်ခုကို မူပိုင်မှတ်ပုံတင်ခွင့်ရှိသင့်လား။
1,131,297 views

လူဗီဇတွေကို မူပိုင်ခွင့်တင်လို့ရလား။ ၂၀၀၅လောက်တုန်းက Tania Simoncelli က ဒီမေးခွန်းကို ချင့်ချိန်စဉ်းစားကြည့်တဲ့အခါ US မူပိုင်ခွင့်ဥပဒေက လူဗီဇကို မူပိုင်တင်ခွင့်ရှိတယ်လို့ပြောတယ်-- ဆိုလိုတာက မူပိုင်ရှင်တွေက ဘယ်သူမဆို မူပိုင်တင်ထားတဲ့ ဗီဇကို ရှာဖွေတာ၊ စမ်းသပ်တာ၊ ကြည့်ရုံလေးကြည့်တာတောင် တားမြစ်ခွင့်ရှိတယ်။ ဒီဥပဒေက လူနာတွေကိုထိခိုက်နစ်နာစေပုံနဲ့ ဆေးပညာဆန်းသစ်တီထွင်မှုအဟန့်အတားဖြစ်စေပုံကြောင့်.. Simoncelli နဲ့ ACLU က သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီဥပဒေကို ကန့်ကွက်ခဲ့တယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဟောပြောမှုမှာ လူတကာက ရှုံးမယ်လို့ပြောခဲ့တဲ့ အမှုကို တရားရုံးချုပ်ကြိးအထိရောက်အောင်ဘယ်လိုတင်ပြခဲ့ပုံ ကြားသိနိုင်ပါတယ်။

Oscan Schwartz: ကွန်ပြူတာက ကဗျာကို ရေးနိုင်သလား။

TEDxYouth@Sydney

Oscan Schwartz: ကွန်ပြူတာက ကဗျာကို ရေးနိုင်သလား။
875,724 views

သင်ဟာ ကဗျာတစ်ပုဒ်ကိုဖတ်မိပြီး စိတ်လှုပ်ရှားသွားတယ်၊ ဒါပေမဲ့ ဒီကဗျာကို တကယ်တမ်းကျတော့ ကွန်ပြူတာက ရေးခဲ့တယ်လို့ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး တစ်မျိုးခံစားမိသွားမလား။ ဒီကွန်ပြူတာက သူ့ဘာသာသူ ရေးဖွဲ့နိုင်ကာ ထိုးထွင်းဖန်တီးတတ်တယ်လို့များ ထင်မိမှာလား၊ ဒါမှမဟုတ် ခပ်ညံ့ညံ့လှည့်ကွက်တစ်ခုထဲ ကျဆင်းသွာမျိုး ခံစားမိသွားမလား။ ဒီဟောပြောချက်မှာ စာရေးဆရာ Oscar Schwartz ကနေပြီး ကဗျာရေးနိုင်တဲ့ ကွန်ပြူတာဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ဘာဖြစ်လို့ ပြင်းပြင်းထန်ထန်ကြီး တုံ့ပြန်ကြတာလဲဆိုတာနဲ့ ဒီတုံ့ပြန်မှုက လူသားဖြစ်တာရဲ့ အဓိပ္ပါယ်ကို နားလည်အောင် ကူညီပေးပုံကို ကျွန်ုပ်တို့အတွက် ဆန်းစစ်ပေးထားပါတယ်။ ကဗျာ စမ်းသပ်ချက် (၁) ကဗျာ (၁) ယင်ကောင်လေး၊ မင်းရဲ့နွေဦး ပြဇာတ် အဆင်ခြင်မဲ့တဲ့ ငါ့လက်က ပွတ်ပစ်မိ၊ ငါက မင်းလို ယင်ကောင်မဟုတ်ဘူးလား၊ ဒါမှမဟုတ် မင်းက ငါ့လို့ လူမဟုတ်ဘူးလား၊ ကဗျာ(၂) ပြောင်းလဲရေးဝါဒီ၊ မင်းဘဝရဲ့ မနက်ခင်းကနေ ခံစားလို့ရတယ်။ ပုပ်ရဟန်းမင်း၊ ခဏရပ်ကြည့်ပါဦး၊ မုန်းတယ်၊ ခမ်းနားမှုစဖို့ တစ်ညလုံး မဟုတ်၊ မဟုတ်ရင်... ကဗျာ စမ်းသပ်ချက် (၂) ကဗျာ( ၁) ခြင်္သေကဟိန်း၊ ခွေးကဟောင် စိတ်ဝင်စားစရာ၊ စွဲမက်စရာက ငှက်ကပျံသွားမှာ၊ မဟိန်း၊ မဟောင်နဲ့၊ ဖမ်းစားနေတဲ့ တိရစ္ဆာန်တွေအကြာင်း ပုံပြင်တွေ ငါ့အိပ်မက်မှာ၊ ငါ မပင်ပန်းဘူးသာဆိုရင် သူတို့အားလုံးကို သီချင်းဆိုပြလိုက်မှာ။ ကဗျာ( ၂) အိုး၊ သားပိုက်ကောင်တွေ၊ ဘော်ကြယ်တွေ၊ ချောကလက် ဆိုဒါ၊ မင်းကသိပ်လှတာ ပုလဲတွေ၊ ဘာဂျာတွေ၊ ဂျူဂျူးဘာတွေ၊ အက်စပရင်တွေ ဒါတွေအကြောင်းပဲ အမြဲပြောနေ။ ကဗျာ စမ်းသပ်ချက် (၃) ကဗျာ(၁) Reg က အလံလှလှတွေအတွက် အကြောင်း ပြချက်ကို လွှင့်ထူတယ်၊ ဖဲကြိုးတွေရော အလံတွေရဲ့ ဖဲကြိုးတွေ၊ အထည်ကို ဆင်မြန်းရင်း၊ အထည်ဆင်မြန်းတဲ့ အကြောင်းရင်များ... ကဗျာ (၂) ဒဏ်ရာရ သမင်တစ်ကောင် အမြင့်ဆုံး ခုန်တယ်၊ အဝါရောင်ပန်းကို ကြားလိုက်တယ်၊ ဒီနေ့ အလံကို ကြားလိုက်တယ်၊ မုဆိုးပြောတာ ကြားလိုက်တယ်။ ဒါဟာ မရဏရဲ့ ပီတိသက်သက်၊ နောက် မုန့်ဖုတ်တာက ပြီးလုလု...(..) ပြီးတော့ နေရောင်ခြည်က နီးကပ်စွာ မွေးဖွား အနီးနားမှာ နွေဦး ဖြစ်ပေါ်လာ၊ ကိုယ်တို့ ထိတွေ့ရတာက စိတ်ပျက်မှုနဲ့ ကာလအားလုံးရဲ့ သွေးရူးသွေးတန်း မျှော်လင့်ချက်ပါ။

Sean Follmer: သဏ္ဍာန် ပြောင်းလဲခြင်း နည်းပညာက ကျွနုပ်တို့သိတဲ့ အလုပ်ကို ပြောင်းလဲပစ်ပါလိမ့်မယ်။

TEDxCERN

Sean Follmer: သဏ္ဍာန် ပြောင်းလဲခြင်း နည်းပညာက ကျွနုပ်တို့သိတဲ့ အလုပ်ကို ပြောင်းလဲပစ်ပါလိမ့်မယ်။
1,541,392 views

ကျွန်တော်တို့တွေဟာ ကီးဘုတ်နဲ့ မောက်စ်တွေကို ကျော်လွန်ပြီ သွားကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်ပုံများပေါက်သွားမလဲ။ တုံ့ပြန်ဆက်သွယ်မှု ဒီဇိုင်နာ Sean Follmer ဟာ သင်အလုပ်လုပ်နေစဉ် သင့်ရဲ့ လက်ချောင်းတွေအောက်မှာ သတင်းအချက်အလက်တွေကို အသက်ဝင်လာစေတဲ့ စက်ယန္တရားတွေနဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နေပါတယ်။ ဒီဟောပြောချက်မှာ 3D သဏ္ဍာန်ပြောင်းလဲခြင်း စားပွဲခုံ၊ လက်ကောက်ဝတ်ပတ်ကြိုး အဖြစ်ပြောင်းသွားတဲ့ ဖုန်းတစ်လုံး၊ ပုံဖျက်လို့ရတဲ့ ဂီမ်း ထိန်းချုပ်ရေး ကိရိယာနဲ့ ကျွန်တော်တို့ နေထိုင်ပုံနဲ့ အလုပ်လုပ်ပုံတွေကို ပြောင်းလဲနိုင်လောက်တဲ့ နောက်ထပ်အရာတွေရဲ့ ရှေ့ပြေးပုံစံတွေကို စစ်ဆေးကြည့်လိုက်ပါဦး။

Jill Heinerth:: ရေအောက် ဥမင်များရဲ့ လျှို့ဝှက်ဆန်းကျယ်သော ကမ္ဘာ။

TEDYouth 2015

Jill Heinerth:: ရေအောက် ဥမင်များရဲ့ လျှို့ဝှက်ဆန်းကျယ်သော ကမ္ဘာ။
1,921,342 views

ဥမင် ရေငုပ်သမား Jill Heinerth ဟာ ကျွန်တော်တို့ ဂြိုဟ်ကမ္ဘာကို ဖြတ်ပြီး စီဆင်းနေတဲ့ မြင်မရတဲ့ ရေအောက် ရေကြောင်းများကို စူးစမ်းလေ့လာပါတယ်။ ဇီဝဗေဒပညာရှင်တွေ၊ ရာသီဥတုပညာရှင်တွေ၊ ရှေးဟောင်း သုသေသနပညာရှင်တွေနဲ့ တွဲကာလုပ်ကိုင်ပြီး Heinerth ဟာ ကမ္ဘာမြေကြီးရဲ့ အဝေးလံဆုံးသောနေရာတွေမှာ မှီတင်းနေထိုင်တဲ့ သက်ရှိပုံသဏ္ဍာန်တွေကို ဖြေပြထားပြီး သုသေသီတွေကို ရာသီဥတုပြောင်းလဲမှုရဲ့ သမိုင်းကို ဖော်ထုတ်ရာမှာ ကူညီပေးပါတယ်။ ဒီဟောပြောချက် အတိုလေးမှာ လှိုင်းတွေအောက်ကို ငုပ်ဆင်းပြီး အတွင်းပိုင်းနေရာရဲ့ အံ့သြဖွယ်ရာတွေကို စူးစမ်းလိုက်ပါဦး။

Achenyo Idachaba: မုန်းတီးစရာ အပင်ကို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲခဲ့ပုံ။

TEDWomen 2015

Achenyo Idachaba: မုန်းတီးစရာ အပင်ကို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲခဲ့ပုံ။
1,836,174 views

ဗေဒါပင်တွေဟာ ဘေးကင်းကာ လှပစွာပွင့်တဲ့ အပင်ပါ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ရေစီးကြောင်းကို ပိတ်ဆို့တဲ့ အရောင်းအဝယ်ကိုရပ်ဆိုင်း၊ ကျောင်းသွားတာကိုတားဆီးပြီး နေ့စဉ်ဘဝကို အနှောက်အယှက်ပေးတဲ့ ထိုးဖောက်ပြန့်ပွားတဲ့ ရေပျော် ပေါင်းပင်တစ်မျိုးပါ။ ဒီကပ်ဆိုက်မှုထဲမှာ စိမ်းလန်းစိုပြေရေး စွန့်ဦးထွင် Achenyo Idachaba ဟာ အခွင့်အလမ်းကို မြင်တွေ့ခဲ့ပါတယ်။ ဒီပေါင်းတွေကို အံ့သြဖွယ် ရက်ထည်တွေအဖြစ် ပြောင်းလဲလိုက်တဲ့ သူမရဲ့ ခရီးရှည်အတိုင်း လိုက်ကြည့်ကြပါဦး။

Aomawa Shields: အခြား ဂ​ြိုဟ်တွေမှာ သက်ရှိတွေကို ဘယ်လိုရှာကြမလဲ။

TED2015

Aomawa Shields: အခြား ဂ​ြိုဟ်တွေမှာ သက်ရှိတွေကို ဘယ်လိုရှာကြမလဲ။
1,734,106 views

နက္ခတ္တ​ဗေဒပညာရှင် Aomawa Shields ဟာ နေအဖွဲ့အစည်း အပြင်ဘက်မှာရှိတဲ့ ဂြိုဟ်တွေကို ဝန်းရံနေတဲ့ ဓာတ်ငွေ့ထုကို စူးစမ်းရင်း စကြာဝဠာ အပြင်တစ်နေရာမှာ သက်ရှိ ရှိနိုင်တဲ့ သဲလွန်စတွေကို ရှာပါတယ်။ သူမဟာ မိုးကောင်းကင်ကို စူးစမ်းလေ့လာခြင်း မလုပ်တဲ့အချိန်မှာတော့ အစဉ်အလာ သင်တန်းကို တက်ထားသူ (TED ဝိုင်းတော်သားလည်း ဖြစ်တဲ့) သရုပ်ဆောင် မင်းသမီးဟာ ပြဇာတ်ခုံ၊ စာအရေးအသား၊ စက္ခုပိုင်းဆိုင်ရာ အနုပညာများကိုသုံးပြီး အမျိုးသမီးငယ်တွေကို သိပ္ပံပညာမှာ စိတ်ဝင်စားလာဖို့ နည်းလမ်းတွေကို ရှာနေသူပါ။ သူမ ပြောတာက "တစ်နေ့မှာတော့ သူတို့ဟာ ဝိရောဓိတွေနဲ့ ပြည့်နှက်နေတဲ့ နက္ခတ္တ​ဗေဒပညာရှင်တွေရဲ့ အလွှာနဲ့ ပေါင်းဆုံမိကောင်းမိကာ နောက်ဆုံးအကြိမ်အဖြစ် စကြာဝဠာထဲမှာ ကျွန်မတို့ချည်းပဲ မဟုတ်ဘူးဆိုတာကို ရှာဖွေဖို့ သူ့တိုရဲ့ နောက်ခံအကြောင်းအချက်တွေကို သုံးနိုင်လောက်ပါတယ်" တဲ့။

Robert Waldinger: ကောင်းမွန်တဲ့ ဘဝတကို ဖန်တီးပေးတာ ဘာများလဲ။ ပျော်ရွှင်မှုအကြောင်း အရှည်လျားဆုံး လေ့လာချက်မှ သင်ခန်းစာများ။

TEDxBeaconStreet

Robert Waldinger: ကောင်းမွန်တဲ့ ဘဝတကို ဖန်တီးပေးတာ ဘာများလဲ။ ပျော်ရွှင်မှုအကြောင်း အရှည်လျားဆုံး လေ့လာချက်မှ သင်ခန်းစာများ။
31,511,567 views

ဘဝကို ဖြတ်သန်းနေရခိုက်မှာ ဘယ်အရာက ကျွန်ုပ်တို့ကို ပျော်ရွှင်၊ ကျန်းမာစေတာလဲ။ ကျော်ကြားမှုနဲ့ ငွေလို့ သင်ထင်ရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ပညာရှင် Robert Waldinger ရဲ့အဆိုအရ သင်ဟာ မှားနေပါတယ်။ သက်ကြီးများရဲ့ ဖွံ့ဖြိုးမှုကို ရ၅ နှစ်ကြာ လေ့လာသူ ညွန်ကြားရေးမှူးအဖြစ် Waldinger ဟာ စစ်မှန်တဲ့ ပျော်ရွှင်မှု နဲ့ စိတ်ကျေနပ်မှုအကြောင်း ဒေတာတွေကို မကြုံစဖူး လေ့လာခွင့်ရခဲ့သူပါ။ ဒီဟောပြောချက်မှာ ဒီလေ့လာချက်က အရေးပါတဲ့ သင်ခန်းစာ သုံးခုနဲ့အတူ စိတ်ချမ်းသာသော ဘဝကို တည်ဆောက်ပုံနဲ့ ပတ်သက်တဲ့ လက်တွေ့ကျတဲ့ ရှေးတုန်းက တွေးခေါ်မြှော်မြင်မှုကိုပါ မျှဝေထားပါတယ်။

Rodrigo Bijou: အစိုးရတွေဟာ ဆိုက်ဘာ စစ်ပွဲကို နားမလည်ကြဘူး။ ကျွန်တော်တို့ ဟက်ကာတွေလိုအပ်တယ်။

TEDGlobal>London

Rodrigo Bijou: အစိုးရတွေဟာ ဆိုက်ဘာ စစ်ပွဲကို နားမလည်ကြဘူး။ ကျွန်တော်တို့ ဟက်ကာတွေလိုအပ်တယ်။
1,396,708 views

အင်တာနက်ဟာ စစ်ပွဲရဲ့ ရှေ့တန်းမျက်နှာစာတွေကို ပြောင်းလဲလိုက်ပြီး အစိုးရတွေကို နောက်တန်းမှာ ချန်ထားနေပါတယ်။ လုံခြုံရေးဆိုင်ရာ ဆန်းစစ်သူ Rodrigo Bijou ပြသထားတာက ခေတ်ပေါ် ပဋိပက္ခတွေဟာ နိုင်ငံမဲ့ အုပ်စုတွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေကြားမှာ ဆင်နွှဲနေကြပြီး ဒစ်ဂျစ်တယ်မြင်ကွင်းက အကြမ်းဖက်သမားတွေရဲ့ တပ်သားသစ်စုစောင်းမှုနဲ့ အစွန်းရောက် ပြောင်းလဲလိုခြင်းအတွက် မြေသြဇာကောင်းတဲ့ မြေပြင်ကို အထောက်အပံ့ပြုနေပါတယ်။ တစ်ချိန်တည်းမှာ ကြမ်းတမ်းပြင်းထန်တဲ့ စောင့်ကြည့်ရေး ပရိုဂရမ်တွေဟာ အမြတ်ထုတ်ဖို့ အရန်သင့်ဖြစ်နေပါတယ်။ Bijou က အစိုးရတွေကို အများပြည်သူကိုစောင့်ကြည့်တဲ့ ပရိုဂရမ်တွေကို အဆုံးသတ်ဖို့ နဲ့ လက်သီးပုန်းထိုးတဲ့နည်းနဲ့ လုပ်ဆောင်ချက်တွေကို ရပ်ပစ်လိုက်ဖို့ တိုက်တွန်းထားပြီး တစ်ဦးချင်းစီ ရှေ့ကိုတက်လာကြဖို့ လှုံ့ဆော်ထားပါတယ်။

Jason deCaires Taylor: သက်ရှိတွေနဲ့ သက်ရှိတွေနဲ့ ဖွေးဖွေးလှုပ်နေတဲ့ ရေအောက် အနုပညာပြတိုက်

Mission Blue II

Jason deCaires Taylor: သက်ရှိတွေနဲ့ သက်ရှိတွေနဲ့ ဖွေးဖွေးလှုပ်နေတဲ့ ရေအောက် အနုပညာပြတိုက်
1,650,316 views

ပန်းပုပညာရှင် Jason deCaires Taylor အတွက်တော့ သမုဒ္ဒရာဟာ စျာန်ဝင်စားမှုဆိုတာထက်ပိုပါတယ်။ ဒါဟာ ပြပွဲကျင်းပတဲ့နေရာနဲ့ ပြတိုက်တစ်ခုပါ။ Taylor ဟာ မြေပြင်မှာရှိတဲ့ လူသားပုံတွေနဲ့ သာမန်ဘဝရဲ့ ပန်းပုရုပ်ထုတွေကို ဖန်တီးပြီး ပင်လယ်ထဲမှာ နှစ်မြှုပ်ပါတယ်။ အဲဒီမှာ ၎င်းတို့ဟာ ပင်လယ်ရဲ့ ထည့်သွင်းဖွဲ့စည်းတာကိုခံရပြီး သက်မဲ့ကျောက်တုံးအဖြစ်ကနေ သန္တာကောင်တွေ၊ အခွံမာ ရေနေသတ္တဝါတွေနဲ့ အခြားသတ္တဝါတွေ အတွက် တက်ကြွတဲ့ နေထိုင်ရာဘုံတွေအဖြစ် ပြောင်းသွားပါတယ်။ ရလဒ်က ကျွန်တော်တို့ရဲ့ မတည်မြဲတဲ့ ဖြစ်တည်ခြင်း၊ သမုဒ္ဒရာရဲ့ လေးစားမြတ်နိုးအပ်မှုနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပြန်လည်သန်စွမ်းမှုအစွမ်းအကြောင်း ပဟေဠိဆန်တဲ့၊ ညှို့ယူဖမ်းစားပြီး အရောင်စုံတဲ့ ရှင်းလင်းချက်တွေပါ။

Jane Fonda နှင့် Lily Tomlin: ရာသက်ပန် ခင်မင်ရင်းနှီးမှုကို ပျော်ရွှင်မြူးတူးစွာ ကျင်းပခြင်း။

TEDWomen 2015

Jane Fonda နှင့် Lily Tomlin: ရာသက်ပန် ခင်မင်ရင်းနှီးမှုကို ပျော်ရွှင်မြူးတူးစွာ ကျင်းပခြင်း။
3,843,912 views

အထင်ကရ နှစ်ယောက်အတွဲဖြစ်တဲ့ Jane Fonda နဲ့ Lily Tomlin တို့ဟာ ခင်မင်ရင်းနှီးကြတာ ဆယ်စုနှစ်တွေချီခဲ့ပါပြီ။ Pat Mitchell က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်တဲ့ ပကတိအတိုင်း ကြင်နာဖွယ်ကောင်းပြီး ကျယ်ပြန့်တဲ့ ကဏ္ဍအမျိုးမျိုးပါဝင်တဲ့ စကားပြောဆိုခန်းမှာ သုံးယောက်သား အသက်ရှည်ခြင်း၊ အမျိုးသမီးဝါဒ၊ အမျိုးသားနဲ့ အမျိုးသမီးတို့အကြား ခင်မင်ရင်းနှီးမှုများ မတူပုံကိုဆွေးနွေးကြပါတယ်။ ဆိုလိုတာက ကျန်းမာစွာ အသက်ရှင်နေထိုင်ရေးနဲ့ ကျွန်ုပ်တို့ ကမ္ဘာရဲ့ အနာဂတ်ထဲက အမျိုးသမီးတွေရဲ့ ကဏ္ကကိုပါ။ Fonda ပြောတာက " ကျွန်မရဲ့ အမျိုးသမီး မိတ်ဆွေတွေသာ မရှိခဲ့ရင် ကျွန်မ ဘာလုပ်နိုင်ခဲ့မလဲ ဆိုတာကို သိတောင် မသိနိုင်ပါဘူး။ ကျွန်မ ရပ်တည်နိုင်တာက အမျိုးသမီး မိတ်ဆွေတွေရှိတဲ့ အတွက်ကြောင့်ပါ"တဲ့။

Alison Killing: မြိုံတစ်မြို့မှာ သေဆုံးသွားသူတို့အတွက် နေရာကုန်သွားတဲ့အခါ ဖြစ်တတ်ပုံ။

TEDxGroningen

Alison Killing: မြိုံတစ်မြို့မှာ သေဆုံးသွားသူတို့အတွက် နေရာကုန်သွားတဲ့အခါ ဖြစ်တတ်ပုံ။
1,532,318 views

Alison Killing ဆိုလိုက်တာက " အကယ်လို့များ သင်ဟာ သင့်ရဲ့ သုသာန်ကို သင်ကိုယ်တိုင် စချင်တယ်ဆိုရင် သင်စလို့ ရနိုင်တာမျိုးပါ"တဲ့။ သူမက ကျွန်ုပ်တို့ သေကြတဲ့ နေရာနဲ့ မြေမြှုပ်ခံရတဲ့နေရာအကြောင်း အများကြီးစဉ်းစားမိပါတယ်။ ဒီဟောပြောချက်မှာ ဗိသုကာပညာရှင်နဲ့ TED ဝိုင်းတော်သားက ကျွန်ုပ်တို့ရဲ့ မြို့ငယ်၊ မြို့ကြီးတွေရဲ့ သတိမမူမိတဲ့ အင်္ဂါရပ်တစ်ခုဖြစ်တဲ့ သုသာန် အကြောင်းကို မျက်စိဖွင့်ပေးတဲ့ စီးပွားရေး နဲ့ လူမှုရေးဆိုင်ရာ အမြင်တစ်ရပ်ကို တင်ပြထားပါတယ်။ တိတိကျကျပြောရရင်တော့ U.K ဥပဒေတွေပေါ့။ သင့်ကို မြှပ်နှံတဲ့ နေရာနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့၊ တစ်ခါတစ်လေ ရယ်စရာကောင်းတဲ့ မကြာခဏဆိုသလို အမြီးအမောက်မတည့်တဲ့ ဥပဒေတွေကို ဖွင့်ချပြထားပါတယ်။

Nicole Paris and Ed Cage: အဖေနဲ့ သမီး နှစ်ယောက်တွဲ ပါးစပ်ဖြင့်တီးခြင်း သင်ခန်းစာ။

TEDYouth 2015

Nicole Paris and Ed Cage: အဖေနဲ့ သမီး နှစ်ယောက်တွဲ ပါးစပ်ဖြင့်တီးခြင်း သင်ခန်းစာ။
4,492,405 views

Nicole Paris ဟာ ငယ်စဉ်ကတည်းက ပါးစပ်ဖြင့်တီးသူတစ်ဦးဖြစ်လာဖို့ ပြုစုပျိုးထောင်ခံခဲ့ရပါတယ်။ သူမရဲ့ဖခင် Ed Cage သူမကို ညဘက်ဆို ပါးစပ်ဖြင့်တီးပြကာ ချော့သိပ်လေ့ရှိခဲ့ပါတယ်။ယခု နှစ်ယောက်တွဲ တင်ဆက်မှုဟာ သူတို့ရဲ့ ပါးစပ်ဖြင့်တီးခြင်း တိုက်ပွဲများနဲ့ ဂန္တဝင် ရက်ပ် ဂီတ စည်းချက်တွေနဲ့ အီလက်ထရွန်းနစ် အကသံတွေကို ရောစပ်ထားတဲ့ ဇာတ်တိုက်မထားတဲ့ အလွတ်တီးမှုတ်ခြင်းတွေပါ။ သင်တို့ကိုယ်တိုင် ဟစ်ပ် ဟော့ပ် သမိုင်းကြောင်း သင်ခန်းစာ အနည်းငယ်အတွက် အသင့်ပြင်ထားလိုက်ပြီး တင်ဆက်မှုကို ခံစားလိုက်ပါဦး။

Raymond Wang: ရောဂါပိုးမွှားတွေ လေယာဉ်တွေပေါ်မှာ ရွေ့လျားပုံနှင့် ၎င်းတို့ကို တားဆီးနိုင်ပုံ။

TEDYouth 2015

Raymond Wang: ရောဂါပိုးမွှားတွေ လေယာဉ်တွေပေါ်မှာ ရွေ့လျားပုံနှင့် ၎င်းတို့ကို တားဆီးနိုင်ပုံ။
1,821,024 views

Raymond Wang ဟာ အသက် ၁၇ နှစ်သာရှိပေမဲ့ ပိုပြီးကျန်းမာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ကူညီပေးနှင့်နေပါပြီ။ အငွေ့အရည်ဆန်တဲ့ ဒိုင်နမစ်ပညာကိုသုံးပြီး လေယာဉ်တွေပေါ်မှာ လေထုရွေ့လျားပုံရဲ့ ကွန်ပြူတာသုံး သရုပ်သကန်ကို ဖန်တီးခဲ့ပါတယ်။ သူတွေ့ရှိလိုက်တဲ့ စိတ်ပူစရာက လေယာဉ်တစ်စင်းပေါ်မှာ တစ်ယောက်ယောက်က နှာချေတဲ့အခါ လေထုစီးဆင်းမှုက ရောဂါဖြစ်စေတဲ့ ပစ္စည်းတွေကို အခြားခရီးသည်တွေဆီကို ကူးစက်ဖို့ တကယ်ကို အထောက်အပံ့ပြုတာပါ။ Wang က လေယာဉ် ခရီးသည်ခန်း အတွင်းဘက်မှာ နှာချေတာ ရွေ့လျားသွားပုံရဲ့ မမေ့နိုင်လောက်တဲ့ လှုပ်ရှားသက်ဝင်တဲ့ (အန်နီမေးရှင်း) တစ်ခုနဲ့အတူ သူ့ရဲ့ ဆုရ ဖြေရှင်းချက်ကိုပါ မျှဝေထားပါတယ်၊ လေယာဉ်တွေထဲက လတ်ဆတ်တဲ့ လေထုစီးဆင်းမှု တိုးမြှင့်ပေးပြီး ရောဂါဖြစ်စေတဲ့ ပစ္စည်းတွေ ပြွတ်သိပ်နေတဲ့လေ ပျံ့နှံ့ရောက်ရှိခြင်းကို လမ်းကြောင်းလွှဲပေးတဲ့ ရေယက်ပုံ ကိရိယာလေးတစ်ခုပါ။

Danit Peleg: စျေးဝယ်ထွက်တာကို မေ့ပစ်လိုက်ပါ။ မကြာခင်မှာ သင့် အဝတ်အစားသစ်တွေကို ဒေါင်းလုဒ် ယူနိုင်တော့မှာပါ။

TEDYouth 2015

Danit Peleg: စျေးဝယ်ထွက်တာကို မေ့ပစ်လိုက်ပါ။ မကြာခင်မှာ သင့် အဝတ်အစားသစ်တွေကို ဒေါင်းလုဒ် ယူနိုင်တော့မှာပါ။
1,815,304 views

ဒေါင်းလုဒ် ယူလျက် ပုံနှိပ်ထုတ်လုပ်လို့ရတဲ့ အဝတ်အထည်တွေဟာ သင့်အနီးနားကို လာနေကြပါပြီ။ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Danit Peleg ရဲ့ ဖက်ရှင်ကျောင်းက ပရောဂျက်မှ စလိုက်တာဟာ နေ့စဉ်ဝတ်ဖို့အတွက် ခိုင်ခံ့ပြီး ကွေးနိုင် ဆန့်နိုင်ရှိတဲ့ 3D ပုံနှိပ် ဒီဇိုင်းများရဲ့ အဝတ်အစား အသစ်အဆန်းများ အဖြစ် ပြောင်းလဲသွာခဲ့ပါတယ်။ သူမ ပြောတာက " ဖက်ရှင်ဆိုတာက အရမ်းကို ရုပ်ပိုင်းဆန်တဲ့ အရာပါ။ ကျွန်မတို့ အဝတ်အစားတွေ ဒစ်ဂျစ်တယ် ဖြစ်သွားမယ့်အချိန်ရောက်ရင် ကမ္ဘာကြီးဟာ ဘယ်လိုပုံများ ပေါက်နေလိမ့်မလဲဆိုတာ သိချင်လိုက်တာ" တဲ့လေ။

Jessica Shortall: မိဘအသစ်တွေနဲ့ သူတို့ရဲ့ ကလေးတွေအပေါ် အမေရိက ဘယ်လို ကျရှုံးသလဲ။

TEDxSMU

Jessica Shortall: မိဘအသစ်တွေနဲ့ သူတို့ရဲ့ ကလေးတွေအပေါ် အမေရိက ဘယ်လို ကျရှုံးသလဲ။
1,521,725 views

အမျိုးသမီးတွေအလုပ်လုပ်ဖို့ လိုသလို၊ အလုပ်လုပ်တဲ့ အမျိုးသမီးတွေ ကလေးယူဖို့ လိုပါတယ်။ ဒါဆို အမေရိကန်က ဘာဖြစ်လို့ အလုပ်လုပ်တဲ့ အမေသစ်တွေကို လစာရ ခွင့် မပေးတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေရတာလဲ။ ဒီ ပြတ်သားတဲ့ ဟောပြောချက်မှာ အမေရိကမှာ အလုပ်လုပ်နေတဲ့ အမေအသစ်ဘဝရဲ့ အမှန်တရားက မမြင်ရတဲ့အပြင် အရမ်းကို ဆိုးရွားလှတာကို Jessica Shortall က ခံစားချက်ပြည့်ဖြင့်ဖော်ထုတ်ထားပါတယ်။ နှစ်တိုင်း သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ ကလေးမွေးပြီး အပတ်အနည်းငယ်အတွင်း အတင်းအဓမ္မ အလုပ်ဆင်းကြရပါတယ်။ သူမရဲ့ အကြံဉာဏ်ကို ဝေမျှဖို့ကောင်းပါတယ် -- အလုပ်လုပ်နေတဲ့ အမေတွေနဲ့ သူတို့ရဲ့ကလေးတွေဆိုင်ရာ ကျွန်ုပ်တို့ရဲ့ ချဉ်းကပ်ပုံကြောင့် စီးပွားရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းအရ ပေးဆပ်နေရတဲ့ တန်ဖိုးတွေကို အသိအမှတ်ပြုဖို့ရယ်၊ အလုပ်လုပ်နေတဲ့ မိခင်အားလုံးအတွက် လစာရ ခွင့်ပေးရင်း အနာဂတ်စီးပွားရေးကို ပိုခိုင်ခန့်အောင်လုပ်ဖို့ အချိန်ကျရောက်လို့လာပါပြီ။

Cheiko Asakawa: နည်းပညာသစ်က မျက်မမြင်များကို ကမ္ဘာကြီးအား စူးစမ်းလေ့လာဖို့ ကူညီပေးနေပုံ။

TED@IBM

Cheiko Asakawa: နည်းပညာသစ်က မျက်မမြင်များကို ကမ္ဘာကြီးအား စူးစမ်းလေ့လာဖို့ ကူညီပေးနေပုံ။
1,390,823 views

ကျွန်ုပ်တို့ရဲ့ ဘဝအရည်အသွေးတွေ တိုးတက်ဖို့ နည်းပညာက ဘယ်လို ကူညီပံ့ပိုးပေးနိုင်ပါသလဲ။ အမြင်အာရုံကို အသုံးမပြုပဲ ကမ္ဘာကြီးကို ဘယ်လို ရှာဖွေသွားလာနိုင်မလဲ။ အသက် ၁၄ နှစ်ကတည်းက မျက်မမြင်ဖြစ်ခဲ့ရသူ တီထွင်သူနဲ့ IBM အဖွဲ့ဝင် Cheiko Asakawa ဟာ ဒီမေးခွန်းတွေကို အဖြေရှာဖို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ စွဲမက်ဖွယ်ရာ သရုပ်ပြချက်တစ်ခုမှာ သူမက မျက်မမြင်တွေကို ကမ္ဘာကြီးကို စူးစမ်းလေ့လာရာမှာ ပိုပြီး အမှီအခိုကင်းကင်း ဖြစ်စေဖို့ ကူညီပေးမယ့် နည်းပညာသစ်ကို ပြသထားပါတယ်။ သူမ အကြံပြုဆွေးနွေးတာက...... "ကျွန်မတို့တွေဟာ ပိုကျယ်ပြန့်တဲ့ သုံးခွင့်ရမှုအတွက် ပုံစံထုတ်တဲ့အခါ လူတိုင်း အကျိုးရှိလို့ပါ" တဲ့။

Ann Morgan: ကမ္ဘာ့ နိုင်ငံတိုင်းက စာအုပ်တစ်အုပ်စီကို ဖတ်ခဲ့တဲ့ ကျွန်မရဲ့ နှစ်

TEDGlobal>London

Ann Morgan: ကမ္ဘာ့ နိုင်ငံတိုင်းက စာအုပ်တစ်အုပ်စီကို ဖတ်ခဲ့တဲ့ ကျွန်မရဲ့ နှစ်
1,694,699 views

Ann Morgan သူမရဲ့ စာအုပ်စင်က "ယဉ်ကျေးမှုဆိုင်ရာ ဧရာမ ဟာကွက်ကြီး"ကို သတိမထားမီ အချိန်အထိကတော့ ကိုယ့်ကိုယ်ကို စာတော်နှံ့နှံ့စပ်စပ် ဖတ်သူလို့ မှတ်ယူခဲ့တာပါ။ အင်္ဂလိပ်နဲ့ အမေရိကန် စာရေးဆရာ အမြောက်အမြား အကြားတွင် အင်္ဂလိပ်မဟုတ်တဲ့ စာရေးဆရာဆိုလို့ အင်မတန်ကို နည်းပါးခဲ့ပါတယ်။ ဒါကြောင့် သူမဟာ ကျယ်ပြန့်တဲ့ ရည်မှန်းချက် တစ်ခုချလိုက်တာက တစ်နှစ်တာလအတွင်း ကမ္ဘာပေါ်က နိုင်ငံတိုင်းထံမှ စာအုပ်တစ်အုပ်စီကို ဖတ်ဖို့ပါ။ အခုတော့ သူမက အင်္ဂလိပ်စာကိုမှ ဖတ်ချင်လိုကြသူတွေကို ဘာသာပြန်လက်ရာတွေကိုဖတ်ဖို့ တိုက်တွန်းနေကာ စာအုပ်ထုတ်ဝေသူတွေကို နိုင်ငံခြား စာပေရတနာတွေကို ယူဆောင်လာဖို့ လှုံ့ဆော်နေပါတယ်။ သူမရဲ့ စာဖတ်ခြင်း ခရီးစဉ်ရဲ့ တုံ့ပြန်ဆက်သွယ်လို့ရတဲ့ မြေပုံကို go.ted.com/readtheworld မှာ စူးစမ်းရှာဖွေလိုက်ပါ။

Marina Abramović: ယုံကြည်မှု၊ အားနည်းချက်နဲ့ ဆက်သွယ်မှုတွေကနေ ဖန်တီးလိုက်တဲ့ အနုပညာ။

TED2015

Marina Abramović: ယုံကြည်မှု၊ အားနည်းချက်နဲ့ ဆက်သွယ်မှုတွေကနေ ဖန်တီးလိုက်တဲ့ အနုပညာ။
2,579,103 views

Marina Abramović ရဲ့ အနုပညာဟာ ပရိတ်သတ်နဲ့ အလေးအနက်ပြုထားတဲ့ အသိနိုးကြားမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောင်းလဲမှုကို ရှာဖွေတဲ့ အနုပညာရှင် အကြားက နယ်နိမိတ်ကို တွန်းထုတ်ပစ်ပါတယ်။ သူမရဲ့ ဆန်းသစ်တဲ့ ၂၀၀၅ ခုနှစ်လက်ရာ "The Artist Is Present" မှာ သူမဟာ တစ်နေ့ကို ရှစ်နာရီ ထိုင်င်ခုံပေါ်မှာ ပရိတ်သတ်နဲ့ မျက်နှာချင်ဆိုင်ထိုင်နေရုံပါ...အားကောင်းလှတဲ့ ရလဒ်တွေနဲ့ အတူတူပါ။ သူမရဲ ပေါ်လွင်ထင်ရှားဆုံးလက်ရာကတော့ လာပါလိမ့်ဦးမယ်။ ပြန့်ကျဲနေတဲ့ အနုပညာ ဗိမာန် ပုံသဏ္ဍာန်ယူခြင်းဟာ စမ်းသပ်လေ့လာခြင်းနဲ့ သိမှတ်မှုပါတဲ့ အာရုံစိုက်ခြင်းနဲ့ လုပ်ထားတဲ့ ရိုးရှင်းတဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ရည်းစူးထားပါတယ်။ "ပုံစံတစ်မျိုးတည်း လုပ်မြဲလုပ်နေရင် ဘာမှဖြစ်မလာပါဘူး "လို့ သူမကပြောပါတယ်။ "ကျွန်မရဲ့ နည်းစနစ်က ဘယ်သူမှ မရောက်ဖူးသေးတဲ့ နယ်မြေတစ်ခုကို သွားဖို့ ကျွန်မ လန့်နေတဲ့ ၊ ကျွန်မမသိတဲ့ အရာတွေကို လုပ်ဖို့ပါ၊ "

Regina Hartley: အကောင်းဆုံး အလုပ်ခန့်ခံရသူတွေဟာ ပြီးပြည့်စုံတဲ့ ကိုယ်ရေးအကျဉ်း ရှိချင်မှရှိကြတာ ဘာကြောင့်လဲ။

TED@UPS

Regina Hartley: အကောင်းဆုံး အလုပ်ခန့်ခံရသူတွေဟာ ပြီးပြည့်စုံတဲ့ ကိုယ်ရေးအကျဉ်း ရှိချင်မှရှိကြတာ ဘာကြောင့်လဲ။
4,093,843 views

အလုပ်ခန့်ဖို့ စဉ်းစားရာတွင် လူ့စွမ်းအား အရင်းအမြစ် အမှုဆောင် Regina Hartley ဟာ ပြီးပြည့်စုံတဲ့ ကိုယ်ရေးအကျဉ်းရှိသူ တစ်ဦးနဲ့ အခက်အခဲတွေကို တိုက်ခိုက် ကျော်လွှားလာခဲ့ရသူ တစ်ဦး အကြားမှာ ရွေးရပါက အမြဲတမ်းဆိုသလို ရုန်းကန်ကျော်လွှားခဲ့ရသူကို အခွင့်အရေး ပေးတတ်ပါတယ်။ အခက်အခဲကို ဖြတ်ကျော်ရင်း ကြီးပြင်းလာသူ တစ်ယောက်အနေနဲ့ Hartley သိတာက အမှောင်မိုက်ဆုံး ကာလတွေမှာ ကြီးပွားဖြစ်ထွန်းနိုင်စွမ်း ရှိကြသူတို့ဟာ တချိန်လုံး ပြောင်းလဲနေတဲ့ အလုပ်ခွင်မှာ ရပ်တည်နိုင်စွမ်း ရှိကြမယ် ဆိုတာပါပဲ။ သူမပြောတာက "လျှော့တွက်ခံထားရတဲ့ ပြိုင်ပွဲဝင်သူကို ရွေးချယ်လိုက်ပါ၊ သူ့ရဲ့ လျှို့ဝှက်တဲ့ လက်နက်တွေဟာ ထက်သန်မှုနဲ့ သန္နိဋ္ဌာန်ချမှုတွေပါ။" "ရုန်းကန်ကျော်လွှားခဲ့ရသူကို အလုပ်ခန့်လိုက်ပါ"တဲ့။